မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသောနိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
292
ခေတ်မင်းကို (NP News) - စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ (၁၀၂၇)စစ်ဆင် ရေးဒုတိယပိုင်းအဖြစ် မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိုးစစ်တွေ ဆင်လာခဲ့ပြီးတော့ ရှမ်းမြောက်ဒေသရဲ့ အရေးပါတဲ့စီးပွားရေးမြို့တော် လာရှိုးကို သိမ်းပိုက်လိုက်ပါတယ်။ ဒီလို ရှမ်းပြည် မြောက်ပိုင်းကသတင်းတွေထွက်ပေါ်နေချိန်မှာ တရုတ်နိုင်ငံရဲ့ ကူမင်း-ကျောက်ဖြူ စင်္ကြံစီမံကိန်း BRI (Belt and Road Initiative) စီမံကိန်းအစိတ်အပိုင်း နယ်မြေဖြစ်တာကြောင့် နိုင်ငံတကာနဲ့ အာဆီယံဒေသတွေအကြားမှာ စိတ်ဝင်စားမှု အများဆုံးရနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်တောင်ပိုင်းမှာလည်း နာမည်ကျော် စီမံကိန်းကြီးတစ်ခုကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အကူအညီနဲ့ အကောင်အထည်ဖော်နေပါတယ်။ ဒီစီမံကိန်းကို ပြည်တွင်းရောပြည်ပပါ စိတ်ဝင် စားမှုနည်းပါးတာကြောင့် လူသိနည်းကြပါတယ်။ အမှန်တကယ် တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းတွေလိုပဲ မြန်မာနိုင်ငံ တောင်ပိုင်းရဲ့ အရှေ့အနောက် အာရှစီးပွားရေးစင်္ကြံ (East–West Economic Corridor)ဟာလည်း မြန်မာပြည်ရဲ့ ထိပ်တန်းစီးပွားရေးစီမံကိန်းဖြစ်ပြီးတော့ ထိုင်း-မြန်မာ နယ်စပ်မြဝတီကနေ မော်လမြိုင်ဆိပ်ကမ်းနဲ့ စက်မှုဇုန်၊ နောက် တစ်ဆင့်အနေနဲ့ မော်လမြိုင်ကနေ ရန်ကုန်သီလဝါစက်မှုဇုန်အထိ ချိတ် ဆက် အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
နိုင်ငံလေးခုကိုချိတ်ဆက်ထားတဲ့ အရှေ့အနောက် အာရှစီးပွားရေးစင်္ကြံမှာ ဗီယက်နမ်နိုင်ငံက တောင်တရုတ် ပင်လယ်ပြင်ကိုအခြေပြုထားတဲ့ ဆိပ်ကမ်းမြို့ တွေကနေတစ်ဆင့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းစတဲ့ နိုင်ငံတွေကိုဖြတ် ကျော်ပြီး မြန်မာနိုင်ငံရဲ့ ရန်ကုန်၊ မော်လမြိုင်နဲ့ ထားဝယ်ဆိပ်ကမ်းတွေမှာ အဆုံးသတ်မှာပါ။ ဒါဟာ အာဆီယံဒေသ အတွင်းမှာ စီးပွားရေး ဆိုင်ရာကွင်းဆက် ဖော်ဆောင်နေတာဖြစ်ပြီးတော့ အာရှလမ်းတစ်လျှောက်မှာ စက်မှုဇုန်နဲ့ ကုန်သွယ်ရေး ဇုန်တွေ၊ စီးပွားရေးစင်တာတွေဖွင့်လှစ်သွားမှာပါ။ လက်ရှိမှာတော့ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနဲ့ဗီ ယက်နမ်တွေဘက်မှာ အခြေခံအဆောက်အအုံတွေ မြေရာဖော်ထုတ်ရေးတွေတည်ဆောက်ပြီးစီးသွားပါပြီ။ မြန်မာ ပြည်တစ်ခုတည်းပဲ ကျန်နေသေးတဲ့အပြင် အာရှလမ်းမဟာလည်း ကော့ကရိတ်မြို့အဝင် အိန္ဒုရွာ အနီးမှာတင် ဆက်မ ဖောက်နိုင်တော့ဘဲရပ်တန့်နေပါတယ်။
