တောင်ငူခရိုင်ရှိ မြို့နယ်(၅)ခုတွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ(၈၇၀၀၀)ကျော် ရေဘေးသင့်နေ

 652

NP News - စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရှိ မြို့နယ်(၅)ခုတွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၈၇၀၀၀)ကျော် ရေဘေးသင့်နေကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက NP News ကို ပြောသည်။

စစ်တောင်းမြစ်ရေမြင့်တက်မှု နှင့် ချောင်းရေမြင့်တက်လာမှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ကာ တောင်ငူ မြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
“ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာပဲ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ကြိုတင်တားဆီးရေးဥက္ကဋ္ဌ အစီအမံနဲ့ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ နောက်အရေးကြုံလို့ရှိရင် အချိန်မှီရွေ့ပြောင်းနိုင်ဖို့အတွက် ပရဟိတအဖွဲ့ အစည်းတွေနဲ့ ကျွန်တော်တို့ စက်လှေတွေ နောက်တစ်ခါကျအသင့်စုဆောင်းပြီးတော့ပေါ့နော်။ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီကိုတော့ ၁၁ ရက်၊ ၁၂ ရက်စပြီးတော့ ရောက်ရှိလာခဲ့တာပေါ့။ အဲဒီမှာ ကျွန်တော်တို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် ကျွန်တော်တို့ဝန်ကြီးတွေနဲ့ ချက်ချင်းဆင်းပြီးတော့ တောင်ပိုင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးကြီးနဲ့ တပ်မတော်သားတွေနဲ့ အတူတကွလက်တွဲပြီး မြစ်ရေဝင်ရောက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာတွေက လူတွေကို ကျွန်တော်တို့ ရွေ့ပြောင်းပြီးတော့ နီးစပ်ရာ မြို့နယ်တွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ ရေးဘေးရှောင်စခန်းတွေဖွင့်လှစ်ပေးခဲ့ပါတယ်” ဟု ၎င်းကရှင်းပြသည်။
ရေကြီးရေလျှံမှုကြောင့် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေး စန်း(၁၀၀)ထိ ထပ်တိုးဖွင့်လှစ်ထားပြီး လက်ရှိတွင် ရေဘေးသင့်သူ (၈၇၄၇၁)ဦး ရှိခဲ့ကြောင်း သိရသည်။
“ပြည်သူတွေကို ကျွန်တော်တို့သွေးသားရင်းစဖွယ်စောင့်ရှောက်ပြီးတော့ ကျွန်တော်တို့က စခန်းမှာ တင်ချက်ပြုတ်ပြီးတော့ ဆောက်ရွက်ပေးပါတယ်။ သာမာန်မိသားစုမှာ ထမင်းတစ်နပ်စာကို ချက်ပြုတ်ဖို့ဆိုတာ လွယ်တာမဟုတ်ပါဘူး။ စခန်းတစ်ခုမှာ လူဦးရေသောင်းနဲ့ချီရှိတဲ့ဟာတွေကို ကျွန်တော်တို့အစာပြေ၊ မနက်စာ၊ နေလည်စာ၊ ညနေစာ အကုန်ချက်ပြုတ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန်တော်တို့ ပဲခူးကနေ စုဖွဲ့ပြီးခေါ်သွားတဲ့ အသင်းတွေကနေပြီးတော့မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ကြီးကိုယ်တိုင်က စခန်းအလိုက်လိုအပ်တဲ့ ဆန်အိတ်ကို လည်း ထောင်ချီပြီး၊ ဆီဆိုလို့ရှိရင်လည်း ထောင်နဲ့ချီပြီးတော့ နောက်တစ်ခါ စားသုံးဖို့အသားတွေကိုပေါ့။ နေ့စဉ် စားသုံးဖို့ အသားတွေပေါ့။ ဝက်သား၊ ကြက်သား၊ အမဲသား၊ ဆိတ်သား၊ ငါးနဲ့ မီးဖို့ချောင်သုံး ပစ္စည်းတွေကိုပေါ့ ငရုတ်၊ ကြက်သွန်တွေနဲ့ အာလူးနဲ့ ဟင်းသီးဟင်းရွက်က အစပေါ့ တောင်ငူမှာရှိတဲ့ သာသနာ့ဗိမ္မာန်မှာ ကွတ်ကဲရေး ရုံး ဖွင့်ပြီးတော့မှ နေ့စဉ် ကျွန်တော်တို့စခန်းတွေကို ဖြန့်ခွဲပြီးတော့ ချက်ပြုတ်ဆောင်ရွက်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင်ရေကြီးရေလျှံမှုကြောင့် အခြေခံပညာစာသင်ကျောင်းပေါင်း (၁၄၆)ကျောင်း ရေကြီးနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးမြေ ဧကပေါင်း (၅၀၀၀၀) ကျော်လည်း ရေလွှမ်းမိုးခြင်းခံခဲ့ရကြောင်း သိရသည်။
“စိုက်ပျိုးမြေတွေကတော့ (၃)ရက်လောက်အတွင်း ရေပြန်ကျသွားမယ်ဆိုရင် ပြန်လည်ပြီးတော့ မျိုးတူပြန်စိုက်ပြီး ဖာလို့ရတာပေါ့။ ဒါပေမယ်(၁၀)ရက်‌ကျော်ရင်တော့ ပြန်ပြီးဖာလို့ မရဘူး။ အဲဒါကိုလည်း ပညာရှင်တွေကိုယ်တိုင်က ကွင်းဆင်းပြီး ရေပြန်ကျတဲ့ဟာတွေနဲ့ ပျက်စီးသွားတဲ့ဟာတွေကို စနစ်တကျစရင်းကောက်ယူလျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း(၁၅)ခုထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စုများစွာလည်း ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေတာင္ငူခ႐ိုင္ရွိ ၿမိဳ႕နယ္(၅)ခုတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူဦးေရ(၈၇၀၀၀)ေက်ာ္ ေရေဘးသင့္ေန
NP News - စက္တင္ဘာ ၁၆

