မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို

 194

ယွန်း (NP News) - စက်တင်ဘာ ၂၉

မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများအနေဖြင့် အလုပ်လုပ်ရာတွင် ပို၍ကျပ်တည်းလာပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ကြောင်း ပြည် ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက NP News မှတစ်ဆင့် သုံးသပ် အကြံပြုသည်။

ပြီးခဲ့သည့် ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်းကို တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို စေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနက အေဂျင်စီများထံ စာပေးပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးစာကြောင့် အေဂျင်စီများအနေဖြင့် အလုပ်လုပ်ရာတွင် အခက်တွေ့လာခဲ့ရာ လက်ရှိတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၁၅၀) နီးပါးကို အရေးယူထားကြောင်း အလုပ်သမား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ “အခုကတော့ အရေးယူတော့လည်း ခံရတော့မှာ‌ပေါ့။ စာရွက်ပို့ဖို့ကလည်း ကျွန်တော်တို့ ဘက်က ပြောဖို့ခက်တယ်။ သူတို့ကိုယ်တိုင်က လွှဲပေးမှရမယ့် ကိစ္စလေ။ ကျွန်တော်တို့ကတော့ အများကြီး မပြောလိုပါဘူး။ ပြောလည်းဘာမှထူးမှာမဟုတ်ဘူး။ အမှန်တော့ ကျွန်တော်တို့အလုပ်က အလုပ်ပေါ်မှာ တာဝန်ကျေရမယ်၊ အလုပ်ပေါ်မှာ တာဝန်ကျေရအောင် လုပ်ပေးရမယ်၊ ကာကွယ် စောင့် ရှောက်ပေးရမယ်လေ။ သူတို့အိမ်ပို့တာမပို့တာကတော့ ကျွန်တော်တို့နဲ့ ဘယ်လိုမှမဆိုင်ဘူး။ ဒါပေမဲ့ မဆိုင်တဲ့ဟာကို တာဝန်ယူပေးရမယ်ဆိုတော့လည်း မတတ်နိုင် တော့ဘူးပေါ့ဗျာ။ ပိတ်တော့လည်း ပိတ်ပေါ့။ အေဂျင်စီ တွေဘက်ကတော့ လုပ်ရကိုင်ရတာတွေ ပိုကျပ်တည်း သွားတာပေါ့” ဟု အထက်ပါ ပြည်ပအလုပ် အကိုင်ဝန် ဆောင်မှု လုပ်ငန်းရှင်ကဆိုသည်။

အရေးယူခံရသည့် အေဂျင်စီများတွင် အချို့မှာ ဒဏ်ကြေးငွေ ကျပ်တစ်သိန်းပေးဆောင် ရမှုများရှိ ပြီး ပြည်ပရောက်အလုပ်သမားများမှ မိသား စုလွှဲပို့ငွေ ပေးပို့ထားသည့် အထောက်အထားများ တင်ပြနိုင် မှသာ ပြည်ပနိုင်ငံသို့ အလုပ်သမားစေ လွှတ်ခွင့်နှင့် အလုပ်‌ခေါ်စာအသစ်များ တင်ခွင့်ပြု မည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဒေသအချို့တွင် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ဘဏ် များလည်းရှိနေသည့်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ မိသားစုလွှဲပို့ငွေများကို အလွယ် တကူထုတ်ယူနိုင်မည့် ဝန်ဆောင်မှုများကို ဘဏ်များမှ ဆောင်ရွက်ပေးသင့်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုထားသည်။

