ထိုင်းအစိုးရအသစ်က အလုပ်သမားများကို တစ်ရက်အနိမ့်ဆုံးလုပ်ခလစာအဖြစ် ဘတ် ၄ဝဝ အထိ တိုးမြှင့်ပေးသွားမည်

 3282

ဂျန်ဇက် (NP News) - စက်တင်ဘာ ၇

ဖြူထိုင်းပါတီ ဦးဆောင်သော ထိုင်း ညွန့်ပေါင်းအစိုးရအဖွဲ့က နိုင်ငံတဝှမ်းရှိ အလုပ်သမားများ၏ တစ်ရက် အနိမ့်ဆုံး လုပ်ခလစာအဖြစ် ထိုင်းဘတ် ၄ဝဝ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။ ထိုင်း ဝန်ကြီးချုပ် ပီတွန်တန်ရှင်နာဝါထရာသည် ပြီးခဲ့သောရက်ပိုင်းတွင် ထိုင်းအစိုးရအဖွဲ့အသစ်တွင်ပါဝင်မည့် ဝန်ကြီး များ စာရင်းကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမား များနှင့်ပတ်သက်သော အနာဂတ်အစီအစဉ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုင်းအလုပ်သမားဝန်ကြီး ဖီပက် ရက်ချာ ကစ်ပရာကမ်က လုပ်ခလစာတိုးမြှင့်မှုများကို လုပ်ဆောင်မည်ဖြစ်ရာ ပရော်ဖက်ရှင်နယ် အလုပ်သမားများ နှင့် သီးခြားအလုပ်များတွင် ပါဝင်လုပ်ကိုင်နေသူများကို အောက်တိုဘာ ၁ ရက်မှစတင်ပြီး လုပ်ခလစာတိုးမြှင့်ပေးမည်ဖြစ်ရာ အသေးစိတ်ကို မကြာမီကြေညာပေးမည်ဟု ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးက "လုပ်ခလစာနှုန်းတွေကို ဒီလအကုန်မှာ ကြေညာပေးသွားမယ်။ လုပ်ခလစာနှုန်း အသစ်ဟာ အချို့သောအလုပ်သမားများ နဲ့ အလုပ်ရှင်အချို့အတွက်သာ သက်ဆိုင်ဖွယ်ရှိနေပါတယ်။ တစ်ရက် လုပ်ခ အနိမ့်ဆုံးကို ဘတ် ၄ဝဝ အထိပေးဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့အစိုးရအသစ်ဟာ ယခင်အစိုးရ ဟောင်း လက်ထက်က လုပ်ခဲ့တဲ့ အလုပ်သမားမူဝါဒတွေကို ဆက်လက်လုပ်ဆောင်ဖို့ ကတိပြုပါတယ်" ဟု ပြောသည်။ ဖြူထိုင်းပါတီသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလအတွင်း အလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးသွားမည်ဟု ကတိပြုထားကြောင်း သိရသည်။
ဖြူထိုင်းပါတီသည် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများကို တစ်ရက်အနိမ့်ဆုံးလုပ်ခလစာအဖြစ် ဘတ် ၄ဝဝ တိုး ပေးမည်ဟု ကတိပြုခဲ့ဖူးသလို ၂ဝ၂၇ ခုနှစ်တွင် တစ်ရက်လုပ်ခအနိမ့်ဆုံးအဖြစ် ဘတ် ၆ဝဝ အထိ တိုးမြှင့်ပေးမည်ဟု ကတိပြုထားသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများသည် ပြည်နယ်အပေါ်အခြေခံပြီး တစ်ရက်အနိမ့်ဆုံးလုပ်ခ လစာအဖြစ် ဘတ် ၃၃ဝ နှင့် ၃၇ဝ ကြား ရရှိနေကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းမှုကြောင့် သက်ရောက်မှုများ ရင်ဆိုင်ခဲ့ရသော အလုပ်သမားများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လျှော်ကြေးများ ပိုမိုရရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ထပ်မံကတိပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီ လမှ ဇူလိုင်လအထိ စက်ရုံ၊လုပ်ငန်းပေါင်းအနည်းဆုံး ၆၆၇ ခု ပိတ်သိမ်းခဲ့သော်လည်း ၁၂၆ဝ ခု ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရက အလုပ်သမားများကို တစ်ရက်အနိမ့်ဆုံးလုပ်ခလစာ ဘတ် ၄ဝဝ တိုးမြှင့်ပေးမည့်အစီအစဉ်ကို လုပ်ငန်းရှင်အချို့က ကန့်ကွက်ခြင်းများရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Zawgyi Version;
ထိုင္းအစိုးရအသစ္က အလုပ္သမားမ်ားကို တစ္ရက္အနိမ့္ဆုံးလုပ္ခလစာအျဖစ္ ဘတ္ ၄ဝဝ အထိ တိုးျမႇင့္ေပးသြားမည္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၇

