ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူနှင့် လူနည်းစုများ အကြမ်းဖက်ခံရပြီးနောက် အစ္စလာမ် ဆူဖီဗိမာန်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာ

 2629

Htay Oung (NP News) - စက်တင်ဘာ ၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေး လူနည်းစုများနဲ့ ၎င်းတို့ရဲ့ ဝတ်ပြုရာနေရာများကို အကြမ်းဖက်မှုများဖြစ်ပွား အပြီး ယခုရက်ပိုင်းများအတွင်း အစ္စလာမ်ဆူဖီဗိမာန်များမှာလည်း ရမ်းကားဖျက်ဆီးမှုများနဲ့ ကြုံတွေ့ခဲ့ရ တယ် လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်းအော့ဖ်အင်ဒီးယား”က စက်တင်ဘာလ ၁၅ ရက်မှာ ရေးသားပါတယ်။

ဆူဖီဒဿနမှာ အစ္စလာမ်သာသနာစောစောပိုင်းကတည်းက ထွန်းကားခဲ့ပါဘယ်။ အစ္စလာမ်ရဲ့ သန့်စင်ခြင်း၊ စိတ်ဝိညာဉ်ရေးရာ၊ ဓလေ့ထုံးတမ်းများနဲ့ တမန်တော်ထံ ပြန်လည်ဆက်သွယ်ရန် အားထုတ်ခြင်းအယူအဆများ ပဲဖြစ်ပါတယ်။ ၁၁-ရာစုမှာ လူသိများလာပြီး အစ္စလာမ်ရဲ့ တင်းကြပ်တဲ့ ဥခွံအတွင်းမှ ဖောက်ထွက်ခြင်းအဖြစ် အ နောက်နိုင်ငံများတိုင်အောင် စိတ်ဝင်စားခြင်းခံရတဲ့ ဒဿနများနဲ့ ကျင့်စဉ်များပါဝင်နေပါတယ်။ ဆူဖီဟာ ဆွန်နီ နဲ့ ရှီအာဂိုဏ်းကွဲ နှစ်ခုစလုံးမှာ ရှိပေမယ့် သဘောထားတင်းမာတဲ့ အစွန်းရောက် အစ္စလာမ်မစ်များ၊ ဆလားဖစ် ဝါဒီများ၊ ဝါဟာဘီဝါဒီများရဲ့ အစဉ်တစိုက် ထိုးနှက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဆူဖီဟာ အစ္စ လာမ်ကမ္ဘာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ယနေ့တိုင်ဆက်လက်ပါဝင်နေပါတယ်။

ကမ္ဘာအရပ်ရပ်ရှိ ဆူဖီဗိမာန် သို့မဟုတ် ဘုရားကျောင်းများကို အမျိုးဘာသာ ကိုးကွယ်ယုံကြည်မှု မခွဲခြားပဲ ဝတ်ပြုရာနေရာများအဖြစ် နှစ်ပေါင်းများစွာ လူသိများခဲ့ပါတယ်။ ယခုလို ဆူဖီဗိမာန်များ လက်သရမ်းဖျက်ဆီးခံ ရခြင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးသဘောထားတင်းမာတဲ့ အခြေခံဝါဒီများ အင်အားကြီးထွား လာ ခြင်း၊ လက်ရဲဇက်ရဲဖြစ်လာခြင်းကို ပြသရာရောက်ရှိခြင်းနဲ့အတူ မိုဟာမက်ယူနွတ် ဦးဆောင် ကြားဖြတ် အစိုးရရဲ့ ထိန်းချုပ်နိုင်မှုစွမ်းရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ယာယီအစိုးရ အကြံပေးအရာရှိချုပ် ယူနွတ်ကတော့ အဆိုပါ တိုက်ခိုက်မှုနဲ့ ဥပဒေချိုးဖောက်ရာရောက်ရှိတဲ့ ကိုယ့်ကျင့်တရား ပျက်ပြားမှုအဖြစ် ရှုတ်ချခဲ့ပါတယ်။ ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ ဆူဖီအနေနဲ့ အစ္စလာမ်နဲ့ ကွဲလွဲတယ်လို့ ယူဆကြတဲ့ သဘောထားတင်းမာသူ အခြခံဝါဒီများလက်ချက် ဖြစ်နိုင်စရာရှိပါတယ်၊ သူတို့က ဆူဖီဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်တဲ့ ဂိုဏ်းကွဲနဲ့ ကျင့်ထုံးများအဖြစ် ရှုမြင်ကြပါတယ်။ ပြည်တွင်း ဘာသာရေး သဘောထားတင်းမာသူ နိုင်ငံရေးအုပ်စုများအဖြစ် လူသိများတဲ့ “ဟီဖာဇက်အီးအစ္စလာမ် ဘင်္ဂလားဒေ့ရှ်” နဲ့ “ဂျမတ်အီအစ္စလာမ်မီ” တို့ကတော့ ယခုလို တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်တယ်လို့ မရှိခဲ့ဖူးပါဘူး။

