ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား

 4475

NP News - စက်တင်ဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုအတွင်းသို့ အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ရာ အမျိုးသား(၂)ဦးသေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂ဝ ရက်)၊ နံနက် ၉နာရီ ၂၅မိနစ်အချိန်ခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁ဝ၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၁ဝ၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း(၆၇)နှစ်၊ ရာအိမ်မှုးဦးဆွေမြင့်အောင် (၆ဝ)နှစ်အပါအဝင် အမျိုးသား(၅)ဦးသည် အဆိုပါရပ်ကွက်ရုံးအတွင်းရှိနေစဉ် Taxi တစ်စီးဖြင့် လူ(၃)ဦးရောက်ရှိလာပြီး ရုံးတွင်းအဝင်ရောက်ကာ အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးကြည်ထွန်းတွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ဝဲနံကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ကျောကုန်းကျည်ထိမှန်ဒဏ်ရာတစ်ချက် နှင့် ဦးဆွေမြင့်အောင်တို့တွင် ဝဲနားထင်ကျည်ဖောက်ဝင်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပေဒနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားကို အၾကမ္းဖက္သမား(၃)ဦးက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈ ရန္ကုန္၌ျဖစ္ပြား

NP News - စက္တင္ဘာ ၂ဝ

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳသစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတစ္ခုအတြင္းသို႔ အၾကမ္းဖက္သမား(၃)ဦးက ေသနတ္ျဖင့္ဝင္ေရာက္ပစ္ခတ္ရာ အမ်ိဳးသား(၂)ဦးေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာ ၂ဝ ရက္)၊ နံနက္ ၉နာရီ ၂၅မိနစ္အခ်ိန္ခန႔္က ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁ဝ၇)ရပ္ကြက္၊ ငုဝါၿမိဳင္လမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

(၁ဝ၇)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးၾကည္ထြန္း(၆၇)ႏွစ္၊ ရာအိမ္မႈးဦးေဆြျမင့္ေအာင္ (၆ဝ)ႏွစ္အပါအဝင္ အမ်ိဳးသား(၅)ဦးသည္ အဆိုပါရပ္ကြက္႐ုံးအတြင္းရွိေနစဥ္ Taxi တစ္စီးျဖင့္ လူ(၃)ဦးေရာက္ရွိလာၿပီး ႐ုံးတြင္းအဝင္ေရာက္ကာ အၾကမ္းဖက္သမားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ဦးၾကည္ထြန္းတြင္ ဦးေခါင္းက်ည္ထိမွန္ဒဏ္ရာတစ္ခ်က္၊ ဝဲနံက်ည္ထိမွန္ဒဏ္ရာတစ္ခ်က္၊ ေက်ာကုန္းက်ည္ထိမွန္ဒဏ္ရာတစ္ခ်က္ ႏွင့္ ဦးေဆြျမင့္ေအာင္တို႔တြင္ ဝဲနားထင္က်ည္ေဖာက္ဝင္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး တစ္ဦးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥေပဒႏွင့္အညီထိေရာက္စြာအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Picture

Mr John

20/09/2024 19:02

Good job

Related news

© 2021. All rights reserved.