“ သက်ဆိုင်ရာနိုင်ငံသံရုံးတွေမှာ မြန်မာပြည်ရဲ့ဘဏ်ခွဲတွေကို တွဲပြီးဖွင့်တာပဲဖြစ်ဖြစ်၊ မြန်မာ ပြည်ကဘဏ်တွေနဲ့ချိတ်ဆက်ထားတဲ့ဘဏ်တွေက သံရုံးတွေမှာ သွားဖွင့်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် သက်ဆိုင်ရာနေရာကနေ လွယ်လွယ်ကူကူလွှဲလို့ရတာဖြစ်ဖြစ် လုပ်ပေးရမှာ။ ဟွန်ဒီကအပြင်ပေါက် ဈေးနဲ့ရတယ်၊ အိမ်တိုင်ရာရောက်ပို့တယ်။ ဒါမှမဟုတ်ရင် ရပ်ကွက်ထဲမှာရှိတဲ့ သက်ဆိုင်ရာကိုယ်စား လှယ်ဆီမှာ သွားထုတ်လို့ရတယ်။ တရားဝင်ဘဏ် ကိုလွှဲရင် လွှဲလိုက်တဲ့ နယ်မှာ ဘဏ်ကမရှိဘူး၊ မဖွင့် ဘူးဆိုရင် ဒီလိုအခြေအနေမှာ ဘယ်အထိသွားယူရမှာလဲ။ အဲဒီတော့ လွှဲလို့မလွယ်ဘူးဖြစ်နေတယ်။ ဝန်ဆောင်မှုကို အိမ်တိုင်ရာ ရောက်ပို့တဲ့စနစ်ကို ဘဏ်တွေကသာ အကောင်အထည်ဖော်ပေးမယ်ဆိုရင် အားလုံးတရားဝင်လွှဲမှာ။ ဟွန်ဒီနဲ့လွှဲရင်တော့ အိမ်ရောက်မလား၊ မရောက်မလားတောင် စိတ်ပူရသေး တယ်။ တကယ်က စိတ်ချရတဲ့လမ်းကြောင်းသာ ရှိရင် ဘယ်သူမဆိုလွှဲမှာ။ အဲဒီလိုလုပ်ရင် နိုင်ငံခြားငွေ က ရကိုရမှာ” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ထို့ပြင် အဆိုပါမိသားစုလွှဲပို့ငွေရရှိရေး နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့် ကော်မတီဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိနေပြီး အရေးယူခံနိုင်သည့် အေဂျင်စီများ ပိုတိုးလာနိုင်ကြောင်း သိရသည်။

“ ဒီလထဲမှာကို အရေးယူခံရတာတော်တော် များတယ်၊ နောက်ဆိုရင် အဲဒီထက်ဆိုးလိမ့်မယ် လို့လည်း ပြောနေကြတယ်။ နိုင်ငံတော်အဆင့် ကော် မတီဖွဲ့ မယ်လို့ လည်းကြားတယ်။ မတတ်နိုင် တော့ပါဘူး။ ကျွန်တော်တို့ကတော့ ကောင်းကောင်းမွန်မွန် လုပ်နေတာပဲလေ။ မာဖီးယားဆန်ဆန် သွားပြီးတော့ အတင်းအကြပ် လွှဲခိုင်းလို့မှ မရတာ။ ကာယကံရှင်တောင်မှ သူ့အမေကိုလွှဲတာရှိမယ်၊ သူ့မိန်းမကိုလွှဲတာ ရှိမယ်။ အဲဒါတောင် အသိပေးချင်တဲ့စိတ်ရှိဦးမှလေ။ စောင့်ကြည့်ရမှာပေါ့ဗျာ။ ဖြေလျှော့ပေးမလား၊ ပိုပဲတိုးလာမလားတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ အေဂျင်စီတွေဘက် ကတော့ လုပ်ရကိုင်ရတာတွေ ပိုကျပ်တည်း သွားတာပေါ့” ဟု ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိသားစု လွှဲပို့ငွေပေးပို့ရန် ပျက်ကွက်ပါက ပြည်ပသို့ အလုပ်ဖြင့်ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင် ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်းတို့အပြင် လိုအပ်သလို စိစစ် အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားသည်။

  ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပြည်ပအလုပ်အကိုင် အေဂျင်စီ (၅၆၈)ခု ရှိပြီး ယာယီပိတ်ထားသည့် အေဂျင်စီ(၇)ခုရှိသဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့် အေဂျင်စီ(၅၆၁) ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

zawgyi version
မိသားစုလႊဲပို႔ေငြကိစၥေၾကာင့္ ေအဂ်င္စီမ်ား အလုပ္လုပ္ရာတြင္ ပိုက်ပ္တည္းလာၿပီး အိမ္တိုင္ရာေရာက္ ပို႔ေဆာင္ေပးႏိုင္သည့္ စနစ္ကို ဘဏ္မ်ားမွ အေကာင္အထည္ေဖာ္သင့္ဟုဆို
ယြန္း (NP News) - စက္တင္ဘာ ၂၉

မိသားစုလႊဲပို႔ေငြကိစၥေၾကာင့္ ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္လုပ္ရာတြင္ ပို၍က်ပ္တည္းလာၿပီး အိမ္တိုင္ရာေရာက္ပို႔ေဆာင္ေပးႏိုင္သည့္ စနစ္ကို ဘဏ္မ်ားမွ အေကာင္အထည္ေဖာ္သင့္ေၾကာင္း ျပည္ ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက NP News မွတစ္ဆင့္ သုံးသပ္ အႀကံျပဳသည္။

ၿပီးခဲ့သည့္ ဩဂုတ္လမွစ၍ ႏိုင္ငံအလိုက္ မိသားစုလႊဲပို႔ေငြစာရင္းကို တင္ျပႏိုင္ျခင္းမရွိသည့္ ေအဂ်င္စီမ်ားကို ေစလႊတ္ေရးလုပ္ငန္းစဥ္မ်ား ယာယီ ဆိုင္းငံ့သြားမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီး ဌာနက ေအဂ်င္စီမ်ားထံ စာေပးပို႔အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါအသိေပးစာေၾကာင့္ ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္လုပ္ရာတြင္ အခက္ေတြ႕လာခဲ့ရာ လက္ရွိတြင္ ျပည္ပအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီ (၁၅၀) နီးပါးကို အေရးယူထားေၾကာင္း အလုပ္သမား ဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္အရ သိရသည္။ “အခုကေတာ့ အေရးယူေတာ့လည္း ခံရေတာ့မွာ‌ေပါ့။ စာ႐ြက္ပို႔ဖို႔ကလည္း ကြၽန္ေတာ္တို႔ ဘက္က ေျပာဖို႔ခက္တယ္။ သူတို႔ကိုယ္တိုင္က လႊဲေပးမွရမယ့္ ကိစၥေလ။ ကြၽန္ေတာ္တို႔ကေတာ့ အမ်ားႀကီး မေျပာလိုပါဘူး။ ေျပာလည္းဘာမွထူးမွာမဟုတ္ဘူး။ အမွန္ေတာ့ ကြၽန္ေတာ္တို႔အလုပ္က အလုပ္ေပၚမွာ တာဝန္ေက်ရမယ္၊ အလုပ္ေပၚမွာ တာဝန္ေက်ရေအာင္ လုပ္ေပးရမယ္၊ ကာကြယ္ ေစာင့္ ေရွာက္ေပးရမယ္ေလ။ သူတို႔အိမ္ပို႔တာမပို႔တာကေတာ့ ကြၽန္ေတာ္တို႔နဲ႔ ဘယ္လိုမွမဆိုင္ဘူး။ ဒါေပမဲ့ မဆိုင္တဲ့ဟာကို တာဝန္ယူေပးရမယ္ဆိုေတာ့လည္း မတတ္ႏိုင္ ေတာ့ဘူးေပါ့ဗ်ာ။ ပိတ္ေတာ့လည္း ပိတ္ေပါ့။ ေအဂ်င္စီ ေတြဘက္ကေတာ့ လုပ္ရကိုင္ရတာေတြ ပိုက်ပ္တည္း သြားတာေပါ့” ဟု အထက္ပါ ျပည္ပအလုပ္ အကိုင္ဝန္ ေဆာင္မႈ လုပ္ငန္းရွင္ကဆိုသည္။

