နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်

 6235

မြူနစ် (NP News) - စက်တင်ဘာ ၂၄

နိုင်ငံအနှံ့တွင် ရေဘေးဒဏ်ကို ပြည်သူများခံစားနေရသော်လည်း လက် နက်ကိုင်အဖွဲ့များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှုမှာလည်း ဆက်လက်မြင့်တက်နေလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုများကြောင့် မြို့နယ်ပေါင်း (၆၀)ထက်မနည်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ လူဦးရေနှစ်သိန်းကျော်မှာလည်း ရေဘေးဒဏ်ကို ခံစားနေရ လျက်ရှိသည်။

ထို့ပြင် ၎င်းကဲ့သို့ ရေကြီးရေလျှံမှုများကြောင့် ရာနှင့်ချီသော မြန်မာပြည်သူ လူထုသည်လည်း သေဆုံးခဲ့ရသကဲ့သို့ ပျောက်ဆုံးနေသူများလည်း ဆက်ရှိနေဆဲဖြစ်သည်။ ထိုကဲ့သို့ ရေဘေးဒဏ်ကို မြန်မာပြည်သူလူထုအနေဖြင့် အပြင်း အထန်ခံစား နေရသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို အကြမ်းဖက် သတ်ဖြတ်နေသည့် ဖြစ်စဉ်များမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

ယခုစက်တင်ဘာလ (၁၇) ရက် နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကြွယ်ပုံ ကျေးရွာအနီးတွင် အမျိုးသမီးအများဆုံးပါဝင်သည့် ဒေသခံပြည်သူ (၁၅)ဦးသည် PDF လက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်သတ်ဖြတ် ခြင်းကို ခံခဲ့ရကြောင်း စစ်ကိုင်းတိုင်းအစိုးရက NP News ကို ပြောသည်။ ကြွယ်ပုံကျေးရွာသူ၊ ကျေးရွာသား (၂၀)ဝန်းကျင် ခန့်သည် ယာခင်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် Canda ကားနှစ်စီးဖြင့် နံနက်ပိုင်းတွင် ရွာအတွင်းမှ ထွက်ခွာ လာခဲ့ပြီးနောက် တစ်မိုင်ကျော်ခန့်အရောက် ယာခင်းသွား လမ်းပေါ်တွင် ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်း သိရ သည်။

PDF အဖွဲ့ဝင် (၂၅)ဦးခန့်သည် နေရာ(၂)နေရာခွဲကာ ကြွယ်ပုံကျေးရွာသူ၊ ကျေးရွာသားများ လိုက်ပါသည့် ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဗုံးများဖြင့်ပစ်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အစိုးရ အဖွဲ့ကဆိုသည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကားနှစ်စီးမှာ ရပ်တန့်သွားခဲ့ပြီး နောက် PDF အဖွဲ့ဝင် များသည် ကားအနီးသို့ ချဉ်းကပ်လာကာ ကြွယ်ပုံ ကျေးရွာသူ၊ ကျေးရွာသားအချို့ကို အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုများကို ထပ်မံကျူးလွန်ခဲ့ကြောင်းလည်း ၎င်းအစိုးရအဖွဲ့က ပြောသည်။ “အရမ်းရက်စက် လွန်းပါ တယ်။ သေဆုံးသွားတဲ့သူတွေအထဲမှာ သဲဇင်ဝင်း၊ သန္တာဝင်း၊ သူဇင်ဝင်းတို့ ညီအစ်မ (၃)ဦးပါတယ်။ ညီအစ်မ အရင်း တွေပါ။ ဦးညွန့်ဝေရဲ့ သမီးတွေပါ။ နောက်ထပ်စိတ်မကောင်းဖြစ်ရတာက ဒဏ်ရာတွေနဲ့ လဲနေတဲ့သူတွေ ကိုလည်း ခေါင်းကို တေ့ပြီးပစ်သတ် သွားတာ ရှိသေးတယ်” ဟု စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှတာဝန်ရှိသူက NP News ကို ပြောသည်။

