မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)

 2229

ခေတ်မင်းကို ၊ နာမူ (NP News)- စက်တင်ဘာ ၈

ပြည်တွင်း မော်တော်ယာဉ်သုံးစွဲမှုနှင့် တင်သွင်း ထုတ်လုပ်မှုများ၏ လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအပေါ် မြန်မာ့မော်တော်ယာဉ် ထုတ် လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးနှင့် တွေ့ဆုံမေးမြန်းထားသည်များကိုတင်ပြအပ်ပါသည်။

မေး - လတ်တလောရောင်းချနေတဲ့ ကားသစ်တွေရဲ့ ဈေးကွက်အခြေအနေအပါအဝင် မြန်မာနိုင်ငံရဲ့ ကား သုံးစွဲမှုအခြေအနေကိုပြောပြပေးပါခင်ဗျာ။
ဖြေ - လက်ရှိကတော့ ကားသစ်တင်သွင်းမှုမှာ EV တစ်မျိုးတည်းပဲ တင်သွင်းလို့ရသေးတာပေါ့။ စက် သုံးဆီသုံးတဲ့ကားတွေအနေနဲ့SKDထုတ်ထားတာ တစ်ခုပဲရတယ်။ ကျန်တာကတော့ လောလောဆယ် ရပ်ဆိုင်းထားတယ်။ ကုန်သွယ်ရေးအရ ကန့်သတ် ထားတာကြောင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ် တပ် ဆင်မှုနဲ့ ထုတ်တာရှိတယ်ပေါ့။ ကျန်တဲ့ဟာတော့ မရှိ ဘူး။ အရင်ကတော့ လုပ်ငန်းသုံး ကုန်တင်ကားတွေ တော့ တင်သွင်းတာရှိတယ်။ လုပ်ငန်းသုံးကား တင် သွင်းခွင့်လည်း အကုန်ရပ်ဆိုင်းထားတော့ ကျွန်တော် တို့ပြည်တွင်းမှာရှိတဲ့ တင်သွင်းပြီးသားကားတွေနဲ့ ဈေးကွက်ကို ဆက်လက်လည်ပတ်နေတာတဲ့အခြေ အနေမှာရှိပါတယ်။

မေး - EV ကားအပါအဝင် ကားသစ်တွေဝယ်ချင်တဲ့ သူတွေကို ဘယ်လိုတွေ အကြံဉာဏ်တွေပေးချင်ပါ သလဲခင်ဗျား
ဖြေ - ကားအသစ်ဝယ်မယ်ဆိုရင်တော့ ယခုလက်ရှိ မှာ ကုမ္ပဏီက တိုက်ရိုက်ရောင်းချပေးတဲ့ တရားဝင် ကိုယ်စားလှယ်တွေဆီကပဲ ဝယ်ပါလို့ ပြောချင်တယ်။ အရောင်းပိုင်းရော ပြင်ထိန်းအပိုင်းမှာပါ ဝန်ဆောင်မှု တွေရှိတယ်။ ပြင်ဆင်ထိန်းသိမ်းရေးတွေမှာ သူရဲ့ အာမခံချက်တွေရှိတယ်။ အာမခံဝန်ဆောင်မှုပိုင်းမှာ လည်းစိတ်ချရတယ်။ ဒါကြောင့် တရားဝင် ဖြန့်ချိရေး ကိုယ်စားလှယ်တွေဆီမှာ ကားသစ်ဝယ်ပါလို့ အကြံပြုပေးချင်ပါတယ်။

မေး - EV သုံးစွဲမှုအပိုင်းမှာကော မြန်မာနိုင်ငံအနေနဲ့ အလားအလာဘယ်လိုရှိလဲ။ အနာဂတ်မှာကော ဘယ် လိုအခြေအနေတွေနဲ့ကြုံတွေလာနိုင်သလဲ။
ဖြေ။ EV ကတော့ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အလားအလာကောင်းတယ်။ ကားအားသွင်းရုံတွေ အများကြီးမရှိပေမယ့်လည်း တချို့ EV ကားတွေမှာ အိမ်မှာတင် အိမ်သုံးလျှပ်စစ်မီကနေသွင်းနိုင်တဲ့ အားသာချက်တွေရှိတယ်။ အိမ်သုံးမီးနဲ့အားသွင်းပြီး အသုံးပြုရင်တော့ အဆင်ပြေလောက်ပါတယ်။ ဘာလို့ဆို နေ့တိုင်း ကားကို အားအပြည့်ထည့်နေရတာ မဟုတ်ဘူးဆိုတော့လေ။ ကားအားသွင်းရုံတွေ မလုံလောက်တောင်မှ သုံးစွဲသူအနေနဲ့ အိမ်မှာတင် အသုံး ပြုလို့ရပါတယ်။ နေ့တိုင်းနေ့တိုင်းအားသွင်းစရာမ လိုဘူး။ တစ်ခါအားသွင်းပြီးရင် သုံးလေးရက် အသုံး ပြုလို့ရတော့ အဆင်ပြေတာပေါ့။ ကျွန်တော့်အမြင်ကတော့ မဆိုးဘူးပေါ့နော် မြို့ပေါ်မှာသုံးဖို့ဆိုရင်ပေါ့။

မေး - EV ကားတွေက တစ်ခါအားသွင်းထားရင် ဘယ်လောက်လောက် အားခံလဲ။ အသုံးပြုမှုအပိုင်းကို ပြောပြပေးပါဦး။
ဖြေ - ပုံမှန်တော့ (၁၀ဝ%)အထိတော့ အားသွင်း စရာမလိုဘူး။ ကားသုံးသူအနေနဲ့ (၇၀-၈၀%လောက် အားသွင်းထားပြီးတော့ အဲဒီ (၇၀-၈၀)ကိုပဲ (၂၀%) အောက်မကျအောင် သုံးသင့်တယ်။ ပြီးမှ အားပြန် သွင်းပြီးအသုံးပြုရင်တော့ အဆင်ပြေတယ်။ အိမ်မှာ လည်း တစ်ရက်လောက်ပလပ်ထိုးထားလို့ရှိရင် သတ် မှတ်ထားတဲ့ (၂၀%)ကနေ (၈၀%) ဝန်းကျင်လောက် ကတော့ တစ်ရက်အားသွင်းထားရင် ပြည့်တယ်။ လက်ရှိ မိုဘိုင်းဖုန်းတွေလိုပေါ့ ဂရုစိုက်ပြီးသုံးမယ် ဆိုရင် အဆင်ပြေပါတယ်။ တစ်ခါအားအပြည့်သွင်း ထားရင် နှစ်ရက်သုံးရက်လောက်သုံးလို့ရပါတယ်။

