ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ

 193

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

အစ္စရေးထောက်လှမ်းရေးသည် ဝန်ကြီး ချုပ်နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးရတာဝန် ရှိသူများကိုလုပ်ကြံရန် ကြိုးပမ်းသူများထဲတွင် ပါဝင်ခဲ့ သောဂျူးလူမျိုးတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အစ္စရေး ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ ရှင်ဘတ်က အစ္စရေးအစိုးရတာဝန်ရှိသူများကိုလုပ် ကြံသတ်ဖြတ်မည့် အီရန်နိုင်ငံ၏အစီအစဉ်များတွင် ပူးပေါင်းပါဝင်နေသည့် အသက်(၇၃)နှစ်အရွယ်ရှိ အဘိုးအိုကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့က အက်ရှ်ကီလွန်မြို့တွင်နေထိုင်သော အသက် (၇၃) နှစ်အ ရွယ်ရှိ မိုတီမာမန်သည် အီရန်နိုင်ငံသို့ နှစ်ကြိမ်တိုင် သွားရောက်ခဲ့ပြီး အီရန်အေးဂျင့်များထံမှ ငွေကြေး များကို လက်ခံရရှိခဲ့ကြောင်း ပြောသည်။ မာမန်သည် တူရကီနိုင်ငံတွင် နှစ်ပေါင်းများစွာရှင်သန်နေထိုင် ခဲ့ဖူးသူဖြစ်ပြီး အီရန်၊ တူရကီနိုင်ငံသားများနှင့် ဆက် နွယ်သော စီးပွားရေး၊ လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း အစ္စရေး အာဏာပိုင်များက ပြောသည်။

ゞင်းသည် ဧပြီလအတွင်း၌ အီရန်စီးပွား ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အီရန်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် အီရန် နိုင်ငံသို့တရားမဝင်သွားရောက်ခြင်းများရှိခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။ မာမန်သည် ဩဂုတ်လတွင် အီရန်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ကာ နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူ များကိုလုပ်ကြံသတ်ဖြတ်ရန်ဆွေးနွေးခဲ့ပြီး လုပ်ကြံ မည့် အစီအစဉ်တွင်ပါဝင်ရမည့်အတွက် ဒေါ်လာ (၁)သန်း တောင်းဆိုခဲ့ကြောင်း အစ္စရေး ထောက်လှမ်း ရေးအဖွဲ့က ပြောသည်။

အီရန် အာဏာပိုင်များသည် မာမန်၏တောင်းဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ အစ္စရေးနှင့် အီရန်နိုင်ငံတို့သည် ဂါဇာစစ် ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တင်းမာမှုများ ပိုမိုဖြစ်လာ ခဲ့ရာ အီရန်နိုင်ငံက ဟားမတ်စ်အဖွဲ့ခေါင်းဆောင်တစ်ဦး အီရန်မြေပေါ်တွင် လုပ်ကြံခံရခြင်းကို တုံ့ပြန် ရန် စီစဉ်နေကြောင်းသိရသည်။

zawgyi version
ဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ႏွင့္ အစၥေရးအစိုးရထိပ္တန္း အရာရွိႀကီးမ်ားကို လုပ္ႀကံမည့္ ဂ်ဴးလူမ်ိဳးတစ္ဦး ဖမ္းဆီးခံရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

အစၥေရးေထာက္လွမ္းေရးသည္ ဝန္ႀကီး ခ်ဳပ္ေနတန္ရာဟုအပါအဝင္ အစၥေရးအစိုးရတာဝန္ ရွိသူမ်ားကိုလုပ္ႀကံရန္ ႀကိဳးပမ္းသူမ်ားထဲတြင္ ပါဝင္ခဲ့ ေသာဂ်ဴးလူမ်ိဳးတစ္ဦးကို ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။

အစၥေရး ျပည္တြင္းေထာက္လွမ္းေရးအဖြဲ႕ ရွင္ဘတ္က အစၥေရးအစိုးရတာဝန္ရွိသူမ်ားကိုလုပ္ ႀကံသတ္ျဖတ္မည့္ အီရန္ႏိုင္ငံ၏အစီအစဥ္မ်ားတြင္ ပူးေပါင္းပါဝင္ေနသည့္ အသက္(၇၃)ႏွစ္အ႐ြယ္ရွိ အဘိုးအိုကို ဖမ္းဆီးခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

အစၥေရးေထာက္လွမ္းေရးအဖြဲ႕က အက္ရွ္ကီလြန္ၿမိဳ႕တြင္ေနထိုင္ေသာ အသက္ (၇၃) ႏွစ္အ ႐ြယ္ရွိ မိုတီမာမန္သည္ အီရန္ႏိုင္ငံသို႔ ႏွစ္ႀကိမ္တိုင္ သြားေရာက္ခဲ့ၿပီး အီရန္ေအးဂ်င့္မ်ားထံမွ ေငြေၾကး မ်ားကို လက္ခံရရွိခဲ့ေၾကာင္း ေျပာသည္။ မာမန္သည္ တူရကီႏိုင္ငံတြင္ ႏွစ္ေပါင္းမ်ားစြာရွင္သန္ေနထိုင္ ခဲ့ဖူးသူျဖစ္ၿပီး အီရန္၊ တူရကီႏိုင္ငံသားမ်ားႏွင့္ ဆက္ ႏြယ္ေသာ စီးပြားေရး၊ လူမႈေရး လုပ္ငန္းမ်ားကို လုပ္ကိုင္ခဲ့ဖူးသူျဖစ္ေၾကာင္း အစၥေရး အာဏာပိုင္မ်ားက ေျပာသည္။

ゞင္းသည္ ဧၿပီလအတြင္း၌ အီရန္စီးပြား ေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း၊ အီရန္အာဏာပိုင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ အီရန္ ႏိုင္ငံသို႔တရားမဝင္သြားေရာက္ျခင္းမ်ားရွိခဲ့ေၾကာင္း အစၥေရးအာဏာပိုင္မ်ားက ေျပာသည္။ မာမန္သည္ ဩဂုတ္လတြင္ အီရန္ႏိုင္ငံသို႔ ထပ္မံသြားေရာက္ခဲ့ကာ ေနတန္ရာဟုအပါအဝင္ အစၥေရးအစိုးရတာဝန္ရွိသူ မ်ားကိုလုပ္ႀကံသတ္ျဖတ္ရန္ေဆြးေႏြးခဲ့ၿပီး လုပ္ႀကံ မည့္ အစီအစဥ္တြင္ပါဝင္ရမည့္အတြက္ ေဒၚလာ (၁)သန္း ေတာင္းဆိုခဲ့ေၾကာင္း အစၥေရး ေထာက္လွမ္း ေရးအဖြဲ႕က ေျပာသည္။

အီရန္ အာဏာပိုင္မ်ားသည္ မာမန္၏ေတာင္းဆိုခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။ အစၥေရးႏွင့္ အီရန္ႏိုင္ငံတို႔သည္ ဂါဇာစစ္ ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း တင္းမာမႈမ်ား ပိုမိုျဖစ္လာ ခဲ့ရာ အီရန္ႏိုင္ငံက ဟားမတ္စ္အဖြဲ႕ေခါင္းေဆာင္တစ္ဦး အီရန္ေျမေပၚတြင္ လုပ္ႀကံခံရျခင္းကို တုံ႔ျပန္ ရန္ စီစဥ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.