ရေဘေးသင့်ဒေသ(၅)နေရာအတွက် အလှူပစ္စည်းများကို အခမဲ့ ပို့ဆောင်ပေးမည်ဟု MAI ကြေညာ

 963

ယွန်း (NP News) - စက်တင်ဘာ ၁၇

အသင်းအဖွဲ့များမှလှူဒါန်းသည့် ရေးဘေးသင့်ပစ္စည်းများကို တာချီလိတ် အပါအဝင်ရေး ဘေးသင့်ဒေသ (၅)နေရာကို အခမဲ့ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း MAI က စက်တင်ဘာ(၁၃) ရက်တွင် အသိပေးကြေညာထားသည်။

Myanmar Airways International (MAI) အနေဖြင့် လတ်တလောတွင် အဆိုပါအစီ အစဉ်ကို တာချီလိတ်၊ ကျိုင်းတုံ၊ ဟဲဟိုး၊ မန္တလေးနှင့် နေပြည်တော်တို့၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

‘အခုချိန်မှာ ကုန်းလမ်းတွေကလည်း အဆင်မပြေဘူးလေ။ ကုန်စည်ပို့ဆောင်တဲ့ Cargo Service အခမဲ့နဲ့ သယ်ပေးမှာပေါ့။ Cargo သီးသန့် Flight တော့မဟုတ်ဘူး။ ပုံမှန်ခရီးသည်တင်လေ ယာဉ်တွေမှာလည်း လှူဒါန်း ချင်တဲ့အဖွဲ့အစည်းတွေရှိရင် Cargo နဲ့တင်မဟုတ်ဘဲနဲ့ အကုန်လုံးကို ရသလောက် Free သယ်ပေးမှာပါ။ လောလောဆယ်တော့ နေရာ(၅)နေရာကို ပို့ပေးမှာပါ’ဟု MAI မှ တာဝန်ရှိ သူတစ်ဦးက NP News ကို ပြောသည်။

ပစ္စည်းများပို့ဆောင်လိုသည့် အသင်းအဖွဲ့ များအနေဖြင့် စာရွက်စာတမ်းများ လိုအပ်မည်ဖြစ်ပြီး ကိုယ်ထူကိုယ်ထဖြင့် တစ်ဦးတည်းလှူဒါန်းသည့်ပစ္စည်းများကိုမူ ပို့ဆောင်ပေးမည်မဟုတ်ကြောင်း သိရသည်။

‘Personal တစ်ယောက်တည်းက လှူတာမျိုးတော့မရဘူး။ အသင်းအဖွဲ့တွေကနေတစ်ဆင့် လှူတာမျိုးတွေဆို ရင်ရတယ်။ ကိုယ်ထူကိုယ်ထ အနေနဲ့ အလှူငွေတွေ ဘာတွေကောက်လိုက်ပြီး ပစ္စည်းတွေ၊ ဘာတွေပို့မယ်ဆိုရင်တော့ မရဘူး။ အသင်းအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး တစ်ဆင့်လှူပေးတာဆိုရင် အဆင်ပြေတယ်။ စာရွက်စာတမ်းတွေတော့ လိုမယ်။ ဟိုဘက်ကိုပို့မယ်ဆိုရင် တစ်ဖက်မှာ ဘာအဖွဲ့အစည်း ရှိလဲဆိုတာမျိုးတွေလိုတယ်။ ကျန်တာကတော့ Flight မှာတင်လို့ရသလောက်ကို တင်ပေးမယ်။ အန္တရာယ်ရှိတဲ့ပစ္စည်းမျိုးတွေဆိုရင်တော့ မရဘူးပေါ့။ Items တွေကတော့ ဘယ်လိုလာမလဲမသိဘူး။ Cargo အတွင်းမှာ သယ်ပေးလို့ရတဲ့ပစ္စည်းမှန်သမျှ အခမဲ့သယ်ပေးမှာပါ’ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် အဆိုပါအစီအစဉ်ကို ကာလ သတ်မှတ်ထားခြင်းမျိုးမရှိဘဲ လိုအပ်ချက်များပေါ်မူ တည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လှူဒါန်းလိုသည့် အသင်းအဖွဲ့များ အနေဖြင့် ဖုန်းနံပါတ် ဝ၉-၄၂၀ဝ၃၄၆၁၁၊ ဝ၉-၄၃၁၁၀ဝ၇၈ နှင့် Email: [email protected] တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း MAI မှ အသိပေးထားသည်။

လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းများ ဖြတ်သန်းရာဒေသများနှင့် မြန်မာနိုင်ငံတစ် ဝန်းလုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုများပြားခြင်း၊ ဆည်တာတမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ အလားတူ မြန်မာအမျိုးသား လေကြောင်းလိုင်းက လည်း ရေဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်း များနှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာ ရောက်ရှိစေရန် ပြည်တွင်းပြည်ပခရီးစဉ်များဖြင့် စက်တင်ဘာ ၁၃ ရက်မှစ၍ အခမဲ့သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေရေဘးသင့္ေဒသ(၅)ေနရာအတြက္ အလႉပစၥည္းမ်ားကို အခမဲ့ ပို႔ေဆာင္ေပးမည္ဟု MAI ေၾကညာ
ယြန္း (NP News) - စက္တင္ဘာ ၁၇