မေး - လက်ရှိ မြန်မာပြည်မှာ EV ကားသုံးစွဲသူတွေ အနေနဲ့ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ - ကျွန်တော်တို့မြန်မာပြည်မှာ EV ကားဝယ် မယ်ဆိုရင် ခြံနဲ့ဝန်းနဲ့ရှိတဲ့သူတွေအနေနဲ့ အဆင်ပြေ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားအားသွင်းရုံတွေ မသွားဘဲ အိမ်ကလျှပ်စစ်မီတာမီးနဲ့ပဲ အားသွင်းလို့ရ တယ်။ ဒါပေမဲ့ ကွန်ဒိုတိုက်ခန်းတွေ အထပ်မြင့်တွေမှာ နေတဲ့သူတွေကျတော့ အဆင်မပြေဘူး။ အားသွင်းရုံ တွေ နေရာအနှံ့မှာ ပေါပေါများများမရှိသေးဘူး။ အား ကုန်ရင် အလွယ်တကူသွင်းဖို့ အခက်အခဲရှိတယ်။ ငွေကြေးတတ်နိုင်သူတွေဆိုရင် ကားနှစ်စီးဝယ်ထား ရတယ်။ မြို့တွင်းမှာသုံးဖို့ EV ကားတစ်စီး၊ နယ်ဝေး သွားဖို့ စက်သုံးဆီကားတစ်စီး နှစ်စီးပေါ့ ဘာလို့လဲ ဆိုရင် ဥပမာ-နေပြည်တော်သွားမယ်ဆိုရင် ဟိုရောက်မှ ကားအားသွင်းရုံ ဖွင့်လား၊ မဖွင့်ဘူးလားဆို တာ စုံစမ်းရတာတွေရှိတယ်။ အဲဒီတော့ EV ကားနဲ့ ခရီးဝေးမသွားတော့ဘူး။ ဓာတ်ဆီကားနဲ့ပဲ ခရီးဝေး သွားတော့တယ်။

မေး - ကားဝယ်မယ်ဆိုရင် ဘဏ်ချေးငွေတွေ ဘာ တွေနဲ့ ဝယ်မယ့်သူတွေရှိတယ်။ ဝယ်မယ်ဆိုရင် ဘယ် လိုပုံစံမျိုးနဲ့ အဆင်ပြေနိုင်လဲ။
ဖြေ။ အရင်ကတော့ ကားဝယ်ရင် တစ်စိတ်တစ်ပိုင်း ငွေချေပြီးတော့ ဘဏ်ချေးငွေနဲ့ ဝယ်ယူကြတာပေါ့ ။အခုတော့ ဘဏ်တွေကနေ ကားဝယ်ယူတဲ့အပေါ် အာမခံချက် အခိုင်အမာမ‌ပေးနိုင်ဘူး။ မပေးနိုင်တော့ ကျွန်တော်တို့ပြည်တွင်းမှာ ရောင်းချရတဲ့သူတွေအ တွက် အခက်အခဲဖြစ်တာပေါ့။ လောလောဆယ် ဘဏ်တွေကနေ ဘဏ်တိုးနှုန်းပြောင်းလိုက်ပြီးတော့ လွယ်လွယ်ကူကူ ဘဏ်တွေက အာမခံနဲ့ချေးငွေပေး နိုင်အောင် လုပ်ပေးမယ်ဆိုရင်တော့ ကားဝယ်ယူအ သုံးပြုမှုများတာပေါ့။ ဒါဟာ EV ရော ရိုးရိုးစက်သုံး ဆီကားရောအပေါ်မှာ သက်ရောက်မှုရှိပါတယ်။

မေး - မြန်မာနိုင်ငံအနေနဲ့ မော်တော်ယာဉ်သုံးစွဲမှု အပိုင်းမှာ လိုအပ်ချက်အခြေအနေ ဘယ်လိုတွေရှိ နေလဲ
ဖြေ - မြန်မာပြည်မှာ မော်တော်ကားလိုအပ်ချက်တွေ ရှိတာပေါ့။ လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်လောက်က ထိုင်းမှာ တစ်နှစ်ကို ကားထုတ်လုပ်တာ (၁.၈) သန်း ထုတ်လုပ်တယ်။ သူ့ပြည်တွင်းမှာ (ဝ.၈) သန်းပဲသုံး တာ။ ကျန်တာတွေကိုပြည်ပကိုတင်ပို့တာ။ လက်ရှိအချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာက တစ်သန်း လောက်ပဲသုံးစွဲနိုင်သေးတယ်။ ပုံမှန်အားဖြင့် ကျွန် တော်တို့ဆီမှာ အနည်းဆုံး ကား(၇)သန်း(၈)သန်း လောက်သုံးစွဲမှုရှိရမှာပေါ့။ ပြည်တွင်းမှာ ကားထုတ် လုပ်သုံးစွဲမှုက ဗီယက်နမ်တို့ထက်ကို ကျွန်တော်တို့က ပိုများရမှာပေါ့။ လက်ရှိကတော့ ထိုင်းနိုင်ငံက တစ်နှစ် ထုတ်ပြီးသုံးတဲ့ (ဝ.၈)သန်းလောက်တောင် မသုံးနိုင် သေးဘူးပေါ့။ တကယ်တမ်း အခုလက်ရှိ ကျွန်တော် တို့က သုံးစွဲမှုက ထိုင်းမှာ တစ်နှစ်ထုတ်သလောက် ပဲရှိဦးမှာပေါ့ ။ ကျွန်တော်တို့ ကားထုတ်လုပ်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံ(infrast­ructure)တိုးချဲ့ဖို့တော့ လိုအပ်နေတာပေါ့။ (infrast­ructure) ထပ်ချဲ့လိုက်မယ်ဆိုရင်တော့ မြန်မာပြည်မှာ ကားတွေ ပိုပြီးအသုံးပြုလာနိုင်မှာပေါ့။ အခုလော လောဆယ်တော့ အပြောင်းအလဲမရှိဘဲ ဆက်သွားနေတာပေါ့ ။