(၂၀၂၁) နိုင်ငံရေးအပြောင်းအလဲတွေနောက်ပိုင်း လမ်းမပေါ်ကဆန္ဒပြပွဲတွေ ပြီးဆုံးသွားချိန်မှာတော့ တိုင်းရင်း သားနယ်မြေတွေကို မြန်မာလူငယ်တွေ လက်နက်ကိုင်တော်လှန်ပုန်ကန်ဖို့ မြို့ပေါ်က နေထွက်ခွာသွားကြပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ မြို့ပေါ်ကထွက်သွားတဲ့လူငယ်တွေကို တောထဲမှာ ‘‘ကျည်ဆန်ကုန်သွားရင် ရပ်သွား လိမ့်မယ်၊ မြို့ပေါ်ပြန်လာမှာပဲ”လို့ (၁၉၈၈)ခုနှစ် ဖြစ်စဉ်တွေလို လျှော့တွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သုံးနှစ် ကျော်ကြာ တဲ့အချိန်မှာ မြန်မာပြည်တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေဟာ ထိုင်း-မြန်မာ နယ်စပ်မြို့ မြဝတီဗျူဟာစခန်း သင်္ဃန်းညီနောင်ကို သိမ်းပိုက်ခဲ့ကြဖူးတဲ့အပြင် လက်ကျန်စခန်းတွေကို သိမ်းပိုက်ဖို့ ပြင်နေပါတယ်။ ကော့ကရိတ်မြို့ ထဲအထိ တော်လှန် ပုန်ကန်သူတွေဝင်ရောက်နိုင်ခဲ့သလို ကော့ကရိတ်ခရိုင်တစ်ခုလုံးနီးပါး စစ်ဆင်ရေးနယ်မြေ ဖြစ်သွားခဲ့ ပါတယ်။ ဒီလိုအခြေအနေရောက်လာချိန်မှာတော့ အရှေ့အနောက်အာရှ စီးပွားရေးစင်္ကြံစီမံကိန်းဟာ ဘယ်လိုမှ အလွယ်တကူအကောင်အထည်ဖော်ဖို့မ လွယ်ကူတော့သလို အာဆီယံနိုင်ငံတွေရဲ့ စိုးရိမ်မှု ဟာလည်း အမြင့်ဆုံးကို ရောက်ရှိသွားပါပြီ။
ကိုယ်တိုင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေကို သွားရောက်လေ့လာ ပြီးတော့ မြန်မပြည် တောင်ပိုင်းက နိုင်ငံတော်အဆင့် စီမံကိန်းတွေရဲ့ နစကအလွန်ကာလမှာ ပေါ်ပေါက်လာမယ့်အစိုးရရဲ့ အနာဂတ်ကို ပုံဖော်ကြည့်ပါတယ်။ ဖြစ်နိုင်ခြေအရ အလွန်နည်းလွန်းတဲ့အပြင် မြဝတီကုန် သွယ်ရေးလမ်းကြောင်းကိုတောင် ပြန်လည် အကောင်အထည်ဖော်ဖို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းနိုင်မှသာ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ရန်ကုန်ကနေ မြဝတီကို ထွက်ခွာမယ်ဆိုရင် လမ်းကြောင်း သုံးမျိုးရှိပြီးတော့ ကုန်သွယ်ရေးအရရော တစ်ဦးချင်းခရီးသွား ဖို့အတွက် လတ်တလော အသုံးပြုနေရဆဲပါ။ ကုန်သွယ်ရေးအရ ယခင်က ကြားခံ ကုန်သွယ်ရေး မြို့ဟာ ဘားအံဖြစ်ပြီးတော့ လက်ရှိမှာတော့ မွန်ပြည် နယ်သထုံမြို့ကို ပြောင်းလဲသွားပါပြီ။ ရန်ကုန်ကနေ မြဝတီတိုက်ရိုက် အံစာတုံးကားအသေးတွေအနည်း ငယ်ရှိပေမယ့် အများစုကတော့ ပဲခူးဘုရားကြီး လမ်းဆုံကနေ စထွက်ကြပါတယ်။ အဲဒီအံစာတုံး ကားသေးတွေဟာ ဘားအံကိုလည်းရောက်တဲ့အပြင် လှိုင်းဘွဲ့ကနေမြဝတီကို ချိတ်ဆက်လမ်းတွေက တစ်ဆင့်သွားကြတာပါ။ ဒါ့ပြင် ရန်ကုန်-သာမည ဘတ်စကားတွေ၊ ရန်ကုန်-မော်လမြိုင်ရထားတွေနဲ့လည်း တစ်ဆင့်ခံ ခရီးသွားလို့ရပါတယ်။
မြဝတီကုန်သွယ်ရေးဟာ ယခင်(၂၀၁၈-၁၉)ဘဏ္ဍာနှစ်တွေမှာ ဒေါ်လာသန်း(၆၀ဝ)နီးပါးအထိ ကုန်သွယ် နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာပြည်တောင်ပိုင်းတစ်ခုလုံး ကုန်သွယ်ရေးဟာ တစ်နှစ်ကို ဒေါ်လာ သန်း ခြောက်ဆယ် မကျော်တော့ဘူးလို့ ကုန်သွယ်ရေးဦးစီဌာနကထုတ်ပြန်တဲ့ စာရင်းအင်း တွေအရသိရပါတယ်။ ဒါဟာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးကျဆင်းနေရသလို အုပ်ချုပ်ရေးအရလည်း မြဝတီမြို့ဟာ နယ်ခြား စောင့် တပ်ဖွဲ့ BGF တွေရဲ့ လုံခြုံရေးအကူအညီယူထားရလို့ပါ။ အဆိုးဆုံးအချက်ကတော့ တရားမဝင်ကုန်သွယ်မှုနဲ့ မှောင်ခိုလုပ်ငန်းတွေကတော့ ဆက်လက်လည် ပတ်နေတာကြောင့် အဓိကကုန်သွယ်နေတဲ့ ကုန်စည်အများစု ဟာလည်း အခွန်မဆောင်ဘဲ ရန်ကုန်ဈေး ကွက်ထဲကိုဝင်ရောက်နေပါတယ်။ မြန်မာပြည်ဘက် ကကုန်စည်တွေကိုလည်း မြဝတီဒေသမှာရှိတဲ့ KNU နဲ့ BGF ထိန်းချုပ်သောင်ရင်းမြစ်ဘေး ဆိပ်ကမ်းတွေနဲ့မဲဆောက်ဘက်ကို တင်ပို့နေကြပါတယ်။ မြန်မာပြည်တွင်းကိုလည်း ကုန်စည်တွေဝင်ရောက် နေပေမယ့် အများစုဟာ မ.