ငြိမ်းချမ်းရေးရယူဖို့ ယူကရိန်းနဲ့ စေ့စပ်ဆွေးနွေးဖို့ အဆင့်သင့်ရှိနေကြောင်း ရုရှားသမ္မတပြော

 1146

ဂျန်ဇက် (NP News) - စက်တင်ဘာ ၅

ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံနဲ့စေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အဆင့်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၂)နှစ်ကျော် ကြာလာချိန်မှာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားပိုင်နက်ဖြစ်တဲ့ Kursk ဒေသကိုပြီးခဲ့တဲ့လအတွင်း စတင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း တူရကီနိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုများကြောင့် ကနဦးဆွေးနွေးခဲ့ပေမယ့် အဲဒီနောက်ပိုင်းတည်းက နှစ်ဖက်ဆွေး နွေးမှုတွေမရှိတော့ကြောင်း သိရပါတယ်။ ရုရှားသမ္မတက "ကျွန်တော်တို့ဘက်ကတော့ စေ့စပ်ဆွေးနွေးမှုတွေ ဘယ်တော့မှငြင်းဆန်မှာမဟုတ်ဘူး၊ ဒါပေမဲ့ အချို့သောတောင်းဆိုချက်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့အခြေနေတွေကိုအခြေခံပြီး တောင်းဆိုတာမျိုးမဟုတ်ဘူး၊ တူရကီနိုင်ငံမှာ ရရှိခဲ့တဲ့သဘောတူညီချက်တွေကိုအခြေခံပြီးဆွေးနွေးမယ်"လို့ ပြောပါတယ်။

ယူကရိန်းနဲ့ရုရှားတို့ဟာ စစ်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်း လအနည်းငယ်အကြာမှာတူရကီနိုင်ငံမှာဆွေးနွေးခဲ့ပြီး နုတ်အားဖြင့် အချက်အချို့ကို သဘောတူညီခဲ့ကြောင်းသိရပါတယ်။ ရုရှားသမ္မတက "ကျွန်တော်တို့ဟာ သဘောတူညီမှုတွေရရှိခဲ့ဖူးတယ်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့အကြီးအကဲကိုယ်တိုင်စာချုပ်မူကြမ်းမှာလက်ရေးထိုးခဲ့တယ်"လို့ပြောပါတယ်။ ရုရှားဟာ ယူကရိန်းပိုင်နက်ဒေသ (၄)ခုကို သိမ်းပိုက်ထားပြီး ယူကရိန်းဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့အကူညီတွေနဲ့ သိမ်းပိုက်ခံထားရတဲ့ မြို့တွေ၊ ဒေသတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့်အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေးရရှိစေဖို့ တရုတ်၊ တူရကီနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအချို့က ပါဝင်ကြိုးပမ်းနေကြောင်းသိရပါတယ်။

zawgyi version
ၿငိမ္းခ်မ္းေရးရယူဖို႔ ယူကရိန္းနဲ႔ ေစ့စပ္ေဆြးေႏြးဖို႔ အဆင့္သင့္ရွိေနေၾကာင္း ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၅

႐ုရွားသမၼတပူတင္က ယူကရိန္းႏိုင္ငံနဲ႔ေစ့စပ္ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အဆင့္သင့္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ (၂)ႏွစ္ေက်ာ္ ၾကာလာခ်ိန္မွာ ယူကရိန္းတပ္ဖြဲ႕ေတြက ႐ုရွားပိုင္နက္ျဖစ္တဲ့ Kursk ေဒသကိုၿပီးခဲ့တဲ့လအတြင္း စတင္တိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တူရကီႏိုင္ငံရဲ႕ၾကားဝင္ေစ့စပ္ေပးမႈမ်ားေၾကာင့္ ကနဦးေဆြးေႏြးခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းတည္းက ႏွစ္ဖက္ေဆြး ေႏြးမႈေတြမရွိေတာ့ေၾကာင္း သိရပါတယ္။ ႐ုရွားသမၼတက "ကြၽန္ေတာ္တို႔ဘက္ကေတာ့ ေစ့စပ္ေဆြးေႏြးမႈေတြ ဘယ္ေတာ့မွျငင္းဆန္မွာမဟုတ္ဘူး၊ ဒါေပမဲ့ အခ်ိဳ႕ေသာေတာင္းဆိုခ်က္ေတြဟာ လက္ရွိျဖစ္ပြားေနတဲ့အေျခေနေတြကိုအေျခခံၿပီး ေတာင္းဆိုတာမ်ိဳးမဟုတ္ဘူး၊ တူရကီႏိုင္ငံမွာ ရရွိခဲ့တဲ့သေဘာတူညီခ်က္ေတြကိုအေျခခံၿပီးေဆြးေႏြးမယ္"လို႔ ေျပာပါတယ္။

ယူကရိန္းနဲ႔႐ုရွားတို႔ဟာ စစ္ပြဲျဖစ္ခဲ့ၿပီးေနာက္ပိုင္း လအနည္းငယ္အၾကာမွာတူရကီႏိုင္ငံမွာေဆြးေႏြးခဲ့ၿပီး ႏုတ္အားျဖင့္ အခ်က္အခ်ိဳ႕ကို သေဘာတူညီခဲ့ေၾကာင္းသိရပါတယ္။ ႐ုရွားသမၼတက "ကြၽန္ေတာ္တို႔ဟာ သေဘာတူညီမႈေတြရရွိခဲ့ဖူးတယ္။ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕အႀကီးအကဲကိုယ္တိုင္စာခ်ဳပ္မူၾကမ္းမွာလက္ေရးထိုးခဲ့တယ္"လို႔ေျပာပါတယ္။ ႐ုရွားဟာ ယူကရိန္းပိုင္နက္ေဒသ (၄)ခုကို သိမ္းပိုက္ထားၿပီး ယူကရိန္းဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕အကူညီေတြနဲ႔ သိမ္းပိုက္ခံထားရတဲ့ ၿမိဳ႕ေတြ၊ ေဒသေတြကို ျပန္လည္သိမ္းယူႏိုင္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ေအာင္ျမင္မႈမရခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားၾကား ၿငိမ္းခ်မ္းေရးရရွိေစဖို႔ တ႐ုတ္၊ တူရကီႏိုင္ငံအပါအဝင္ကမာၻ႔ႏိုင္ငံအခ်ိဳ႕က ပါဝင္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.