ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း

 581

ယွန်း (NP News) - စက်တင်ဘာ ၁၆

ဧရာဝတီဘဏ်မှ "လက်တွဲကူညီ ဧရာဝတီ"အစီအစဥ်ဖြင့် ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာကို ဧရာဝတီဘဏ်က ယနေ့(စက်တင်ဘာ ၁၆ ရက်) တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးဖြစ်ပေါ်ခဲ့သည့် တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ကျောက်ဆည်ရှိ ရေဘေးသင့်ဒေသများမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဧရာဝတီဘဏ်အနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် လတ်တလောအရေးပေါ်လိုအပ်လျက်ရှိသည့် စုစုပေါင်း ကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ အစားအသောက် ရိက္ခာခြောက်များ၊ ဆန်၊ ဆီ၊ ငွေသား၊ ဆေးဝါး၊ ရေသန့်အပါအဝင် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ "လက်တွဲကူညီ ဧရာဝတီ"အစီအစဥ်တွင် ပြည်တွင်းပြည်ပမှ ဧရာ ဝတီဘဏ် သုံးစွဲသူများအနေဖြင့် AYA Mobile Banking ၏ Bill Payment မှတစ်ဆင့် Charity & Organization တွင် AYA Helping Hands ကို ရွေးချယ်ပြီး အလှူရှင်အမည်နှင့် ဖုန်းနံပါတ်ထည့်ပြီး ဝန်ဆောင်ခ “အခမဲ့” ဖြင့် လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

zawgyi version
ေရေဘးသင့္ျပည္သူမ်ားအတြက္ ဧရာဝတီဘဏ္က ေငြက်ပ္သိန္းတစ္ေသာင္းတန္ဖိုးရွိ စားနပ္ရိကၡာမ်ားလႉဒါန္း

ယြန္း (NP News) - စက္တင္ဘာ ၁၆

ဧရာဝတီဘဏ္မွ "လက္တြဲကူညီ ဧရာဝတီ"အစီအစဥ္ျဖင့္ ေရေဘးသင့္ျပည္သူမ်ားအတြက္ ေငြက်ပ္သိန္းတစ္ေသာင္းတန္ဖိုးရွိ စားနပ္ရိကၡာမ်ားလႉဒါန္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ အေၾကာင္းအရာကို ဧရာဝတီဘဏ္က ယေန႔(စက္တင္ဘာ ၁၆ ရက္) တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ ေရေဘးျဖစ္ေပၚခဲ့သည့္ ေတာင္ငူ၊ ေနျပည္ေတာ္၊ တပ္ကုန္း၊ ရမည္းသင္း၊ ေက်ာက္ဆည္ရွိ ေရေဘးသင့္ေဒသမ်ားမွ ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္းခဲ့ျခင္းျဖစ္သည္။

ဧရာဝတီဘဏ္အေနျဖင့္ ေရေဘးသင့္ျပည္သူမ်ားအတြက္ လတ္တေလာအေရးေပၚလိုအပ္လ်က္ရွိသည့္ စုစုေပါင္း က်ပ္သိန္းတစ္ေသာင္းတန္ဖိုးရွိ အစားအေသာက္ ရိကၡာေျခာက္မ်ား၊ ဆန္၊ ဆီ၊ ေငြသား၊ ေဆးဝါး၊ ေရသန႔္အပါအဝင္ အဝတ္အထည္ႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို လႉဒါန္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ "လက္တြဲကူညီ ဧရာဝတီ"အစီအစဥ္တြင္ ျပည္တြင္းျပည္ပမွ ဧရာ ဝတီဘဏ္ သုံးစြဲသူမ်ားအေနျဖင့္ AYA Mobile Banking ၏ Bill Payment မွတစ္ဆင့္ Charity & Organization တြင္ AYA Helping Hands ကို ေ႐ြးခ်ယ္ၿပီး အလႉရွင္အမည္ႏွင့္ ဖုန္းနံပါတ္ထည့္ၿပီး ဝန္ေဆာင္ခ “အခမဲ့” ျဖင့္ လႉဒါန္းႏိုင္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.