အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ လာအိုသမ္မတအကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

 480

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄

လက်ရှိအချိန်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူနေတဲ့ လာအိုနိုင်ငံဟာ အရှေ့တောင် အာရှဒေသအတွင်းရှိ နိုင်ငံတွေထဲမှာ ကုန်တွင်းပိတ် နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့ အလယ်မှာတည်ရှိနေကာ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ လာအိုပြည် သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသောဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ကွန်မြူနစ်ဝါဒကို အတိအလင်းထောက်ခံတဲ့နိုင်ငံဖြစ်ပါတယ်။ လာအိုနိုင်ငံဟာ တစ်ပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်ပြီး တစ်ခု တည်းသော တရားဝင်နိုင်ငံရေးပါတီမှာ လာအို ပြည် သူ့တော်လှန်ရေးပါတီဖြစ်ကာ ပါတီအထွေထွေအတွင်း ရေးမှူး(ပါတီခေါင်းဆောင်)က နိုင်ငံရဲ့အစိုးရအ ပေါ်မှာ အဆုံးစွန်ဆုံးအာဏာနဲ့ အုပ်ချုပ်ပိုင်ခွင့်ယူ ထားပြီး ထိပ်တန်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်မှာ လာအိုအစိုးရအဖွဲ့နဲ့ ပါတီ ခေါင်းဆောင်ဟာ သောင်လွန်း ဆီဆိုလစ်ဖြစ်ပြီး လာအိုသမ္မတအဖြစ် (၂၀၂၁) ခုနှစ်မှလက်ရှိ အချိန် အထိ တာဝန်ယူနေသူဖြစ်ပါတယ်။

သောင်လွန်းဆီဆိုလစ်ဟာ လာအိုပြည်သူ့ တော် လှန်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့အ တွက် လာအိုနိုင်ငံရဲ့ အလိုအလျောက် ခေါင်းဆောင် အဖြစ် (၂၀၂၁) ဇန်နဝါရီလကစတင် သတ်မှတ်ခံခဲ့ရ ပါတယ်။ အစိုးရရဲ့ပေါ်လစီတွေကို အာဏာအရှိဆုံး အဖွဲ့ဝင် (၁၁)ဦးပါဝင်တဲ့ လာအိုပြည်သူ့တော်လှန် ရေးပါတီရဲ့ ပေါလစ်ဗျူရိုနဲ့ အဖွဲ့ဝင် (၆၁) ဦးပါဝင်တဲ့ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီက ဆုံးဖြတ်တာမျိုးဖြစ်ပါတယ်။ သူဟာ လာအိုနိုင်ငံ သမ္မတအဖြစ်တာဝန်မယူခင် လာအိုဝန်ကြီးချုပ်အဖြစ် (၂၀၁၆)ခုနှစ်ကနေ (၂၀၂၁) ခုနှစ်အထိ တာဝန်ယူခဲ့ ပြီး (၂၀၂၁) ခုနှစ်မှာ လာအိုနိုင်ငံရဲ့သမ္မတဖြစ်လာခဲ့ သူဖြစ်ပါတယ်။ ၎င်းကို (၁၉၄၅) ခုနှစ်မှာမွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာ အသက် (၇၈) နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ သူ့ကို လာအိုနိုင်ငံက ပြင်သစ်ကိုလိုနီ လက်အောက်ခံဖြစ်နေချိန်အတွင်းမွေးဖွားခဲ့တာ ဖြစ်ပြီး (၁၉၆၂)ခုနှစ်ကနေ (၁၉၆၉)ခုနှစ်အထိ Houaphan အရပ်ဒေသရှိ Pedagogical College ကောလိပ်မှာလည်း ပညာသင်ကြားခဲ့ဖူးသလို ဆိုဗီ ယက်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း ပညာသင်ကြားခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ (၁၉၇၃) ခုနှစ်ကနေ (၁၉၇၈)ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင် စု လီနင်ဂရက်မြို့ရှိ Gerzen Pedagogy Institute မှ မာစတာဘွဲ့ရရှိခဲ့သလို မော်စကိုမြို့ရှိ Academy of Sciences တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံ ရေးဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။

