ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်

 1378

ယွန်း(NP News) - စက်တင်ဘာ ၁၆

ကမ္ဘောဇဘဏ်လီမိတက်(KBZ)မှ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် သိန်းပေါင်း (၁)သိန်း (ကျပ် (၁၀)ဘီလျံ)အထိ မတည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

KBZ Bank မှ ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့(စက်တင်ဘာ ၁၆ ရက်)၌ အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

ယခု စက်တင်ဘာလအတွင်း မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန် ထမ်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေး မိတ်ဖက်အဖွဲ့အစည်း ကွန်ယက်များမှတဆင့် ဖြန့်ကျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"နာယကကြီး(ဦးအောင်ကိုဝင်း)က ရေဘေးဖြစ်ဖြစ်ချင်း နောက်တစ်နေ့မှာ (၁၀)ဘီလျံလှူမယ်လို့ ဆုံးဖြတ်လိုက်တာ။ ရေဘေးသင့်တဲ့မြို့နယ်တွေနဲ့ အနီးဆုံးမှာရှိတဲ့ဘဏ်ထဲက သူ့ရဲ့ကိုယ်ပိုင်ပိုက်ဆံကို ဘဏ်တစ်ခုတိုင်းမှာ သိန်း(၁၀၀၀)စီထုတ်ပြီး သုံးဖို့ညွှန်ကြားချက်ပေးတယ်။ လှူတာကတော့ ရေဘေးဖြစ်ဖြစ်ချင်း နောက်နေ့မှာထဲက စလှူတာ။ တပည့်တွေနဲ့ မိသားစုကနေ ရေဘေးသင့်ပြည်သူတွေလည်း အားတက်သွားအောင် နောက်တစ်ခုက ကျန်တဲ့ပြည်သူတွေကလည်း သာဓုခေါ်နိုင်အောင်လို့ ဒါကိုတင်လိုက်ပါလားလို့ပြောလို့ ဒီနေ့မှ ကြေညာလိုက်တာ။ ညတိုင်းလည်း ရန်ကုန်မှာရှိတဲ့ ပစ္စည်းတွေကို ကွန်တိန်နာတွေနဲ့ ရေဘေးသင့်ဒေသတွေကို ပို့နေပါတယ်" ဟု KBZ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း(၁၀၀)ကို အရေးပေါ်ကူညီရန်ဌာနများအဖြစ် သတ် မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း(၁၀၀၀)ဖြင့် ကျပ်ငွေ (၁၀)ဘီလျံမတည်၍ အချိန်နှင့်တပြေးညီထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ သာသနာတော်အတွင်းမှ ထင်ရှားသည့်ဆရာတော်ကြီးများ၊ ထင်ရှားသော အနုပညာရှင်များ၊ ပြည်သူများမှလည်း လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်နေရသည်။

zawgyi version
ကေမာၻဇဘဏ္မွ ေရေဘးသင့္ျပည္သူမ်ားအတြက္ သိန္းေပါင္း (၁)သိန္း မတည္ လႉဒါန္းမည္

ယြန္း(NP News) - စက္တင္ဘာ ၁၆

ကေမာၻဇဘဏ္လီမိတက္(KBZ)မွ ေရေဘးသင့္ျပည္သူမ်ားအတြက္ ေငြက်ပ္ သိန္းေပါင္း (၁)သိန္း (က်ပ္ (၁၀)ဘီလ်ံ)အထိ မတည္လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

KBZ Bank မွ ၎တို႔၏လူမႈကြန္ယက္စာမ်က္ႏွာတြင္ ယေန႔(စက္တင္ဘာ ၁၆ ရက္)၌ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

ယခု စက္တင္ဘာလအတြင္း ျမန္မာႏိုင္ငံေနရာေဒသအႏွံ႔အျပားတြင္ ျဖစ္ပြားလ်က္ရွိေသာ ေရႀကီးေရလွ်ံေဒသမ်ားရွိ ေရေဘးသင့္ျပည္သူမ်ားအား ထိေရာက္ေသာ ကူညီပံ့ပိုးမႈမ်ားေပးႏိုင္ရန္ ကေမာၻဇဘဏ္ခြဲမ်ား၊ ဘဏ္ဝန္ ထမ္းမ်ား၊ ျပည္တြင္းျပည္ပ လူမႈေရး၊ စီးပြားေရး မိတ္ဖက္အဖြဲ႕အစည္း ကြန္ယက္မ်ားမွတဆင့္ ျဖန႔္က်က္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

"နာယကႀကီး(ဦးေအာင္ကိုဝင္း)က ေရေဘးျဖစ္ျဖစ္ခ်င္း ေနာက္တစ္ေန႔မွာ (၁၀)ဘီလ်ံလႉမယ္လို႔ ဆုံးျဖတ္လိုက္တာ။ ေရေဘးသင့္တဲ့ၿမိဳ႕နယ္ေတြနဲ႔ အနီးဆုံးမွာရွိတဲ့ဘဏ္ထဲက သူ႔ရဲ႕ကိုယ္ပိုင္ပိုက္ဆံကို ဘဏ္တစ္ခုတိုင္းမွာ သိန္း(၁၀၀၀)စီထုတ္ၿပီး သုံးဖို႔ၫႊန္ၾကားခ်က္ေပးတယ္။ လႉတာကေတာ့ ေရေဘးျဖစ္ျဖစ္ခ်င္း ေနာက္ေန႔မွာထဲက စလႉတာ။ တပည့္ေတြနဲ႔ မိသားစုကေန ေရေဘးသင့္ျပည္သူေတြလည္း အားတက္သြားေအာင္ ေနာက္တစ္ခုက က်န္တဲ့ျပည္သူေတြကလည္း သာဓုေခၚႏိုင္ေအာင္လို႔ ဒါကိုတင္လိုက္ပါလားလို႔ေျပာလို႔ ဒီေန႔မွ ေၾကညာလိုက္တာ။ ညတိုင္းလည္း ရန္ကုန္မွာရွိတဲ့ ပစၥည္းေတြကို ကြန္တိန္နာေတြနဲ႔ ေရေဘးသင့္ေဒသေတြကို ပို႔ေနပါတယ္" ဟု KBZ ဘဏ္မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေရႀကီးေရလွ်ံမႈျဖစ္ပြားလ်က္ရွိေသာ သဘာဝေဘးအႏၲရာယ္သင့္ ေနရာေဒသ အသီးသီးအတြက္ ဘဏ္ခြဲေပါင္း(၁၀၀)ကို အေရးေပၚကူညီရန္ဌာနမ်ားအျဖစ္ သတ္ မွတ္ကာ ဘဏ္ခြဲတစ္ခုလွ်င္ က်ပ္သိန္း(၁၀၀၀)ျဖင့္ က်ပ္ေငြ (၁၀)ဘီလ်ံမတည္၍ အခ်ိန္ႏွင့္တေျပးညီထိေရာက္စြာ ပံ့ပိုးကူညီႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ သာသနာေတာ္အတြင္းမွ ထင္ရွားသည့္ဆရာေတာ္ႀကီးမ်ား၊ ထင္ရွားေသာ အႏုပညာရွင္မ်ား၊ ျပည္သူမ်ားမွလည္း လႉဒါန္းမႈမ်ား ျပဳလုပ္လ်က္ရွိသည္ကို ေတြ႕ျမင္ေနရသည္။

Related news

© 2021. All rights reserved.