ဒါပေမဲ့ ဆူဖီဗိမာန်များပါ တိုက်ခိုက်ခံလာရတဲ့အတွက် တခြားသော အစ္စလာမ်ဘာသာဝင်တွေကတော့ ထိတ် လန့်တုန်လှုပ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အစ္စလာမ်သာသနာကို မြှင့်တင်ပေးခဲ့တဲ့ သူတော်စင်များစွာ ထွန်းကားရာ တိုင်းပြည်ဖြစ်ကြောင်း ထောက်ပြနေကြပါတယ်။ (ဟာစီနာအလွန် နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ အီရတ်-ဆီးရီးယား-လစ်ဗျားတို့လို ဘာသာရေး အစွန်းရောက်အကြမ်းဖက်များ ခေါင်းထောင် လာတဲ့အထိ ဦးတည်သွားမှာကို စိုးရိမ်နေကြပါတယ်)

ဆူဖီဗိမာန်တွေဟာ မွတ်စလင်များအတွက်သာမက ဟိန္ဒူဘာသာဝင်များအပါအဝင် အခြားကိုးကွယ်ရာ ဘာ သာများမှ လူအများလည်း လာရောက်လည်ပတ်ကြလေ့ရှိကြတဲ့အတွက် ယခုလို တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်နိုင်ဖို့ ဆန္ဒရှိကြပါတယ်။

ဆူဖီဘုရားကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ မသမာသူတွေကို စာရင်းပြုစုပြီး တင်းကြပ်တဲ့ အရေးယူမှုတွေ စတင်ဖို့ လုပ်ဆောင်နေကြောင်း၊ ယာယီအစိုးရအနေနဲ့ ဗိမာန်များ-ဘုရား ကျောင်းများနဲ့ ယဉ်ကျေးမှုဆိုင်ရာနေရာများကို လုံလောက်သော ကာကွယ်ရေးအစီအမံများပြုလုပ်ရန် ဥပဒေ စိုးမိုးရေးအေဂျင်စီများအား ညွှန်ကြားထားကြောင်း၊ သဟဇာတဖြစ်တည်နေသော နိုင်ငံအဖြစ် ဆက်လက်ရပ် တည်နေမှာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပြီး ဘာသာရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ခြား နားချက်အပေါ် နှောင့်ယှက်ရန် ကြိုးပမ်းမှုမှန်သမျှကို ဆူကြုံနိမ့်မြင့် မခွဲခြားပဲ ထိရောက်ပြင်းထန်စွာ အရေးယူ သွားမှာဖြစ်ကြောင်း မိုဟာမက်ယူနွတ်ရဲ့ အကြံပေးအရာရှိချုပ်ရုံးက ကြေညာပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ပြင်သစ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနဲ့ ပါရီမြို့အခြေစိုက် “ဘင်္ဂလားဒေ့ရှ် တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့” ရဲ့ အကြံပေးအရာရှိချုပ် ရောဘတ်ဆိုင်မွန်ကတော့ ဘင်္ဂလားဒေ့ရှ် လူနည်းစုအသိုင်းအဝိုင်းများအပေါ် စနစ်တကျ အကြမ်းဖက်မှုဟာ အဲ့ဒီလူတွေရဲ့ အခြေခံအ ခွင့်အရေးများကို တိုက်ခိုက်ရုံသာမက တန်းတူညီမျှမှုနဲ့ တရားမျှတမှုဆိုင်ရာ အခြေခံမူများကိုပါ ထိပါးလာ ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အတူ နိုင်ငံတကာ အသိုင်းအဝန်းတို့ကလည်း ဒီလို ထိရှလွယ်သူ တွေအပေါ် ချက်ခြင်း အကာအကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