ဆ.လ အစိုးရခေတ်တုန်း ကလိုပဲ အခွန် မဆောင်ဘဲ မှောင်ခိုသယ်ဆောင်နေတာပါ။ အဲဒီလမ်းကြောင်းတွေကို ကုန်သွယ်ရေးဌာနနဲ့ အကောက်ခွန်ဌာနတွေက ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်နဲ့ ပဲခူးတိုင်းအတွင်း ညောင်ခါးရှည် X Ray စက်စစ်ဆေးရေးစခန်းတွေနဲ့ စစ်ဆေးနေပေ မယ့် ကုန်သည်တွေဟာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အကျိုးတူပူးပေါင်းထားနိုင်တာကြောင့် နိုင်ငံတော်ဟာ အခွန်ငွေတွေ ဆုံးရှုံးနေဆဲပါပဲ။
မြဝတီကုန်သွယ်ရေးလမ်းကြောင်းဟာ ယခင်က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကိုသာ လုပ်ကိုင်ပေမယ့် လက်ရှိမှာတော့ အရှေ့အနောက် အာရှစီးပွားရေးစင်္ကြံ (East–West Economic Corridor) အစိတ်အပိုင်းရဲ့ အကောင် အထည်ဖော်မှုတွေ စတွေ့ရပါတယ်။ (၂၀၂၀) ရွေးကောက်ပွဲအပြီးမှာ စီမံကိန်းတွေတိုးမြှင့်ဆောင်ရွက်ဖို့ စီစဉ်ထားပေမယ့် နိုင်ငံရေး အပြောင်းအလဲတွေဖြစ်ပေါ်လာတာကြောင့် ဂျိုင်းတံ တား၊ ဇာသပြင်တံတားနဲ့ အတ္တရံတံတားတွေဟာ ခေတ္တ လုပ်ငန်းရပ်ဆိုင်းလိုက်ပေမယ့် လက်ရှိမှာ ပြန်လည် တည်ဆောက်နေပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည် နယ်အစပ်က အဲဒီတံတားတွေဟာ အာရှလမ်းပိုင်းရဲ့ အဓိကတံတားတွေဖြစ်ပြီးတော့ အာရှဖွံဖြိုးရေးဘဏ်ရဲ့အကူအညီနဲ့ တည်ဆောက် နေတာဖြစ်ပါတယ်။ အိန္ဒုရွာအနီးကနေ မော်လမြိုင်အထိ ဆက်ဖောက်မယ့် အာရှလမ်းပိုင်းဟာ မော်လမြိုင်အနီး စက်မှုဇုန် အထိချိတ်ဆက်နိုင်မှာပါ။ ဒီစီမံကိန်းတစ်လျှောက်မှာ စက်မှုဇုန်တွေနဲ့ချိတ်ဆက်ရမှာဖြစ်တာကြောင့် လတ်တလောမှာတော့ စက်မှုဇုန်တွေ တည်ဆောက်ဖို့ မတွေ့ရသေးပါဘူး။
အာရှလမ်းပိုင်းစီမံကိန်းမှာ ကုန်ထုတ်လုပ်မှုဖြစ် စဉ်တွေဟာ တစ်နိုင်ငံတည်းမှာ အပြီးထုတ်လုပ်မှာ မဟုတ်ဘဲ ထပ်ဆင့် ထုတ်လုပ်မှုတွေနဲ့ အရှေ့ဘက်ကို ကုန်စည်တွေစီးဆင်းမှာဖြစ်သလို အနောက်ဘက် အစွန်ဆုံး သီလဝါစီးပွားရေးဇုန်ကနေလည်း နိုင်ငံတကာကိုကုန်သွယ်မှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက ကုန်ကြမ်းတွေဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ထိုင်း ကိုဖြတ်ပြီး အဆင့်ဆင့် ကုန်ချောဖြစ်အောင်ထုတ်လုပ် မှာဖြစ်ပြီး နောက်ဆုံး မြန်မာပြည် ရောက်ချိန်မှာ ကုန်ချောအဖြစ် သီလဝါဆိပ်ကမ်းကနေ နိုင်ငံတကာကို တင်ပို့မှာပါ။ ဒါဟာ အရှေ့အနောက်စီးပွားရေး စင်္ကြံရဲ့ အဓိကရည်ရွယ်ချက်ပါ။ အာရှတိုက်အရှေ့ပိုင်းနဲ့အနောက်ပိုင်းချိတ်ဆက်မှုမှာ မြန်မာပြည်ဟာ အရေးပါတဲ့နေရာ ရောက်ရှိနေပါတယ်။ ဒါပေမဲ့ မြဝတီကနေ ရန်ကုန်အထိ ကုန်စည်စီးဆင်းရာလမ်းတစ်လျှောက်မှာ လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် သထုံနဲ့ဘီးလင်းကြား ကျုံအိတ်တံ တားအပါအဝင် တံတားနှစ်စင်း ဟာ ချိုးဖြတ်တိုက်ခိုက် ခံခဲ့ရပါတယ်။ အကယ်၍ ရှမ်းမြောက်စစ်ဆင်ရေးတွေလို မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင် လာမယ်ဆိုရင် မြန်မာပြည်တောင်ပိုင်းဟာ ကျိုက်ထိုမြို့အထိ စစ်ရေးအန္တရာယ်ရှိတဲ့အနေအထားဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းကလည်း ဘားအံမှာ ဂျပန်အခြေစိုက် စစ်ရုံးဖွင့်ပြီး မဟာမိတ်တပ်တွေကိုတိုက်ခိုက်ခဲ့သလို (၁၉၄၉) ခုနှစ်ဝန်းကျင်ကလည်း မော်လမြိုင်မြို့ဟာ KNDO လက်နက်ကိုင်တွေလက်အောက်ကို ကျရောက်ခဲ့တာ မမေ့သင့်ပါဘူး။ လက်ရှိအချိန်အထိ မြန်မာပြည်တောင်ပိုင်းဒေသမှာ စစ်ရေးကြီးကြီးမား မားလှုပ်ရှားတာမတွေ့ရပေမယ့် မြဝတီကို လက်လွတ်သွားရနိုင်ခြေရှိတဲ့အထိ တောင်ပိုင်းအဖွဲ့တွေမှာ တိုက်ပွဲစွမ်းရည်ရှိနေပါတယ်။
ကော့ကရိတ်မြို့မှာဆိုရင် ရှေ့တန်းစခန်းတွေ ပုံစံအတိုင်း မြို့ဝင်ပေါက်ထွက်ပေါက်တွေကို ထိန်းချုပ်နေရဆဲ ဖြစ်ပြီးတော့ နစကတပ်တွေဟာလည်း ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲ့တစ်လျှောက်မှာ BGF အကူအညီနဲ့ တပ်တွေ လှုပ်ရှားနေရပါတယ်။ ကိုယ်တိုင်ဘားအံကိုရောက်ရှိနေချိန်မှာ ကရင်ပြည် နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဒရုန်း တွေ မတိုက်ခိုက်နိုင်အောင် ဂျန်ပါတွေကို ကားပေါ်တင်ပြီး မီးစက်နှိုးကာ ယာဉ်တန်းမောင်းနှင်ရပါတယ်။ ကရင်ပြည် နယ်တစ်ခုလုံးဟာ ပြောက်ကျားတိုက်ခိုက်မှု အချိန်မရွေးဖြစ်လာနိုင်တယ်ဆိုတာထင် ရှားနေပါတယ်။ ကရင်ပြည်နယ်မှာ ကရင်အဖွဲ့အစည်းတွေဟာ အဖွဲ့အစည်းအလိုက် အင်အားမကောင်းပေမယ့် တစ်ဦးချင်းအလိုက် စီးပွားရေးနဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေအထိ အင်အားကောင်းပါတယ်။ အဓိကအဖွဲ့ကြီးလေးဖွဲ့မှာ နှစ်ဖွဲ့က စစ်ဆင်ရေးလုပ်နေပေမယ့် ကျန်နှစ်ဖွဲ့ဟာ ချိန်မရွေးဘက်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် ကရင်ပြည်နယ်မှာ ကရင်တပ်ဖွဲ့တွေအားလုံး စုစည်းသွား မယ်ဆိုရင် နစကတပ်အနေနဲ့ မော်လမြိုင်အပြင် ရန်ကုန်မြို့အထိ စစ်ရေးခြိမ်းခြောက်လာနိုင်ပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းရဲ့ အရှေ့အနောက် အာရှစီးပွားရေးစင်္ကြံ (East–West Economic Corridor) ဟာ နိုင်ငံရေးအပြောင်းအလဲကြောင့် ရပ်နားသွားမှာမဟုတ်ပေမယ့် လုံခြုံရေးအရတာဝန်ယူမယ့် အဖွဲ့အစည်းဟာ တရားဝင် အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်ပါလိမ်မယ်။ ရှမ်းမြောက်မှာတော့ ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာပြီး နစကဘက်က တန်ပြန်ထိုးစစ်ဆင်မယ်လို့ ကြေညာ နေပါတယ်။ နစကတပ်တွေဟာ မြေပြင်ထိုးစစ်အစား ဝေဟင်အသုံးပြုပြီး စစ်ပွဲတွေ ဆင်နွှဲလာနိုင်တာ ကြောင့် တရုတ်ရဲ့ ကျောက်ဖြူ-ကူမင်း ရေနံ ပိုက်လိုင်းဟာ စိုးရိမ်စရာရှိနေပါတယ်။ ဒါ့ပြင် BRI (Belt and Road Initiative) စီမံကိန်းအစိတ်အပိုင်း အကောင်အထည်ဖော် ရာမှာ လည်း သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုအစား ‘‘ဝ”တပ် ဖွဲ့ UWSA ကတစ်ဆင့်ခံကာ သက်ဆိုင်ရာရှမ်း မြောက်နယ်မြေတွေမှာ အကောင်အထည်ဖော်လာနိုင်ပါတယ်။ မြန်မာပြည်တောင်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံတကာ အထူးစီမံကိန်းနယ်မြေတွေထဲပါဝင်နေတာကြောင့် ဆက်လက်စောင့်ကြည့် ရမှာဖြစ်ပါတယ်။ မြန်မာပြည် တောင်ပိုင်းဒေသရဲ့ အရေးပါတဲ့ နောက်ထပ်စီမံကိန်းတစ်ခုလည်းရှိနေပါတယ်။ ဒါကတော့ ထားဝယ်ရေနက် ဆိပ်ကမ်း ကနေ စတင်ပါတယ်။ ဒီအကြောင်းကိုတော့ဆက်လက်ရေးသား တင်ပြပါမယ်။
