မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ

 667

ချယ်ရီ (NP News) - စက်တင်ဘာ၂၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦး သေဆုံးကာ (၃) ဦး အပြင်းအထန်ဒဏ်ရာရရှိသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း စေတနာ မေတ္တာ ဂရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ၂၄ ရက်)၊ နံနက်အစောပိုင်း (၂) နာရီ (၅)မိနစ်အချိန်ခန့်က အောင်မြေသာစံရပ်ကွက်၊ ၂၀လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဘုန်းကြီးကျောင်းအုတ်တံတိုင်းပေါ့။ သူတို့လည်း အဲဒီ အုတ်တံတိုင်းကို အဖီဆွဲပြီး အကုန်စုပြုံနေကြတာ။ တော်တော်မြင့်တယ်၊ ဘာသာရေးကျောင်းကို သူတို့ကအဖီချပြီးတော့နေတာ။ သူတို့က ကျူးတဲလိုဖြစ်နေတာ” ဟု ၎င်းကပြောသည်။

အရှေ့ဘက်ရှိအုတ်တံတိုင်းမှာ ဆွေး၍စတင်ပြိုရာမှ တောက်လျှောက်ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အသက် ၂၂ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်က တင်ပါးဆုံထိသွားတယ်။ ကျိုးသွားတယ်ပေါ့နော်။ အသက် (၃၀)ပတ်ချာလည် မိန်းကလေးတစ်ယောက်က ခြေထောက်ကျိုးသွားတယ်။ အသက်(၈)နှစ်ဝန်းကျင် အမျိုးသမီးငယ်ကတော့ ဒဏ်ရာပြင်းထန်တယ်။ Dead body တစ်လောင်းတော့ထွက်တယ်။ အသက်တော်တော်ကြီးပြီ အသက် ၅၆ နှစ်တဲ့။ အမျိုးသမီးကြီးပါ”ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို စေတနာ မေတ္တာဂရုဏာအသင်းမှ လူနာတင် ယာဉ်(၁)စီး၊ ချမ်းသာသုခအသင်းမှ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးတြင္ အုတ္တံတိုင္းၿပိဳက်ကာ အဖီဆြဲေနထိုင္သူမ်ားအေပၚ ပိမိေသာေၾကာင့္ (၁)ဦးေသဆုံးကာ (၃)ဦး အျပင္းအထန္ဒဏ္ရာရ
ခ်ယ္ရီ (NP News) - စက္တင္ဘာ၂၄

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ အုတ္တံတိုင္းၿပိဳက်ကာ အဖီဆြဲေနထိုင္သူမ်ားအေပၚ ပိမိေသာေၾကာင့္ (၁)ဦး ေသဆုံးကာ (၃) ဦး အျပင္းအထန္ဒဏ္ရာရရွိသည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း ေစတနာ ေမတၱာ ဂ႐ုဏာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ၂၄ ရက္)၊ နံနက္အေစာပိုင္း (၂) နာရီ (၅)မိနစ္အခ်ိန္ခန႔္က ေအာင္ေျမသာစံရပ္ကြက္၊ ၂၀လမ္း၊ ၈၆လမ္းႏွင့္ ၈၇လမ္းၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ဘုန္းႀကီးေက်ာင္းအုတ္တံတိုင္းေပါ့။ သူတို႔လည္း အဲဒီ အုတ္တံတိုင္းကို အဖီဆြဲၿပီး အကုန္စုၿပဳံေနၾကတာ။ ေတာ္ေတာ္ျမင့္တယ္၊ ဘာသာေရးေက်ာင္းကို သူတို႔ကအဖီခ်ၿပီးေတာ့ေနတာ။ သူတို႔က က်ဴးတဲလိုျဖစ္ေနတာ” ဟု ၎ကေျပာသည္။

အေရွ႕ဘက္ရွိအုတ္တံတိုင္းမွာ ေဆြး၍စတင္ၿပိဳရာမွ ေတာက္ေလွ်ာက္ၿပိဳက်သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “အသက္ ၂၂ ႏွစ္အ႐ြယ္ ေယာက္်ားေလးတစ္ေယာက္က တင္ပါးဆုံထိသြားတယ္။ က်ိဳးသြားတယ္ေပါ့ေနာ္။ အသက္ (၃၀)ပတ္ခ်ာလည္ မိန္းကေလးတစ္ေယာက္က ေျခေထာက္က်ိဳးသြားတယ္။ အသက္(၈)ႏွစ္ဝန္းက်င္ အမ်ိဳးသမီးငယ္ကေတာ့ ဒဏ္ရာျပင္းထန္တယ္။ Dead body တစ္ေလာင္းေတာ့ထြက္တယ္။ အသက္ေတာ္ေတာ္ႀကီးၿပီ အသက္ ၅၆ ႏွစ္တဲ့။ အမ်ိဳးသမီးႀကီးပါ”ဟု အထက္ပါတာဝန္ရွိသူက ေျပာ သည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေစတနာ ေမတၱာဂ႐ုဏာအသင္းမွ လူနာတင္ ယာဥ္(၁)စီး၊ ခ်မ္းသာသုခအသင္းမွ လူနာတင္ယာဥ္(၁)စီးတို႔ျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.