အမေရိကန် တေးဂီတအဖွဲ့ Jackson 5 ရဲ့အဖွဲ့ဝင် တီတိုဂျက်ဆင် အသက်(၇၀)မှာ ကွယ်လွန်

 140

ရောင်နီ (NP News) - စက်တင်ဘာ ၁၇

အမေရိကန် နာမည်ကျော် တေးဂီတအဖွဲ့ Jackson 5 ရဲ့အဖွဲ့ဝင် ဂစ်တာသမား၊ အဆိုတော် တီတိုဂျက်ဆင်ဟာ အသက်(၇၀)အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သူ့ရဲ့မိသားစုက စက်တင်ဘာ ၁၅ ရက်နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ဖခင်၊ Rock & Roll Hall of Famer တီတိုဂျက်ဆင်ဟာ ကျွန်တော်တို့နဲ့အတူမရှိတော့ကြောင်း ကြေညာလိုက်ပါတယ်"လို့ အစချီထားတဲ့ caption နဲ့ သားဖြစ်သူရဲ့ ဂီတအဖွဲ့ 3T က ဂျက်ဆင်နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ Instagram မှာ တင်ခဲ့ပါတယ်။ တီတိုဟာ နယူးမက္ကဆီကိုမှ အိုကလာဟိုမာရှိ ၎င်းရဲ့နေအိမ်သို့ ကားမောင်းပြန်လာနေရင်း စက်တင်ဘာ ၁၅ ရက်က နှလုံးဖောက် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တီတိုဟာ မိုက်ကယ်ဂျက်ဆင်၊ ဂျာမိုင်နီဂျက်ဆင်၊ ဂျက်ကီဂျက်ဆင်၊ မာလွန်ဂျက်ဆင်၊ ရန်ဒီဂျက်ဆင် အပါအဝင် ဂျက်ဆင် ၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသား တေးဂီတအဖွဲ့ The Jackson 5 ရဲ့ မူလအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူတို့အဖွဲ့ဟာ "I want you back" "ABC" "Enjoy yourself" ဆိုတဲ့ သီချင်းတွေနဲ့ လူကြိုက်များခဲ့ပါတယ်။

zawgyi version
အေမရိကန္ ေတးဂီတအဖြဲ႕ Jackson 5 ရဲ႕အဖြဲ႕ဝင္ တီတိုဂ်က္ဆင္ အသက္(၇၀)မွာ ကြယ္လြန္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇

အေမရိကန္ နာမည္ေက်ာ္ ေတးဂီတအဖြဲ႕ Jackson 5 ရဲ႕အဖြဲ႕ဝင္ ဂစ္တာသမား၊ အဆိုေတာ္ တီတိုဂ်က္ဆင္ဟာ အသက္(၇၀)အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ သူ႔ရဲ႕မိသားစုက စက္တင္ဘာ ၁၅ ရက္ေႏွာင္းပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

"ကြၽန္ေတာ္တို႔ရဲ႕ဖခင္၊ Rock & Roll Hall of Famer တီတိုဂ်က္ဆင္ဟာ ကြၽန္ေတာ္တို႔နဲ႔အတူမရွိေတာ့ေၾကာင္း ေၾကညာလိုက္ပါတယ္"လို႔ အစခ်ီထားတဲ့ caption နဲ႔ သားျဖစ္သူရဲ႕ ဂီတအဖြဲ႕ 3T က ဂ်က္ဆင္နဲ႔အတူ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံနဲ႔အတူ Instagram မွာ တင္ခဲ့ပါတယ္။ တီတိုဟာ နယူးမကၠဆီကိုမွ အိုကလာဟိုမာရွိ ၎ရဲ႕ေနအိမ္သို႔ ကားေမာင္းျပန္လာေနရင္း စက္တင္ဘာ ၁၅ ရက္က ႏွလုံးေဖာက္ ေသဆုံးသြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

တီတိုဟာ မိုက္ကယ္ဂ်က္ဆင္၊ ဂ်ာမိုင္နီဂ်က္ဆင္၊ ဂ်က္ကီဂ်က္ဆင္၊ မာလြန္ဂ်က္ဆင္၊ ရန္ဒီဂ်က္ဆင္ အပါအဝင္ ဂ်က္ဆင္ ၅ ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ အမ်ိဳးသား ေတးဂီတအဖြဲ႕ The Jackson 5 ရဲ႕ မူလအဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး သူတို႔အဖြဲ႕ဟာ "I want you back" "ABC" "Enjoy yourself" ဆိုတဲ့ သီခ်င္းေတြနဲ႔ လူႀကိဳက္မ်ားခဲ့ပါတယ္။

Related news

© 2021. All rights reserved.