ဆီဆိုလစ်ဟာ လာအိုနိုင်ငံသမိုင်းမှာ စစ်တပ် ကျောထောက်နောက်ခံပေးမှုမရှိဘဲ သမ္မတအဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရသူဖြစ်တယ်လို့ဆိုပါတယ်။ လာအိုနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ခံနေရပြီး အဲဒီပြည် တွင်းစစ်ကာလအတွင်း သောင်လွန်းဆီဆိုလစ်ဟာ ကျောင်းဆရာအဖြစ်တာဝန်ယူခဲ့ဖူးကာ လာအိုအစိုးရ အဖွဲ့မှာ(၁၉၈၇)ခုနှစ်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။ သူဟာ လာအို နိုင်ငံမှာ ကျောင်းဆရာအဖြစ်တာဝန်ယူခဲ့ သလို လာအိုတက္ကသိုလ်မှာလည်း တက္ကသိုလ်ဆရာ အဖြစ် ကူညီသင်ကြားပေးခဲ့ပြီး လာအိုတက္ကသိုလ်အ တွင်း ရုရှားဘာသာစကားသင်ကြားနိုင်အောင်ကူညီပေးခဲ့သူဖြစ်ပါတယ်။

၎င်းဟာ သားနှစ်ဦးနဲ့သမီးတစ်ဦးရှိနေပြီး လာအို ဘာသာစကားအပြင် အင်္ဂလိပ်၊ ရုရှားနဲ့ ဗီယက်နမ် ဘာသာစကားတွေကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ် ကာ (၁၉၈၇)ခုနှစ်နောက်ပိုင်းမှာ လာအိုနိုင်ငံရေး အတွင်းပါဝင်ဆောင်ရွက်ခဲ့ပြီး လာအိုအစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီး၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ဝန်ကြီးချုပ်တာဝန်တွေကို ရယူခဲ့ဖူးသူဖြစ်ပါတယ်။ သူဟာ ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် သတ်မှတ် ပြောဆိုခံရပြီး အထူးသဖြင့် အမေရိကန်နိုင်ငံနဲ့ လာ အိုနိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးတိုးတက် ကောင်းမွန်အောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သောင်လွန်းဆိုလစ်ဟာ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံ ရေးအပြင် တရုတ်၊ ဗီယက်နမ် နိုင်ငံတို့နဲ့လည်းဆက် ဆံရေးကောင်းမွန်အောင် ဖန်တီးခဲ့သူဖြစ်ပါတယ်။ အစိုးရအဖွဲ့တွေမှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံအတွင်းအကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးကိုဦးစားပေးဆောင်ရွက်ခဲ့သူလည်းဖြစ်ပါ တယ်။ လာအိုနိုင်ငံရဲ့စီးပွားရေးဟာ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ရဲ့ ရင်းနှီးမြှုပ်နှံ့မှုနဲ့ ကုန်သွယ်မှုတွေအပေါ် မှီခိုခဲ့ရ ပြီး တရုတ်နိုင်ငံဟာ လာအိုစီးပွားရေးရဲ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူနိုင်ငံဖြစ်နေပါတယ်။ သောင်လွန်း ဆီဆိုလစ်ဟာ လာအိုနိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ယူ တဲ့ (၂၀၂၁)ခုနှစ်နောက်ပိုင်းတည်းက လာအိုနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့ ဆင်းရဲမူလျှော့ချရေးကိုဦးစား ပေးဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

