အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်

 685

Htay Oung (NP News) - စက်တင်ဘာ ၂၃

အိန္ဒိယနဲ့ မြန်မာတို့ဟာ မိမိတို့နိုင်ငံ ပြည်တွင်းသုံး ရူပီးနဲ့ ကျပ်ငွေတို့ကို အသုံးပြုပြီး နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး နည်းလမ်းများကို စနေနေ့ (စက်တင်ဘာလ ၂၁ ရက်)မှာ ဆွေးနွေးခဲ့ကြတယ်လို့ နယူးဒေလီအခြေစိုက် “ဘင်းဇင်းနက်စ်စတင်းဒတ်”က စက်တင်ဘာလ ၂၁ ရက်မှာ ရေးသားပါတယ်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပတဲ့ (၁၂)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး စီးပွားရေးဝန်ကြီးများ အစည်းအဝေးပြင်ပမှာ အိန္ဒိယကုန်သွယ်ရေး-စက်မှုဝန်ကြီး ပီယွတ်ရှ် ဂိုရယ်လ် နဲ့ မြန်မာစီးပွားဆက်ဆံရေးဝန်ကြီး ဒေါက်တာကံဇော်တို့ တွေ့ဆုံစဉ် ယခုလို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

"ပဲအမျိုးမျိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ လျှပ်စစ်ကား အစရှိတဲ့ နယ်ပယ်အသီးသီးများမှာ အလားအလာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပြီး ရူပီး-ကျပ်ငွေ ဖလှယ်မှု ယန္တရားမှတစ်ဆင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ပါတယ်" လို့ အိန္ဒိယဝန်ကြီးက သူ့ရဲ့ X ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ရေးသားခဲ့ပါတယ်။

၂၀၂၃-၂၄ ခုနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလျံရှိခဲ့ပါ တယ်။ အိန္ဒိယဟာ ယူအေအီး၊ အာဖရိကနိုင်ငံများသာမက ရုရှားအပါအဝင် အခြားနိုင်ငံများနဲ့ ပြည်တွင်းငွေကြေးများ ကို အသီးသီးအသုံးပြုပြီး ကုန်သွယ်မှုမြှင့်တင်ရန် ကြိုးပမ်းနေပါတယ်။ ပြည် တွင်းသုံး ငွေကြေးများကို အသီးသီးအသုံးပြုပြီး ရောင်းဝယ်မှုဟာ ငွေကြေးလဲလှယ်ရာမှာ (၂)ဆင့် ပြောင်းလဲရန် လိုအပ်မှုကို ဖယ်ရှားခြင်းဖြင့် အရောင်းအဝယ်ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အိန္ဒိယနိုင်ငံ ဗဟိုဘဏ်ဟာ အိန္ဒိယရူပီး (INR) ဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး အရောင်းအဝယ်များကို ဖြေရှင်းရန် စနစ်တစ်ခုကို စတင် မိတ်ဆက်ခဲ့ပါတယ်။ နယူးဒေလီအခြေစိုက် လူမှုရေး-စီးပွားရေး-နိုင်ငံရေး အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “GTRI” အဆိုအရ ယခုလို ဆောင်ရွက်မှုဟာ ကိုဗစ်ကူးစက်ကပ်ရောဂါအလွန် ပို့ကုန်နဲ့ ခရီးသွားလုပ်ငန်းဝင်ငွေကျဆင်းနေရပြီး အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ထိခိုက်ခံစားနေရတဲ့ အာဖရိကနဲ့ တောင်အာရှတိုင်းပြည်များကို ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အရန်နိုင်ငံခြားငွေကြေး ပြတ်လပ်မှုမှာ ရုန်းကန်နေရတဲ့ နိုင်ငံများကို ကူညီပေးရန်အတွက် ဖြစ်တယ်လို့ သိရှိရပါတယ်။