ျဖဴထိုင္းပါတီ ဦးေဆာင္ေသာ ထိုင္း ၫြန္႔ေပါင္းအစိုးရအဖြဲ႕က ႏိုင္ငံတဝွမ္းရွိ အလုပ္သမားမ်ား၏ တစ္ရက္ အနိမ့္ဆုံး လုပ္ခလစာအျဖစ္ ထိုင္းဘတ္ ၄ဝဝ အထိ တိုးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း ကတိျပဳေျပာဆိုလိုက္သည္။ ထိုင္း ဝန္ႀကီးခ်ဳပ္ ပီတြန္တန္ရွင္နာဝါထရာသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ထိုင္းအစိုးရအဖြဲ႕အသစ္တြင္ပါဝင္မည့္ ဝန္ႀကီး မ်ား စာရင္းကို လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ပိုင္း ထိုင္းအလုပ္သမားဝန္ႀကီးဌာနက အလုပ္သမား မ်ားႏွင့္ပတ္သက္ေသာ အနာဂတ္အစီအစဥ္မ်ားကို ေၾကညာခဲ့ျခင္းျဖစ္သည္။

ထိုင္းအလုပ္သမားဝန္ႀကီး ဖီပက္ ရက္ခ်ာ ကစ္ပရာကမ္က လုပ္ခလစာတိုးျမႇင့္မႈမ်ားကို လုပ္ေဆာင္မည္ျဖစ္ရာ ပေရာ္ဖက္ရွင္နယ္ အလုပ္သမားမ်ား ႏွင့္ သီးျခားအလုပ္မ်ားတြင္ ပါဝင္လုပ္ကိုင္ေနသူမ်ားကို ေအာက္တိုဘာ ၁ ရက္မွစတင္ၿပီး လုပ္ခလစာတိုးျမႇင့္ေပးမည္ျဖစ္ရာ အေသးစိတ္ကို မၾကာမီေၾကညာေပးမည္ဟု ေျပာသည္။

ထိုင္းအလုပ္သမားဝန္ႀကီးက "လုပ္ခလစာႏႈန္းေတြကို ဒီလအကုန္မွာ ေၾကညာေပးသြားမယ္။ လုပ္ခလစာႏႈန္း အသစ္ဟာ အခ်ိဳ႕ေသာအလုပ္သမားမ်ား နဲ႔ အလုပ္ရွင္အခ်ိဳ႕အတြက္သာ သက္ဆိုင္ဖြယ္ရွိေနပါတယ္။ တစ္ရက္ လုပ္ခ အနိမ့္ဆုံးကို ဘတ္ ၄ဝဝ အထိေပးဖို႔ အစီအစဥ္ရွိပါတယ္။ ကြၽန္ေတာ္တို႔အစိုးရအသစ္ဟာ ယခင္အစိုးရ ေဟာင္း လက္ထက္က လုပ္ခဲ့တဲ့ အလုပ္သမားမူဝါဒေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ ကတိျပဳပါတယ္" ဟု ေျပာသည္။ ျဖဴထိုင္းပါတီသည္ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးခ်ိန္ကာလအတြင္း အလုပ္သမားမ်ားကို လုပ္ခလစာ တိုးျမႇင့္ေပးသြားမည္ဟု ကတိျပဳထားေၾကာင္း သိရသည္။
ျဖဴထိုင္းပါတီသည္ ထိုင္းႏိုင္ငံအတြင္းရွိ အလုပ္သမားမ်ားကို တစ္ရက္အနိမ့္ဆုံးလုပ္ခလစာအျဖစ္ ဘတ္ ၄ဝဝ တိုး ေပးမည္ဟု ကတိျပဳခဲ့ဖူးသလို ၂ဝ၂၇ ခုႏွစ္တြင္ တစ္ရက္လုပ္ခအနိမ့္ဆုံးအျဖစ္ ဘတ္ ၆ဝဝ အထိ တိုးျမႇင့္ေပးမည္ဟု ကတိျပဳထားသည္။ လက္ရွိအခ်ိန္တြင္ ထိုင္းႏိုင္ငံအတြင္းရွိ အလုပ္သမားမ်ားသည္ ျပည္နယ္အေပၚအေျခခံၿပီး တစ္ရက္အနိမ့္ဆုံးလုပ္ခ လစာအျဖစ္ ဘတ္ ၃၃ဝ ႏွင့္ ၃၇ဝ ၾကား ရရွိေနေၾကာင္း သိရသည္။

ထိုင္းအလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ စီးပြားေရးလုပ္ငန္းမ်ား ပိတ္သိမ္းမႈေၾကာင့္ သက္ေရာက္မႈမ်ား ရင္ဆိုင္ခဲ့ရေသာ အလုပ္သမားမ်ားကို ကူညီေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း၊ ေလွ်ာ္ေၾကးမ်ား ပိုမိုရရွိေစရန္ ကူညီေပးမည္ျဖစ္ေၾကာင္း ထိုင္းအလုပ္သမားဝန္ႀကီးက ထပ္မံကတိျပဳခဲ့သည္။ ထိုင္းႏိုင္ငံတြင္ ယခုႏွစ္ ဇန္နဝါရီ လမွ ဇူလိုင္လအထိ စက္႐ုံ၊လုပ္ငန္းေပါင္းအနည္းဆုံး ၆၆၇ ခု ပိတ္သိမ္းခဲ့ေသာ္လည္း ၁၂၆ဝ ခု ျပန္လည္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
ထိုင္းအစိုးရက အလုပ္သမားမ်ားကို တစ္ရက္အနိမ့္ဆုံးလုပ္ခလစာ ဘတ္ ၄ဝဝ တိုးျမႇင့္ေပးမည့္အစီအစဥ္ကို လုပ္ငန္းရွင္အခ်ိဳ႕က ကန႔္ကြက္ျခင္းမ်ားရွိေနေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.