စင်္ကာပူအမျိုးသားနဲ့ဗီယက်နမ်အမျိုးသမီးကို အတုအယောင်လက်ထပ်ဖို့ စီစဉ်သူအမျိုးသမီး ထောင်ဒဏ် ၉ လ ချမှတ်ခံရ

 4747

ရောင်နီ (NP News) - စက်တင်ဘာ ၁၄

စင်ကာပူမှာ စင်ကာပူအမျိုးသားနဲ့ ဗီယက်နမ်အမျိုးသမီးကို အတုအယောင် လက်ထပ်ဖို့ စီစဉ်ပေးခဲ့တဲ့ ဗီယက်နမ် အမျိုးသမီးတစ်ဦး သောကြာနေ့ (စက်တင်ဘာ ၁၃ ရက်) က ထောင်ဒဏ် ၉ လနဲ့ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀၀၀ ချမှတ်ခံခဲ့ရပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ်များ အာဏာပိုင်အဖွဲ့ (ICA) ရဲ့ သောကြာနေ့(စက်တင်ဘာ ၁၃ ရက်) က ထုတ်ပြန်တဲ့သတင်းတစ်ရပ်အရ အသက် ၄၁ နှစ်အရွယ် လဲ့သော်တိုင်ရ်အမည်ရှိ ဗီယက်နမ်အမျိုးသမီးဟာ ၂၀၁၆ ခုနှစ်က အသက် ၃၂ နှစ်အရွယ် ဝမ်သီမိုင်နုယန်အမည်ရှိ ဗီယက်နန်အမျိုးသမီးကို စင်ကာပူမှာ အမြဲတမ်းနေထိုင်နိုင်ခွင့်အတွက် အသက် ၅၂ နှစ်အရွယ် ဟိုကီဟွာအမည်ရှိ စင်ကာပူ အမျိုးသားနဲ့ အတုအယောင် ဟန်ဆောင် လက်ထပ်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

ဒီအတွက် ဟိုကီဟွာက ဝန်ဆောင်ခ စင်ကာပူဒေါ်လာ ၈၀၀၀ မှ ၁၀၀၀၀ ကြား ရရှိခဲ့ပြီး သူကလည်း လောင်းကစားကြွေးတွေ ရှိနေတာကြောင့် ဒီကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ လက်ထပ်ခြင်းအတွက် သဘောတူညီမှုက ၃ နှစ်အထိသာဖြစ်ပြီး ၃ နှစ်ပြည့်ပြီးရင်တော့ ကွာရှင်းရမှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်မှာ ကျင်းပခဲ့ပြီး ဝမ်က စင်္ကာပူမှာ အလည်အပတ်ဗီဇာတွေ သက်တမ်းတိုး နေထိုင်ခဲ့ပါတယ်။ စင်ကာပူအမျိုးသားဖြစ်တဲ့ ဟိုကီဟွာက သက်တမ်းတိုးမှုတွေအတွက် စပွန်ဆာအဖြစ် ဝမ်ဆီကနေ တစ်လကို စင်ကာပူဒေါ်လာ ၄၀၀ နဲ့ ၅၀၀ ကြား ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်မှာတော့ ၎င်းတို့စုံတွဲဟာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာတော့ ထောင်ဒဏ် ခြောက်လ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၈၀၀၀ စီ ချမှတ်ခံခဲ့ရပါတယ်။ အခု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာမှာတော့ သူတို့စုံတွဲရဲ့လက်ထပ်မှုကို အကောင်အထည်ဖော်ပေးခဲ့တဲ့ လဲ့ဟာ ထောင်ဒဏ် ၉ လ နဲ့ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀၀၀ ချမှတ်ခံခဲ့ရပါတယ်။ စင်ကာပူမှာ ဟန်ဆောင်ထိမ်းမြားလက်ထပ်ခြင်းအတွက် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ ၊ ထောင်ဒဏ် ၁၀ နှစ်အထိ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

Zawgyi Version;
စကၤာပူအမ်ိဳးသားနဲ႔ဗီယက္နမ္အမ်ိဳးသမီးကို အတုအေယာင္လက္ထပ္ဖို႔ စီစဥ္သူအမ်ိဳးသမီး ေထာင္ဒဏ္ ၉ လ ခ်မွတ္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄

စင္ကာပူမွာ စင္ကာပူအမ်ိဳးသားနဲ႔ ဗီယက္နမ္အမ်ိဳးသမီးကို အတုအေယာင္ လက္ထပ္ဖို႔ စီစဥ္ေပးခဲ့တဲ့ ဗီယက္နမ္ အမ်ိဳးသမီးတစ္ဦး ေသာၾကာေန႔ (စက္တင္ဘာ ၁၃ ရက္) က ေထာင္ဒဏ္ ၉ လနဲ႔ ဒဏ္ေငြ စင္ကာပူေဒၚလာ ၄၀၀၀ ခ်မွတ္ခံခဲ့ရပါတယ္။