၎င်းဟာ လာအိုနဲ့ တရုတ်နိုင်ငံကြားဆက်သွယ်မယ့် မီးရထားလမ်းဖွင့်နိုင်အောင် ကြိုးပမ်းပေးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အကြွေးထောင်ချောက် ထဲကျဆင်းခဲ့တယ်လို့ နိုင်ငံတကာသတင်းမီဒီယာ တွေရဲ့ဝေဖန်ပြစ်တင်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ လာအိုနိုင်ငံတင်ရှိနေတဲ့အကြွေးအားလုံးရဲ့တစ်ဝက်ကျော်ဟာ တရုတ်နိုင်ငံကိုပေးချေရမှာဖြစ်ပြီး တရုတ် နိုင်ငံရဲ့အကြွေးထောက်ချောက်ထဲကိုကျဆင်းနေ တယ်လို့ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ လာအိုသမ္မတဟာ တရုတ်နိုင်ငံရဲ့အကြွေးထောင်ချောက်အတွင်းကျဆင်းနေတယ်ဆိုတဲ့ စိုးရိမ်ချက် တွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ သမ္မတအဖြစ် တာဝန်ယူပြီးနောက် နိုင်ငံတကာဆက်ဆံရေးပိုင်းမှာ ဟန်ချက်ညီအောင်ကြိုးပမ်းခဲ့ရပြီး အထူးသဖြင့် တရုတ်၊ ဗီယက်နမ်နိုင်ငံတို့နဲ့ သံတမန်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေဖို့ ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ လာအိုနိုင်ငံရဲ့အဆိုးရွားဆုံးစိန်ခေါ်မှုဟာ နိုင်ငံ၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ငွေကြေးဖောင်းပွမှုပြဿနာ တွေဖြစ်နေရာ သောင်လွန်းဆီဆိုလစ်ဟာ အဲဒီပြဿနာတွေကိုရင်ဆိုင်ဖို့ ကြီးမားတဲ့စိန်ခေါ်မှုအဖြစ် ရှိနေပါတယ်။ သောင်လွန်းဆိုလစ် သမ္မတအဖြစ်တာ ဝန်ယူပြီးနောက်ပိုင်း နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ငွေ ကြေးဖောင်းပွမှုပြဿနာတွေ၊ ကုန်သွယ်ရေးလိုငွေပြ မှုတွေနဲ့ နိုင်ငံခြားအြွေကးပြဿနာတွေကို ဖြေရှင်းနိုင် အောင်ကြိုးပမ်းနေပေမယ့် မျှော်လင့်သလောက်တိုးတက်မှုမရှိသေးဘဲဖြစ်နေပါတယ်။

လာအိုနိုင်ငံအတွင်း အဆိုးရွားဆုံးပြဿနာဟာ လက်ရှိအချိန်မှာ ငွေကြေးဖောင်းပွမှုပြဿနာဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်းဟာ (၂၆ ဒသမ ၁) ရာခိုင်နှုန်း အထိရှိနေတယ်လို့ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လာအိုအစိုးရဟာ နိုင်ငံ စီးပွားရေးတိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်း နေပေမယ့် မျှော်လင့်သလောက်တိုးတက်ကောင်း မွန် မှုမရှိဘဲဖြစ်နေပါတယ်။ လာအိုဗဟိုဘဏ်ဥက္ကဋ္ဌ အကြီး အကဲက နိုင်ငံအတွက် အကြီးမားဆုံး အခက်ခဲဟာ စီးပွားရေးပြဿနာဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး အ ခြေနေတွေက လာအိုနိုင်ငံရဲ့စီးပွားရေးကို သက် ရောက်မှုတွေရှိလာနေပြီး ငွေကြေးတန်ဖိုးကျဆင်းခဲ့ သလို စီးပွားရေးမတည်ငြိမ်မှုတွေလည်းဖြစ်ပွားနေ တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ဖော်ပြချက်တွေအရ လာအိုနိုင်ငံရဲ့အြွေကးစုစုပေါင်းဟာ နိုင်ငံဂျီဒီပီရဲ့ (၁၁၂) ရာခိုင်နှုန်းအထိရှိနေပြီး အမေရိကန်ဒေါ်လာ (၁၄)ဘီလျံကျော် ပြည်ပြွေကးမြီရှိနေတယ်လို့ ဖော်ပြ ထားပါတယ်။ လာအိုနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်း၊ စီးပွားရေးတည်ငြိမ်မှုမရှိတာတွေ ဟာ သမ္မတ သောင်လွန်းဆီဆိုလစ်အတွက် ကြီးမား တဲ့စိန်ခေါ်မှုအဖြစ်ရှိနေခဲ့ပါတယ်။ သူကတော့ လာအို နိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ်သွားမှာဖြစ်သလို ငွေကြေးဖောင်းပွမှုနှုန်းလျော့နည်းအောင်ကြိုးပမ်းမယ်လို့ ကတိပြု ထားပါတယ်။ အသက် (၇၈)နှစ်အရွယ်ရှိ လာအို သမ္မတအသစ်ဟာ နိုင်ငံရေးအရ ကြီးမားတဲ့စိန်ခေါ်မှု တွေ မရင်ဆိုင်ရပေမယ့် နိုင်ငံစီးပွားရေးတိုးတက်စေဖို့၊ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းစေဖို့ စိန်ခေါ်မှုတွေရှိ နေရာ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မ လားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

zawgyi version
အာဆီယံအလွည့္က် ဥကၠ႒အျဖစ္ တာဝန္ယူေနတဲ့ လာအိုသမၼတအေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄

လက္ရွိအခ်ိန္မွာ အာဆီယံအလွည့္က်ဥကၠ႒ အျဖစ္တာဝန္ယူေနတဲ့ လာအိုႏိုင္ငံဟာ အေရွ႕ေတာင္ အာရွေဒသအတြင္းရွိ ႏိုင္ငံေတြထဲမွာ ကုန္တြင္းပိတ္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီးအင္ဒိုခ်ိဳင္းနားကြၽန္းဆြယ္ရဲ႕ အလယ္မွာတည္ရွိေနကာ ျမန္မာႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔နဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ႏိုင္ငံျဖစ္ပါတယ္။ လာအိုျပည္ သူ႔ဒီမိုကရက္တစ္သမၼတႏိုင္ငံဟာ ကမာၻေပၚရွိ တစ္ခုတည္းေသာဆိုရွယ္လစ္ႏိုင္ငံျဖစ္ၿပီး ကြန္ျမဴနစ္ဝါဒကို အတိအလင္းေထာက္ခံတဲ့ႏိုင္ငံျဖစ္ပါတယ္။ လာအိုႏိုင္ငံဟာ တစ္ပါတီစနစ္က်င့္သုံးတဲ့ႏိုင္ငံျဖစ္ၿပီး တစ္ခု တည္းေသာ တရားဝင္ႏိုင္ငံေရးပါတီမွာ လာအို ျပည္ သူ႔ေတာ္လွန္ေရးပါတီျဖစ္ကာ ပါတီအေထြေထြအတြင္းေရးမႉး(ပါတီေခါင္းေဆာင္)က ႏိုင္ငံရဲ႕အစိုးရအ ေပၚမွာ အဆုံးစြန္ဆုံးအာဏာနဲ႔ အုပ္ခ်ဳပ္ပိုင္ခြင့္ယူ ထားၿပီး ထိပ္တန္းေခါင္းေဆာင္အျဖစ္ ေဆာင္႐ြက္ေနပါတယ္။ လက္ရွိအခ်ိန္မွာ လာအိုအစိုးရအဖြဲ႕နဲ႔ ပါတီ ေခါင္းေဆာင္ဟာ ေသာင္လြန္း ဆီဆိုလစ္ျဖစ္ၿပီး လာအိုသမၼတအျဖစ္ (၂၀၂၁) ခုႏွစ္မွလက္ရွိ အခ်ိန္ အထိ တာဝန္ယူေနသူျဖစ္ပါတယ္။

ေသာင္လြန္းဆီဆိုလစ္ဟာ လာအိုျပည္သူ႔ ေတာ္ လွန္ေရးပါတီရဲ႕ အေထြေထြအတြင္းေရးမႉးျဖစ္တဲ့အ တြက္ လာအိုႏိုင္ငံရဲ႕ အလိုအေလ်ာက္ ေခါင္းေဆာင္ အျဖစ္ (၂၀၂၁) ဇန္နဝါရီလကစတင္ သတ္မွတ္ခံခဲ့ရ ပါတယ္။ အစိုးရရဲ႕ေပၚလစီေတြကို အာဏာအရွိဆုံး အဖြဲ႕ဝင္ (၁၁)ဦးပါဝင္တဲ့ လာအိုျပည္သူ႔ေတာ္လွန္ ေရးပါတီရဲ႕ ေပါလစ္ဗ်ဴ႐ိုနဲ႔ အဖြဲ႕ဝင္ (၆၁) ဦးပါဝင္တဲ့ လာအိုျပည္သူ႔ေတာ္လွန္ေရးပါတီ ဗဟိုေကာ္မတီက ဆုံးျဖတ္တာမ်ိဳးျဖစ္ပါတယ္။ သူဟာ လာအိုႏိုင္ငံ သမၼတအျဖစ္တာဝန္မယူခင္ လာအိုဝန္ႀကီးခ်ဳပ္အျဖစ္ (၂၀၁၆)ခုႏွစ္ကေန (၂၀၂၁) ခုႏွစ္အထိ တာဝန္ယူခဲ့ ၿပီး (၂၀၂၁) ခုႏွစ္မွာ လာအိုႏိုင္ငံရဲ႕သမၼတျဖစ္လာခဲ့ သူျဖစ္ပါတယ္။ ၎ကို (၁၉၄၅) ခုႏွစ္မွာေမြးဖြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ အသက္ (၇၈) ႏွစ္အ႐ြယ္ရွိေနၿပီ ျဖစ္ပါတယ္။ သူ႔ကို လာအိုႏိုင္ငံက ျပင္သစ္ကိုလိုနီ လက္ေအာက္ခံျဖစ္ေနခ်ိန္အတြင္းေမြးဖြားခဲ့တာ ျဖစ္ၿပီး (၁၉၆၂)ခုႏွစ္ကေန (၁၉၆၉)ခုႏွစ္အထိ Houaphan အရပ္ေဒသရွိ Pedagogical College ေကာလိပ္မွာလည္း ပညာသင္ၾကားခဲ့ဖူးသလို ဆိုဗီ ယက္ျပည္ေထာင္စုနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔မွာလည္း ပညာသင္ၾကားခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ (၁၉၇၃) ခုႏွစ္ကေန (၁၉၇၈)ခုႏွစ္အထိ ဆိုဗီယက္ျပည္ေထာင္ စု လီနင္ဂရက္ၿမိဳ႕ရွိ Gerzen Pedagogy Institute မွ မာစတာဘြဲ႕ရရွိခဲ့သလို ေမာ္စကိုၿမိဳ႕ရွိ Academy of Sciences တကၠသိုလ္ကေန ႏိုင္ငံတကာဆက္ဆံ ေရးဘာသာရပ္နဲ႔ ေဒါက္တာဘြဲ႕ရရွိခဲ့သူျဖစ္ပါတယ္။

