SM Entertainment ရဲ့ပထမဆုံး virtual artist နာဗစ်ကို တရားဝင် ပွဲဦးထွက်

 125

ရောင်နီ (NP News) - စက်တင်ဘာ ၁၂

SM Entertainment ရဲ့ပထမဆုံး virtual artist နာဗစ် ကို အင်္ဂါနေ့ (စက်တင်ဘာ ၁ဝ ရက်) က သူမရဲ့ single သီချင်း "Done" နဲ့ တရားဝင် ပွဲဦးထွက်လာခဲ့ပါတယ်။

သီချင်းထဲမှာ Virtual artist နာဗစ်ဟာ ဒစ်ဂျစ်တယ်အာကာသနဲ့ လက်တွေ့ကမ္ဘာကြားခရီးသွားလာနေတဲ့ပုံစံနဲ့ ပြသထားပါတယ်။ သူမဟာ ပွဲဦးထွက်တာမကြာသေးပေမယ့် K-pop မိန်းကလေးအဖွဲ့ "Aespa" ရဲ့ ပရိသတ်တွေကတော့ Aespa ရဲ့လူဆိုး Black Mamba ကို တိုက်ခိုက်ရာမှာ လက်ထောက်အဖြစ် သရုပ်ဆောင်ထားတဲ့အဖွဲ့ရဲ့စိတ်ကူးယဉ်ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ နာဗစ်ကို သိကြမှာဖြစ်ပါတယ်။ SM Entertainment မှ ထုတ်ပြန်ချက်တစ်ခုအရ Naevis ဟာ webtoons၊ ဂိမ်းများ၊ ကုန်ပစ္စည်းတွေနဲ့ brand ပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း ပါဝင်သွားမယ်လို့ ဆိုပါတယ်။

ကုမ္ပဏီဟာ AI အကြောင်းအရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တယ်လီကွန်းကုမ္ပဏီ LG U+ နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပြီး LG U+ နဲ့ SM ရဲ့ virtual artiste နာဗစ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ လုပ်ငန်းမိတ်ဖက်တစ်ခုသာမက ကုမ္ပဏီနှစ်ခုကြား တီထွင်ဖန်တီးမှုတွေမှ ပေါက်ဖွားလာတဲ့အနာဂတ်အတွက် နည်းပညာဆိုင်ရာ အရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။

Zawgyi Version;
SM Entertainment ရဲ႕ပထမဆုံး virtual artist နာဗစ္ကို တရားဝင္ ပြဲဦးထြက္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၂

SM Entertainment ရဲ႕ပထမဆုံး virtual artist နာဗစ္ ကို အဂၤါေန႔ (စက္တင္ဘာ ၁ဝ ရက္) က သူမရဲ႕ single သီခ်င္း "Done" နဲ႔ တရားဝင္ ပြဲဦးထြက္လာခဲ့ပါတယ္။

သီခ်င္းထဲမွာ Virtual artist နာဗစ္ဟာ ဒစ္ဂ်စ္တယ္အာကာသနဲ႔ လက္ေတြ႕ကမာၻၾကားခရီးသြားလာေနတဲ့ပုံစံနဲ႔ ျပသထားပါတယ္။ သူမဟာ ပြဲဦးထြက္တာမၾကာေသးေပမယ့္ K-pop မိန္းကေလးအဖြဲ႕ "Aespa" ရဲ႕ ပရိသတ္ေတြကေတာ့ Aespa ရဲ႕လူဆိုး Black Mamba ကို တိုက္ခိုက္ရာမွာ လက္ေထာက္အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့အဖြဲ႕ရဲ႕စိတ္ကူးယဥ္ဇာတ္လမ္းထဲမွာ ပါဝင္ခဲ့တဲ့ နာဗစ္ကို သိၾကမွာျဖစ္ပါတယ္။ SM Entertainment မွ ထုတ္ျပန္ခ်က္တစ္ခုအရ Naevis ဟာ webtoons၊ ဂိမ္းမ်ား၊ ကုန္ပစၥည္းေတြနဲ႔ brand ပူးေပါင္းေဆာင္႐ြက္မႈေတြမွာလည္း ပါဝင္သြားမယ္လို႔ ဆိုပါတယ္။

ကုမၸဏီဟာ AI အေၾကာင္းအရာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တယ္လီကြန္းကုမၸဏီ LG U+ နဲ႔လည္း ပူးေပါင္းေဆာင္႐ြက္ေနၿပီး LG U+ နဲ႔ SM ရဲ႕ virtual artiste နာဗစ္တို႔ၾကား ပူးေပါင္းေဆာင္႐ြက္မႈဟာ လုပ္ငန္းမိတ္ဖက္တစ္ခုသာမက ကုမၸဏီႏွစ္ခုၾကား တီထြင္ဖန္တီးမႈေတြမွ ေပါက္ဖြားလာတဲ့အနာဂတ္အတြက္ နည္းပညာဆိုင္ရာ အေရးႀကီးတဲ့မွတ္တိုင္တစ္ခုျဖစ္တယ္လို႔ ဆိုထားပါတယ္။

Related news

© 2021. All rights reserved.