အထက်ပါ ဖြစ်စဉ်အတွင်း ကြွယ်ပုံကျေးရွာ သားများဖြစ်သည့် ဦးအောင်ဆန်းဦး (၃၇ နှစ်)၊ မရည်မွန်(၂၃ နှစ်)၊ မသူဇာဝင်း (၂၇ နှစ်)၊ မသဲဇင်ဝင်း (၂၄ နှစ်)၊ မသူဇင်ဝင်း (၁၉ နှစ်)၊ မယု (၃၅ နှစ်)၊ မဘုတ် (၃၇ နှစ်)၊ ဦးဝင်းထွဋ် (၄၃ နှစ်)၊ မမြတ်စု (၂၂ နှစ်)၊ မသန္တာဝင်း (၂၁ နှစ်)၊ မဝင်းရွှေ (၄၀ နှစ်)၊ ဦးလင်းလင်း (၃၂ နှစ်)၊ မသူဇာအောင် (၃၄ နှစ်)၊ မသန္တာမိုး (၃၃ နှစ်)နှင့် မစုလှိုင် (၂၃ နှစ်) တို့သည် ဖောက်ဝင်ဒဏ် အသီးသီးဖြင့် သေဆုံးခဲ့ရသည်။ အလားတူ ကြွယ်ပုံ ကျေးရွာသူများ ဖြစ် သော မစိုးမမ (၃၃ နှစ်)၊ ဒေါ်ရီသန့် (၅၁ နှစ်)နှင့် မစုနိုင် (၃၃ နှစ်)တို့သည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ (၁၇) ရက်၊ ညနေပိုင်းတွင်လည်း စစ်ကိုင်းစက်မှုဇုန်ရှိ MANN ERAWON ကုမ္ပဏီ (ပရိဘောဂစက်ရုံ)တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား (၂၅) ဦးခန့်သည် ဝန်ထမ်းကြိုပို့ကားဖြင့် စက်ရုံမှ ပြန်လာစဉ် အုန်းတောကျေးရွာ၊ တိုင်းရင်းသား တက္ကသိုလ်အနီး အရောက် ကားလမ်းဘေးမှတစ်ဆင့် မိုင်းဆွဲတိုက်ခိုက် ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်အတွင်း အလုပ်သမား (၁၁)ဦး၏ ခန္ဓာကိုယ်အသီးသီးတွင်လည်း ထိခိုက်ဒဏ် ရာများ ရရှိခဲ့သည့်ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခုဖြစ်နေတဲ့ ရေဘေးနဲ့ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ အနုပညာ ရှင်တွေ၊ အစိုးရ၊ တပ်မတော်၊ တာဝန် ရှိတဲ့အဖွဲ့အစည်းတွေအားလုံးက ရေဘေးဒုက္ခသည် တွေကို အားလုံးတတ်စွမ်းသမျှ ဝိုင်းဝန်း ကူညီနေကြ တယ်။ နိုင်ငံရေးပါတီတွေအပါအဝင်ပေါ့ ဝိုင်းဝန်း ကူညီနေကြတယ်။ ဒီလိုအချိန်မှာ အခုစစ်ကိုင်းက အဖြစ်မျိုး ကြားရတာ သူ့ဟာသူ ယာခင်းထဲသွားတဲ့ ရွာသားတွေကို သူတို့ကို မထောက်ခံလို့ဆိုပြီးတော့ အခုလိုအကြမ်း ဖက်သတ်ဖြတ်တဲ့ လုပ်ရပ်က အလွန် လူမဆန်တဲ့ လုပ်ရပ်ပေါ့။ ပြောရရင်တော့ အခု လို တစ်တိုင်းတစ်ပြည်လုံး ရေဘေး အန္တရာယ်နဲ့ ဒုက္ခရောက်နေတဲ့အချိန်မှာ ဖြစ်နိုင်ရင် တိုက်ပွဲတွေတောင် ရပ်ထားစေချင်တယ်” ဟု အမျိုးသား ဒီမို ကရေစီပါတီ သစ်မှ ဒုတိယဥက္ကဋ္ဌဦးခိုင်မင်းက NP News ကို သုံးသပ်ပြောကြားသည်။

