ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်

 180

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

ယူကရိန်းကို အိန္ဒိယနိုင်ငံထုတ်အမြောက်ကျည် ဆန်များ လွှဲပြောင်းပေးနေသည့် ဥရောပတိုက်ရှိ ဝယ်လက်များကို တားဆီးရန် ပျက်ကွက်နေသည်ဆိုသော စွပ်စွဲချက်များကို အိန္ဒိယအစိုးရက ငြင်းဆန်ပယ်ချ လိုက်ကြောင်းသိရသည်။ ရိုက်တာသတင်းဌာနက အိန္ဒိယ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် ဥရောပ တိုက်ရှိ ဝယ်ယူသူများထံ လွှဲပြောင်းပေးနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲတွင်အသုံးပြုရန်အတွက် အိန္ဒိယ လက်နက်ကုမ္ပဏီများ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးနေခြင်းသည် တစ်နှစ်ကျော်နေပြီဖြစ် ကြောင်း ရုရှားအစိုးရက ကန့်ကွက်မှုများရှိခဲ့သော်လည်း အိန္ဒိယအစိုးရက တားဆီးခြင်းမျိုးမရှိကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြခဲ့သည်။ သို့ သော်လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ရိုက်တာသတင်းဌာန၏ဖော်ပြချက်များသည် ထင်မြင်ချက်များသာဖြစ်ပြီး မှန်ကန်မှုမရှိသကဲ့သို့ နား လည်မှုလွဲမှားခြင်းများရှိနေကြောင်း တုံ့ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "အိန္ဒိယနိုင်ငံ ချိုးဖောက်မှုတွေရှိတယ်လို့ဖော် ပြခဲ့ပေမယ့် မှန်ကန်မှုမရှိတဲ့ဖော်ပြချက်တွေသာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ စစ်လက်နက်ပစ္စည်းရောင်း ချခြင်းကနေ အကျိုးစီးပွားရှာတာမျိုးမရှိဘူး၊ နိုင်ငံတကာစည်းကမ်းဥပဒေအတိုင်းသာ လိုက်နာကျင့်သုံးနေတယ်"ဟု ပြောသည်။

ရုရှားအစိုးရသည် အိန္ဒိယ အစိုးရအပြင် အဆိုပါ အစီရင်ခံစာနှင့်ပတ် သက်ပြီး တစ်စုံတရာတုံ့ပြန် ခြင်းမျိုးမရှိသေးကြောင်း သိရသည်။ အိန္ဒိယအနေဖြင့် ပို့ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တင်းကြပ်သောစည်းကမ်းများသတ်မှတ် ထားကာ ရောင်းချပေးထားသည့် စစ်လက်နက်ပစ္စည်း များကို တတိယနိုင်ငံသို့ ရောင်းချခြင်းကိုလည်း ခွင့်မပြုထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ အီတလီနိုင်ငံနှင့် ချက်နိုင်ငံတို့သည် အိန္ဒိယနိုင်ငံမှ စစ်လက်နက်ပစ္စည်းများဝယ်ယူပြီး ယူကရိန်းနိုင်ငံထံ ပေးပို့ခဲ့သောနိုင်ငံများထဲတွင် ပါဝင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထား သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရုရှားနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့သည် ပြီးခဲ့သော ဇူလိုင်လအတွင်းပြုလုပ်သောအစည်းဝေးအတွင်း ဆွေးနွေးခဲ့ဖူးကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ယူကရိန်း စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိ ကန်နိုင်ငံသည် အိန္ဒိယနိုင်ငံအား ရုရှားနှင့် အဆက်အသွယ်ဖြတ်ရန် ဖိအားပေးခဲ့သော်လည်း အိန္ဒိယက လက်ခံဆောင်ရွက်ခြင်းမရှိခဲ့ဘဲ ရုရှားနှင့် အိန္ဒိယနိုင်ငံကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်ခဲ့ကြောင်းသိရသည်။

zawgyi version
ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား သြယ္ဝိုက္ကူညီေနသည္ဆိုေသာ သတင္းမ်ားကို အိႏၵိယအစိုးရ ျငင္းဆန္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