zawgyi version
ျမန္မာျပည္ေတာင္ပိုင္း လက္နက္ကိုင္ တိုက္ပြဲမ်ားႏွင့္ ႀကီးမားေသာႏိုင္ငံေတာ္အဆင့္စီမံကိန္းမ်ား (အပိုင္း-၁) (ေဆာင္းပါး)
ေခတ္မင္းကို (NP News) - စက္တင္ဘာ ၁၉
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ (၁၀၂၇)စစ္ဆင္ ေရးဒုတိယပိုင္းအျဖစ္ ေျမာက္ပိုင္းညီေနာင္သုံးဖြဲ႕က ထိုးစစ္ေတြ ဆင္လာခဲ့ၿပီးေတာ့ ရွမ္းေျမာက္ေဒသရဲ႕ အေရးပါတဲ့စီးပြားေရးၿမိဳ႕ေတာ္ လာရႈိးကို သိမ္းပိုက္လိုက္ပါတယ္။ ဒီလို ရွမ္းျပည္ ေျမာက္ပိုင္းကသတင္းေတြထြက္ေပၚေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံရဲ႕ ကူမင္း-ေက်ာက္ျဖဴ စႀကႍစီမံကိန္း BRI (Belt and Road Initiative) စီမံကိန္းအစိတ္အပိုင္း နယ္ေျမျဖစ္တာေၾကာင့္ ႏိုင္ငံတကာနဲ႔ အာဆီယံေဒသေတြအၾကားမွာ စိတ္ဝင္စားမႈ အမ်ားဆုံးရေနတာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာျပည္ေတာင္ပိုင္းမွာလည္း နာမည္ေက်ာ္ စီမံကိန္းႀကီးတစ္ခုကို အာရွဖြံ႕ၿဖိဳးေရးဘဏ္ရဲ႕အကူအညီနဲ႔ အေကာင္အထည္ေဖာ္ေနပါတယ္။ ဒီစီမံကိန္းကို ျပည္တြင္းေရာျပည္ပပါ စိတ္ဝင္ စားမႈနည္းပါးတာေၾကာင့္ လူသိနည္းၾကပါတယ္။ အမွန္တကယ္ တ႐ုတ္ႏိုင္ငံရဲ႕ BRI စီမံကိန္းေတြလိုပဲ ျမန္မာႏိုင္ငံ ေတာင္ပိုင္းရဲ႕ အေရွ႕အေနာက္ အာရွစီးပြားေရးစႀကႍ (East–West Economic Corridor)ဟာလည္း ျမန္မာျပည္ရဲ႕ ထိပ္တန္းစီးပြားေရးစီမံကိန္းျဖစ္ၿပီးေတာ့ ထိုင္း-ျမန္မာ နယ္စပ္ျမဝတီကေန ေမာ္လၿမိဳင္ဆိပ္ကမ္းနဲ႔ စက္မႈဇုန္၊ ေနာက္ တစ္ဆင့္အေနနဲ႔ ေမာ္လၿမိဳင္ကေန ရန္ကုန္သီလဝါစက္မႈဇုန္အထိ ခ်ိတ္ ဆက္ အေကာင္အထည္ေဖာ္မွာျဖစ္ပါတယ္။
ႏိုင္ငံေလးခုကိုခ်ိတ္ဆက္ထားတဲ့ အေရွ႕အေနာက္ အာရွစီးပြားေရးစႀကႍမွာ ဗီယက္နမ္ႏိုင္ငံက ေတာင္တ႐ုတ္ ပင္လယ္ျပင္ကိုအေျချပဳထားတဲ့ ဆိပ္ကမ္းၿမိဳ႕ ေတြကေနတစ္ဆင့္ ကေမာၻဒီးယား၊ လာအို၊ ထိုင္းစတဲ့ ႏိုင္ငံေတြကိုျဖတ္ ေက်ာ္ၿပီး ျမန္မာႏိုင္ငံရဲ႕ ရန္ကုန္၊ ေမာ္လၿမိဳင္နဲ႔ ထားဝယ္ဆိပ္ကမ္းေတြမွာ အဆုံးသတ္မွာပါ။ ဒါဟာ အာဆီယံေဒသ အတြင္းမွာ စီးပြားေရး ဆိုင္ရာကြင္းဆက္ ေဖာ္ေဆာင္ေနတာျဖစ္ၿပီးေတာ့ အာရွလမ္းတစ္ေလွ်ာက္မွာ စက္မႈဇုန္နဲ႔ ကုန္သြယ္ေရး ဇုန္ေတြ၊ စီးပြားေရးစင္တာေတြဖြင့္လွစ္သြားမွာပါ။ လက္ရွိမွာေတာ့ ထိုင္း၊ ကေမာၻဒီယား၊ လာအိုနဲ႔ဗီ ယက္နမ္ေတြဘက္မွာ အေျခခံအေဆာက္အအုံေတြ ေျမရာေဖာ္ထုတ္ေရးေတြတည္ေဆာက္ၿပီးစီးသြားပါၿပီ။ ျမန္မာ ျပည္တစ္ခုတည္းပဲ က်န္ေနေသးတဲ့အျပင္ အာရွလမ္းမဟာလည္း ေကာ့ကရိတ္ၿမိဳ႕အဝင္ အိႏၵဳ႐ြာ အနီးမွာတင္ ဆက္မ ေဖာက္ႏိုင္ေတာ့ဘဲရပ္တန႔္ေနပါတယ္။
