APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်

 1201

ယွန်း (NP News) - စက်တင်ဘာ ၂၃

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ(APTERR) အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့ဖြန့် ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထားသည်။

စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ‌ဒေါက်တာတင် ထွဋ်က စက်တင်ဘာ(၂၂)ရက်တွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အာဆီယံ+၃ အရန်ဆန်သိုလှောင်ရုံကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

APTERR အစီအစဥ်ဖြင့် အရန်ဆန် ၁ဝဝ၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးတင်ပို့ဖြန့်ဖြူးပေးနိုင်ရေးကို ဆောင်ရွက်ရန် ဒုဝန်ကြီးက တိုက်တွန်းထားသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ပြည်နယ် နှင့် တိုင်းဒေသကြီး (၉)ခုရှိ မြို့နယ် (၅၄)မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စက်တင်ဘာ ၂၁ ရက်နေ့ စာရင်းများအရ လူဦးရေ (၁၄၈၆၄၃)ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး သေဆုံးသူ (၃၈၄)ဦးရှိခဲ့ရာ နေပြည်တော်မှ (၁၆၄)ဦး၊ ကရင်ပြည်နယ်မှ (၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၃၄)ဦး၊ ရှမ်းပြည်နယ်မှ (၇၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ (၈၉)ဦးရှိကြောင်း နစက၏အချက်အလက်များအရ သိရသည်။

ထို့ပြင် ဘာသာရေးနှင့်ပတ်သက်သည့် အဆောက်အအုံ (၄၃၅)ကျောင်း၊ လမ်းတံတား (၅၃၃)ခု၊ လျှပ်စစ်မီးတိုင် (၂၄၈၉)ခု၊ ဆက်သွယ်ရေးတာဝါတိုင် (၉၉)ခု၊ တိရစ္ဆာန်သေဆုံးမှု (၁၄၄၉၉၈)ကောင်၊ စပါးစိုက်ဧက (၇၃၅၄၁)ဧက ပျက်စီးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် (၃ဝ)ဘီလျံ သုံးစွဲရန်လျာထားကြောင်း သိရသည်။

zawgyi version
APTERR အစီအစဥ္ျဖင့္ အရန္ဆန္ တန္(၁ဝဝဝ)ေက်ာ္ကို ေရေဘးသင့္ေဒသမ်ားသို႔ ေထာက္ပံ့မည္
ယြန္း (NP News) - စက္တင္ဘာ ၂၃

အာဆီယံအေပါင္းသုံး အေရးေပၚဆန္အရန္ရိကၡာ(APTERR) အစီအစဥ္ျဖင့္ အရန္ဆန္ တန္(၁ဝဝဝ)ေက်ာ္ကို ေရေဘးသင့္ေဒသမ်ားသို႔ ေထာက္ပံ့ျဖန႔္ ျဖဴးေပးသြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက အသိေပးထားသည္။

စိုက္ပ်ိဳးေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ‌ေဒါက္တာတင္ ထြဋ္က စက္တင္ဘာ(၂၂)ရက္တြင္ ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္ရွိ အာဆီယံ+၃ အရန္ဆန္သိုေလွာင္႐ုံကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။

APTERR အစီအစဥ္ျဖင့္ အရန္ဆန္ ၁ဝဝ၂ ဒသမ ၇၁ တန္ကို ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့သည့္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားသို႔ ဆက္စပ္ဌာနအဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္၍ သက္ဆိုင္ရာေဒသမ်ားသို႔ အျမန္ဆုံးတင္ပို႔ျဖန႔္ျဖဴးေပးႏိုင္ေရးကို ေဆာင္႐ြက္ရန္ ဒုဝန္ႀကီးက တိုက္တြန္းထားသည္။

ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ရာ ျပည္နယ္ ႏွင့္ တိုင္းေဒသႀကီး (၉)ခုရွိ ၿမိဳ႕နယ္ (၅၄)ၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ရာ စက္တင္ဘာ ၂၁ ရက္ေန႔ စာရင္းမ်ားအရ လူဦးေရ (၁၄၈၆၄၃)ဦး ေရေဘးဒုကၡေရာက္ခဲ့ၿပီး ေသဆုံးသူ (၃၈၄)ဦးရွိခဲ့ရာ ေနျပည္ေတာ္မွ (၁၆၄)ဦး၊ ကရင္ျပည္နယ္မွ (၅)ဦး၊ ပဲခူးတိုင္းေဒသႀကီးမွ (၂)ဦး၊ မႏၲေလးတိုင္းေဒသႀကီးမွ (၁၃၄)ဦး၊ ရွမ္းျပည္နယ္မွ (၇၈)ဦး၊ ဧရာဝတီတိုင္းေဒသႀကီးမွ (၁)ဦးျဖစ္ၿပီး ေပ်ာက္ဆုံးေနသူ (၈၉)ဦးရွိေၾကာင္း နစက၏အခ်က္အလက္မ်ားအရ သိရသည္။

ထို႔ျပင္ ဘာသာေရးႏွင့္ပတ္သက္သည့္ အေဆာက္အအုံ (၄၃၅)ေက်ာင္း၊ လမ္းတံတား (၅၃၃)ခု၊ လွ်ပ္စစ္မီးတိုင္ (၂၄၈၉)ခု၊ ဆက္သြယ္ေရးတာဝါတိုင္ (၉၉)ခု၊ တိရစာၦန္ေသဆုံးမႈ (၁၄၄၉၉၈)ေကာင္၊ စပါးစိုက္ဧက (၇၃၅၄၁)ဧက ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေရေဘးကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ေငြက်ပ္ (၃ဝ)ဘီလ်ံ သုံးစြဲရန္လ်ာထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.