ဆီဆိုလစ္ဟာ လာအိုႏိုင္ငံသမိုင္းမွာ စစ္တပ္ ေက်ာေထာက္ေနာက္ခံေပးမႈမရွိဘဲ သမၼတအျဖစ္ ပထမဆုံး ေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္တယ္လို႔ဆိုပါတယ္။ လာအိုႏိုင္ငံဟာ ျပည္တြင္းစစ္ဒဏ္ခံေနရၿပီး အဲဒီျပည္ တြင္းစစ္ကာလအတြင္း ေသာင္လြန္းဆီဆိုလစ္ဟာ ေက်ာင္းဆရာအျဖစ္တာဝန္ယူခဲ့ဖူးကာ လာအိုအစိုးရ အဖြဲ႕မွာ(၁၉၈၇)ခုႏွစ္က ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ စတင္တာဝန္ယူခဲ့ပါတယ္။ သူဟာ လာအို ႏိုင္ငံမွာ ေက်ာင္းဆရာအျဖစ္တာဝန္ယူခဲ့ သလို လာအိုတကၠသိုလ္မွာလည္း တကၠသိုလ္ဆရာ အျဖစ္ ကူညီသင္ၾကားေပးခဲ့ၿပီး လာအိုတကၠသိုလ္အ တြင္း ႐ုရွားဘာသာစကားသင္ၾကားႏိုင္ေအာင္ကူညီေပးခဲ့သူျဖစ္ပါတယ္။

