တောင်ကိုရီးယားသရုပ်ဆောင် အိန်ဆီဟာ ကျောင်းအကြမ်းဖက်မှုစွပ်စွဲချက်တွေကြောင့် Musical performance မှာ ပါဝင်ဖို့ ဆိုင်းငဲ့ခံရ

 809

ရောင်နီ (NP News) - စက်တင်ဘာ ၁၃

တောင်ကိုရီးယားအမျိုးသားသရုပ်ဆောင် အိန်ဆီဟာ ငယ်စဥ်က ကျောင်းတွင်းအနိုင်ကျင့်မှုကျူးလွန်ခဲ့တဲ့ စွပ်စွဲချက် တွေနဲ့ရင်ဆိုင်နေရပြီး သူ့ရဲ့ Musical performance ဇာတ်လမ်း D’Ysquith မှာ ပါဝင်ရမယ့် public activities တွေ ဆိုင်းငံ့ခဲ့ရပါတယ်။

ဒါကြောင့် စက်တင်ဘာလ ၁၂ ရက်က "A Gentleman's Guide to Love and Murder" ဂီတထုတ်လုပ်ရေးကုမ္ပဏီ SHOWNOTE က "အိန်ဆီဟာနဲ့ပတ်သက်တဲ့ လတ်တလောကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာ အပြန် အလှန်စွပ်စွဲချက်တွေ ရှိနေပါတယ်။ အဆိုပါကိစ္စအားလုံး ဖြေရှင်းပြီးတဲ့အထိ လူလုံးထွက်ပြဖို့ မသင့်လျော်ကြောင်း ကိုလည်း သူရဲ့အေဂျင်စီနဲ့ သဘောတူခဲ့ပါတယ်။ ဒါကြောင့် အိန်ဆီဟာရဲ့ performance schedule တွေကိုလည်း လက်ရှိ ပြန်လည်ပြင်ဆင်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိတော့ သူ့နေရာမှာ သရုပ်ဆောင်ဂျန်မွန်ဆောင်းနဲ့ သရုပ်ဆောင်ဂျန်ဆောင်ဟွန်းတို့ကို အစားထိုးသွားမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ချောင်းဝမ်မြို့မှာ အိန်ဆီဟာနဲ့ အလယ်တန်းကျောင်း တက်ခဲ့ဖူးတဲ့ Netizen A ရဲ့ပြောကြား ချက်အရ "အိန်ဆီဟာက ကျောင်းတွင်းအနိုင်ကျင့်သူ ခေါင်းဆောင်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး ရန်ပွဲတွေမကြာခဏဖြစ်လေ့ရှိကာ အခြားကျောင်းသားတွေကို နှုတ်နဲ့စော်ကားမှုတွေလည်း ပြုလုပ်ခဲ့တယ်" လို့ ဆိုထားပါတယ်။

တုံ့ပြန်တဲ့အနေနဲ့ အိန်ဆီဟာရဲ့ အေဂျင်စီ Hunus Entertainment က စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက် အတွင်း ကြေညာချက်လေးခု ထုတ်ပြန်ခဲ့ပြီး စွပ်စွဲချက်တွေ ပြင်းထန်စွာ ငြင်းဆိုထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ အိန္ဆီဟာ ေက်ာင္းအၾကမ္းဖက္မႈစြပ္စြဲခ်က္ေတြေၾကာင့္ Musical performance မွာ ပါဝင္ဖို႔ ဆိုင္းငဲ့ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၃

ေတာင္ကိုရီးယားအမ်ိဳးသားသ႐ုပ္ေဆာင္ အိန္ဆီဟာ ငယ္စဥ္က ေက်ာင္းတြင္းအႏိုင္က်င့္မႈက်ဴးလြန္ခဲ့တဲ့ စြပ္စြဲခ်က္ ေတြနဲ႔ရင္ဆိုင္ေနရၿပီး သူ႔ရဲ႕ Musical performance ဇာတ္လမ္း D’Ysquith မွာ ပါဝင္ရမယ့္ public activities ေတြ ဆိုင္းငံ့ခဲ့ရပါတယ္။

ဒါေၾကာင့္ စက္တင္ဘာလ ၁၂ ရက္က "A Gentleman's Guide to Love and Murder" ဂီတထုတ္လုပ္ေရးကုမၸဏီ SHOWNOTE က "အိန္ဆီဟာနဲ႔ပတ္သက္တဲ့ လတ္တေလာကိစၥေတြနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔မွာ အျပန္ အလွန္စြပ္စြဲခ်က္ေတြ ရွိေနပါတယ္။ အဆိုပါကိစၥအားလုံး ေျဖရွင္းၿပီးတဲ့အထိ လူလုံးထြက္ျပဖို႔ မသင့္ေလ်ာ္ေၾကာင္း ကိုလည္း သူရဲ႕ေအဂ်င္စီနဲ႔ သေဘာတူခဲ့ပါတယ္။ ဒါေၾကာင့္ အိန္ဆီဟာရဲ႕ performance schedule ေတြကိုလည္း လက္ရွိ ျပန္လည္ျပင္ဆင္ေနပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။
လက္ရွိေတာ့ သူ႔ေနရာမွာ သ႐ုပ္ေဆာင္ဂ်န္မြန္ေဆာင္းနဲ႔ သ႐ုပ္ေဆာင္ဂ်န္ေဆာင္ဟြန္းတို႔ကို အစားထိုးသြားမယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံ၊ ေခ်ာင္းဝမ္ၿမိဳ႕မွာ အိန္ဆီဟာနဲ႔ အလယ္တန္းေက်ာင္း တက္ခဲ့ဖူးတဲ့ Netizen A ရဲ႕ေျပာၾကား ခ်က္အရ "အိန္ဆီဟာက ေက်ာင္းတြင္းအႏိုင္က်င့္သူ ေခါင္းေဆာင္အျဖစ္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားသူျဖစ္ၿပီး ရန္ပြဲေတြမၾကာခဏျဖစ္ေလ့ရွိကာ အျခားေက်ာင္းသားေတြကို ႏႈတ္နဲ႔ေစာ္ကားမႈေတြလည္း ျပဳလုပ္ခဲ့တယ္" လို႔ ဆိုထားပါတယ္။

တုံ႔ျပန္တဲ့အေနနဲ႔ အိန္ဆီဟာရဲ႕ ေအဂ်င္စီ Hunus Entertainment က စက္တင္ဘာ ၁၀ ရက္နဲ႔ ၁၁ ရက္ ႏွစ္ရက္ အတြင္း ေၾကညာခ်က္ေလးခု ထုတ္ျပန္ခဲ့ၿပီး စြပ္စြဲခ်က္ေတြ ျပင္းထန္စြာ ျငင္းဆိုထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.