ထို့အတူ နိုင်ငံတစ်ဝန်း၌ ရေဘေးသင့်နေချိန်တွင် မန္တလေးတိုင်း မြစ်သားမြို့နယ်အတွင်းရှိ သံဃာတော် တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်သည့် ဖြစ်စဉ်တစ်ရပ် ယခု စက်တင်ဘာလ (၁၆) ရက်နေ့ တွင် ဖြစ်ပွားခဲ့သေးသည်။ မြစ်သားမြို့နယ်၊ ခရုတုတ်ကျေးရွာရှိ စိန္ဒာမယာရာမ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသော သက်တော်(၆၂) နှစ်ရှိ ဆရာတော်ဥူးကောဝိဒသည် ဒကာ ဦးမင်းသိန်းနှင့်အတူ ဆိုင်ကယ်ဖြင့် ကူမဲမြို့သို့ ထွက်ခွာလာစဉ် ကူမဲ-ကင်းတာ ကားလမ်းပေါ်အရောက် တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော် အာဏာရယူခဲ့ပြီးနောက် ပြည်တွင်း၌ PDF လက်နက်ကိုင် အဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်လာခဲ့ပြီး ပဋိပက္ခမျိုးစုံ ဖြစ်ပွားနေသကဲ့သို့ အကြမ်း ဖက်သတ်ဖြတ်မှု ဖြစ်စဉ်များသည်လည်း နိုင်ငံအတွင်း၌ ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနေလျက်ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ PDF အဖွဲ့ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်သတ်ဖြတ်နေမှု များကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံသားဦးရေမှာ (၈၀ဝဝ) ဝန်းကျင်အထိ ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ လူ(၃)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ် ပေါင်းမှာ (၈၀)ဝန်းကျင်ထက် မနည်းရှိနေပြီဖြစ်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

“ကိုယ်သွားနေတဲ့ လမ်းစဉ်မှန်လား၊ မှားလား ပြန်သုံးသပ်ပေါ့။ ဒါပေမဲ့ တချို့အကြမ်းဖက် သမားတွေကတော့ သူတို့မှာ ဒီလို ပြန်သုံးသပ်နိုင်လောက်တဲ့ အသိဉာဏ်မရှိတော့ဘူး။ သူတို့က အစွန်းရောက်ပြီးတော့ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ စိတ်တစ်ခုပဲ သူတို့မှာ ရှိတော့တာလေ။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီလိုအကြမ်းဖက်အဖွဲ့အစည်း တွေကို တပ်မတော်ရော၊ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေကရော ပြည်သူလူထုရဲ့ အသက်အိုး အိမ်စည်းစိမ်လုံ ခြုံရေးအတွက် ပြတ်ပြတ်သားသား ချေမှုန်းဖို့ လိုတယ်” ဟု ဒုဥက္ကဋ္ဌဦးခိုင်မင်းက ဆက်လက်ပြောကြားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသည့် အကြမ်း ဖက်သမားများကို အစိုးရအနေဖြင့် ပြတ်သားစွာရှင်း လင်းသွားရန် လိုအပ်ကြောင်းလည်း ၎င်းက ထပ်မံအကြံပြုထားသည်။မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီး၏ စစ်လက်နက်ပစ္စည်းများကြောင့် ပြည်သူလူထုများစွာ အသက်ဆုံးရှုံးနေရသကဲ့သို့ ၎င်းတို့၏ စည်း စိမ်ဥစ္စာအများအပြားသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။

zawgyi version
ႏိုင္ငံအႏွံ႔ ေရေဘးဒဏ္ခံစားေနရေသာ္လည္း NUG-PDF မ်ားက အရပ္သားမ်ားကို အၾကမ္းဖက္သတ္ျဖတ္ေနမႈ ဆက္လက္ျမင့္တက္
ျမဴနစ္ (NP News) - စက္တင္ဘာ ၂၄

