ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)၊ (၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ

 8722

ခေတ်မင်းကို (NP News) - စက်တင်ဘာ ၇

မြန်မာနိုင်ငံအတွင်း ရွှေဈေးဒေါ်လာဈေးများ နည်းတူ ကားဈေးများဆက် တိုက်တက်လာရာ သိန်း (၄ဝဝ)မှ သိန်း (၅ဝဝ)ဝန်းကျင် အိမ်စီးကားများ ဝယ်ယူရန်ခက်ခဲလာကြောင်း ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ပြောသည်။

လတ်တလော အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် အိမ်စီးကားအပါအဝင် ကားဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်နေပြီး အမှန်တကယ်လိုအပ်ချက်အရ ကားဝယ်ယူသူများအတွက်အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။

“ရန်ကုန်တစ်ခုတည်း ကားဈေးတက်နေတာ မဟုတ်ဘူး၊ မန္တလေးကော မော်လမြိုင်ဘက်တွေမှာအပြိုင်လိုက်တက်နေတာ။ ငွေလိုလို့ရောင်းချင်သူတွေက လျှော့ရောင်းတဲ့ကားတွေရှိပေမယ့် အခုအချိန်မှာ ငွေလိုလို့ရောင်းတဲ့ ကားရှားသွားပြီ၊ အားလုံးက အရောင်းရှားသွားတော့ ကားဈေးကွက်ထဲမှာအဝယ်ခက်နေတာပေါ့”ဟု ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်း ကပြောသည်။

လက်ရှိပြည်တွင်း၌သုံးစွဲနေသော ကားအများစုမှာ ဂျပန်တစ်ပတ်ရစ် စက်သုံးဆီသုံးကားများဖြစ်ကြပြီး ထုတ်လုပ်သည့်မော်ဒယ်သက်တမ်းအရ အနှစ်နှစ်ဆယ်ဝန်းကျင်အထိရောက်ရှိနေသော်လည်း ဈေးများမကျဆင်းဘဲ ဆက်တက်နေကြောင်း သိရသည်။ နိုင်ငံတော်မှ ကားတင်သွင်းခွင့်မူဝါဒအရ လတ် တလောတွင် ဘယ်မောင်းမော်ဒယ်မြင့်များကိုသာ ခွင့်ပြုထားသဖြင့် တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုပ်လုပ်သည့် CKD နှင့် SKD ကားများသာ ဈေးကွက်အတွင်းဝင်ရောက်နေကြောင်းသိရသည်။

“SKD ကားတွေကများသုံးပြီးသား ပြန်ရောင်းတာတောင် သိန်းတစ်ထောင်အထက်မှာရှိနေတယ်။ သာမာန်လူလတ်တန်းစားက မဝယ်နိုင်ဘူး။ ရန်ကုန်လိုမြို့ကြီးတွေနဲ့နယ်မြို့က အသေးစားအလတ်စားလုပ်ငန်းရှင်တွေအတွက် ကားဝယ်စီးဖို့ ကားရှာရတာအရမ်းခက်နေတယ်၊ ရန်ကုန်မှာဆို ကလေးကျောင်းပို့ အလုပ်သွားအလုပ်ပြန်အတွက် တန်ဖိုးနည်းကားရှာရတာမလွယ်ဘူး” ဟု တာမွေမြို့နယ်မှ နိုင်ငံခြားသင်္ဘောသား တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ရှမ်းမြောက်ဒေသတွေက လက်နက်ကိုင်တိုက်ပွဲ ကြောင့် အိမ်စီးကားများ ဈေးကွက်အတွင်းဝင်ရောက်လာသော်လည်း ဈေးမကျပဲတက်ဈေးဖြင့်သာ ကားပိုင်ရှင်များက ရောင်းချနေကြောင်းသိရသည်။ “စစ်ဖြစ်လို့ လာရှိုးကကားတွေ မန္တလေးနဲ့ရန်ကုန်ကို ဝင်လာတယ်။ တခြားဘားအံနဲ့မြစ်ကြီးနားဘက်ကရော အစုံပေါ့၊ ဒါပေမဲ့ ဈေးကမကျဘူး ကားပိုင်ရှင်တွေက နယ်မှာလိုင်စင်မဲ့ without ကားတွေရှိနေတော့ ကြိုက်ဈေးရမှရောင်းမယ်ဖြစ်ကုန်ရော”ဟု ကားဝယ်ရောင်းအကျိုးဆောင် တစ်ဦးကပြောသည်။

လက်ရှိတွင် ကားလိုင်စင်သက်တမ်းများ ပြန်လည် သက်တမ်းတိုးလာသော် လည်း ကားပိုင်ရှင်များက ကားများရောင်းချရန် နှင့် အသစ်ပြောင်းလဲဝယ်ယူရန် အခွန်မဆောင်ချင်သောကြောင့် ကားဝယ်ရောင်းဈေးကွက်အတွင်း သိန်း(၄ဝဝ)ဝန်းကျင်ကား ရှားနေကြောင်းသိရသည်။

