အိုက်စလန်မှာ အမှိုက်တွေထဲက အစာရှာနေတဲ့ ရှားပါးပိုလာဝက်ဝံ တစ်ကောင်ကို ရဲတပ်ဖွဲ့က ပစ်သတ်

 1161

ရောင်နီ (NP News) - စက်တင်ဘာ ၂၂

နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိုက်စလန်မြေပေါ်မှာ စက်တင်ဘာ ၁၉ ရက်က ပိုလာဝက်ဝံတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် နာရီပိုင်းအတွင်းမှာပဲ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

အိုက်စလန်နိုင်ငံ အနောက်မြောက်ဘက် ဝေးလံခေါင်သီတဲ့အမှိုက်ပုံနေရာတစ်ခုမှာ ပိုလာဝက်ဝံတစ်ကောင် အစာရှာနေတာကို အဲဒီနေရာနဲ့အနီးတစ်ဝိုက်အိမ်က အဖွားအိုတစ်ဦးက တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ အဲဒီဝက်ဝံကို နေရာရွှေ့ပြောင်းပေးဖို့ Icelandic environment agency ကတောင်းဆိုခဲ့ပေမယ့် ရဲတပ်ဖွဲ့ရဲ့လက်ချက်နဲ့ ပိုလာဝက်ဝံဟာ သေဆုံးသွားခဲ့တယ်လို့ Westfjords ရဲချုပ် ဟဲလိဂီဂျန်ဆင် က ပြောပါတယ်။

မစ္စတာဂျန်ဆင်ကတော့ အဲဒီတုန်းက ဝက်ဝံဟာ တစ်ကောင်တည်း အမှိုက်တွေကို ရှာဖွေစားသောက်နေရင်း အဲဒီအနီးအနားက နေအိမ်နဲ့ အလွန်နီးကပ်လာတာကြောင့် အခုလိုပစ်သတ်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ရဲတပ်ဖွဲ့ဟာ နောက်ထပ် ဝက်ဝံတွေ ထပ်တွေ့ဦးမလားဆိုပြီး ဧရိယာမှာ ဆက်လက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပေမယ့် ထပ်မတွေ့ရဘူးလို့ သိရပါတယ်။ အဆိုပါဝက်ဝံဟာ အသက် ၂ နှစ် (သို့မဟုတ်) ၃ နှစ်အရွယ်သာ ရှိသေးပြီး အရပ် ၁၆၃ စင်တီမီတာ၊ ကိုယ် အလေးချိန် ၁၅၀ ကီလိုဂရမ်မှ ၂၀၀ ကီလိုဂရမ်ခန့် ရှိတယ်လို့ သိရပါတယ်။

ပိုလာဝက်ဝံတွေဟာ အိုက်စလန်မှာ မျိုးတုန်းပျောက်ကွယ်ခါနီး တိရစ္ဆာန်အဖြစ် ကာကွယ်ထားတဲ့ မျိုးစိတ်တစ်ခုဖြစ်ပြီး လူ (သို့မဟုတ်) တိရစ္ဆာန်များကို ခြိမ်းခြောက်ခြင်း မလုပ်မချင်း မသတ်ဖြတ်ဖို့ သတိပေးထားပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေခဲပြင်တွေ အရည်ပျော် ဆုံးရှုံးလာခြင်းဟာ ဆာလောင်နေတဲ့ ပိုလာဝက်ဝံတွေကို ကုန်းမြေဒေသတွေဆီ တွန်းပို့သလိုဖြစ်စေပြီး ပဋိပက္ခဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

Zawgyi Version;
အိုက္စလန္မွာ အမႈိက္ေတြထဲက အစာရွာေနတဲ့ ရွားပါးပိုလာဝက္ဝံ တစ္ေကာင္ကို ရဲတပ္ဖြဲ႕က ပစ္သတ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂

ႏွစ္မ်ားစြာအတြင္း ပထမဆုံးအႀကိမ္အျဖစ္ အိုက္စလန္ေျမေပၚမွာ စက္တင္ဘာ ၁၉ ရက္က ပိုလာဝက္ဝံတစ္ေကာင္ကို ေတြ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္ နာရီပိုင္းအတြင္းမွာပဲ ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ပစ္သတ္ခဲ့ပါတယ္။

အိုက္စလန္ႏိုင္ငံ အေနာက္ေျမာက္ဘက္ ေဝးလံေခါင္သီတဲ့အမႈိက္ပုံေနရာတစ္ခုမွာ ပိုလာဝက္ဝံတစ္ေကာင္ အစာရွာေနတာကို အဲဒီေနရာနဲ႔အနီးတစ္ဝိုက္အိမ္က အဖြားအိုတစ္ဦးက ေတြ႕ရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ကို တိုင္ၾကားခဲ့ပါတယ္။ အဲဒီဝက္ဝံကို ေနရာေ႐ႊ႕ေျပာင္းေပးဖို႔ Icelandic environment agency ကေတာင္းဆိုခဲ့ေပမယ့္ ရဲတပ္ဖြဲ႕ရဲ႕လက္ခ်က္နဲ႔ ပိုလာဝက္ဝံဟာ ေသဆုံးသြားခဲ့တယ္လို႔ Westfjords ရဲခ်ဳပ္ ဟဲလိဂီဂ်န္ဆင္ က ေျပာပါတယ္။

မစၥတာဂ်န္ဆင္ကေတာ့ အဲဒီတုန္းက ဝက္ဝံဟာ တစ္ေကာင္တည္း အမႈိက္ေတြကို ရွာေဖြစားေသာက္ေနရင္း အဲဒီအနီးအနားက ေနအိမ္နဲ႔ အလြန္နီးကပ္လာတာေၾကာင့္ အခုလိုပစ္သတ္လိုက္ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒ့ါအျပင္ ရဲတပ္ဖြဲ႕ဟာ ေနာက္ထပ္ ဝက္ဝံေတြ ထပ္ေတြ႕ဦးမလားဆိုၿပီး ဧရိယာမွာ ဆက္လက္ရွာေဖြမႈေတြျပဳလုပ္ခဲ့ေပမယ့္ ထပ္မေတြ႕ရဘူးလို႔ သိရပါတယ္။ အဆိုပါဝက္ဝံဟာ အသက္ ၂ ႏွစ္ (သို႔မဟုတ္) ၃ ႏွစ္အ႐ြယ္သာ ရွိေသးၿပီး အရပ္ ၁၆၃ စင္တီမီတာ၊ ကိုယ္ အေလးခ်ိန္ ၁၅၀ ကီလိုဂရမ္မွ ၂၀၀ ကီလိုဂရမ္ခန႔္ ရွိတယ္လို႔ သိရပါတယ္။

ပိုလာဝက္ဝံေတြဟာ အိုက္စလန္မွာ မ်ိဳးတုန္းေပ်ာက္ကြယ္ခါနီး တိရစာၦန္အျဖစ္ ကာကြယ္ထားတဲ့ မ်ိဳးစိတ္တစ္ခုျဖစ္ၿပီး လူ (သို႔မဟုတ္) တိရစာၦန္မ်ားကို ၿခိမ္းေျခာက္ျခင္း မလုပ္မခ်င္း မသတ္ျဖတ္ဖို႔ သတိေပးထားပါတယ္။ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ပင္လယ္ေရခဲျပင္ေတြ အရည္ေပ်ာ္ ဆုံးရႈံးလာျခင္းဟာ ဆာေလာင္ေနတဲ့ ပိုလာဝက္ဝံေတြကို ကုန္းေျမေဒသေတြဆီ တြန္းပို႔သလိုျဖစ္ေစၿပီး ပဋိပကၡျဖစ္ႏိုင္ေျခကို တိုးျမင့္ေစႏိုင္တယ္လို႔ သုေတသီေတြက ေျပာပါတယ္။

Picture

Thapyay Ywet Nu Soe

23/09/2024 09:13

သနားပါတယ် RIP

Related news

© 2021. All rights reserved.