မေး - ကားမူဝါဒနဲ့ပတ်သက်ပြီး အစ်ကိုတို့ လုပ်ငန်း ရှင်တွေအနေနဲ့ ဘယ်လိုသုံးသပ်မှုတွေရှိသလဲ။
ဖြေ - မြန်မာနိုင်ငံမှာကတော့ ကားမှုဝါဒတွေ ထုတ် ပြန်လာတာတော့ ကြာပါပြီ။ ကားမူဝါဒတွေကတော့ ခုမှမဟုတ်ပါဘူး။ ကျွန်တော်တို့စလုပ်တဲ့ (၉၆၊ ၉၇) တည်းက မူဝါဒက အမျိုးမျိုးပြောင်းနေတာ။ အဲဒီ တော့ ကျွန်တော်တို့က ပြောင်းတဲ့မူဝါဒပေါ်မူတည် ပြီးတော့ သွင်းတယ်။ ပြီးတော့ ပြည်တွင်းမှာကား ထုတ်ဆိုရင် ပြည်တွင်းမှာထုတ်တယ်။ အခု ထုတ်ပြန် တဲ့စနစ်အရဆိုရင် EV တင်သွင်းရောင်းချမှုတွေ ဖြစ်လာတယ်ပေါ့။ ဒါကတော့ ကျွန်တော်တို့နိုင်ငံ ဝင်ငွေသိပ်မတိုးတက်သေးတဲ့အတွက် သက်ဆိုင်ရာနဲ့ နိုင်ငံတော်အကြီးအကဲတွေက ကားသုံးစွဲတဲ့သူတွေ အတွက် နိုင်ငံတော်က အကောင်းဆုံးဖြစ်အောင် အမျိုးမျိုးပြောင်းလဲပေးနေတယ်လို့ထင်ပါတယ်။ ကျွန် တော်တို့ (၁၉၉၆) ခုနှစ်ကတည်းက ကားရောင်းဝယ် နေတဲ့သူတွေဆိုရင် အစဉ်အဆက်ကို စနစ်တွေ ပြောင်းလာတာ။ ကျွန်တော်တို့ တင်သွင်းတယ်၊ ထုတ် လုပ်တယ်။ အဲဒီလိုနဲ့ တင်သွင်းသူဖြစ်လာတယ်။ ထုတ်လုပ်တဲ့သူဖြစ်တယ်။ မူဝါဒအပြောင်းအလဲ ကြောင့် တင်သွင်းတဲ့သူပြန်လာဖြစ်တယ်။ အခြေအ နေပေါ်မူတည်ပြီး အပြောင်းအလဲလုပ်နေရတာပေါ့။

မေး - နိုင်ငံခြားနဲ့ မြန်မာနိုင်ငံ ကားသုံးစွဲမှုမှာ ဘယ် လိုကွာခြားမှုတွေရှိလဲ။ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အခြေအနေတွေ ဖြစ်သင့်တယ်လို့ထင်ပါသလဲ။
ဖြေ - နိုင်ငံတိုင်းမှာတော့ ကားဝယ်ရင်ရှုံးတယ်။ ကျွန် တော်တို့မြန်မာနိုင်ငံမှာတော့ ဝယ်ပြီးရင်မြတ်တယ် ပေါ့။ တခြားနိုင်ငံထက်စာရင်တော့ ကျွန်တော်တို့ဆီမှာ အကန့်အသတ်နဲ့သုံးစွဲနေတဲ့ အခြေအနေတစ်ခုရှိ နေတာပေါ့။ နိုင်ငံခြားငွေဒေါ်လာတွေ အရမ်းကြီး မသုံးချင်ဘူးပေါ့။ ကားတွေ ပြည်ပကဝယ်တဲ့အခါမှာ စက်သုံးဆီသုံးစွဲမှုကလည်း မြင့်တက်လာတာပေါ့။ နိုင်ငံခြားငွေတွေ စက်သုံးဆီအတွက် ပိုသုံးရတာပေါ့။ အဲဒါကြောင့် အခုမှမဟုတ်ပါဘူး။ အရင်NLDအစိုး ရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ပြည် ထောင်စုလွှတ်တော်မှာ အမြဲတမ်းပဲ အခွန်ကောက် ဥပဒေမှာ ကျွန်တော်တို့ ငြင်းခုံနေရတာပေါ့။ ဘာလို့ ဆိုရင် တစ်နှစ် တစ်နှစ် သုံးတဲ့ နိုင်ငံတော်အစိုးရဘတ် ဂျက်မှာ စက်သုံးဆီက ဘယ်လောက်ရှိလဲ။ စက်သုံး ဆီသုံးတဲ့ဘတ်ဂျက်များလာပြီဆိုရင် ကားတွေ အခွန် တိုးကောက်မယ်။ တင်သွင်းမှုအတွက် ငွေတွေ လျှော့ပြီးတော့ အခွန်တိုးကောက်ဖို့က အရင်တည်းက စဉ်းစားကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကားဈေးတွေ ကြီးပြီးတော့ တခြားနိုင်ငံတွေနဲ့ဈေးကွာနေတာပေါ့။ အမှန်တကယ်တော့ နိုင်ငံတကာမှာ ကားက ဝယ်ပြီး တာနဲ့ ချက်ချင်းပဲ၊ ဒီနေ့ဝယ်တာနဲ့ ဒီနေ့ဈေးနဲ့ ရှုံးပြီ။အခုက မြန်မာပြည်မှာ ဝယ်ပြီးပြန်မြတ်တယ်။ ဝယ်ပြီး ပြန်မြတ်တဲ့နိုင်ငံ ဒီတစ်နိုင်ငံပဲ ရှိတယ်။

မေး - ရန်ကုန်မှာ စက်သုံးဆီအခက်အခဲကြောင့် EV ကားကို စိတ်ဝင်စားလာတာတွေရှိတယ်။ ဒါပေမဲ့ ကုမ္ပဏီတိုက်ရိုက်ဝယ်ဖို့ အခက်အခဲလေးတွေရှိနေတဲ့ အပေါ် ပြောကြားပေးပါဦး။
ဖြေ - ကားတင်သွင်းရောင်းချသူတွေဆီမှာ တင်သွင်း လာတဲ့ဈေးထက် (၂၀) ရာခိုင်နှုန်းပဲအမြတ်တင်ပြီး ရောင်းချရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကိုလိုက် နာရပါတယ်။ ဒီတော့ တင်သွင်းခွင့်နဲ့ဝယ်ချင်တဲ့သူ တစ်ခါတည်းချိတ်ဆက်ပြီးတင်သွင်းရပါတယ်။ ဥပမာ ပြောရရင် ကုမ္ပဏီတစ်ခုက ကားအစီး (၂၀) တင် သွင်းခွင့်ရရင် ဝယ်မယ့်သူ အယောက်နှစ်ဆယ် တစ်ခါတည်းရှာထားပြီး ကားမှတ်ပုံတင်လုပ်ငန်းကို အမြန်လုပ်ဆောင်ရပါတယ်။ အရင်လိုမျိုး ကားအ ရောင်းပြခန်းက အလွယ်တကူဝယ်လို့မရပါဘူး။ ဒါ ဟာ နိုင်ငံတော်က လတ်တလော ဒေါ်လာလိုအပ်ချက် အပေါ်မှာလည်းမူတည်နေတာပေါ့။