“ပြည်တွင်းမှာ showroom တွေကပြန်ဝယ်သူတွေဟာ ငွေဖြူပြပြီး အနည်း ဆုံး (၁)နှစ်အထိလစဉ် အခွန်မှန်မှန်ဆောင်ခဲ့တဲ့သူတွေ၊ နိုင်ငံ့ဝန်ထမ်းသက်တမ်း(၁၅)နှစ်အထက်ရှိသူတွေ၊ တာဝန်ကျေစီမံကိန်းသီးနှံ သိန်းငါးရာဖိုးအထိ စိုက်ပျိုးရောင်းချသူတောင်သူတွေပဲ ဝယ်ခွင့်ရသင့်တာပါ။ ကားဝယ်မှ အခွန်ဆောင်ခွင့်ပေးပြီး ဝယ်ခွင့်ပြုတာမျိုးတွေဟာ အခွန်ရှောင်၊ ငွေမဲခဝါချ၊ အဂတိသမားတွေကို အားပေးနေတာနဲ့တူပါတယ်'ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

လတ်တလောဈေးကွက်အတွင်း ကားဈေးနှုန်းများ (၁၀)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းအထိမြင့်တက်လာပြီး သိန်းလေးရာမှသိန်းငါးရာ ဝန်းကျင်ကားများအရောင်းမရှိဘဲ ဝယ်ယူရန်ပင်ခက်ခဲနေကြောင်း ကားဝယ်ရောင်း ဈေးကွက်အတွင်းမှသိရသည်။

zawgyi version
ကားေဈးကြက္အတြင္း သိန္း(၄ဝဝ)၊ (၅ဝဝ)ဝန္းက်င္ကားမ်ား ဝယ္ယူရခက္ခဲလာ
ေခတ္မင္းကို (NP News) - စက္တင္ဘာ ၇

ျမန္မာႏိုင္ငံအတြင္း ေ႐ႊေဈးေဒၚလာေဈးမ်ား နည္းတူ ကားေဈးမ်ားဆက္ တိုက္တက္လာရာ သိန္း (၄ဝဝ)မွ သိန္း (၅ဝဝ)ဝန္းက်င္ အိမ္စီးကားမ်ား ဝယ္ယူရန္ခက္ခဲလာေၾကာင္း ရန္ကုန္ေမာ္ေတာ္ကားေရာင္းဝယ္ေရးအသင္း ဥကၠ႒က ေျပာသည္။

လတ္တေလာ အေထြေထြကုန္ေဈးႏႈန္းျမင့္တက္ေနမႈေၾကာင့္ အိမ္စီးကားအပါအဝင္ ကားေဈးႏႈန္းမ်ားမွာ ဆက္တိုက္ျမင့္တက္ေနၿပီး အမွန္တကယ္လိုအပ္ခ်က္အရ ကားဝယ္ယူသူမ်ားအတြက္အခက္အခဲျဖစ္ေပၚေနေၾကာင္းသိရသည္။

“ရန္ကုန္တစ္ခုတည္း ကားေဈးတက္ေနတာ မဟုတ္ဘူး၊ မႏၲေလးေကာ ေမာ္လၿမိဳင္ဘက္ေတြမွာအၿပိဳင္လိုက္တက္ေနတာ။ ေငြလိုလို႔ေရာင္းခ်င္သူေတြက ေလွ်ာ့ေရာင္းတဲ့ကားေတြရွိေပမယ့္ အခုအခ်ိန္မွာ ေငြလိုလို႔ေရာင္းတဲ့ ကားရွားသြားၿပီ၊ အားလုံးက အေရာင္းရွားသြားေတာ့ ကားေဈးကြက္ထဲမွာအဝယ္ခက္ေနတာေပါ့”ဟု ရန္ကုန္ေမာ္ေတာ္ကားေရာင္းဝယ္ေရးအသင္း ဥကၠ႒ ဦးေအာင္သန္းဝင္း ကေျပာသည္။

လက္ရွိျပည္တြင္း၌သုံးစြဲေနေသာ ကားအမ်ားစုမွာ ဂ်ပန္တစ္ပတ္ရစ္ စက္သုံးဆီသုံးကားမ်ားျဖစ္ၾကၿပီး ထုတ္လုပ္သည့္ေမာ္ဒယ္သက္တမ္းအရ အႏွစ္ႏွစ္ဆယ္ဝန္းက်င္အထိေရာက္ရွိေနေသာ္လည္း ေဈးမ်ားမက်ဆင္းဘဲ ဆက္တက္ေနေၾကာင္း သိရသည္။ ႏိုင္ငံေတာ္မွ ကားတင္သြင္းခြင့္မူဝါဒအရ လတ္ တေလာတြင္ ဘယ္ေမာင္းေမာ္ဒယ္ျမင့္မ်ားကိုသာ ခြင့္ျပဳထားသျဖင့္ တစ္စိတ္တစ္ပိုင္းတပ္ဆင္ထုပ္လုပ္သည့္ CKD ႏွင့္ SKD ကားမ်ားသာ ေဈးကြက္အတြင္းဝင္ေရာက္ေနေၾကာင္းသိရသည္။