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူခ႐ိုင္ရွိ ၿမိဳ႕နယ္(၅)ခုတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူဦးေရ (၈၇၀၀၀)ေက်ာ္ ေရေဘးသင့္ေနေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ စီးပြားေရးရာဝန္ႀကီး ဦးတင္ဦးက NP News ကို ေျပာသည္။

စစ္ေတာင္းျမစ္ေရျမင့္တက္မႈ ႏွင့္ ေခ်ာင္းေရျမင့္တက္လာမႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ရက္ပိုင္းမွ စတင္ကာ ေတာင္ငူ ၿမိဳ႕နယ္၊ ေရတာရွည္ၿမိဳ႕နယ္၊ အုတ္တြင္းၿမိဳ႕နယ္၊ ထန္းတပင္ၿမိဳ႕နယ္ႏွင့္ ျဖဴးၿမိဳ႕နယ္တို႔တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည္။
“ျဖစ္စဥ္ျဖစ္တဲ့အခ်ိန္မွာပဲ တိုင္းေဒသႀကီးသဘာဝေဘးအႏၲရာယ္ႀကိဳတင္တားဆီးေရးဥကၠ႒ အစီအမံနဲ႔ ႀကိဳတင္ ျပင္ဆင္မႈေတြ ေဆာင္႐ြက္ခဲ့ပါတယ္။ ေနာက္အေရးႀကဳံလို႔ရွိရင္ အခ်ိန္မွီေ႐ြ႕ေျပာင္းႏိုင္ဖို႔အတြက္ ပရဟိတအဖြဲ႕ အစည္းေတြနဲ႔ ကြၽန္ေတာ္တို႔ စက္ေလွေတြ ေနာက္တစ္ခါက်အသင့္စုေဆာင္းၿပီးေတာ့ေပါ့ေနာ္။ ေဆာင္႐ြက္ေပးႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဆီကိုေတာ့ ၁၁ ရက္၊ ၁၂ ရက္စၿပီးေတာ့ ေရာက္ရွိလာခဲ့တာေပါ့။ အဲဒီမွာ ကြၽန္ေတာ္တို႔ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ကြၽန္ေတာ္တို႔ဝန္ႀကီးေတြနဲ႔ ခ်က္ခ်င္းဆင္းၿပီးေတာ့ ေတာင္ပိုင္ တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႀကီးနဲ႔ တပ္မေတာ္သားေတြနဲ႔ အတူတကြလက္တြဲၿပီး ျမစ္ေရဝင္ေရာက္မႈေၾကာင့္ ဒုကၡေရာက္ေနတဲ့ ေက်း႐ြာေတြက လူေတြကို ကြၽန္ေတာ္တို႔ ေ႐ြ႕ေျပာင္းၿပီးေတာ့ နီးစပ္ရာ ၿမိဳ႕နယ္ေတြမွာရွိတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းေတြ စာသင္ေက်ာင္းေတြမွာ ေရးေဘးေရွာင္စခန္းေတြဖြင့္လွစ္ေပးခဲ့ပါတယ္” ဟု ၎ကရွင္းျပသည္။
ေရႀကီးေရလွ်ံမႈေၾကာင့္ ေတာင္ငူခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္(၅)ၿမိဳ႕နယ္တြင္ ေရေဘးကယ္ဆယ္ေရး စန္း(၁၀၀)ထိ ထပ္တိုးဖြင့္လွစ္ထားၿပီး လက္ရွိတြင္ ေရေဘးသင့္သူ (၈၇၄၇၁)ဦး ရွိခဲ့ေၾကာင္း သိရသည္။