မေး - ကားလောကနဲ့ ကားဈေးကွက်အ‌ပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ - ကားလုပ်ငန်းအတွက် စီးပွားရေးပိုင်းမှာတော့ တော်တော်အခြေအနေကောင်းလာတာပေါ့။ ကောင်း တယ်ဆိုတာကလည်း ဒီလုပ်ငန်းကို အချိန်ပြည့်ဝင် ရောက်လုပ်ကိုင်တဲ့သူတွေအနေနဲ့ဆိုရင် တော်တော် လေးကို တိုးတက်အောင်မြင်လာတာကို တွေ့ရတယ်။ လုပ်ငန်းတစ်ခုကို အချိန်ပေးပြီး အကြာကြီးလုပ်နိုင်တဲ့ သူတွေကတော့တိုးတက်အောင်မြင်လာတာပေါ့။ ပုံမှန်ကတော့ ကားဝယ်ရောင်းလုပ်တာပေါ့။ ဝယ် ရောင်းပြီးရင် အရောင်းပြခန်းသဘောမျိုးထဲ ခြံဝန်းထဲ ထည့်ပြီးရောင်းတယ်။ ပြီးရင် တစ်ဆင့်မြှင့်ပြီး ကားအ ရောင်းကိုယ်စားလှယ်လုပ်တယ်။ နောက်ပိုင်းမှာ မြန် မာနိုင်ငံဆိုင်ရာ တရားဝင်ဖြန်ချိရေးကိုယ်စားလှယ် ဖြစ်သွားတယ်။ ကားလုပ်ငန်းလုပ်ကိုင်သူတွေ အား လုံးတော်တော်များများ တိုးတက်လာတယ်။ မော်တော် ယာဉ်လုပ်ငန်းလည်း ကောင်းပါတယ်။ ‌ ရေရှည်လုပ် မယ်ဆို တစ်စိုက်မတ်မတ် လုပ်လည်းလုပ်သင့်တယ်။ အောင်မြင်လာရင် အဆက်အသွယ်တွေကို တိုးချဲ့ သင့်တယ်။ အဲဒီလိုမျိုးတိုးချဲ့လို့ရှိရင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ဆက်ဆံပြီး အားလုံးနဲ့ ချိတ်ဆက်မိ နိုင်အောင်လုပ်နိုင်ရင်တော့ မြန်မာပြည်မှာ တကယ် ကောင်းတဲ့စီးပွားရေးတစ်ခုပါပဲ။

မေး - မြန်မာနိုင်ငံ မော်တော်ယဉ်ထုတ်လုပ်ရေးနှင့်ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ တစ်ဦးအနေနဲ့ လက်ရှိအခြေအနေတွေအပေါ် သုံး သပ်ပြောပြပေးပါဦး။
ဖြေ - ကျွန်တော့်အနေနဲ့ မော်တော်ယာဉ်တင် သွင်းထုတ်လုပ်မှု၊ တင်သွင်းတာတွေလည်း ရှိတယ်။ ထုတ်လုပ်တာတွေလည်း ရှိတယ်၊ အားလုံးစုပေါင်းပြီး ဖွဲ့ထားတာပေါ့၊ အားလုံးကတော့ ညီအစ်ကို မောင်နှမ လိုသဘောမျိုးပါ။ ဘာလို့ဆိုတော့ အသင်းအဖွဲ့ဆို တဲ့သဘောကတော့ ဥက္ကဋ္ဌရယ် ဘာရယ်တော့မဟုတ် ဘူး။ ရာထူးရှိတယ်၊ မရှိတာရယ်က အဓိကမဟုတ် ဘူး။ အားလုံးအရေးကြောင်းပေါ်လာရင် တွေ့ဆုံလို့ ရတာမျိုးဖြစ်အောင်လို့ ကျွန်တော်တို့က အသင်းအဖွဲ့ ကို စုစုစည်းစည်းလုပ်ထားတာပေါ့။ လက်ရှိအချိန်အ ထိ စုစုစည်းစည်းလုပ်တယ်။ ပြီးခဲ့တဲ့နေ့ကဆို လူ (၁၇၀ဝ) လောက် ကျွန်တော်တို့စုစည်းမိတာပေါ့။ တစ်ပြည်လုံးမှာရှိတဲ့ ကားပိုင်ရှင်တွေပဲမဟုတ်ဘဲ သူရဲ့အောက်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေကအစ ချိတ် ဆက်မိအောင် အကုန်ခေါ်ပေးတယ်။ တစ်ခုတော့ ရှိတာပေါ့။ လုပ်ငန်းရှင်တစ်ယောက်ပဲမဟုတ်ဘဲ လုပ် ငန်းရှင်အောက်မှာရှိတဲ့ သူရဲ့ဝန်ထမ်းတွေပါ ပူးပေါင်း တွေ့ဆုံပြီး ချိတ်ဆက်မှုအားကောင်းလာအောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။

zawgyi version
ျမန္မာ့ကားမူဝါဒႏွင့္ ေဈးကြက္အေျခအေနမ်ား
ေခတ္မင္းကို ၊ နာမူ (NP News)- စက္တင္ဘာ ၈

ျပည္တြင္း ေမာ္ေတာ္ယာဥ္သုံးစြဲမႈႏွင့္ တင္သြင္း ထုတ္လုပ္မႈမ်ား၏ လတ္တေလာျဖစ္ေပၚေနေသာ အေျခအေနမ်ားအေပၚ ျမန္မာ့ေမာ္ေတာ္ယာဥ္ ထုတ္ လုပ္ေရးႏွင့္ျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ ဦးေဇာ္ထိုက္ေအးႏွင့္ ေတြ႕ဆုံေမးျမန္းထားသည္မ်ားကိုတင္ျပအပ္ပါသည္။

ေမး - လတ္တေလာေရာင္းခ်ေနတဲ့ ကားသစ္ေတြရဲ႕ ေဈးကြက္အေျခအေနအပါအဝင္ ျမန္မာႏိုင္ငံရဲ႕ ကား သုံးစြဲမႈအေျခအေနကိုေျပာျပေပးပါခင္ဗ်ာ။
ေျဖ - လက္ရွိကေတာ့ ကားသစ္တင္သြင္းမႈမွာ EV တစ္မ်ိဳးတည္းပဲ တင္သြင္းလို႔ရေသးတာေပါ့။ စက္ သုံးဆီသုံးတဲ့ကားေတြအေနနဲ႔SKDထုတ္ထားတာ တစ္ခုပဲရတယ္။ က်န္တာကေတာ့ ေလာေလာဆယ္ ရပ္ဆိုင္းထားတယ္။ ကုန္သြယ္ေရးအရ ကန႔္သတ္ ထားတာေၾကာင့္ တစ္စိတ္တစ္ပိုင္းထုတ္လုပ္ တပ္ ဆင္မႈနဲ႔ ထုတ္တာရွိတယ္ေပါ့။ က်န္တဲ့ဟာေတာ့ မရွိ ဘူး။ အရင္ကေတာ့ လုပ္ငန္းသုံး ကုန္တင္ကားေတြ ေတာ့ တင္သြင္းတာရွိတယ္။ လုပ္ငန္းသုံးကား တင္ သြင္းခြင့္လည္း အကုန္ရပ္ဆိုင္းထားေတာ့ ကြၽန္ေတာ္ တို႔ျပည္တြင္းမွာရွိတဲ့ တင္သြင္းၿပီးသားကားေတြနဲ႔ ေဈးကြက္ကို ဆက္လက္လည္ပတ္ေနတာတဲ့အေျခ အေနမွာရွိပါတယ္။