ႏိုင္ငံအႏွံ႔တြင္ ေရေဘးဒဏ္ကို ျပည္သူမ်ားခံစားေနရေသာ္လည္း လက္ နက္ကိုင္အဖြဲ႕မ်ားက အရပ္သားမ်ားကို အၾကမ္းဖက္သတ္ျဖတ္ေနမႈမွာလည္း ဆက္လက္ျမင့္တက္ေနလ်က္ရွိသည္။

ျမန္မာႏိုင္ငံ၌ ယခုရက္ပိုင္းအတြင္း မိုးအဆက္မျပတ္ သည္းထန္စြာ ႐ြာသြန္းမႈမ်ားေၾကာင့္ ၿမိဳ႕နယ္ေပါင္း (၆၀)ထက္မနည္းတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ကာ လူဦးေရႏွစ္သိန္းေက်ာ္မွာလည္း ေရေဘးဒဏ္ကို ခံစားေနရ လ်က္ရွိသည္။

ထို႔ျပင္ ၎ကဲ့သို႔ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ရာႏွင့္ခ်ီေသာ ျမန္မာျပည္သူ လူထုသည္လည္း ေသဆုံးခဲ့ရသကဲ့သို႔ ေပ်ာက္ဆုံးေနသူမ်ားလည္း ဆက္ရွိေနဆဲျဖစ္သည္။ ထိုကဲ့သို႔ ေရေဘးဒဏ္ကို ျမန္မာျပည္သူလူထုအေနျဖင့္ အျပင္း အထန္ခံစား ေနရေသာ္လည္း လက္နက္ကိုင္အဖြဲ႕အစည္းမ်ားက အရပ္သားမ်ားကို အၾကမ္းဖက္ သတ္ျဖတ္ေနသည့္ ျဖစ္စဥ္မ်ားမွာ ဆက္လက္ျမင့္တက္ေနဆဲျဖစ္သည္။

ယခုစက္တင္ဘာလ (၁၇) ရက္ နံနက္ ပိုင္းတြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္ရွိ ႂကြယ္ပုံ ေက်း႐ြာအနီးတြင္ အမ်ိဳးသမီးအမ်ားဆုံးပါဝင္သည့္ ေဒသခံျပည္သူ (၁၅)ဦးသည္ PDF လက္နက္ကိုင္အဖြဲ႕၏ အၾကမ္းဖက္သတ္ျဖတ္ ျခင္းကို ခံခဲ့ရေၾကာင္း စစ္ကိုင္းတိုင္းအစိုးရက NP News ကို ေျပာသည္။ ႂကြယ္ပုံေက်း႐ြာသူ၊ ေက်း႐ြာသား (၂၀)ဝန္းက်င္ ခန႔္သည္ ယာခင္းမ်ားတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ Canda ကားႏွစ္စီးျဖင့္ နံနက္ပိုင္းတြင္ ႐ြာအတြင္းမွ ထြက္ခြာ လာခဲ့ၿပီးေနာက္ တစ္မိုင္ေက်ာ္ခန႔္အေရာက္ ယာခင္းသြား လမ္းေပၚတြင္ ဝိုင္းဝန္းတိုက္ခိုက္ျခင္းကိုခံခဲ့ရေၾကာင္း သိရ သည္။