၎ဟာ သားႏွစ္ဦးနဲ႔သမီးတစ္ဦးရွိေနၿပီး လာအို ဘာသာစကားအျပင္ အဂၤလိပ္၊ ႐ုရွားနဲ႔ ဗီယက္နမ္ ဘာသာစကားေတြကို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္သူျဖစ္ ကာ (၁၉၈၇)ခုႏွစ္ေနာက္ပိုင္းမွာ လာအိုႏိုင္ငံေရး အတြင္းပါဝင္ေဆာင္႐ြက္ခဲ့ၿပီး လာအိုအစိုးရအဖြဲ႕မွာ ဒုတိယဝန္ႀကီး၊ ဝန္ႀကီး၊ ဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ဝန္ႀကီးခ်ဳပ္တာဝန္ေတြကို ရယူခဲ့ဖူးသူျဖစ္ပါတယ္။ သူဟာ ျပဳျပင္ေျပာင္းလဲေရးသမားတစ္ဦးအျဖစ္ သတ္မွတ္ ေျပာဆိုခံရၿပီး အထူးသျဖင့္ အေမရိကန္ႏိုင္ငံနဲ႔ လာ အိုႏိုင္ငံၾကား အျပန္အလွန္ ဆက္ဆံေရးတိုးတက္ ေကာင္းမြန္ေအာင္ ကူညီေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ေသာင္လြန္းဆိုလစ္ဟာ အေမရိကန္ႏိုင္ငံနဲ႔ ဆက္ဆံ ေရးအျပင္ တ႐ုတ္၊ ဗီယက္နမ္ ႏိုင္ငံတို႔နဲ႔လည္းဆက္ ဆံေရးေကာင္းမြန္ေအာင္ ဖန္တီးခဲ့သူျဖစ္ပါတယ္။ အစိုးရအဖြဲ႕ေတြမွာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံအတြင္းအက်င့္ပ်က္လာဘ္စားမႈတိုက္ဖ်က္ေရးကိုဦးစားေပးေဆာင္႐ြက္ခဲ့သူလည္းျဖစ္ပါ တယ္။ လာအိုႏိုင္ငံရဲ႕စီးပြားေရးဟာ အိမ္နီးခ်င္းႏိုင္ငံ ေတြျဖစ္တဲ့ ထိုင္းႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံ တို႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံ႔မႈနဲ႔ ကုန္သြယ္မႈေတြအေပၚ မွီခိုခဲ့ရ ၿပီး တ႐ုတ္ႏိုင္ငံဟာ လာအိုစီးပြားေရးရဲ႕အႀကီးမားဆုံး ရင္းႏွီးျမႇဳပ္ႏွံသူႏိုင္ငံျဖစ္ေနပါတယ္။ ေသာင္လြန္း ဆီဆိုလစ္ဟာ လာအိုႏိုင္ငံရဲ႕သမၼတအျဖစ္တာဝန္ယူ တဲ့ (၂၀၂၁)ခုႏွစ္ေနာက္ပိုင္းတည္းက လာအိုႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈနဲ႔ ဆင္းရဲမူေလွ်ာ့ခ်ေရးကိုဦးစား ေပးေဆာင္႐ြက္ခဲ့သူျဖစ္ပါတယ္။

၎ဟာ လာအိုနဲ႔ တ႐ုတ္ႏိုင္ငံၾကားဆက္သြယ္မယ့္ မီးရထားလမ္းဖြင့္ႏိုင္ေအာင္ ႀကိဳးပမ္းေပးႏိုင္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ အေႂကြးေထာင္ေခ်ာက္ ထဲက်ဆင္းခဲ့တယ္လို႔ ႏိုင္ငံတကာသတင္းမီဒီယာ ေတြရဲ႕ေဝဖန္ျပစ္တင္မႈေတြကိုရင္ဆိုင္ခဲ့ရပါတယ္။ လာအိုႏိုင္ငံတင္ရွိေနတဲ့အေႂကြးအားလုံးရဲ႕တစ္ဝက္ေက်ာ္ဟာ တ႐ုတ္ႏိုင္ငံကိုေပးေခ်ရမွာျဖစ္ၿပီး တ႐ုတ္ ႏိုင္ငံရဲ႕အေႂကြးေထာက္ေခ်ာက္ထဲကိုက်ဆင္းေန တယ္လို႔ေဝဖန္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ လာအိုသမၼတဟာ တ႐ုတ္ႏိုင္ငံရဲ႕အေႂကြးေထာင္ေခ်ာက္အတြင္းက်ဆင္းေနတယ္ဆိုတဲ့ စိုးရိမ္ခ်က္ ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ ႏိုင္ငံတကာဆက္ဆံေရးပိုင္းမွာ ဟန္ခ်က္ညီေအာင္ႀကိဳးပမ္းခဲ့ရၿပီး အထူးသျဖင့္ တ႐ုတ္၊ ဗီယက္နမ္ႏိုင္ငံတို႔နဲ႔ သံတမန္ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေစဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ဆိုပါတယ္။ လာအိုႏိုင္ငံရဲ႕အဆိုး႐ြားဆုံးစိန္ေခၚမႈဟာ ႏိုင္ငံ၊ စီးပြား ေရးဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ေငြေၾကးေဖာင္းပြမႈျပႆနာ ေတြျဖစ္ေနရာ ေသာင္လြန္းဆီဆိုလစ္ဟာ အဲဒီျပႆနာေတြကိုရင္ဆိုင္ဖို႔ ႀကီးမားတဲ့စိန္ေခၚမႈအျဖစ္ ရွိေနပါတယ္။ ေသာင္လြန္းဆိုလစ္ သမၼတအျဖစ္တာ ဝန္ယူၿပီးေနာက္ပိုင္း ႏိုင္ငံအတြင္းျဖစ္ပြားေနတဲ့ေငြ ေၾကးေဖာင္းပြမႈျပႆနာေတြ၊ ကုန္သြယ္ေရးလိုေငြျပ မႈေတြနဲ႔ ႏိုင္ငံျခားေႁအြကးျပႆနာေတြကို ေျဖရွင္းႏိုင္ ေအာင္ႀကိဳးပမ္းေနေပမယ့္ ေမွ်ာ္လင့္သေလာက္တိုးတက္မႈမရွိေသးဘဲျဖစ္ေနပါတယ္။