ေမး - EV ကားအပါအဝင္ ကားသစ္ေတြဝယ္ခ်င္တဲ့ သူေတြကို ဘယ္လိုေတြ အႀကံဉာဏ္ေတြေပးခ်င္ပါ သလဲခင္ဗ်ား
ေျဖ - ကားအသစ္ဝယ္မယ္ဆိုရင္ေတာ့ ယခုလက္ရွိ မွာ ကုမၸဏီက တိုက္႐ိုက္ေရာင္းခ်ေပးတဲ့ တရားဝင္ ကိုယ္စားလွယ္ေတြဆီကပဲ ဝယ္ပါလို႔ ေျပာခ်င္တယ္။ အေရာင္းပိုင္းေရာ ျပင္ထိန္းအပိုင္းမွာပါ ဝန္ေဆာင္မႈ ေတြရွိတယ္။ ျပင္ဆင္ထိန္းသိမ္းေရးေတြမွာ သူရဲ႕ အာမခံခ်က္ေတြရွိတယ္။ အာမခံဝန္ေဆာင္မႈပိုင္းမွာ လည္းစိတ္ခ်ရတယ္။ ဒါေၾကာင့္ တရားဝင္ ျဖန႔္ခ်ိေရး ကိုယ္စားလွယ္ေတြဆီမွာ ကားသစ္ဝယ္ပါလို႔ အႀကံျပဳေပးခ်င္ပါတယ္။

ေမး - EV သုံးစြဲမႈအပိုင္းမွာေကာ ျမန္မာႏိုင္ငံအေနနဲ႔ အလားအလာဘယ္လိုရွိလဲ။ အနာဂတ္မွာေကာ ဘယ္ လိုအေျခအေနေတြနဲ႔ႀကဳံေတြလာႏိုင္သလဲ။
ေျဖ။ EV ကေတာ့ေကာင္းပါတယ္။ ဘာပဲျဖစ္ျဖစ္ အလားအလာေကာင္းတယ္။ ကားအားသြင္း႐ုံေတြ အမ်ားႀကီးမရွိေပမယ့္လည္း တခ်ိဳ႕ EV ကားေတြမွာ အိမ္မွာတင္ အိမ္သုံးလွ်ပ္စစ္မီကေနသြင္းႏိုင္တဲ့ အားသာခ်က္ေတြရွိတယ္။ အိမ္သုံးမီးနဲ႔အားသြင္းၿပီး အသုံးျပဳရင္ေတာ့ အဆင္ေျပေလာက္ပါတယ္။ ဘာလို႔ဆို ေန႔တိုင္း ကားကို အားအျပည့္ထည့္ေနရတာ မဟုတ္ဘူးဆိုေတာ့ေလ။ ကားအားသြင္း႐ုံေတြ မလုံေလာက္ေတာင္မွ သုံးစြဲသူအေနနဲ႔ အိမ္မွာတင္ အသုံး ျပဳလို႔ရပါတယ္။ ေန႔တိုင္းေန႔တိုင္းအားသြင္းစရာမ လိုဘူး။ တစ္ခါအားသြင္းၿပီးရင္ သုံးေလးရက္ အသုံး ျပဳလို႔ရေတာ့ အဆင္ေျပတာေပါ့။ ကြၽန္ေတာ့္အျမင္ကေတာ့ မဆိုးဘူးေပါ့ေနာ္ ၿမိဳ႕ေပၚမွာသုံးဖို႔ဆိုရင္ေပါ့။

ေမး - EV ကားေတြက တစ္ခါအားသြင္းထားရင္ ဘယ္ေလာက္ေလာက္ အားခံလဲ။ အသုံးျပဳမႈအပိုင္းကို ေျပာျပေပးပါဦး။
ေျဖ - ပုံမွန္ေတာ့ (၁၀ဝ%)အထိေတာ့ အားသြင္း စရာမလိုဘူး။ ကားသုံးသူအေနနဲ႔ (၇၀-၈၀%ေလာက္ အားသြင္းထားၿပီးေတာ့ အဲဒီ (၇၀-၈၀)ကိုပဲ (၂၀%) ေအာက္မက်ေအာင္ သုံးသင့္တယ္။ ၿပီးမွ အားျပန္ သြင္းၿပီးအသုံးျပဳရင္ေတာ့ အဆင္ေျပတယ္။ အိမ္မွာ လည္း တစ္ရက္ေလာက္ပလပ္ထိုးထားလို႔ရွိရင္ သတ္ မွတ္ထားတဲ့ (၂၀%)ကေန (၈၀%) ဝန္းက်င္ေလာက္ ကေတာ့ တစ္ရက္အားသြင္းထားရင္ ျပည့္တယ္။ လက္ရွိ မိုဘိုင္းဖုန္းေတြလိုေပါ့ ဂ႐ုစိုက္ၿပီးသုံးမယ္ ဆိုရင္ အဆင္ေျပပါတယ္။ တစ္ခါအားအျပည့္သြင္း ထားရင္ ႏွစ္ရက္သုံးရက္ေလာက္သုံးလို႔ရပါတယ္။