PDF အဖြဲ႕ဝင္ (၂၅)ဦးခန႔္သည္ ေနရာ(၂)ေနရာခြဲကာ ႂကြယ္ပုံေက်း႐ြာသူ၊ ေက်း႐ြာသားမ်ား လိုက္ပါသည့္ ကားႏွစ္စီးကို မိုင္းဆြဲတိုက္ခိုက္ျခင္း၊ ဗုံးမ်ားျဖင့္ပစ္ျခင္း၊ ေသနတ္မ်ားျဖင့္ ပစ္ခတ္ျခင္းတို႔ျဖင့္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း အထက္ပါ အစိုးရ အဖြဲ႕ကဆိုသည္။ ထိုသို႔ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ ကားႏွစ္စီးမွာ ရပ္တန႔္သြားခဲ့ၿပီး ေနာက္ PDF အဖြဲ႕ဝင္ မ်ားသည္ ကားအနီးသို႔ ခ်ဥ္းကပ္လာကာ ႂကြယ္ပုံ ေက်း႐ြာသူ၊ ေက်း႐ြာသားအခ်ိဳ႕ကို အနီးကပ္ ပစ္ခတ္သတ္ျဖတ္မႈမ်ားကို ထပ္မံက်ဴးလြန္ခဲ့ေၾကာင္းလည္း ၎အစိုးရအဖြဲ႕က ေျပာသည္။ “အရမ္းရက္စက္ လြန္းပါ တယ္။ ေသဆုံးသြားတဲ့သူေတြအထဲမွာ သဲဇင္ဝင္း၊ သႏၲာဝင္း၊ သူဇင္ဝင္းတို႔ ညီအစ္မ (၃)ဦးပါတယ္။ ညီအစ္မ အရင္း ေတြပါ။ ဦးၫြန႔္ေဝရဲ႕ သမီးေတြပါ။ ေနာက္ထပ္စိတ္မေကာင္းျဖစ္ရတာက ဒဏ္ရာေတြနဲ႔ လဲေနတဲ့သူေတြ ကိုလည္း ေခါင္းကို ေတ့ၿပီးပစ္သတ္ သြားတာ ရွိေသးတယ္” ဟု စစ္ကိုင္းတိုင္း အစိုးရအဖြဲ႕မွတာဝန္ရွိသူက NP News ကို ေျပာသည္။