(Times of India., 15 September 2024,” After attacks on minorities, Bangladesh Sufi shrines targeted TNN” ကို ဆီလျော်အောင်ကောက်နုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ဘဂၤလားေဒ့ရွ္တြင္ ဟိႏၵဴႏွင့္ လူနည္းစုမ်ား အၾကမ္းဖက္ခံရၿပီးေနာက္ အစၥလာမ္ ဆူဖီဗိမာန္မ်ားကိုပါ ပစ္မွတ္ထား တိုက္ခိုက္လာ
Htay Oung (NP News) - စက္တင္ဘာ ၁၇

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဘာသာေရး လူနည္းစုမ်ားနဲ႔ ၎တို႔ရဲ႕ ဝတ္ျပဳရာေနရာမ်ားကို အၾကမ္းဖက္မႈမ်ားျဖစ္ပြား အၿပီး ယခုရက္ပိုင္းမ်ားအတြင္း အစၥလာမ္ဆူဖီဗိမာန္မ်ားမွာလည္း ရမ္းကားဖ်က္ဆီးမႈမ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရ တယ္ လို႔ နယူးေဒလီအေျခစိုက္ “တိုင္းမ္းေအာ့ဖ္အင္ဒီးယား”က စက္တင္ဘာလ ၁၅ ရက္မွာ ေရးသားပါတယ္။

ဆူဖီဒႆနမွာ အစၥလာမ္သာသနာေစာေစာပိုင္းကတည္းက ထြန္းကားခဲ့ပါဘယ္။ အစၥလာမ္ရဲ႕ သန႔္စင္ျခင္း၊ စိတ္ဝိညာဥ္ေရးရာ၊ ဓေလ့ထုံးတမ္းမ်ားနဲ႔ တမန္ေတာ္ထံ ျပန္လည္ဆက္သြယ္ရန္ အားထုတ္ျခင္းအယူအဆမ်ား ပဲျဖစ္ပါတယ္။ ၁၁-ရာစုမွာ လူသိမ်ားလာၿပီး အစၥလာမ္ရဲ႕ တင္းၾကပ္တဲ့ ဥခြံအတြင္းမွ ေဖာက္ထြက္ျခင္းအျဖစ္ အ ေနာက္ႏိုင္ငံမ်ားတိုင္ေအာင္ စိတ္ဝင္စားျခင္းခံရတဲ့ ဒႆနမ်ားနဲ႔ က်င့္စဥ္မ်ားပါဝင္ေနပါတယ္။ ဆူဖီဟာ ဆြန္နီ နဲ႔ ရွီအာဂိုဏ္းကြဲ ႏွစ္ခုစလုံးမွာ ရွိေပမယ့္ သေဘာထားတင္းမာတဲ့ အစြန္းေရာက္ အစၥလာမ္မစ္မ်ား၊ ဆလားဖစ္ ဝါဒီမ်ား၊ ဝါဟာဘီဝါဒီမ်ားရဲ႕ အစဥ္တစိုက္ ထိုးႏွက္တိုက္ခိုက္ျခင္းကို ခံခဲ့ရပါတယ္။ ဒါေပမယ့္ ဆူဖီဟာ အစၥ လာမ္ကမာၻမွာ အေရးႀကီးတဲ့ အခန္းက႑မွ ယေန႔တိုင္ဆက္လက္ပါဝင္ေနပါတယ္။