ေမး - လက္ရွိ ျမန္မာျပည္မွာ EV ကားသုံးစြဲသူေတြ အေနနဲ႔ ဘယ္လိုအခက္အခဲေတြရွိလဲ။
ေျဖ - ကြၽန္ေတာ္တို႔ျမန္မာျပည္မွာ EV ကားဝယ္ မယ္ဆိုရင္ ၿခံနဲ႔ဝန္းနဲ႔ရွိတဲ့သူေတြအေနနဲ႔ အဆင္ေျပ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကားအားသြင္း႐ုံေတြ မသြားဘဲ အိမ္ကလွ်ပ္စစ္မီတာမီးနဲ႔ပဲ အားသြင္းလို႔ရ တယ္။ ဒါေပမဲ့ ကြန္ဒိုတိုက္ခန္းေတြ အထပ္ျမင့္ေတြမွာ ေနတဲ့သူေတြက်ေတာ့ အဆင္မေျပဘူး။ အားသြင္း႐ုံ ေတြ ေနရာအႏွံ႔မွာ ေပါေပါမ်ားမ်ားမရွိေသးဘူး။ အား ကုန္ရင္ အလြယ္တကူသြင္းဖို႔ အခက္အခဲရွိတယ္။ ေငြေၾကးတတ္ႏိုင္သူေတြဆိုရင္ ကားႏွစ္စီးဝယ္ထား ရတယ္။ ၿမိဳ႕တြင္းမွာသုံးဖို႔ EV ကားတစ္စီး၊ နယ္ေဝး သြားဖို႔ စက္သုံးဆီကားတစ္စီး ႏွစ္စီးေပါ့ ဘာလို႔လဲ ဆိုရင္ ဥပမာ-ေနျပည္ေတာ္သြားမယ္ဆိုရင္ ဟိုေရာက္မွ ကားအားသြင္း႐ုံ ဖြင့္လား၊ မဖြင့္ဘူးလားဆို တာ စုံစမ္းရတာေတြရွိတယ္။ အဲဒီေတာ့ EV ကားနဲ႔ ခရီးေဝးမသြားေတာ့ဘူး။ ဓာတ္ဆီကားနဲ႔ပဲ ခရီးေဝး သြားေတာ့တယ္။

ေမး - ကားဝယ္မယ္ဆိုရင္ ဘဏ္ေခ်းေငြေတြ ဘာ ေတြနဲ႔ ဝယ္မယ့္သူေတြရွိတယ္။ ဝယ္မယ္ဆိုရင္ ဘယ္ လိုပုံစံမ်ိဳးနဲ႔ အဆင္ေျပႏိုင္လဲ။
ေျဖ။ အရင္ကေတာ့ ကားဝယ္ရင္ တစ္စိတ္တစ္ပိုင္း ေငြေခ်ၿပီးေတာ့ ဘဏ္ေခ်းေငြနဲ႔ ဝယ္ယူၾကတာေပါ့ ။အခုေတာ့ ဘဏ္ေတြကေန ကားဝယ္ယူတဲ့အေပၚ အာမခံခ်က္ အခိုင္အမာမ‌ေပးႏိုင္ဘူး။ မေပးႏိုင္ေတာ့ ကြၽန္ေတာ္တို႔ျပည္တြင္းမွာ ေရာင္းခ်ရတဲ့သူေတြအ တြက္ အခက္အခဲျဖစ္တာေပါ့။ ေလာေလာဆယ္ ဘဏ္ေတြကေန ဘဏ္တိုးႏႈန္းေျပာင္းလိုက္ၿပီးေတာ့ လြယ္လြယ္ကူကူ ဘဏ္ေတြက အာမခံနဲ႔ေခ်းေငြေပး ႏိုင္ေအာင္ လုပ္ေပးမယ္ဆိုရင္ေတာ့ ကားဝယ္ယူအ သုံးျပဳမႈမ်ားတာေပါ့။ ဒါဟာ EV ေရာ ႐ိုး႐ိုးစက္သုံး ဆီကားေရာအေပၚမွာ သက္ေရာက္မႈရွိပါတယ္။

ေမး - ျမန္မာႏိုင္ငံအေနနဲ႔ ေမာ္ေတာ္ယာဥ္သုံးစြဲမႈ အပိုင္းမွာ လိုအပ္ခ်က္အေျခအေန ဘယ္လိုေတြရွိ ေနလဲ
ေျဖ - ျမန္မာျပည္မွာ ေမာ္ေတာ္ကားလိုအပ္ခ်က္ေတြ ရွိတာေပါ့။ လြန္ခဲ့တဲ့ ငါးႏွစ္ ေျခာက္ႏွစ္ေလာက္က ထိုင္းမွာ တစ္ႏွစ္ကို ကားထုတ္လုပ္တာ (၁.၈) သန္း ထုတ္လုပ္တယ္။ သူ႔ျပည္တြင္းမွာ (ဝ.၈) သန္းပဲသုံး တာ။ က်န္တာေတြကိုျပည္ပကိုတင္ပို႔တာ။ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာက တစ္သန္း ေလာက္ပဲသုံးစြဲႏိုင္ေသးတယ္။ ပုံမွန္အားျဖင့္ ကြၽန္ ေတာ္တို႔ဆီမွာ အနည္းဆုံး ကား(၇)သန္း(၈)သန္း ေလာက္သုံးစြဲမႈရွိရမွာေပါ့။ ျပည္တြင္းမွာ ကားထုတ္ လုပ္သုံးစြဲမႈက ဗီယက္နမ္တို႔ထက္ကို ကြၽန္ေတာ္တို႔က ပိုမ်ားရမွာေပါ့။ လက္ရွိကေတာ့ ထိုင္းႏိုင္ငံက တစ္ႏွစ္ ထုတ္ၿပီးသုံးတဲ့ (ဝ.၈)သန္းေလာက္ေတာင္ မသုံးႏိုင္ ေသးဘူးေပါ့။ တကယ္တမ္း အခုလက္ရွိ ကြၽန္ေတာ္ တို႔က သုံးစြဲမႈက ထိုင္းမွာ တစ္ႏွစ္ထုတ္သေလာက္ ပဲရွိဦးမွာေပါ့ ။ ကြၽန္ေတာ္တို႔ ကားထုတ္လုပ္သုံးစြဲမႈနဲ႔ ပတ္သက္တဲ့ အေျခခံအေဆာက္အအုံ(infrast­ructure)တိုးခ်ဲ႕ဖို႔ေတာ့ လိုအပ္ေနတာေပါ့။ (infrast­ructure) ထပ္ခ်ဲ႕လိုက္မယ္ဆိုရင္ေတာ့ ျမန္မာျပည္မွာ ကားေတြ ပိုၿပီးအသုံးျပဳလာႏိုင္မွာေပါ့။ အခုေလာ ေလာဆယ္ေတာ့ အေျပာင္းအလဲမရွိဘဲ ဆက္သြားေနတာေပါ့ ။