အိန္ဒိယရဲ့ မြန်မာနိုင်ငံသို့ ကုန်တင်ပို့မှုမှာ ယခင်နှစ် အမေရိကန်ဒေါ်လာ ၈၀၇ သန်းမှ ၂၀၂၃-၂၄ မှာ ကန်ဒေါ် လာ ၆၇၀ ဒသမ ၄ သန်းသို့ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ဲ့ည်း အိန္ဒိယရဲ့ မြန်မာမှ သွင်းကုန်ပမာဏမှာ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်မှာ ကန်ဒေါ်လာ ၉၅၄ ဒသမ ၇၄ သန်း ရှိလာတဲ့အတွက် ယခင်ဘဏ္ဍာရေးနှစ်ထက် ကန်ဒေါ်လာ ၁ ဒသမ ၀၇ ဘီလျံအထိ တိုးမြင့်လာခဲ့ကြောင်း တွေ့ရှိရပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံမှ ကုလားပဲ၊ ပဲနီလေး၊ ပဲစင်းငုံတို့လို ပဲမျိုးစုံကို ပြည်တွင်းဝယ်လိုအားအလိုက် တင်သွင်းနေရပါတယ်။ အဲဒီအပြင် သြစတြေးလျ၊ ကနေဒါ၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ ဆူဒန်နဲ့ မာလာဝီ စတဲ့ နိုင်ငံများမှ လည်း လယ်ယာထွက်ကုန်များကို တင်သွင်းနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ နယူးဒေလီက မိမိတို့အစိုးရအနေနဲ့ မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်သွင်းသူ ကုန်သည်များအတွက် ငွေပေးချေမှု ယန္တရားကို ဖြေလျှော့ပေးခဲ့ပြီး လွယ်ကူရှင်းလင်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပန်ဂျပ်နေ ရှင်နယ် ဘဏ်မှတဆင့် SRVA ခေါ် “ရူးပီးငွေဖြင့် အထူးငွေစာရင်း ဖွင့်လှစ်ထားသူများ” အတွက် ကျပ်ငွေနဲ့ ရူးပီး ကို အသုံးပြုပြီး တိုက်ရိုက်ငွေပေးချေနိုင်ကြောင်း ကုန်တင်သွင်းသူများထံ အကြောင်းကြားထားတယ်လို့ အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယရဲ့ ပဲအမျိုးမျိုးတင်သွင်းမှုဟာ ပြည်တွင်းသီးနှံအထွက် လျော့နည်းမှုကို ဖြည့်ဆည်းရန်အပေါ် မူတည်ပါ တယ်။ အိန္ဒိယထံ ပဲဖြူလေး၊ ပဲစင်းငုံနဲ့ မတ်ပဲများကို တင်ပို့လျှက်ရှိတဲ့ တိုင်းပြည်ကတော့ မြန်မာနိုင်ငံပဲဖြစ်ပါ တယ်။ မြန်မာနိုင်ငံဘက်မှာတော့ အိန္ဒိယနဲ့ SRVA စနစ်အရ ငွေပေးချေမှုလုပ်ငန်းစဉ်များအတွက် လမ်းညွှန်ချက်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ နေပြည်တော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ပြီးပါပြီ။ ယခု လာအိုနိုင် ငံ ဗီယင်ကျန်းမြို့မှာ နှစ်နိုင်ငံဝန်ကြီးများ ဆွေးနွေးကြခြင်းဟာ အဲ့ဒီစနစ်အတိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ထပ်မံမြှင့်တင်ဖို့အတွက် ဖြစ်ပါတယ်။

(Business Standard., 21 September 2024,” India, Myanmar discuss ways for bilateral trade through local currencies “ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

zawgyi version
အိႏၵိယ-ျမန္မာ ကုန္သြယ္မႈတြင္ ႐ူးပီးႏွင့္ က်ပ္ေငြေပးေခ်မႈကို တိုးျမႇင့္ရန္စီစဥ္
Htay Oung (NP News) - စက္တင္ဘာ ၂၃

အိႏၵိယနဲ႔ ျမန္မာတို႔ဟာ မိမိတို႔ႏိုင္ငံ ျပည္တြင္းသုံး ႐ူပီးနဲ႔ က်ပ္ေငြတို႔ကို အသုံးျပဳၿပီး ႏွစ္ႏိုင္ငံကုန္သြယ္မႈျမႇင့္တင္ေရး နည္းလမ္းမ်ားကို စေနေန႔ (စက္တင္ဘာလ ၂၁ ရက္)မွာ ေဆြးေႏြးခဲ့ၾကတယ္လို႔ နယူးေဒလီအေျခစိုက္ “ဘင္းဇင္းနက္စ္စတင္းဒတ္”က စက္တင္ဘာလ ၂၁ ရက္မွာ ေရးသားပါတယ္။