ကမာၻအရပ္ရပ္ရွိ ဆူဖီဗိမာန္ သို႔မဟုတ္ ဘုရားေက်ာင္းမ်ားကို အမ်ိဳးဘာသာ ကိုးကြယ္ယုံၾကည္မႈ မခြဲျခားပဲ ဝတ္ျပဳရာေနရာမ်ားအျဖစ္ ႏွစ္ေပါင္းမ်ားစြာ လူသိမ်ားခဲ့ပါတယ္။ ယခုလို ဆူဖီဗိမာန္မ်ား လက္သရမ္းဖ်က္ဆီးခံ ရျခင္းဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဘာသာေရးသေဘာထားတင္းမာတဲ့ အေျခခံဝါဒီမ်ား အင္အားႀကီးထြား လာ ျခင္း၊ လက္ရဲဇက္ရဲျဖစ္လာျခင္းကို ျပသရာေရာက္ရွိျခင္းနဲ႔အတူ မိုဟာမက္ယူႏြတ္ ဦးေဆာင္ ၾကားျဖတ္ အစိုးရရဲ႕ ထိန္းခ်ဳပ္ႏိုင္မႈစြမ္းရည္အေပၚ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။

ယာယီအစိုးရ အႀကံေပးအရာရွိခ်ဳပ္ ယူႏြတ္ကေတာ့ အဆိုပါ တိုက္ခိုက္မႈနဲ႔ ဥပေဒခ်ိဳးေဖာက္ရာေရာက္ရွိတဲ့ ကိုယ့္က်င့္တရား ပ်က္ျပားမႈအျဖစ္ ရႈတ္ခ်ခဲ့ပါတယ္။ ဘုရားေက်ာင္းမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းဟာ ဆူဖီအေနနဲ႔ အစၥလာမ္နဲ႔ ကြဲလြဲတယ္လို႔ ယူဆၾကတဲ့ သေဘာထားတင္းမာသူ အျခခံဝါဒီမ်ားလက္ခ်က္ ျဖစ္ႏိုင္စရာရွိပါတယ္၊ သူတို႔က ဆူဖီဟာ အစၥလာမ္ဘာသာကို ဆန႔္က်င္တဲ့ ဂိုဏ္းကြဲနဲ႔ က်င့္ထုံးမ်ားအျဖစ္ ရႈျမင္ၾကပါတယ္။ ျပည္တြင္း ဘာသာေရး သေဘာထားတင္းမာသူ ႏိုင္ငံေရးအုပ္စုမ်ားအျဖစ္ လူသိမ်ားတဲ့ “ဟီဖာဇက္အီးအစၥလာမ္ ဘဂၤလားေဒ့ရွ္” နဲ႔ “ဂ်မတ္အီအစၥလာမ္မီ” တို႔ကေတာ့ ယခုလို တိုက္ခိုက္မႈမ်ားနဲ႔ ပတ္သက္ၿပီး ဆန႔္က်င္ကန႔္ကြက္တယ္လို႔ မရွိခဲ့ဖူးပါဘူး။

ဒါေပမဲ့ ဆူဖီဗိမာန္မ်ားပါ တိုက္ခိုက္ခံလာရတဲ့အတြက္ တျခားေသာ အစၥလာမ္ဘာသာဝင္ေတြကေတာ့ ထိတ္ လန႔္တုန္လႈပ္ေနၾကပါတယ္။ ဘဂၤလားေဒ့ရွ္ဟာ အစၥလာမ္သာသနာကို ျမႇင့္တင္ေပးခဲ့တဲ့ သူေတာ္စင္မ်ားစြာ ထြန္းကားရာ တိုင္းျပည္ျဖစ္ေၾကာင္း ေထာက္ျပေနၾကပါတယ္။ (ဟာစီနာအလြန္ ႏိုင္ငံေရး မၿငိမ္မသက္ျဖစ္ေနတဲ့ ဘဂၤလားေဒ့ရွ္ဟာ အီရတ္-ဆီးရီးယား-လစ္ဗ်ားတို႔လို ဘာသာေရး အစြန္းေရာက္အၾကမ္းဖက္မ်ား ေခါင္းေထာင္ လာတဲ့အထိ ဦးတည္သြားမွာကို စိုးရိမ္ေနၾကပါတယ္)