ယူကရိန္းကို အိႏၵိယႏိုင္ငံထုတ္အေျမာက္က်ည္ ဆန္မ်ား လႊဲေျပာင္းေပးေနသည့္ ဥေရာပတိုက္ရွိ ဝယ္လက္မ်ားကို တားဆီးရန္ ပ်က္ကြက္ေနသည္ဆိုေသာ စြပ္စြဲခ်က္မ်ားကို အိႏၵိယအစိုးရက ျငင္းဆန္ပယ္ခ် လိုက္ေၾကာင္းသိရသည္။ ႐ိုက္တာသတင္းဌာနက အိႏၵိယ လက္နက္ထုတ္လုပ္ေရးကုမၸဏီမ်ားသည္ ယူကရိန္းစစ္ပြဲတြင္ အသုံးျပဳရန္အတြက္ ဥေရာပ တိုက္ရွိ ဝယ္ယူသူမ်ားထံ လႊဲေျပာင္းေပးေနေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေဖာ္ျပခဲ့သည္။

ယူကရိန္းစစ္ပြဲတြင္အသုံးျပဳရန္အတြက္ အိႏၵိယ လက္နက္ကုမၸဏီမ်ား စစ္လက္နက္ပစၥည္းမ်ား လႊဲေျပာင္းေပးေနျခင္းသည္ တစ္ႏွစ္ေက်ာ္ေနၿပီျဖစ္ ေၾကာင္း ႐ုရွားအစိုးရက ကန႔္ကြက္မႈမ်ားရွိခဲ့ေသာ္လည္း အိႏၵိယအစိုးရက တားဆီးျခင္းမ်ိဳးမရွိေၾကာင္း ႐ိုက္တာသတင္းဌာနတြင္ ေဖာ္ျပခဲ့သည္။ သို႔ ေသာ္လည္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဆိုပါ ႐ိုက္တာသတင္းဌာန၏ေဖာ္ျပခ်က္မ်ားသည္ ထင္ျမင္ခ်က္မ်ားသာျဖစ္ၿပီး မွန္ကန္မႈမရွိသကဲ့သို႔ နား လည္မႈလြဲမွားျခင္းမ်ားရွိေနေၾကာင္း တုံ႔ျပန္ခဲ့သည္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက "အိႏၵိယႏိုင္ငံ ခ်ိဳးေဖာက္မႈေတြရွိတယ္လို႔ေဖာ္ ျပခဲ့ေပမယ့္ မွန္ကန္မႈမရွိတဲ့ေဖာ္ျပခ်က္ေတြသာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံဟာ စစ္လက္နက္ပစၥည္းေရာင္း ခ်ျခင္းကေန အက်ိဳးစီးပြားရွာတာမ်ိဳးမရွိဘူး၊ ႏိုင္ငံတကာစည္းကမ္းဥပေဒအတိုင္းသာ လိုက္နာက်င့္သုံးေနတယ္"ဟု ေျပာသည္။

႐ုရွားအစိုးရသည္ အိႏၵိယ အစိုးရအျပင္ အဆိုပါ အစီရင္ခံစာႏွင့္ပတ္ သက္ၿပီး တစ္စုံတရာတုံ႔ျပန္ ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။ အိႏၵိယအေနျဖင့္ ပို႔ကုန္ပစၥည္းမ်ားႏွင့္ပတ္သက္၍ တင္းၾကပ္ေသာစည္းကမ္းမ်ားသတ္မွတ္ ထားကာ ေရာင္းခ်ေပးထားသည့္ စစ္လက္နက္ပစၥည္း မ်ားကို တတိယႏိုင္ငံသို႔ ေရာင္းခ်ျခင္းကိုလည္း ခြင့္မျပဳထားေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာသည္။ အီတလီႏိုင္ငံႏွင့္ ခ်က္ႏိုင္ငံတို႔သည္ အိႏၵိယႏိုင္ငံမွ စစ္လက္နက္ပစၥည္းမ်ားဝယ္ယူၿပီး ယူကရိန္းႏိုင္ငံထံ ေပးပို႔ခဲ့ေသာႏိုင္ငံမ်ားထဲတြင္ ပါဝင္ခဲ့ေၾကာင္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပထား သည္။ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ႐ုရွားႏွင့္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးတို႔သည္ ၿပီးခဲ့ေသာ ဇူလိုင္လအတြင္းျပဳလုပ္ေသာအစည္းေဝးအတြင္း ေဆြးေႏြးခဲ့ဖူးေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနသည္။

ယူကရိန္း စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိ ကန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံအား ႐ုရွားႏွင့္ အဆက္အသြယ္ျဖတ္ရန္ ဖိအားေပးခဲ့ေသာ္လည္း အိႏၵိယက လက္ခံေဆာင္႐ြက္ျခင္းမရွိခဲ့ဘဲ ႐ုရွားႏွင့္ အိႏၵိယႏိုင္ငံၾကား ဆက္ဆံေရးပိုမိုတိုးတက္ေကာင္းမြန္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.