အေရးယူခံရသည့္ ေအဂ်င္စီမ်ားတြင္ အခ်ိဳ႕မွာ ဒဏ္ေၾကးေငြ က်ပ္တစ္သိန္းေပးေဆာင္ ရမႈမ်ားရွိ ၿပီး ျပည္ပေရာက္အလုပ္သမားမ်ားမွ မိသား စုလႊဲပို႔ေငြ ေပးပို႔ထားသည့္ အေထာက္အထားမ်ား တင္ျပႏိုင္ မွသာ ျပည္ပႏိုင္ငံသို႔ အလုပ္သမားေစ လႊတ္ခြင့္ႏွင့္ အလုပ္‌ေခၚစာအသစ္မ်ား တင္ခြင့္ျပဳ မည္ျဖစ္ ေၾကာင္း သိရသည္။

လက္ရွိတြင္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားေၾကာင့္ ေဒသအခ်ိဳ႕တြင္ ဖြင့္လွစ္ႏိုင္ျခင္းမရွိသည့္ ဘဏ္ မ်ားလည္းရွိေနသည့္အတြက္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား၏ မိသားစုလႊဲပို႔ေငြမ်ားကို အလြယ္ တကူထုတ္ယူႏိုင္မည့္ ဝန္ေဆာင္မႈမ်ားကို ဘဏ္မ်ားမွ ေဆာင္႐ြက္ေပးသင့္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက အႀကံျပဳထားသည္။

“ သက္ဆိုင္ရာႏိုင္ငံသံ႐ုံးေတြမွာ ျမန္မာျပည္ရဲ႕ဘဏ္ခြဲေတြကို တြဲၿပီးဖြင့္တာပဲျဖစ္ျဖစ္၊ ျမန္မာ ျပည္ကဘဏ္ေတြနဲ႔ခ်ိတ္ဆက္ထားတဲ့ဘဏ္ေတြက သံ႐ုံးေတြမွာ သြားဖြင့္တာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ရင္ သက္ဆိုင္ရာေနရာကေန လြယ္လြယ္ကူကူလႊဲလို႔ရတာျဖစ္ျဖစ္ လုပ္ေပးရမွာ။ ဟြန္ဒီကအျပင္ေပါက္ ေဈးနဲ႔ရတယ္၊ အိမ္တိုင္ရာေရာက္ပို႔တယ္။ ဒါမွမဟုတ္ရင္ ရပ္ကြက္ထဲမွာရွိတဲ့ သက္ဆိုင္ရာကိုယ္စား လွယ္ဆီမွာ သြားထုတ္လို႔ရတယ္။ တရားဝင္ဘဏ္ ကိုလႊဲရင္ လႊဲလိုက္တဲ့ နယ္မွာ ဘဏ္ကမရွိဘူး၊ မဖြင့္ ဘူးဆိုရင္ ဒီလိုအေျခအေနမွာ ဘယ္အထိသြားယူရမွာလဲ။ အဲဒီေတာ့ လႊဲလို႔မလြယ္ဘူးျဖစ္ေနတယ္။ ဝန္ေဆာင္မႈကို အိမ္တိုင္ရာ ေရာက္ပို႔တဲ့စနစ္ကို ဘဏ္ေတြကသာ အေကာင္အထည္ေဖာ္ေပးမယ္ဆိုရင္ အားလုံးတရားဝင္လႊဲမွာ။ ဟြန္ဒီနဲ႔လႊဲရင္ေတာ့ အိမ္ေရာက္မလား၊ မေရာက္မလားေတာင္ စိတ္ပူရေသး တယ္။ တကယ္က စိတ္ခ်ရတဲ့လမ္းေၾကာင္းသာ ရွိရင္ ဘယ္သူမဆိုလႊဲမွာ။ အဲဒီလိုလုပ္ရင္ ႏိုင္ငံျခားေငြ က ရကိုရမွာ” ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။