လာအိုႏိုင္ငံအတြင္း အဆိုး႐ြားဆုံးျပႆနာဟာ လက္ရွိအခ်ိန္မွာ ေငြေၾကးေဖာင္းပြမႈျပႆနာျဖစ္ၿပီး ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ (၂၆ ဒသမ ၁) ရာခိုင္ႏႈန္း အထိရွိေနတယ္လို႔ဆိုပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လာအိုအစိုးရဟာ ႏိုင္ငံ စီးပြားေရးတိုးတက္ေကာင္းမြန္လာေအာင္ ႀကိဳးပမ္း ေနေပမယ့္ ေမွ်ာ္လင့္သေလာက္တိုးတက္ေကာင္း မြန္ မႈမရွိဘဲျဖစ္ေနပါတယ္။ လာအိုဗဟိုဘဏ္ဥကၠ႒ အႀကီး အကဲက ႏိုင္ငံအတြက္ အႀကီးမားဆုံး အခက္ခဲဟာ စီးပြားေရးျပႆနာျဖစ္ေၾကာင္း၊ ကမာၻ႔စီးပြားေရး အ ေျခေနေတြက လာအိုႏိုင္ငံရဲ႕စီးပြားေရးကို သက္ ေရာက္မႈေတြရွိလာေနၿပီး ေငြေၾကးတန္ဖိုးက်ဆင္းခဲ့ သလို စီးပြားေရးမတည္ၿငိမ္မႈေတြလည္းျဖစ္ပြားေန တယ္လို႔ဆိုပါတယ္။ ကမာၻ႔ဘဏ္ရဲ႕ေဖာ္ျပခ်က္ေတြအရ လာအိုႏိုင္ငံရဲ႕ေႁအြကးစုစုေပါင္းဟာ ႏိုင္ငံဂ်ီဒီပီရဲ႕ (၁၁၂) ရာခိုင္ႏႈန္းအထိရွိေနၿပီး အေမရိကန္ေဒၚလာ (၁၄)ဘီလ်ံေက်ာ္ ျပည္ေႁပြကးၿမီရွိေနတယ္လို႔ ေဖာ္ျပ ထားပါတယ္။ လာအိုႏိုင္ငံမွာ ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္ေနျခင္း၊ စီးပြားေရးတည္ၿငိမ္မႈမရွိတာေတြ ဟာ သမၼတ ေသာင္လြန္းဆီဆိုလစ္အတြက္ ႀကီးမား တဲ့စိန္ေခၚမႈအျဖစ္ရွိေနခဲ့ပါတယ္။ သူကေတာ့ လာအို ႏိုင္ငံရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြ၊ အခက္ခဲေတြကို ရင္ဆိုင္ေက်ာ္ျဖတ္သြားမွာျဖစ္သလို ေငြေၾကးေဖာင္းပြမႈႏႈန္းေလ်ာ့နည္းေအာင္ႀကိဳးပမ္းမယ္လို႔ ကတိျပဳ ထားပါတယ္။ အသက္ (၇၈)ႏွစ္အ႐ြယ္ရွိ လာအို သမၼတအသစ္ဟာ ႏိုင္ငံေရးအရ ႀကီးမားတဲ့စိန္ေခၚမႈ ေတြ မရင္ဆိုင္ရေပမယ့္ ႏိုင္ငံစီးပြားေရးတိုးတက္ေစဖို႔၊ ေငြေၾကးေဖာင္းပြမႈႏႈန္းက်ဆင္းေစဖို႔ စိန္ေခၚမႈေတြရွိ ေနရာ အဲဒီစိန္ေခၚမႈေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္မ လားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။

Related news

© 2021. All rights reserved.