လူဝင္မႈႀကီးၾကပ္ေရးနဲ႔ စစ္ေဆးေရးဂိတ္မ်ား အာဏာပိုင္အဖြဲ႕ (ICA) ရဲ႕ ေသာၾကာေန႔(စက္တင္ဘာ ၁၃ ရက္) က ထုတ္ျပန္တဲ့သတင္းတစ္ရပ္အရ အသက္ ၄၁ ႏွစ္အ႐ြယ္ လဲ့ေသာ္တိုင္ရ္အမည္ရွိ ဗီယက္နမ္အမ်ိဳးသမီးဟာ ၂၀၁၆ ခုႏွစ္က အသက္ ၃၂ ႏွစ္အ႐ြယ္ ဝမ္သီမိုင္ႏုယန္အမည္ရွိ ဗီယက္နန္အမ်ိဳးသမီးကို စင္ကာပူမွာ အၿမဲတမ္းေနထိုင္ႏိုင္ခြင့္အတြက္ အသက္ ၅၂ ႏွစ္အ႐ြယ္ ဟိုကီဟြာအမည္ရွိ စင္ကာပူ အမ်ိဳးသားနဲ႔ အတုအေယာင္ ဟန္ေဆာင္ လက္ထပ္ဖို႔ စီစဥ္ေပးခဲ့ပါတယ္။

ဒီအတြက္ ဟိုကီဟြာက ဝန္ေဆာင္ခ စင္ကာပူေဒၚလာ ၈၀၀၀ မွ ၁၀၀၀၀ ၾကား ရရွိခဲ့ၿပီး သူကလည္း ေလာင္းကစားေႂကြးေတြ ရွိေနတာေၾကာင့္ ဒီကမ္းလွမ္းမႈကို လက္ခံခဲ့တယ္လို႔ ဆိုပါတယ္။ လက္ထပ္ျခင္းအတြက္ သေဘာတူညီမႈက ၃ ႏွစ္အထိသာျဖစ္ၿပီး ၃ ႏွစ္ျပည့္ၿပီးရင္ေတာ့ ကြာရွင္းရမွာ ျဖစ္ပါတယ္။ မဂၤလာပြဲကို ၂၀၁၆ ခုႏွစ္၊ ဩဂုတ္လ ၁၉ ရက္မွာ က်င္းပခဲ့ၿပီး ဝမ္က စကၤာပူမွာ အလည္အပတ္ဗီဇာေတြ သက္တမ္းတိုး ေနထိုင္ခဲ့ပါတယ္။ စင္ကာပူအမ်ိဳးသားျဖစ္တဲ့ ဟိုကီဟြာက သက္တမ္းတိုးမႈေတြအတြက္ စပြန္ဆာအျဖစ္ ဝမ္ဆီကေန တစ္လကို စင္ကာပူေဒၚလာ ၄၀၀ နဲ႔ ၅၀၀ ၾကား ရရွိခဲ့တယ္လို႔ သိရပါတယ္။

၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၈ ရက္မွာေတာ့ ၎တို႔စုံတြဲဟာ လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒနဲ႔ ဖမ္းဆီးခံရၿပီး ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလမွာေတာ့ ေထာင္ဒဏ္ ေျခာက္လ၊ ဒဏ္ေငြ စင္ကာပူေဒၚလာ ၈၀၀၀ စီ ခ်မွတ္ခံခဲ့ရပါတယ္။ အခု ၂၀၂၄ ခုႏွစ္၊ စက္တင္ဘာမွာေတာ့ သူတို႔စုံတြဲရဲ႕လက္ထပ္မႈကို အေကာင္အထည္ေဖာ္ေပးခဲ့တဲ့ လဲ့ဟာ ေထာင္ဒဏ္ ၉ လ နဲ႔ ဒဏ္ေငြ စင္ကာပူေဒၚလာ ၄၀၀၀ ခ်မွတ္ခံခဲ့ရပါတယ္။ စင္ကာပူမွာ ဟန္ေဆာင္ထိမ္းျမားလက္ထပ္ျခင္းအတြက္ ဒဏ္ေငြ စင္ကာပူေဒၚလာ ၁၀,၀၀၀ ၊ ေထာင္ဒဏ္ ၁၀ ႏွစ္အထိ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

Related news

© 2021. All rights reserved.