အထက္ပါ ျဖစ္စဥ္အတြင္း ႂကြယ္ပုံေက်း႐ြာ သားမ်ားျဖစ္သည့္ ဦးေအာင္ဆန္းဦး (၃၇ ႏွစ္)၊ မရည္မြန္(၂၃ ႏွစ္)၊ မသူဇာဝင္း (၂၇ ႏွစ္)၊ မသဲဇင္ဝင္း (၂၄ ႏွစ္)၊ မသူဇင္ဝင္း (၁၉ ႏွစ္)၊ မယု (၃၅ ႏွစ္)၊ မဘုတ္ (၃၇ ႏွစ္)၊ ဦးဝင္းထြဋ္ (၄၃ ႏွစ္)၊ မျမတ္စု (၂၂ ႏွစ္)၊ မသႏၲာဝင္း (၂၁ ႏွစ္)၊ မဝင္းေ႐ႊ (၄၀ ႏွစ္)၊ ဦးလင္းလင္း (၃၂ ႏွစ္)၊ မသူဇာေအာင္ (၃၄ ႏွစ္)၊ မသႏၲာမိုး (၃၃ ႏွစ္)ႏွင့္ မစုလႈိင္ (၂၃ ႏွစ္) တို႔သည္ ေဖာက္ဝင္ဒဏ္ အသီးသီးျဖင့္ ေသဆုံးခဲ့ရသည္။ အလားတူ ႂကြယ္ပုံ ေက်း႐ြာသူမ်ား ျဖစ္ ေသာ မစိုးမမ (၃၃ ႏွစ္)၊ ေဒၚရီသန႔္ (၅၁ ႏွစ္)ႏွင့္ မစုႏိုင္ (၃၃ ႏွစ္)တို႔သည္လည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စက္တင္ဘာ (၁၇) ရက္၊ ညေနပိုင္းတြင္လည္း စစ္ကိုင္းစက္မႈဇုန္ရွိ MANN ERAWON ကုမၸဏီ (ပရိေဘာဂစက္႐ုံ)တြင္ အလုပ္လုပ္ကိုင္ေနသည့္ အလုပ္သမား (၂၅) ဦးခန႔္သည္ ဝန္ထမ္းႀကိဳပို႔ကားျဖင့္ စက္႐ုံမွ ျပန္လာစဥ္ အုန္းေတာေက်း႐ြာ၊ တိုင္းရင္းသား တကၠသိုလ္အနီး အေရာက္ ကားလမ္းေဘးမွတစ္ဆင့္ မိုင္းဆြဲတိုက္ခိုက္ ျခင္းကို ခံခဲ့ရေၾကာင္း သိရသည္။ ျဖစ္စဥ္အတြင္း အလုပ္သမား (၁၁)ဦး၏ ခႏၶာကိုယ္အသီးသီးတြင္လည္း ထိခိုက္ဒဏ္ ရာမ်ား ရရွိခဲ့သည့္ျဖစ္စဥ္ ထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“အခုျဖစ္ေနတဲ့ ေရေဘးနဲ႔ပတ္သက္ၿပီးေတာ့ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ျပည္သူေတြ၊ လုပ္ငန္းရွင္ေတြ၊ အႏုပညာ ရွင္ေတြ၊ အစိုးရ၊ တပ္မေတာ္၊ တာဝန္ ရွိတဲ့အဖြဲ႕အစည္းေတြအားလုံးက ေရေဘးဒုကၡသည္ ေတြကို အားလုံးတတ္စြမ္းသမွ် ဝိုင္းဝန္း ကူညီေနၾက တယ္။ ႏိုင္ငံေရးပါတီေတြအပါအဝင္ေပါ့ ဝိုင္းဝန္း ကူညီေနၾကတယ္။ ဒီလိုအခ်ိန္မွာ အခုစစ္ကိုင္းက အျဖစ္မ်ိဳး ၾကားရတာ သူ႔ဟာသူ ယာခင္းထဲသြားတဲ့ ႐ြာသားေတြကို သူတို႔ကို မေထာက္ခံလို႔ဆိုၿပီးေတာ့ အခုလိုအၾကမ္း ဖက္သတ္ျဖတ္တဲ့ လုပ္ရပ္က အလြန္ လူမဆန္တဲ့ လုပ္ရပ္ေပါ့။ ေျပာရရင္ေတာ့ အခု လို တစ္တိုင္းတစ္ျပည္လုံး ေရေဘး အႏၲရာယ္နဲ႔ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ျဖစ္ႏိုင္ရင္ တိုက္ပြဲေတြေတာင္ ရပ္ထားေစခ်င္တယ္” ဟု အမ်ိဳးသား ဒီမို ကေရစီပါတီ သစ္မွ ဒုတိယဥကၠ႒ဦးခိုင္မင္းက NP News ကို သုံးသပ္ေျပာၾကားသည္။