(၂၀၂၁) ႏိုင္ငံေရးအေျပာင္းအလဲေတြေနာက္ပိုင္း လမ္းမေပၚကဆႏၵျပပြဲေတြ ၿပီးဆုံးသြားခ်ိန္မွာေတာ့ တိုင္းရင္း သားနယ္ေျမေတြကို ျမန္မာလူငယ္ေတြ လက္နက္ကိုင္ေတာ္လွန္ပုန္ကန္ဖို႔ ၿမိဳ႕ေပၚက ေနထြက္ခြာသြားၾကပါတယ္။ သက္ဆိုင္ရာတာဝန္ရွိသူေတြဟာ ၿမိဳ႕ေပၚကထြက္သြားတဲ့လူငယ္ေတြကို ေတာထဲမွာ ‘‘က်ည္ဆန္ကုန္သြားရင္ ရပ္သြား လိမ့္မယ္၊ ၿမိဳ႕ေပၚျပန္လာမွာပဲ”လို႔ (၁၉၈၈)ခုႏွစ္ ျဖစ္စဥ္ေတြလို ေလွ်ာ့တြက္ခဲ့ၾကပါတယ္။ ဒါေပမဲ့ သုံးႏွစ္ ေက်ာ္ၾကာ တဲ့အခ်ိန္မွာ ျမန္မာျပည္ေတာင္ပိုင္းက ေတာ္လွန္ေရးတပ္ဖြဲ႕ေတြဟာ ထိုင္း-ျမန္မာ နယ္စပ္ၿမိဳ႕ ျမဝတီဗ်ဴဟာစခန္း သဃၤန္းညီေနာင္ကို သိမ္းပိုက္ခဲ့ၾကဖူးတဲ့အျပင္ လက္က်န္စခန္းေတြကို သိမ္းပိုက္ဖို႔ ျပင္ေနပါတယ္။ ေကာ့ကရိတ္ၿမိဳ႕ ထဲအထိ ေတာ္လွန္ ပုန္ကန္သူေတြဝင္ေရာက္ႏိုင္ခဲ့သလို ေကာ့ကရိတ္ခ႐ိုင္တစ္ခုလုံးနီးပါး စစ္ဆင္ေရးနယ္ေျမ ျဖစ္သြားခဲ့ ပါတယ္။ ဒီလိုအေျခအေနေရာက္လာခ်ိန္မွာေတာ့ အေရွ႕အေနာက္အာရွ စီးပြားေရးစႀကႍစီမံကိန္းဟာ ဘယ္လိုမွ အလြယ္တကူအေကာင္အထည္ေဖာ္ဖို႔မ လြယ္ကူေတာ့သလို အာဆီယံႏိုင္ငံေတြရဲ႕ စိုးရိမ္မႈ ဟာလည္း အျမင့္ဆုံးကို ေရာက္ရွိသြားပါၿပီ။
ကိုယ္တိုင္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္းေတြကို သြားေရာက္ေလ့လာ ၿပီးေတာ့ ျမန္မျပည္ ေတာင္ပိုင္းက ႏိုင္ငံေတာ္အဆင့္ စီမံကိန္းေတြရဲ႕ နစကအလြန္ကာလမွာ ေပၚေပါက္လာမယ့္အစိုးရရဲ႕ အနာဂတ္ကို ပုံေဖာ္ၾကည့္ပါတယ္။ ျဖစ္ႏိုင္ေျခအရ အလြန္နည္းလြန္းတဲ့အျပင္ ျမဝတီကုန္ သြယ္ေရးလမ္းေၾကာင္းကိုေတာင္ ျပန္လည္ အေကာင္အထည္ေဖာ္ဖို႔ ေတာ္လွန္ေရးအဖြဲ႕ေတြနဲ႔ ညႇိႏႈိင္းႏိုင္မွသာ ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။ ရန္ကုန္ကေန ျမဝတီကို ထြက္ခြာမယ္ဆိုရင္ လမ္းေၾကာင္း သုံးမ်ိဳးရွိၿပီးေတာ့ ကုန္သြယ္ေရးအရေရာ တစ္ဦးခ်င္းခရီးသြား ဖို႔အတြက္ လတ္တေလာ အသုံးျပဳေနရဆဲပါ။ ကုန္သြယ္ေရးအရ ယခင္က ၾကားခံ ကုန္သြယ္ေရး ၿမိဳ႕ဟာ ဘားအံျဖစ္ၿပီးေတာ့ လက္ရွိမွာေတာ့ မြန္ျပည္ နယ္သထုံၿမိဳ႕ကို ေျပာင္းလဲသြားပါၿပီ။ ရန္ကုန္ကေန ျမဝတီတိုက္႐ိုက္ အံစာတုံးကားအေသးေတြအနည္း ငယ္ရွိေပမယ့္ အမ်ားစုကေတာ့ ပဲခူးဘုရားႀကီး လမ္းဆုံကေန စထြက္ၾကပါတယ္။ အဲဒီအံစာတုံး ကားေသးေတြဟာ ဘားအံကိုလည္းေရာက္တဲ့အျပင္ လႈိင္းဘြဲ႕ကေနျမဝတီကို ခ်ိတ္ဆက္လမ္းေတြက တစ္ဆင့္သြားၾကတာပါ။ ဒါ့ျပင္ ရန္ကုန္-သာမည ဘတ္စကားေတြ၊ ရန္ကုန္-ေမာ္လၿမိဳင္ရထားေတြနဲ႔လည္း တစ္ဆင့္ခံ ခရီးသြားလို႔ရပါတယ္။
ျမဝတီကုန္သြယ္ေရးဟာ ယခင္(၂၀၁၈-၁၉)ဘ႑ာႏွစ္ေတြမွာ ေဒၚလာသန္း(၆၀ဝ)နီးပါးအထိ ကုန္သြယ္ ႏိုင္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ျမန္မာျပည္ေတာင္ပိုင္းတစ္ခုလုံး ကုန္သြယ္ေရးဟာ တစ္ႏွစ္ကို ေဒၚလာ သန္း ေျခာက္ဆယ္ မေက်ာ္ေတာ့ဘူးလို႔ ကုန္သြယ္ေရးဦးစီဌာနကထုတ္ျပန္တဲ့ စာရင္းအင္း ေတြအရသိရပါတယ္။ ဒါဟာ လက္နက္ကိုင္တိုက္ပြဲေတြေၾကာင့္ ကုန္သြယ္ေရးက်ဆင္းေနရသလို အုပ္ခ်ဳပ္ေရးအရလည္း ျမဝတီၿမိဳ႕ဟာ နယ္ျခား ေစာင့္ တပ္ဖြဲ႕ BGF ေတြရဲ႕ လုံၿခဳံေရးအကူအညီယူထားရလို႔ပါ။ အဆိုးဆုံးအခ်က္ကေတာ့ တရားမဝင္ကုန္သြယ္မႈနဲ႔ ေမွာင္ခိုလုပ္ငန္းေတြကေတာ့ ဆက္လက္လည္ ပတ္ေနတာေၾကာင့္ အဓိကကုန္သြယ္ေနတဲ့ ကုန္စည္အမ်ားစု ဟာလည္း အခြန္မေဆာင္ဘဲ ရန္ကုန္ေဈး ကြက္ထဲကိုဝင္ေရာက္ေနပါတယ္။ ျမန္မာျပည္ဘက္ ကကုန္စည္ေတြကိုလည္း ျမဝတီေဒသမွာရွိတဲ့ KNU နဲ႔ BGF ထိန္းခ်ဳပ္ေသာင္ရင္းျမစ္ေဘး ဆိပ္ကမ္းေတြနဲ႔မဲေဆာက္ဘက္ကို တင္ပို႔ေနၾကပါတယ္။ ျမန္မာျပည္တြင္းကိုလည္း ကုန္စည္ေတြဝင္ေရာက္ ေနေပမယ့္ အမ်ားစုဟာ မ.