“SKD ကားေတြကမ်ားသုံးၿပီးသား ျပန္ေရာင္းတာေတာင္ သိန္းတစ္ေထာင္အထက္မွာရွိေနတယ္။ သာမာန္လူလတ္တန္းစားက မဝယ္ႏိုင္ဘူး။ ရန္ကုန္လိုၿမိဳ႕ႀကီးေတြနဲ႔နယ္ၿမိဳ႕က အေသးစားအလတ္စားလုပ္ငန္းရွင္ေတြအတြက္ ကားဝယ္စီးဖို႔ ကားရွာရတာအရမ္းခက္ေနတယ္၊ ရန္ကုန္မွာဆို ကေလးေက်ာင္းပို႔ အလုပ္သြားအလုပ္ျပန္အတြက္ တန္ဖိုးနည္းကားရွာရတာမလြယ္ဘူး” ဟု တာေမြၿမိဳ႕နယ္မွ ႏိုင္ငံျခားသေဘၤာသား တစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံ အထက္ပိုင္းႏွင့္ ရွမ္းေျမာက္ေဒသေတြက လက္နက္ကိုင္တိုက္ပြဲ ေၾကာင့္ အိမ္စီးကားမ်ား ေဈးကြက္အတြင္းဝင္ေရာက္လာေသာ္လည္း ေဈးမက်ပဲတက္ေဈးျဖင့္သာ ကားပိုင္ရွင္မ်ားက ေရာင္းခ်ေနေၾကာင္းသိရသည္။ “စစ္ျဖစ္လို႔ လာရႈိးကကားေတြ မႏၲေလးနဲ႔ရန္ကုန္ကို ဝင္လာတယ္။ တျခားဘားအံနဲ႔ျမစ္ႀကီးနားဘက္ကေရာ အစုံေပါ့၊ ဒါေပမဲ့ ေဈးကမက်ဘူး ကားပိုင္ရွင္ေတြက နယ္မွာလိုင္စင္မဲ့ without ကားေတြရွိေနေတာ့ ႀကိဳက္ေဈးရမွေရာင္းမယ္ျဖစ္ကုန္ေရာ”ဟု ကားဝယ္ေရာင္းအက်ိဳးေဆာင္ တစ္ဦးကေျပာသည္။

လက္ရွိတြင္ ကားလိုင္စင္သက္တမ္းမ်ား ျပန္လည္ သက္တမ္းတိုးလာေသာ္ လည္း ကားပိုင္ရွင္မ်ားက ကားမ်ားေရာင္းခ်ရန္ ႏွင့္ အသစ္ေျပာင္းလဲဝယ္ယူရန္ အခြန္မေဆာင္ခ်င္ေသာေၾကာင့္ ကားဝယ္ေရာင္းေဈးကြက္အတြင္း သိန္း(၄ဝဝ)ဝန္းက်င္ကား ရွားေနေၾကာင္းသိရသည္။

“ျပည္တြင္းမွာ showroom ေတြကျပန္ဝယ္သူေတြဟာ ေငြျဖဴျပၿပီး အနည္း ဆုံး (၁)ႏွစ္အထိလစဥ္ အခြန္မွန္မွန္ေဆာင္ခဲ့တဲ့သူေတြ၊ ႏိုင္ငံ့ဝန္ထမ္းသက္တမ္း(၁၅)ႏွစ္အထက္ရွိသူေတြ၊ တာဝန္ေက်စီမံကိန္းသီးႏွံ သိန္းငါးရာဖိုးအထိ စိုက္ပ်ိဳးေရာင္းခ်သူေတာင္သူေတြပဲ ဝယ္ခြင့္ရသင့္တာပါ။ ကားဝယ္မွ အခြန္ေဆာင္ခြင့္ေပးၿပီး ဝယ္ခြင့္ျပဳတာမ်ိဳးေတြဟာ အခြန္ေရွာင္၊ ေငြမဲခဝါခ်၊ အဂတိသမားေတြကို အားေပးေနတာနဲ႔တူပါတယ္'ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာၾကားသည္။

လတ္တေလာေဈးကြက္အတြင္း ကားေဈးႏႈန္းမ်ား (၁၀)ရာခိုင္ႏႈန္းမွ (၁၅)ရာခိုင္ႏႈန္းအထိျမင့္တက္လာၿပီး သိန္းေလးရာမွသိန္းငါးရာ ဝန္းက်င္ကားမ်ားအေရာင္းမရွိဘဲ ဝယ္ယူရန္ပင္ခက္ခဲေနေၾကာင္း ကားဝယ္ေရာင္း ေဈးကြက္အတြင္းမွသိရသည္။

Related news

© 2021. All rights reserved.