ဆူဖီဗိမာန္ေတြဟာ မြတ္စလင္မ်ားအတြက္သာမက ဟိႏၵဴဘာသာဝင္မ်ားအပါအဝင္ အျခားကိုးကြယ္ရာ ဘာ သာမ်ားမွ လူအမ်ားလည္း လာေရာက္လည္ပတ္ၾကေလ့ရွိၾကတဲ့အတြက္ ယခုလို တိုက္ခိုက္မႈေတြကို ခ်က္ခ်င္း ရပ္တန႔္ႏိုင္ဖို႔ ဆႏၵရွိၾကပါတယ္။

ဆူဖီဘုရားေက်ာင္းေတြကို ပစ္မွတ္ထား တိုက္ခိုက္မႈမွာ ပါဝင္ပတ္သက္ေနတဲ့ မသမာသူေတြကို စာရင္းျပဳစုၿပီး တင္းၾကပ္တဲ့ အေရးယူမႈေတြ စတင္ဖို႔ လုပ္ေဆာင္ေနေၾကာင္း၊ ယာယီအစိုးရအေနနဲ႔ ဗိမာန္မ်ား-ဘုရား ေက်ာင္းမ်ားနဲ႔ ယဥ္ေက်းမႈဆိုင္ရာေနရာမ်ားကို လုံေလာက္ေသာ ကာကြယ္ေရးအစီအမံမ်ားျပဳလုပ္ရန္ ဥပေဒ စိုးမိုးေရးေအဂ်င္စီမ်ားအား ၫႊန္ၾကားထားေၾကာင္း၊ သဟဇာတျဖစ္တည္ေနေသာ ႏိုင္ငံအျဖစ္ ဆက္လက္ရပ္ တည္ေနမွာကို ရွင္းရွင္းလင္းလင္း ထုတ္ေဖာ္ေျပာဆိုထားၿပီး ဘာသာေရး သို႔မဟုတ္ ယဥ္ေက်းမႈဆိုင္ရာ ျခား နားခ်က္အေပၚ ေႏွာင့္ယွက္ရန္ ႀကိဳးပမ္းမႈမွန္သမွ်ကို ဆူႀကဳံနိမ့္ျမင့္ မခြဲျခားပဲ ထိေရာက္ျပင္းထန္စြာ အေရးယူ သြားမွာျဖစ္ေၾကာင္း မိုဟာမက္ယူႏြတ္ရဲ႕ အႀကံေပးအရာရွိခ်ဳပ္႐ုံးက ေၾကညာပါတယ္။

ယခုျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ထင္ရွားတဲ့ ျပင္သစ္လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူနဲ႔ ပါရီၿမိဳ႕အေျခစိုက္ “ဘဂၤလားေဒ့ရွ္ တရားမွ်တမႈ ေဖာ္ေဆာင္ေရးအဖြဲ႕” ရဲ႕ အႀကံေပးအရာရွိခ်ဳပ္ ေရာဘတ္ဆိုင္မြန္ကေတာ့ ဘဂၤလားေဒ့ရွ္ လူနည္းစုအသိုင္းအဝိုင္းမ်ားအေပၚ စနစ္တက် အၾကမ္းဖက္မႈဟာ အဲ့ဒီလူေတြရဲ႕ အေျခခံအ ခြင့္အေရးမ်ားကို တိုက္ခိုက္႐ုံသာမက တန္းတူညီမွ်မႈနဲ႔ တရားမွ်တမႈဆိုင္ရာ အေျခခံမူမ်ားကိုပါ ထိပါးလာ ျခင္းျဖစ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔အတူ ႏိုင္ငံတကာ အသိုင္းအဝန္းတို႔ကလည္း ဒီလို ထိရွလြယ္သူ ေတြအေပၚ ခ်က္ျခင္း အကာအကြယ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

(Times of India., 15 September 2024,” After attacks on minorities, Bangladesh Sufi shrines targeted TNN” ကို ဆီေလ်ာ္ေအာင္ေကာက္ႏုတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.