ဆ.လ အစိုးရေခတ္တုန္း ကလိုပဲ အခြန္ မေဆာင္ဘဲ ေမွာင္ခိုသယ္ေဆာင္ေနတာပါ။ အဲဒီလမ္းေၾကာင္းေတြကို ကုန္သြယ္ေရးဌာနနဲ႔ အေကာက္ခြန္ဌာနေတြက က်ိဳက္ထိုၿမိဳ႕နယ္၊ မရမ္းေခ်ာင္နဲ႔ ပဲခူးတိုင္းအတြင္း ေညာင္ခါးရွည္ X Ray စက္စစ္ေဆးေရးစခန္းေတြနဲ႔ စစ္ေဆးေနေပ မယ့္ ကုန္သည္ေတြဟာ ဌာနဆိုင္ရာဝန္ထမ္းေတြနဲ႔ အက်ိဳးတူပူးေပါင္းထားႏိုင္တာေၾကာင့္ ႏိုင္ငံေတာ္ဟာ အခြန္ေငြေတြ ဆုံးရႈံးေနဆဲပါပဲ။
ျမဝတီကုန္သြယ္ေရးလမ္းေၾကာင္းဟာ ယခင္က နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းကိုသာ လုပ္ကိုင္ေပမယ့္ လက္ရွိမွာေတာ့ အေရွ႕အေနာက္ အာရွစီးပြားေရးစႀကႍ (East–West Economic Corridor) အစိတ္အပိုင္းရဲ႕ အေကာင္ အထည္ေဖာ္မႈေတြ စေတြ႕ရပါတယ္။ (၂၀၂၀) ေ႐ြးေကာက္ပြဲအၿပီးမွာ စီမံကိန္းေတြတိုးျမႇင့္ေဆာင္႐ြက္ဖို႔ စီစဥ္ထားေပမယ့္ ႏိုင္ငံေရး အေျပာင္းအလဲေတြျဖစ္ေပၚလာတာေၾကာင့္ ဂ်ိဳင္းတံ တား၊ ဇာသျပင္တံတားနဲ႔ အတၱရံတံတားေတြဟာ ေခတၱ လုပ္ငန္းရပ္ဆိုင္းလိုက္ေပမယ့္ လက္ရွိမွာ ျပန္လည္ တည္ေဆာက္ေနပါတယ္။ မြန္ျပည္နယ္နဲ႔ ကရင္ျပည္ နယ္အစပ္က အဲဒီတံတားေတြဟာ အာရွလမ္းပိုင္းရဲ႕ အဓိကတံတားေတြျဖစ္ၿပီးေတာ့ အာရွဖြံၿဖိဳးေရးဘဏ္ရဲ႕အကူအညီနဲ႔ တည္ေဆာက္ ေနတာျဖစ္ပါတယ္။ အိႏၵဳ႐ြာအနီးကေန ေမာ္လၿမိဳင္အထိ ဆက္ေဖာက္မယ့္ အာရွလမ္းပိုင္းဟာ ေမာ္လၿမိဳင္အနီး စက္မႈဇုန္ အထိခ်ိတ္ဆက္ႏိုင္မွာပါ။ ဒီစီမံကိန္းတစ္ေလွ်ာက္မွာ စက္မႈဇုန္ေတြနဲ႔ခ်ိတ္ဆက္ရမွာျဖစ္တာေၾကာင့္ လတ္တေလာမွာေတာ့ စက္မႈဇုန္ေတြ တည္ေဆာက္ဖို႔ မေတြ႕ရေသးပါဘူး။
အာရွလမ္းပိုင္းစီမံကိန္းမွာ ကုန္ထုတ္လုပ္မႈျဖစ္ စဥ္ေတြဟာ တစ္ႏိုင္ငံတည္းမွာ အၿပီးထုတ္လုပ္မွာ မဟုတ္ဘဲ ထပ္ဆင့္ ထုတ္လုပ္မႈေတြနဲ႔ အေရွ႕ဘက္ကို ကုန္စည္ေတြစီးဆင္းမွာျဖစ္သလို အေနာက္ဘက္ အစြန္ဆုံး သီလဝါစီးပြားေရးဇုန္ကေနလည္း ႏိုင္ငံတကာကိုကုန္သြယ္မွာျဖစ္ပါတယ္။ ဗီယက္နမ္ႏိုင္ငံက ကုန္ၾကမ္းေတြဟာ လာအို၊ ကေမာၻဒီးယားနဲ႔ထိုင္း ကိုျဖတ္ၿပီး အဆင့္ဆင့္ ကုန္ေခ်ာျဖစ္ေအာင္ထုတ္လုပ္ မွာျဖစ္ၿပီး ေနာက္ဆုံး ျမန္မာျပည္ ေရာက္ခ်ိန္မွာ ကုန္ေခ်ာအျဖစ္ သီလဝါဆိပ္ကမ္းကေန ႏိုင္ငံတကာကို တင္ပို႔မွာပါ။ ဒါဟာ အေရွ႕အေနာက္စီးပြားေရး စႀကႍရဲ႕ အဓိကရည္႐ြယ္ခ်က္ပါ။ အာရွတိုက္အေရွ႕ပိုင္းနဲ႔အေနာက္ပိုင္းခ်ိတ္ဆက္မႈမွာ ျမန္မာျပည္ဟာ အေရးပါတဲ့ေနရာ ေရာက္ရွိေနပါတယ္။ ဒါေပမဲ့ ျမဝတီကေန ရန္ကုန္အထိ ကုန္စည္စီးဆင္းရာလမ္းတစ္ေလွ်ာက္မွာ လက္နက္ကိုင္ ေတာ္လွန္ေရးတိုက္ပြဲေတြ ျပင္းထန္လာတာေၾကာင့္ သထုံနဲ႔ဘီးလင္းၾကား က်ဳံအိတ္တံ တားအပါအဝင္ တံတားႏွစ္စင္း ဟာ ခ်ိဳးျဖတ္တိုက္ခိုက္ ခံခဲ့ရပါတယ္။ အကယ္၍ ရွမ္းေျမာက္စစ္ဆင္ေရးေတြလို ၿမိဳ႕သိမ္းတိုက္ပြဲေတြ ေဖာ္ေဆာင္ လာမယ္ဆိုရင္ ျမန္မာျပည္ေတာင္ပိုင္းဟာ က်ိဳက္ထိုၿမိဳ႕အထိ စစ္ေရးအႏၲရာယ္ရွိတဲ့အေနအထားျဖစ္ပါတယ္။ ဒုတိယ ကမာၻစစ္အတြင္းကလည္း ဘားအံမွာ ဂ်ပန္အေျခစိုက္ စစ္႐ုံးဖြင့္ၿပီး မဟာမိတ္တပ္ေတြကိုတိုက္ခိုက္ခဲ့သလို (၁၉၄၉) ခုႏွစ္ဝန္းက်င္ကလည္း ေမာ္လၿမိဳင္ၿမိဳ႕ဟာ KNDO လက္နက္ကိုင္ေတြလက္ေအာက္ကို က်ေရာက္ခဲ့တာ မေမ့သင့္ပါဘူး။ လက္ရွိအခ်ိန္အထိ ျမန္မာျပည္ေတာင္ပိုင္းေဒသမွာ စစ္ေရးႀကီးႀကီးမား မားလႈပ္ရွားတာမေတြ႕ရေပမယ့္ ျမဝတီကို လက္လြတ္သြားရႏိုင္ေျခရွိတဲ့အထိ ေတာင္ပိုင္းအဖြဲ႕ေတြမွာ တိုက္ပြဲစြမ္းရည္ရွိေနပါတယ္။
ေကာ့ကရိတ္ၿမိဳ႕မွာဆိုရင္ ေရွ႕တန္းစခန္းေတြ ပုံစံအတိုင္း ၿမိဳ႕ဝင္ေပါက္ထြက္ေပါက္ေတြကို ထိန္းခ်ဳပ္ေနရဆဲ ျဖစ္ၿပီးေတာ့ နစကတပ္ေတြဟာလည္း ေကာ့ကရိတ္၊ ဘားအံ၊ လႈိင္းဘြဲ႕တစ္ေလွ်ာက္မွာ BGF အကူအညီနဲ႔ တပ္ေတြ လႈပ္ရွားေနရပါတယ္။ ကိုယ္တိုင္ဘားအံကိုေရာက္ရွိေနခ်ိန္မွာ ကရင္ျပည္ နယ္အစိုးရအဖြဲ႕တာဝန္ရွိသူေတြဟာ ဒ႐ုန္း ေတြ မတိုက္ခိုက္ႏိုင္ေအာင္ ဂ်န္ပါေတြကို ကားေပၚတင္ၿပီး မီးစက္ႏႈိးကာ ယာဥ္တန္းေမာင္းႏွင္ရပါတယ္။ ကရင္ျပည္ နယ္တစ္ခုလုံးဟာ ေျပာက္က်ားတိုက္ခိုက္မႈ အခ်ိန္မေ႐ြးျဖစ္လာႏိုင္တယ္ဆိုတာထင္ ရွားေနပါတယ္။ ကရင္ျပည္နယ္မွာ ကရင္အဖြဲ႕အစည္းေတြဟာ အဖြဲ႕အစည္းအလိုက္ အင္အားမေကာင္းေပမယ့္ တစ္ဦးခ်င္းအလိုက္ စီးပြားေရးနဲ႔ လက္နက္ ကိုင္တပ္ဖြဲ႕ေတြအထိ အင္အားေကာင္းပါတယ္။ အဓိကအဖြဲ႕ႀကီးေလးဖြဲ႕မွာ ႏွစ္ဖြဲ႕က စစ္ဆင္ေရးလုပ္ေနေပမယ့္ က်န္ႏွစ္ဖြဲ႕ဟာ ခ်ိန္မေ႐ြးဘက္ေျပာင္းႏိုင္ပါတယ္။ ဒါေၾကာင့္ ကရင္ျပည္နယ္မွာ ကရင္တပ္ဖြဲ႕ေတြအားလုံး စုစည္းသြား မယ္ဆိုရင္ နစကတပ္အေနနဲ႔ ေမာ္လၿမိဳင္အျပင္ ရန္ကုန္ၿမိဳ႕အထိ စစ္ေရးၿခိမ္းေျခာက္လာႏိုင္ပါတယ္။
ျမန္မာႏိုင္ငံေတာင္ပိုင္းရဲ႕ အေရွ႕အေနာက္ အာရွစီးပြားေရးစႀကႍ (East–West Economic Corridor) ဟာ ႏိုင္ငံေရးအေျပာင္းအလဲေၾကာင့္ ရပ္နားသြားမွာမဟုတ္ေပမယ့္ လုံၿခဳံေရးအရတာဝန္ယူမယ့္ အဖြဲ႕အစည္းဟာ တရားဝင္ အဖြဲ႕အစည္းျဖစ္ဖို႔ လိုအပ္ပါလိမ္မယ္။ ရွမ္းေျမာက္မွာေတာ့ ညီေနာင္သုံးဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အစည္းေတြအျဖစ္ ေၾကညာၿပီး နစကဘက္က တန္ျပန္ထိုးစစ္ဆင္မယ္လို႔ ေၾကညာ ေနပါတယ္။ နစကတပ္ေတြဟာ ေျမျပင္ထိုးစစ္အစား ေဝဟင္အသုံးျပဳၿပီး စစ္ပြဲေတြ ဆင္ႏႊဲလာႏိုင္တာ ေၾကာင့္ တ႐ုတ္ရဲ႕ ေက်ာက္ျဖဴ-ကူမင္း ေရနံ ပိုက္လိုင္းဟာ စိုးရိမ္စရာရွိေနပါတယ္။ ဒါ့ျပင္ BRI (Belt and Road Initiative) စီမံကိန္းအစိတ္အပိုင္း အေကာင္အထည္ေဖာ္ ရာမွာ လည္း သက္ဆိုင္ရာအစိုးရအဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈအစား ‘‘ဝ”တပ္ ဖြဲ႕ UWSA ကတစ္ဆင့္ခံကာ သက္ဆိုင္ရာရွမ္း ေျမာက္နယ္ေျမေတြမွာ အေကာင္အထည္ေဖာ္လာႏိုင္ပါတယ္။ ျမန္မာျပည္ေတာင္ပိုင္း စစ္ေရးလႈပ္ရွားမႈေတြဟာ ႏိုင္ငံတကာ အထူးစီမံကိန္းနယ္ေျမေတြထဲပါဝင္ေနတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ ရမွာျဖစ္ပါတယ္။ ျမန္မာျပည္ ေတာင္ပိုင္းေဒသရဲ႕ အေရးပါတဲ့ ေနာက္ထပ္စီမံကိန္းတစ္ခုလည္းရွိေနပါတယ္။ ဒါကေတာ့ ထားဝယ္ေရနက္ ဆိပ္ကမ္း ကေန စတင္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ဆက္လက္ေရးသား တင္ျပပါမယ္။