ယူကရိန်းစစ်ပွဲအတွက် ဒရုန်းအစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
594
Pika (NP News) - စက်တင်ဘာ ၂၄
ယူကရိန်းနှင့် ဖြစ်ပွားနေသောစစ်ပွဲတွင် ရုရှားတပ်ဖွဲ့များ အနိုင်ရရှိစေရန်အတွက် ယခုနှစ်အတွင်း ဒရုန်းထုတ်လုပ်မှုကို ဆယ်ဆဝန်းကျင် ဒရုန်းအစင်းရေ(၁ ဒသမ ၄)သန်းခန့်အထိ တိုးမြှင့် ထုတ်လုပ်နေကြောင်း ရုရှားသမ္မတပူတင်က စက်တင် ဘာလ (၁၉) ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ပူတင်က "(၂၀၂၃) ခုနှစ်မှာ အမျိုးအစားအမျိုးမျိုးရှိတဲ့ စုစုပေါင်း ဒရုန်းအစင်းရေ(၁၄ဝဝဝဝ)ခန့်ကို ရုရှားတပ်ဖွဲ့တွေဆီ ဖြန့်ကြက်ချထားပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒရုန်းတွေထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် (၁၀)ဆဝန်းကျင်လောက် ပိုများသွားပါပြီ။ စစ်မြေ ပြင်မှာ ဒီလိုစစ်လက်နက်ပစ္စည်းတွေ တောင်းဆိုမှုကို လျင်လျင်မြန်မြန် လုပ်ဆောင်ပေးနိုင်တဲ့နိုင်ငံကပဲ အနိုင်ရရှိမှာပါ"ဟုပြောဆိုခဲ့သည်။ ပူတင်သည် ဒရုန်း ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့်ပတ်သက်ပြီး စိန့်ပီတာ စဘတ်မြို့တွင်ကျင်းပသော အစည်းအဝေးတစ်ခု၌ ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်း ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက နှစ်ဖက်စလုံးသည် ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့သည် အမြောက်များနှင့်လက်နက်တိုက်များကို ဖျက်ဆီးပစ်ခြင်းမှ စွမ်းအင်အခြေခံ အဆောက်အအုံနှင့် စစ်သင်္ဘောတို့ကို တိုက်ခိုက်ခြင်း တို့အထိ အကွာအဝေးတစ်ခုတွင်ရှိသော ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ပြည်ပနိုင်ငံများမှဒရုန်းများကို ဝယ်ယူခြင်းနှင့် ၎င်းတို့၏ကိုယ်ပိုင်ထုတ်လုပ်မှုများ ကို မြှင့်တင်ခဲ့ကြကြောင်းလည်းသိရသည်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားသည်မှာ အချိန်နှစ် နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိ အချိန်အထိ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူနိုင်ခြင်းမျိုးမရှိသေး ကြောင်းလည်းသိရသည်။ ထို့ပြင် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားအရေအတွက်နှင့်ပတ် သက်ပြီး နှစ်ဖက်စလုံးက တိကျသေချာသောအရေအတွက် အချက်အလက်များကို ထုတ်ပြန်ပြသခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။
zawgyi version
ယူကရိန္းစစ္ပြဲအတြက္ ဒ႐ုန္း အစင္းေရ တစ္သန္းခြဲနီးပါး တိုးျမႇင့္ထုတ္လုပ္မည္ဟု ႐ုရွားသမၼတပူတင္ ေျပာ