ထို႔ျပင္ အဆိုပါမိသားစုလႊဲပို႔ေငြရရွိေရး ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္အဆင့္ ေကာ္မတီဖြဲ႕စည္း သြားမည္ျဖစ္ေၾကာင္း ေျပာဆိုမႈမ်ားလည္းရွိေနၿပီး အေရးယူခံႏိုင္သည့္ ေအဂ်င္စီမ်ား ပိုတိုးလာႏိုင္ေၾကာင္း သိရသည္။

“ ဒီလထဲမွာကို အေရးယူခံရတာေတာ္ေတာ္ မ်ားတယ္၊ ေနာက္ဆိုရင္ အဲဒီထက္ဆိုးလိမ့္မယ္ လို႔လည္း ေျပာေနၾကတယ္။ ႏိုင္ငံေတာ္အဆင့္ ေကာ္ မတီဖြဲ႕ မယ္လို႔ လည္းၾကားတယ္။ မတတ္ႏိုင္ ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ကေတာ့ ေကာင္းေကာင္းမြန္မြန္ လုပ္ေနတာပဲေလ။ မာဖီးယားဆန္ဆန္ သြားၿပီးေတာ့ အတင္းအၾကပ္ လႊဲခိုင္းလို႔မွ မရတာ။ ကာယကံရွင္ေတာင္မွ သူ႔အေမကိုလႊဲတာရွိမယ္၊ သူ႔မိန္းမကိုလႊဲတာ ရွိမယ္။ အဲဒါေတာင္ အသိေပးခ်င္တဲ့စိတ္ရွိဦးမွေလ။ ေစာင့္ၾကည့္ရမွာေပါ့ဗ်ာ။ ေျဖေလွ်ာ့ေပးမလား၊ ပိုပဲတိုးလာမလားေတာ့ ကြၽန္ေတာ္လည္း မေျပာတတ္ဘူး။ ေအဂ်င္စီေတြဘက္ ကေတာ့ လုပ္ရကိုင္ရတာေတြ ပိုက်ပ္တည္း သြားတာေပါ့” ဟု ျပည္ပ အလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

အလုပ္သမားဝန္ႀကီးဌာနက ျပည္ပေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ မိသားစု လႊဲပို႔ေငြေပးပို႔ရန္ ပ်က္ကြက္ပါက ျပည္ပသို႔ အလုပ္ျဖင့္ထြက္ခြာမႈကို ကာလအကန႔္အသတ္ျဖင့္ ပိတ္ပင္ ျခင္း၊ ျပည္ပအလုပ္အကိုင္အလုပ္သမားသက္ေသခံကတ္ (Overseas Worker Identification Card – OWIC) ထုတ္ေပးမႈမျပဳျခင္း၊ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးျမႇင့္ခြင့္မျပဳျခင္းတို႔အျပင္ လိုအပ္သလို စိစစ္ အေရးယူ ေဆာင္႐ြက္ျခင္းခံရမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းက ထုတ္ျပန္ထားသည္။

  ၿပီးခဲ့သည့္ ဇြန္လ(၉)ရက္ေန႔အထိ ႏိုင္ငံတစ္ဝန္း ျပည္ပအလုပ္အကိုင္ ေအဂ်င္စီ (၅၆၈)ခု ရွိၿပီး ယာယီပိတ္ထားသည့္ ေအဂ်င္စီ(၇)ခုရွိသျဖင့္ လက္ရွိလုပ္ငန္းေဆာင္႐ြက္ေနသည့္ ေအဂ်င္စီ(၅၆၁) ခုရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.