“ျပည္သူေတြကို ကြၽန္ေတာ္တို႔ေသြးသားရင္းစဖြယ္ေစာင့္ေရွာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔က စခန္းမွာ တင္ခ်က္ျပဳတ္ၿပီးေတာ့ ေဆာက္႐ြက္ေပးပါတယ္။ သာမာန္မိသားစုမွာ ထမင္းတစ္နပ္စာကို ခ်က္ျပဳတ္ဖို႔ဆိုတာ လြယ္တာမဟုတ္ပါဘူး။ စခန္းတစ္ခုမွာ လူဦးေရေသာင္းနဲ႔ခ်ီရွိတဲ့ဟာေတြကို ကြၽန္ေတာ္တို႔အစာေျပ၊ မနက္စာ၊ ေနလည္စာ၊ ညေနစာ အကုန္ခ်က္ျပဳတ္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ကြၽန္ေတာ္တို႔ ပဲခူးကေန စုဖြဲ႕ၿပီးေခၚသြားတဲ့ အသင္းေတြကေနၿပီးေတာ့မွ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႀကီးကိုယ္တိုင္က စခန္းအလိုက္လိုအပ္တဲ့ ဆန္အိတ္ကို လည္း ေထာင္ခ်ီၿပီး၊ ဆီဆိုလို႔ရွိရင္လည္း ေထာင္နဲ႔ခ်ီၿပီးေတာ့ ေနာက္တစ္ခါ စားသုံးဖို႔အသားေတြကိုေပါ့။ ေန႔စဥ္ စားသုံးဖို႔ အသားေတြေပါ့။ ဝက္သား၊ ၾကက္သား၊ အမဲသား၊ ဆိတ္သား၊ ငါးနဲ႔ မီးဖို႔ေခ်ာင္သုံး ပစၥည္းေတြကိုေပါ့ င႐ုတ္၊ ၾကက္သြန္ေတြနဲ႔ အာလူးနဲ႔ ဟင္းသီးဟင္း႐ြက္က အစေပါ့ ေတာင္ငူမွာရွိတဲ့ သာသနာ့ဗိမၼာန္မွာ ကြတ္ကဲေရး ႐ုံး ဖြင့္ၿပီးေတာ့မွ ေန႔စဥ္ ကြၽန္ေတာ္တို႔စခန္းေတြကို ျဖန႔္ခြဲၿပီးေတာ့ ခ်က္ျပဳတ္ေဆာင္႐ြက္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ေရႀကီးေရလွ်ံမႈေၾကာင့္ အေျခခံပညာစာသင္ေက်ာင္းေပါင္း (၁၄၆)ေက်ာင္း ေရႀကီးနစ္ျမဳပ္ခဲ့ၿပီး စိုက္ပ်ိဳးေျမ ဧကေပါင္း (၅၀၀၀၀) ေက်ာ္လည္း ေရလႊမ္းမိုးျခင္းခံခဲ့ရေၾကာင္း သိရသည္။
“စိုက္ပ်ိဳးေျမေတြကေတာ့ (၃)ရက္ေလာက္အတြင္း ေရျပန္က်သြားမယ္ဆိုရင္ ျပန္လည္ၿပီးေတာ့ မ်ိဳးတူျပန္စိုက္ၿပီး ဖာလို႔ရတာေပါ့။ ဒါေပမယ္(၁၀)ရက္‌ေက်ာ္ရင္ေတာ့ ျပန္ၿပီးဖာလို႔ မရဘူး။ အဲဒါကိုလည္း ပညာရွင္ေတြကိုယ္တိုင္က ကြင္းဆင္းၿပီး ေရျပန္က်တဲ့ဟာေတြနဲ႔ ပ်က္စီးသြားတဲ့ဟာေတြကို စနစ္တက်စရင္းေကာက္ယူလ်က္ရွိပါတယ္” ဟု ၎က ေျပာသည္။
ပဲခူးတိုင္းေဒသႀကီးတြင္ ယခုႏွစ္ ၂၀၂၄ ခုႏွစ္အတြင္း ၿမိဳ႕နယ္ေပါင္း(၁၅)ခုထက္မနည္း ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့ၿပီး အိမ္ေထာင္စုမ်ားစြာလည္း ေရေဘးသင့္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.