အသင္းအဖြဲ႕မ်ားမွလႉဒါန္းသည့္ ေရးေဘးသင့္ပစၥည္းမ်ားကို တာခ်ီလိတ္ အပါအဝင္ေရး ေဘးသင့္ေဒသ (၅)ေနရာကို အခမဲ့ပို႔ေဆာင္ေပး သြားမည္ျဖစ္ေၾကာင္း MAI က စက္တင္ဘာ(၁၃) ရက္တြင္ အသိေပးေၾကညာထားသည္။

Myanmar Airways International (MAI) အေနျဖင့္ လတ္တေလာတြင္ အဆိုပါအစီ အစဥ္ကို တာခ်ီလိတ္၊ က်ိဳင္းတုံ၊ ဟဲဟိုး၊ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔၌ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

‘အခုခ်ိန္မွာ ကုန္းလမ္းေတြကလည္း အဆင္မေျပဘူးေလ။ ကုန္စည္ပို႔ေဆာင္တဲ့ Cargo Service အခမဲ့နဲ႔ သယ္ေပးမွာေပါ့။ Cargo သီးသန႔္ Flight ေတာ့မဟုတ္ဘူး။ ပုံမွန္ခရီးသည္တင္ေလ ယာဥ္ေတြမွာလည္း လႉဒါန္း ခ်င္တဲ့အဖြဲ႕အစည္းေတြရွိရင္ Cargo နဲ႔တင္မဟုတ္ဘဲနဲ႔ အကုန္လုံးကို ရသေလာက္ Free သယ္ေပးမွာပါ။ ေလာေလာဆယ္ေတာ့ ေနရာ(၅)ေနရာကို ပို႔ေပးမွာပါ’ဟု MAI မွ တာဝန္ရွိ သူတစ္ဦးက NP News ကို ေျပာသည္။

ပစၥည္းမ်ားပို႔ေဆာင္လိုသည့္ အသင္းအဖြဲ႕ မ်ားအေနျဖင့္ စာ႐ြက္စာတမ္းမ်ား လိုအပ္မည္ျဖစ္ၿပီး ကိုယ္ထူကိုယ္ထျဖင့္ တစ္ဦးတည္းလႉဒါန္းသည့္ပစၥည္းမ်ားကိုမူ ပို႔ေဆာင္ေပးမည္မဟုတ္ေၾကာင္း သိရသည္။

‘Personal တစ္ေယာက္တည္းက လႉတာမ်ိဳးေတာ့မရဘူး။ အသင္းအဖြဲ႕ေတြကေနတစ္ဆင့္ လႉတာမ်ိဳးေတြဆို ရင္ရတယ္။ ကိုယ္ထူကိုယ္ထ အေနနဲ႔ အလႉေငြေတြ ဘာေတြေကာက္လိုက္ၿပီး ပစၥည္းေတြ၊ ဘာေတြပို႔မယ္ဆိုရင္ေတာ့ မရဘူး။ အသင္းအဖြဲ႕ေတြနဲ႔ခ်ိတ္ဆက္ၿပီး တစ္ဆင့္လႉေပးတာဆိုရင္ အဆင္ေျပတယ္။ စာ႐ြက္စာတမ္းေတြေတာ့ လိုမယ္။ ဟိုဘက္ကိုပို႔မယ္ဆိုရင္ တစ္ဖက္မွာ ဘာအဖြဲ႕အစည္း ရွိလဲဆိုတာမ်ိဳးေတြလိုတယ္။ က်န္တာကေတာ့ Flight မွာတင္လို႔ရသေလာက္ကို တင္ေပးမယ္။ အႏၲရာယ္ရွိတဲ့ပစၥည္းမ်ိဳးေတြဆိုရင္ေတာ့ မရဘူးေပါ့။ Items ေတြကေတာ့ ဘယ္လိုလာမလဲမသိဘူး။ Cargo အတြင္းမွာ သယ္ေပးလို႔ရတဲ့ပစၥည္းမွန္သမွ် အခမဲ့သယ္ေပးမွာပါ’ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

လက္ရွိတြင္ အဆိုပါအစီအစဥ္ကို ကာလ သတ္မွတ္ထားျခင္းမ်ိဳးမရွိဘဲ လိုအပ္ခ်က္မ်ားေပၚမူ တည္၍ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ လႉဒါန္းလိုသည့္ အသင္းအဖြဲ႕မ်ား အေနျဖင့္ ဖုန္းနံပါတ္ ဝ၉-၄၂၀ဝ၃၄၆၁၁၊ ဝ၉-၄၃၁၁၀ဝ၇၈ ႏွင့္ Email: [email protected] တို႔ကို ဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း MAI မွ အသိေပးထားသည္။

လတ္တေလာျဖစ္ေပၚေနသည့္ ေလေပြလႈိင္းမ်ား ျဖတ္သန္းရာေဒသမ်ားႏွင့္ ျမန္မာႏိုင္ငံတစ္ ဝန္းလုံးတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားျပားျခင္း၊ ဆည္တာတမံမ်ားတြင္ ေရဝင္ေရာက္မႈမ်ားလာျခင္းတို႔ေၾကာင့္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားလ်က္ရွိသည္။ အလားတူ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းက လည္း ေရေဘးသင့္ျပည္သူမ်ားထံသို႔ ကယ္ဆယ္ေရးပစၥည္း မ်ားႏွင့္ေဆးဝါးမ်ား အဆင္ေျပေခ်ာေမြ႕စြာ ေရာက္ရွိေစရန္ ျပည္တြင္းျပည္ပခရီးစဥ္မ်ားျဖင့္ စက္တင္ဘာ ၁၃ ရက္မွစ၍ အခမဲ့သယ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.