လာအိုႏိုင္ငံ ဗီယင္က်န္းၿမိဳ႕မွာ က်င္းပတဲ့ (၁၂)ႀကိမ္ေျမာက္ အေရွ႕အာရွ ထိပ္သီး စီးပြားေရးဝန္ႀကီးမ်ား အစည္းအေဝးျပင္ပမွာ အိႏၵိယကုန္သြယ္ေရး-စက္မႈဝန္ႀကီး ပီယြတ္ရွ္ ဂိုရယ္လ္ နဲ႔ ျမန္မာစီးပြားဆက္ဆံေရးဝန္ႀကီး ေဒါက္တာကံေဇာ္တို႔ ေတြ႕ဆုံစဥ္ ယခုလို ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။

"ပဲအမ်ိဳးမ်ိဳး၊ ဒီဇယ္၊ ဓာတ္ဆီ၊ လွ်ပ္စစ္ကား အစရွိတဲ့ နယ္ပယ္အသီးသီးမ်ားမွာ အလားအလာရွိတဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ေဆြးေႏြးခဲ့ၾကၿပီး ႐ူပီး-က်ပ္ေငြ ဖလွယ္မႈ ယႏၲရားမွတစ္ဆင့္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈ ျမႇင့္တင္ေရးနည္းလမ္းမ်ားကို ေဆြးေႏြးခဲ့ပါတယ္" လို႔ အိႏၵိယဝန္ႀကီးက သူ႔ရဲ႕ X ဆိုရွယ္မီဒီယာ ပလက္ေဖာင္းမွာ ေရးသားခဲ့ပါတယ္။

၂၀၂၃-၂၄ ခုႏွစ္အတြင္း အိႏၵိယ-ျမန္မာ ႏွစ္ႏိုင္ငံကုန္သြယ္မႈဟာ အေမရိကန္ေဒၚလာ ၁.၇၅ ဘီလ်ံရွိခဲ့ပါ တယ္။ အိႏၵိယဟာ ယူေအအီး၊ အာဖရိကႏိုင္ငံမ်ားသာမက ႐ုရွားအပါအဝင္ အျခားႏိုင္ငံမ်ားနဲ႔ ျပည္တြင္းေငြေၾကးမ်ား ကို အသီးသီးအသုံးျပဳၿပီး ကုန္သြယ္မႈျမႇင့္တင္ရန္ ႀကိဳးပမ္းေနပါတယ္။ ျပည္ တြင္းသုံး ေငြေၾကးမ်ားကို အသီးသီးအသုံးျပဳၿပီး ေရာင္းဝယ္မႈဟာ ေငြေၾကးလဲလွယ္ရာမွာ (၂)ဆင့္ ေျပာင္းလဲရန္ လိုအပ္မႈကို ဖယ္ရွားျခင္းျဖင့္ အေရာင္းအဝယ္ကုန္က်စရိတ္ကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

၂၀၂၂ ခုႏွစ္ ဇူလိုင္လမွာ အိႏၵိယႏိုင္ငံ ဗဟိုဘဏ္ဟာ အိႏၵိယ႐ူပီး (INR) ျဖင့္ ႏိုင္ငံတကာ ကုန္သြယ္ေရး အေရာင္းအဝယ္မ်ားကို ေျဖရွင္းရန္ စနစ္တစ္ခုကို စတင္ မိတ္ဆက္ခဲ့ပါတယ္။ နယူးေဒလီအေျခစိုက္ လူမႈေရး-စီးပြားေရး-ႏိုင္ငံေရး အႀကံေပးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ “GTRI” အဆိုအရ ယခုလို ေဆာင္႐ြက္မႈဟာ ကိုဗစ္ကူးစက္ကပ္ေရာဂါအလြန္ ပို႔ကုန္နဲ႔ ခရီးသြားလုပ္ငန္းဝင္ေငြက်ဆင္းေနရၿပီး အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားေၾကာင့္ ထိခိုက္ခံစားေနရတဲ့ အာဖရိကနဲ႔ ေတာင္အာရွတိုင္းျပည္မ်ားကို ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း၊ အရန္ႏိုင္ငံျခားေငြေၾကး ျပတ္လပ္မႈမွာ ႐ုန္းကန္ေနရတဲ့ ႏိုင္ငံမ်ားကို ကူညီေပးရန္အတြက္ ျဖစ္တယ္လို႔ သိရွိရပါတယ္။