ေမး - ကားမူဝါဒနဲ႔ပတ္သက္ၿပီး အစ္ကိုတို႔ လုပ္ငန္း ရွင္ေတြအေနနဲ႔ ဘယ္လိုသုံးသပ္မႈေတြရွိသလဲ။
ေျဖ - ျမန္မာႏိုင္ငံမွာကေတာ့ ကားမႈဝါဒေတြ ထုတ္ ျပန္လာတာေတာ့ ၾကာပါၿပီ။ ကားမူဝါဒေတြကေတာ့ ခုမွမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔စလုပ္တဲ့ (၉၆၊ ၉၇) တည္းက မူဝါဒက အမ်ိဳးမ်ိဳးေျပာင္းေနတာ။ အဲဒီ ေတာ့ ကြၽန္ေတာ္တို႔က ေျပာင္းတဲ့မူဝါဒေပၚမူတည္ ၿပီးေတာ့ သြင္းတယ္။ ၿပီးေတာ့ ျပည္တြင္းမွာကား ထုတ္ဆိုရင္ ျပည္တြင္းမွာထုတ္တယ္။ အခု ထုတ္ျပန္ တဲ့စနစ္အရဆိုရင္ EV တင္သြင္းေရာင္းခ်မႈေတြ ျဖစ္လာတယ္ေပါ့။ ဒါကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံ ဝင္ေငြသိပ္မတိုးတက္ေသးတဲ့အတြက္ သက္ဆိုင္ရာနဲ႔ ႏိုင္ငံေတာ္အႀကီးအကဲေတြက ကားသုံးစြဲတဲ့သူေတြ အတြက္ ႏိုင္ငံေတာ္က အေကာင္းဆုံးျဖစ္ေအာင္ အမ်ိဳးမ်ိဳးေျပာင္းလဲေပးေနတယ္လို႔ထင္ပါတယ္။ ကြၽန္ ေတာ္တို႔ (၁၉၉၆) ခုႏွစ္ကတည္းက ကားေရာင္းဝယ္ ေနတဲ့သူေတြဆိုရင္ အစဥ္အဆက္ကို စနစ္ေတြ ေျပာင္းလာတာ။ ကြၽန္ေတာ္တို႔ တင္သြင္းတယ္၊ ထုတ္ လုပ္တယ္။ အဲဒီလိုနဲ႔ တင္သြင္းသူျဖစ္လာတယ္။ ထုတ္လုပ္တဲ့သူျဖစ္တယ္။ မူဝါဒအေျပာင္းအလဲ ေၾကာင့္ တင္သြင္းတဲ့သူျပန္လာျဖစ္တယ္။ အေျခအ ေနေပၚမူတည္ၿပီး အေျပာင္းအလဲလုပ္ေနရတာေပါ့။

ေမး - ႏိုင္ငံျခားနဲ႔ ျမန္မာႏိုင္ငံ ကားသုံးစြဲမႈမွာ ဘယ္ လိုကြာျခားမႈေတြရွိလဲ။ ျမန္မာႏိုင္ငံအေနနဲ႔ ဘယ္လို အေျခအေနေတြ ျဖစ္သင့္တယ္လို႔ထင္ပါသလဲ။
ေျဖ - ႏိုင္ငံတိုင္းမွာေတာ့ ကားဝယ္ရင္ရႈံးတယ္။ ကြၽန္ ေတာ္တို႔ျမန္မာႏိုင္ငံမွာေတာ့ ဝယ္ၿပီးရင္ျမတ္တယ္ ေပါ့။ တျခားႏိုင္ငံထက္စာရင္ေတာ့ ကြၽန္ေတာ္တို႔ဆီမွာ အကန႔္အသတ္နဲ႔သုံးစြဲေနတဲ့ အေျခအေနတစ္ခုရွိ ေနတာေပါ့။ ႏိုင္ငံျခားေငြေဒၚလာေတြ အရမ္းႀကီး မသုံးခ်င္ဘူးေပါ့။ ကားေတြ ျပည္ပကဝယ္တဲ့အခါမွာ စက္သုံးဆီသုံးစြဲမႈကလည္း ျမင့္တက္လာတာေပါ့။ ႏိုင္ငံျခားေငြေတြ စက္သုံးဆီအတြက္ ပိုသုံးရတာေပါ့။ အဲဒါေၾကာင့္ အခုမွမဟုတ္ပါဘူး။ အရင္NLDအစိုး ရနဲ႔ ဦးသိန္းစိန္အစိုးရလက္ထက္ကတည္းက ျပည္ ေထာင္စုလႊတ္ေတာ္မွာ အၿမဲတမ္းပဲ အခြန္ေကာက္ ဥပေဒမွာ ကြၽန္ေတာ္တို႔ ျငင္းခုံေနရတာေပါ့။ ဘာလို႔ ဆိုရင္ တစ္ႏွစ္ တစ္ႏွစ္ သုံးတဲ့ ႏိုင္ငံေတာ္အစိုးရဘတ္ ဂ်က္မွာ စက္သုံးဆီက ဘယ္ေလာက္ရွိလဲ။ စက္သုံး ဆီသုံးတဲ့ဘတ္ဂ်က္မ်ားလာၿပီဆိုရင္ ကားေတြ အခြန္ တိုးေကာက္မယ္။ တင္သြင္းမႈအတြက္ ေငြေတြ ေလွ်ာ့ၿပီးေတာ့ အခြန္တိုးေကာက္ဖို႔က အရင္တည္းက စဥ္းစားၾကတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ကားေဈးေတြ ႀကီးၿပီးေတာ့ တျခားႏိုင္ငံေတြနဲ႔ေဈးကြာေနတာေပါ့။ အမွန္တကယ္ေတာ့ ႏိုင္ငံတကာမွာ ကားက ဝယ္ၿပီး တာနဲ႔ ခ်က္ခ်င္းပဲ၊ ဒီေန႔ဝယ္တာနဲ႔ ဒီေန႔ေဈးနဲ႔ ရႈံးၿပီ။အခုက ျမန္မာျပည္မွာ ဝယ္ၿပီးျပန္ျမတ္တယ္။ ဝယ္ၿပီး ျပန္ျမတ္တဲ့ႏိုင္ငံ ဒီတစ္ႏိုင္ငံပဲ ရွိတယ္။

ေမး - ရန္ကုန္မွာ စက္သုံးဆီအခက္အခဲေၾကာင့္ EV ကားကို စိတ္ဝင္စားလာတာေတြရွိတယ္။ ဒါေပမဲ့ ကုမၸဏီတိုက္႐ိုက္ဝယ္ဖို႔ အခက္အခဲေလးေတြရွိေနတဲ့ အေပၚ ေျပာၾကားေပးပါဦး။
ေျဖ - ကားတင္သြင္းေရာင္းခ်သူေတြဆီမွာ တင္သြင္း လာတဲ့ေဈးထက္ (၂၀) ရာခိုင္ႏႈန္းပဲအျမတ္တင္ၿပီး ေရာင္းခ်ရမယ္ဆိုတဲ့ စည္းမ်ဥ္းစည္းကမ္းကိုလိုက္ နာရပါတယ္။ ဒီေတာ့ တင္သြင္းခြင့္နဲ႔ဝယ္ခ်င္တဲ့သူ တစ္ခါတည္းခ်ိတ္ဆက္ၿပီးတင္သြင္းရပါတယ္။ ဥပမာ ေျပာရရင္ ကုမၸဏီတစ္ခုက ကားအစီး (၂၀) တင္ သြင္းခြင့္ရရင္ ဝယ္မယ့္သူ အေယာက္ႏွစ္ဆယ္ တစ္ခါတည္းရွာထားၿပီး ကားမွတ္ပုံတင္လုပ္ငန္းကို အျမန္လုပ္ေဆာင္ရပါတယ္။ အရင္လိုမ်ိဳး ကားအ ေရာင္းျပခန္းက အလြယ္တကူဝယ္လို႔မရပါဘူး။ ဒါ ဟာ ႏိုင္ငံေတာ္က လတ္တေလာ ေဒၚလာလိုအပ္ခ်က္ အေပၚမွာလည္းမူတည္ေနတာေပါ့။

