နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ

 166

Pika (NP News) - စက်တင်ဘာ ၂၁

ဂျပန်နိုင်ငံရှိ ပျက်စီးနေသော ဖူကူရှီးမားနျူကလီးယားစက်ရုံမှ သန့်စင်ထားသော နျူကလီးယားစွန့်ပစ်ပစ္စည်းများကို ပင်လယ်ထဲသို့စွန့်ပစ်မှုနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း တရုတ်အစိုးရက စက်တင်ဘာလ(၂၀)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက "သန့်စင်ထားတဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာဥပဒေအရ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင်လုပ်ဆောင်ဖို့၊ လူ နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ဖို့၊ အဏ္ဏဝါပတ်ဝန်းကျင်နဲ့ အဏ္ဏဝါဗေဒအ ပေါ် သက်ရောက်မှုရှိတဲ့ အကဲဖြတ်ချက်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ဂျပန်ဘက်က သဘောတူညီခဲ့ပါတယ်"ဟု သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် စည်းကမ်းသတ်မှတ်ချက်များ နှင့် စံနှုန်းတို့ဖြင့်ကိုက်ညီသော ဂျပန်နိုင်ငံ၏ပင်လယ်စာများ တင်သွင်းမှုကိုလည်း ပြန်လည်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။ဂျပန်အစိုးရသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဒီသတ္တိကြွရေဆိုးများကို ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့ပြီးနောက် တရုတ်အစိုးရက ဂျပန်နိုင်ငံမှပင်လယ်စာတင်သွင်းမှုများကို တားမြစ်ပိတ်ပင်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ရုရှားအစိုးရကလည်း အဆိုပါစွန့်ပစ်မှုများနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်သွင်းမှုများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ဖူးကြောင်းသိရသည်။ သန့်စင်ထားသော နျူကလီးယားစွန့်ပစ်ပစ္စည်းစွန့်ပစ်ရေးဆိုင်ရာ စောင့်ကြည့်ရေးလှုပ်ရှားမှုများတွင် ပြင်ပနိုင်ငံများကို ပါဝင်ခွင့်ပေးရန် ဂျပန်အစိုးရက သဘောတူညီခဲ့ပြီးနောက် တရုတ်နှင့်ဂျပန်နိုင်ငံကြားယခုကဲ့သို့ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ သို့ သော်လည်း ဂျပန်အစိုးရ၏ ရေဒီယိုသတ္တိကြွရေဆိုးများ ထုတ်လွှတ်မှုနှင့်ပတ်သက်ပြီး ၎င်း၏ပြတ်ပြတ်သားသားဆန့်ကျင်မှုများမှာ ပြောင်းလဲခြင်းမျိုးမရှိကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။ ပင်လယ်ထဲသို့ ရေဒီယိုသတ္တိကြွရေဆိုးများ ထုတ်လွှတ်နေသော ဂျပန်အစိုးရ၏လုပ်ရပ်ကို တရုတ်နှင့်အခြားနိုင်ငံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်းလည်းသိရသည်။

zawgyi version
န်ဴကလီးယားစြန႔္ပစ္ပစၥည္းမ်ားနဲ႔ပတ္သက္ၿပီး ဂ်ပန္ႏွင့္တ႐ုတ္တို႔ၾကား သေဘာတူညီခ်က္တစ္ခုရရွိ
Pika (NP News) - စက္တင္ဘာ ၂၁

ဂ်ပန္ႏိုင္ငံရွိ ပ်က္စီးေနေသာ ဖူကူရွီးမားန်ဴကလီးယားစက္႐ုံမွ သန႔္စင္ထားေသာ န်ဴကလီးယားစြန႔္ပစ္ပစၥည္းမ်ားကို ပင္လယ္ထဲသို႔စြန႔္ပစ္မႈႏွင့္ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံႏွင့္ သေဘာတူညီခ်က္တစ္ခု ရရွိခဲ့ေၾကာင္း တ႐ုတ္အစိုးရက စက္တင္ဘာလ(၂၀)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "သန႔္စင္ထားတဲ့ န်ဴကလီးယားစြန႔္ပစ္ပစၥည္းေတြ စြန႔္ပစ္မႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာဥပေဒအရ တာဝန္ဝတၱရားေတြကို ေက်ပြန္ေအာင္လုပ္ေဆာင္ဖို႔၊ လူ နဲ႔ သဘာဝပတ္ဝန္းက်င္အေပၚ အပ်က္သေဘာေဆာင္တဲ့ သက္ေရာက္မႈေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးပမ္းေဆာင္႐ြက္ဖို႔၊ အဏၰဝါပတ္ဝန္းက်င္နဲ႔ အဏၰဝါေဗဒအ ေပၚ သက္ေရာက္မႈရွိတဲ့ အကဲျဖတ္ခ်က္ေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ ဂ်ပန္ဘက္က သေဘာတူညီခဲ့ပါတယ္"ဟု သတင္းထုတ္ျပန္ထားသည္။

ထို႔ျပင္ စည္းကမ္းသတ္မွတ္ခ်က္မ်ား ႏွင့္ စံႏႈန္းတို႔ျဖင့္ကိုက္ညီေသာ ဂ်ပန္ႏိုင္ငံ၏ပင္လယ္စာမ်ား တင္သြင္းမႈကိုလည္း ျပန္လည္လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့သည္။ဂ်ပန္အစိုးရသည္ ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လတြင္ ဖူကူရွီးမားန်ဴကလီးယားစက္႐ုံမွ ေရဒီသတၱိႂကြေရဆိုးမ်ားကို ပင္လယ္ထဲသို႔ စတင္စြန႔္ပစ္ခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရက ဂ်ပန္ႏိုင္ငံမွပင္လယ္စာတင္သြင္းမႈမ်ားကို တားျမစ္ပိတ္ပင္ခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ႐ုရွားအစိုးရကလည္း အဆိုပါစြန႔္ပစ္မႈမ်ားႏွင့္ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံ၏ ပင္လယ္စာတင္သြင္းမႈမ်ားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ခဲ့ဖူးေၾကာင္းသိရသည္။ သန႔္စင္ထားေသာ န်ဴကလီးယားစြန႔္ပစ္ပစၥည္းစြန႔္ပစ္ေရးဆိုင္ရာ ေစာင့္ၾကည့္ေရးလႈပ္ရွားမႈမ်ားတြင္ ျပင္ပႏိုင္ငံမ်ားကို ပါဝင္ခြင့္ေပးရန္ ဂ်ပန္အစိုးရက သေဘာတူညီခဲ့ၿပီးေနာက္ တ႐ုတ္ႏွင့္ဂ်ပန္ႏိုင္ငံၾကားယခုကဲ့သို႔ သေဘာတူညီခ်က္ရရွိခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ သို႔ ေသာ္လည္း ဂ်ပန္အစိုးရ၏ ေရဒီယိုသတၱိႂကြေရဆိုးမ်ား ထုတ္လႊတ္မႈႏွင့္ပတ္သက္ၿပီး ၎၏ျပတ္ျပတ္သားသားဆန႔္က်င္မႈမ်ားမွာ ေျပာင္းလဲျခင္းမ်ိဳးမရွိေၾကာင္း တ႐ုတ္အစိုးရက ေျပာၾကားခဲ့သည္။ ပင္လယ္ထဲသို႔ ေရဒီယိုသတၱိႂကြေရဆိုးမ်ား ထုတ္လႊတ္ေနေသာ ဂ်ပန္အစိုးရ၏လုပ္ရပ္ကို တ႐ုတ္ႏွင့္အျခားႏိုင္ငံမ်ားက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.