အိႏၵိယရဲ႕ ျမန္မာႏိုင္ငံသို႔ ကုန္တင္ပို႔မႈမွာ ယခင္ႏွစ္ အေမရိကန္ေဒၚလာ ၈၀၇ သန္းမွ ၂၀၂၃-၂၄ မွာ ကန္ေဒၚ လာ ၆၇၀ ဒသမ ၄ သန္းသို႔ က်ဆင္းသြားခဲ့ပါတယ္။ ဒါေပမဲ့ဲ့ည္း အိႏၵိယရဲ႕ ျမန္မာမွ သြင္းကုန္ပမာဏမွာ ၂၀၂၂-၂၃ ဘ႑ာေရးႏွစ္မွာ ကန္ေဒၚလာ ၉၅၄ ဒသမ ၇၄ သန္း ရွိလာတဲ့အတြက္ ယခင္ဘ႑ာေရးႏွစ္ထက္ ကန္ေဒၚလာ ၁ ဒသမ ၀၇ ဘီလ်ံအထိ တိုးျမင့္လာခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

အိႏၵိယဟာ ျမန္မာႏိုင္ငံမွ ကုလားပဲ၊ ပဲနီေလး၊ ပဲစင္းငုံတို႔လို ပဲမ်ိဳးစုံကို ျပည္တြင္းဝယ္လိုအားအလိုက္ တင္သြင္းေနရပါတယ္။ အဲဒီအျပင္ ၾသစေၾတးလ်၊ ကေနဒါ၊ မိုဇမ္ဘစ္၊ တန္ဇန္းနီးယား၊ ဆူဒန္နဲ႔ မာလာဝီ စတဲ့ ႏိုင္ငံမ်ားမွ လည္း လယ္ယာထြက္ကုန္မ်ားကို တင္သြင္းေနပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလမွာ နယူးေဒလီက မိမိတို႔အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံမွ ပဲမ်ိဳးစုံတင္သြင္းသူ ကုန္သည္မ်ားအတြက္ ေငြေပးေခ်မႈ ယႏၲရားကို ေျဖေလွ်ာ့ေပးခဲ့ၿပီး လြယ္ကူရွင္းလင္းေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ ပန္ဂ်ပ္ေန ရွင္နယ္ ဘဏ္မွတဆင့္ SRVA ေခၚ “႐ူးပီးေငြျဖင့္ အထူးေငြစာရင္း ဖြင့္လွစ္ထားသူမ်ား” အတြက္ က်ပ္ေငြနဲ႔ ႐ူးပီး ကို အသုံးျပဳၿပီး တိုက္႐ိုက္ေငြေပးေခ်ႏိုင္ေၾကာင္း ကုန္တင္သြင္းသူမ်ားထံ အေၾကာင္းၾကားထားတယ္လို႔ အိႏၵိယ စားသုံးသူေရးရာဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အိႏၵိယရဲ႕ ပဲအမ်ိဳးမ်ိဳးတင္သြင္းမႈဟာ ျပည္တြင္းသီးႏွံအထြက္ ေလ်ာ့နည္းမႈကို ျဖည့္ဆည္းရန္အေပၚ မူတည္ပါ တယ္။ အိႏၵိယထံ ပဲျဖဴေလး၊ ပဲစင္းငုံနဲ႔ မတ္ပဲမ်ားကို တင္ပို႔လွ်က္ရွိတဲ့ တိုင္းျပည္ကေတာ့ ျမန္မာႏိုင္ငံပဲျဖစ္ပါ တယ္။ ျမန္မာႏိုင္ငံဘက္မွာေတာ့ အိႏၵိယနဲ႔ SRVA စနစ္အရ ေငြေပးေခ်မႈလုပ္ငန္းစဥ္မ်ားအတြက္ လမ္းၫႊန္ခ်က္မ်ားကို ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ ေနျပည္ေတာ္ ဗဟိုဘဏ္က သတင္းထုတ္ျပန္ခဲ့ၿပီးပါၿပီ။ ယခု လာအိုႏိုင္ ငံ ဗီယင္က်န္းၿမိဳ႕မွာ ႏွစ္ႏိုင္ငံဝန္ႀကီးမ်ား ေဆြးေႏြးၾကျခင္းဟာ အဲ့ဒီစနစ္အတိုင္း ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရး ထပ္မံျမႇင့္တင္ဖို႔အတြက္ ျဖစ္ပါတယ္။

(Business Standard., 21 September 2024,” India, Myanmar discuss ways for bilateral trade through local currencies “ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.