Pika (NP News) - စက္တင္ဘာ ၂၄
ယူကရိန္းႏွင့္ ျဖစ္ပြားေနေသာစစ္ပြဲတြင္ ႐ုရွားတပ္ဖြဲ႕မ်ား အႏိုင္ရရွိေစရန္အတြက္ ယခုႏွစ္အတြင္း ဒ႐ုန္းထုတ္လုပ္မႈကို ဆယ္ဆဝန္းက်င္ ဒ႐ုန္းအစင္းေရ(၁ ဒသမ ၄)သန္းခန႔္အထိ တိုးျမႇင့္ ထုတ္လုပ္ေနေၾကာင္း ႐ုရွားသမၼတပူတင္က စက္တင္ ဘာလ (၁၉) ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ ပူတင္က "(၂၀၂၃) ခုႏွစ္မွာ အမ်ိဳးအစားအမ်ိဳးမ်ိဳးရွိတဲ့ စုစုေပါင္း ဒ႐ုန္းအစင္းေရ(၁၄ဝဝဝဝ)ခန႔္ကို ႐ုရွားတပ္ဖြဲ႕ေတြဆီ ျဖန႔္ၾကက္ခ်ထားေပးခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ဒ႐ုန္းေတြထုတ္လုပ္မႈကို သိသိသာသာ တိုးျမႇင့္ထုတ္လုပ္ဖို႔ စီစဥ္ခဲ့ပါတယ္။ ရွင္းရွင္းေျပာရမယ္ဆိုရင္ေတာ့ ၿပီးခဲ့တဲ့ႏွစ္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ (၁၀)ဆဝန္းက်င္ေလာက္ ပိုမ်ားသြားပါၿပီ။ စစ္ေျမ ျပင္မွာ ဒီလိုစစ္လက္နက္ပစၥည္းေတြ ေတာင္းဆိုမႈကို လ်င္လ်င္ျမန္ျမန္ လုပ္ေဆာင္ေပးႏိုင္တဲ့ႏိုင္ငံကပဲ အႏိုင္ရရွိမွာပါ"ဟုေျပာဆိုခဲ့သည္။ ပူတင္သည္ ဒ႐ုန္း ထုတ္လုပ္မႈကို ျမႇင့္တင္ရန္ႏွင့္ပတ္သက္ၿပီး စိန႔္ပီတာ စဘတ္ၿမိဳ႕တြင္က်င္းပေသာ အစည္းအေဝးတစ္ခု၌ ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
(၂၀၂၂) ခုႏွစ္ ေဖေဖာ္ဝါရီလေႏွာင္းပိုင္း ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ႏွစ္ဖက္စလုံးသည္ ဒ႐ုန္းမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာခဲ့ၾကျခင္းျဖစ္သည္။ ႐ုရွားႏွင့္ ယူကရိန္းတို႔သည္ အေျမာက္မ်ားႏွင့္လက္နက္တိုက္မ်ားကို ဖ်က္ဆီးပစ္ျခင္းမွ စြမ္းအင္အေျခခံ အေဆာက္အအုံႏွင့္ စစ္သေဘၤာတို႔ကို တိုက္ခိုက္ျခင္း တို႔အထိ အကြာအေဝးတစ္ခုတြင္ရွိေသာ ပစ္မွတ္မ်ားကို တိုက္ခိုက္ရန္အတြက္ ျပည္ပႏိုင္ငံမ်ားမွဒ႐ုန္းမ်ားကို ဝယ္ယူျခင္းႏွင့္ ၎တို႔၏ကိုယ္ပိုင္ထုတ္လုပ္မႈမ်ား ကို ျမႇင့္တင္ခဲ့ၾကေၾကာင္းလည္းသိရသည္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားသည္မွာ အခ်ိန္ႏွစ္ ႏွစ္ေက်ာ္ခန႔္ ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း လက္ရွိ အခ်ိန္အထိ ႏွစ္ဖက္စလုံးက အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ရယူႏိုင္ျခင္းမ်ိဳးမရွိေသး ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ စစ္ပြဲအတြင္း ေသဆုံးခဲ့သည့္ စစ္သားအေရအတြက္ႏွင့္ပတ္ သက္ၿပီး ႏွစ္ဖက္စလုံးက တိက်ေသခ်ာေသာအေရအတြက္ အခ်က္အလက္မ်ားကို ထုတ္ျပန္ျပသျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္းသိရသည္။