ထို႔အတူ ႏိုင္ငံတစ္ဝန္း၌ ေရေဘးသင့္ေနခ်ိန္တြင္ မႏၲေလးတိုင္း ျမစ္သားၿမိဳ႕နယ္အတြင္းရွိ သံဃာေတာ္ တစ္ပါးကို PDF အဖြဲ႕က ေသနတ္ျဖင့္ လိုက္လံပစ္ခတ္သတ္ျဖတ္သည့္ ျဖစ္စဥ္တစ္ရပ္ ယခု စက္တင္ဘာလ (၁၆) ရက္ေန႔ တြင္ ျဖစ္ပြားခဲ့ေသးသည္။ ျမစ္သားၿမိဳ႕နယ္၊ ခ႐ုတုတ္ေက်း႐ြာရွိ စိႏၵာမယာရာမ ဘုန္းႀကီးေက်ာင္းတြင္ သီတင္းသုံးေနေသာ သက္ေတာ္(၆၂) ႏွစ္ရွိ ဆရာေတာ္ဥဴးေကာဝိဒသည္ ဒကာ ဦးမင္းသိန္းႏွင့္အတူ ဆိုင္ကယ္ျဖင့္ ကူမဲၿမိဳ႕သို႔ ထြက္ခြာလာစဥ္ ကူမဲ-ကင္းတာ ကားလမ္းေပၚအေရာက္ တြင္ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္ အာဏာရယူခဲ့ၿပီးေနာက္ ျပည္တြင္း၌ PDF လက္နက္ကိုင္ အဖြဲ႕အစည္းေပါင္းမ်ားစြာ ေပၚေပါက္လာခဲ့ၿပီး ပဋိပကၡမ်ိဳးစုံ ျဖစ္ပြားေနသကဲ့သို႔ အၾကမ္း ဖက္သတ္ျဖတ္မႈ ျဖစ္စဥ္မ်ားသည္လည္း ႏိုင္ငံအတြင္း၌ ပုံစံမ်ိဳးစုံျဖင့္ ျဖစ္ပြားေနလ်က္ရွိသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ PDF အဖြဲ႕ အပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားက အၾကမ္းဖက္သတ္ျဖတ္ေနမႈ မ်ားေၾကာင့္ ေသဆုံးခဲ့ရသည့္ ႏိုင္ငံသားဦးေရမွာ (၈၀ဝဝ) ဝန္းက်င္အထိ ရွိလာၿပီျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္အထိ လူ(၃)ဦးႏွင့္အထက္ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခံခဲ့ရသည့္ ျဖစ္စဥ္ ေပါင္းမွာ (၈၀)ဝန္းက်င္ထက္ မနည္းရွိေနၿပီျဖစ္ေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။

“ကိုယ္သြားေနတဲ့ လမ္းစဥ္မွန္လား၊ မွားလား ျပန္သုံးသပ္ေပါ့။ ဒါေပမဲ့ တခ်ိဳ႕အၾကမ္းဖက္ သမားေတြကေတာ့ သူတို႔မွာ ဒီလို ျပန္သုံးသပ္ႏိုင္ေလာက္တဲ့ အသိဉာဏ္မရွိေတာ့ဘူး။ သူတို႔က အစြန္းေရာက္ၿပီးေတာ့ တိုင္းျပည္ကို ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္တဲ့ စိတ္တစ္ခုပဲ သူတို႔မွာ ရွိေတာ့တာေလ။ ဆိုေတာ့ ဘာပဲျဖစ္ျဖစ္ ဒီလိုအၾကမ္းဖက္အဖြဲ႕အစည္း ေတြကို တပ္မေတာ္ေရာ၊ သက္ဆိုင္ရာ လုံၿခဳံေရး အဖြဲ႕အစည္းေတြကေရာ ျပည္သူလူထုရဲ႕ အသက္အိုး အိမ္စည္းစိမ္လုံ ၿခဳံေရးအတြက္ ျပတ္ျပတ္သားသား ေခ်မႈန္းဖို႔ လိုတယ္” ဟု ဒုဥကၠ႒ဦးခိုင္မင္းက ဆက္လက္ေျပာၾကားသည္။

ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ဖ်က္ဆီးေနသည့္ အၾကမ္း ဖက္သမားမ်ားကို အစိုးရအေနျဖင့္ ျပတ္သားစြာရွင္း လင္းသြားရန္ လိုအပ္ေၾကာင္းလည္း ၎က ထပ္မံအႀကံျပဳထားသည္။ျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္အဖြဲ႕အစည္း အသီးသီး၏ စစ္လက္နက္ပစၥည္းမ်ားေၾကာင့္ ျပည္သူလူထုမ်ားစြာ အသက္ဆုံးရႈံးေနရသကဲ့သို႔ ၎တို႔၏ စည္း စိမ္ဥစၥာအမ်ားအျပားသည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚေနလ်က္ရွိသည္။

Picture

Aung Aung

24/09/2024 20:53

ဟုတ်လား 😳 မင်းတို့က သူတော်ကောင်းတွေဘဲ 😆

Picture

E Hmwe

25/09/2024 03:46

မလေးစားပဲနဲ့ကို့သုံးပဲစားရတော့မလား😓😱

Related news

© 2021. All rights reserved.