ေမး - ကားေလာကနဲ႔ ကားေဈးကြက္အ‌ေပၚမွာ ဘယ္လိုသုံးသပ္ခ်င္ပါသလဲ။
ေျဖ - ကားလုပ္ငန္းအတြက္ စီးပြားေရးပိုင္းမွာေတာ့ ေတာ္ေတာ္အေျခအေနေကာင္းလာတာေပါ့။ ေကာင္း တယ္ဆိုတာကလည္း ဒီလုပ္ငန္းကို အခ်ိန္ျပည့္ဝင္ ေရာက္လုပ္ကိုင္တဲ့သူေတြအေနနဲ႔ဆိုရင္ ေတာ္ေတာ္ ေလးကို တိုးတက္ေအာင္ျမင္လာတာကို ေတြ႕ရတယ္။ လုပ္ငန္းတစ္ခုကို အခ်ိန္ေပးၿပီး အၾကာႀကီးလုပ္ႏိုင္တဲ့ သူေတြကေတာ့တိုးတက္ေအာင္ျမင္လာတာေပါ့။ ပုံမွန္ကေတာ့ ကားဝယ္ေရာင္းလုပ္တာေပါ့။ ဝယ္ ေရာင္းၿပီးရင္ အေရာင္းျပခန္းသေဘာမ်ိဳးထဲ ၿခံဝန္းထဲ ထည့္ၿပီးေရာင္းတယ္။ ၿပီးရင္ တစ္ဆင့္ျမႇင့္ၿပီး ကားအ ေရာင္းကိုယ္စားလွယ္လုပ္တယ္။ ေနာက္ပိုင္းမွာ ျမန္ မာႏိုင္ငံဆိုင္ရာ တရားဝင္ျဖန္ခ်ိေရးကိုယ္စားလွယ္ ျဖစ္သြားတယ္။ ကားလုပ္ငန္းလုပ္ကိုင္သူေတြ အား လုံးေတာ္ေတာ္မ်ားမ်ား တိုးတက္လာတယ္။ ေမာ္ေတာ္ ယာဥ္လုပ္ငန္းလည္း ေကာင္းပါတယ္။ ‌ ေရရွည္လုပ္ မယ္ဆို တစ္စိုက္မတ္မတ္ လုပ္လည္းလုပ္သင့္တယ္။ ေအာင္ျမင္လာရင္ အဆက္အသြယ္ေတြကို တိုးခ်ဲ႕ သင့္တယ္။ အဲဒီလိုမ်ိဳးတိုးခ်ဲ႕လို႔ရွိရင္ ျပည္တြင္းျပည္ပ လုပ္ငန္းရွင္ေတြနဲ႔ဆက္ဆံၿပီး အားလုံးနဲ႔ ခ်ိတ္ဆက္မိ ႏိုင္ေအာင္လုပ္ႏိုင္ရင္ေတာ့ ျမန္မာျပည္မွာ တကယ္ ေကာင္းတဲ့စီးပြားေရးတစ္ခုပါပဲ။

ေမး - ျမန္မာႏိုင္ငံ ေမာ္ေတာ္ယဥ္ထုတ္လုပ္ေရးႏွင့္ျဖန္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ တစ္ဦးအေနနဲ႔ လက္ရွိအေျခအေနေတြအေပၚ သုံး သပ္ေျပာျပေပးပါဦး။
ေျဖ - ကြၽန္ေတာ့္အေနနဲ႔ ေမာ္ေတာ္ယာဥ္တင္ သြင္းထုတ္လုပ္မႈ၊ တင္သြင္းတာေတြလည္း ရွိတယ္။ ထုတ္လုပ္တာေတြလည္း ရွိတယ္၊ အားလုံးစုေပါင္းၿပီး ဖြဲ႕ထားတာေပါ့၊ အားလုံးကေတာ့ ညီအစ္ကို ေမာင္ႏွမ လိုသေဘာမ်ိဳးပါ။ ဘာလို႔ဆိုေတာ့ အသင္းအဖြဲ႕ဆို တဲ့သေဘာကေတာ့ ဥကၠ႒ရယ္ ဘာရယ္ေတာ့မဟုတ္ ဘူး။ ရာထူးရွိတယ္၊ မရွိတာရယ္က အဓိကမဟုတ္ ဘူး။ အားလုံးအေရးေၾကာင္းေပၚလာရင္ ေတြ႕ဆုံလို႔ ရတာမ်ိဳးျဖစ္ေအာင္လို႔ ကြၽန္ေတာ္တို႔က အသင္းအဖြဲ႕ ကို စုစုစည္းစည္းလုပ္ထားတာေပါ့။ လက္ရွိအခ်ိန္အ ထိ စုစုစည္းစည္းလုပ္တယ္။ ၿပီးခဲ့တဲ့ေန႔ကဆို လူ (၁၇၀ဝ) ေလာက္ ကြၽန္ေတာ္တို႔စုစည္းမိတာေပါ့။ တစ္ျပည္လုံးမွာရွိတဲ့ ကားပိုင္ရွင္ေတြပဲမဟုတ္ဘဲ သူရဲ႕ေအာက္မွာရွိတဲ့ ကုမၸဏီဝန္ထမ္းေတြကအစ ခ်ိတ္ ဆက္မိေအာင္ အကုန္ေခၚေပးတယ္။ တစ္ခုေတာ့ ရွိတာေပါ့။ လုပ္ငန္းရွင္တစ္ေယာက္ပဲမဟုတ္ဘဲ လုပ္ ငန္းရွင္ေအာက္မွာရွိတဲ့ သူရဲ႕ဝန္ထမ္းေတြပါ ပူးေပါင္း ေတြ႕ဆုံၿပီး ခ်ိတ္ဆက္မႈအားေကာင္းလာေအာင္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။

Related news

© 2021. All rights reserved.