ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်းခြောက်ပြီးပြန်ခေါ်နေ

 1246

သုတကျော် (NP News) - စက်တင်ဘာ ၂၄

ပြည်သူများအကြား ဝင်ရောက်အကာအကွယ်ယူ၍ လူသားတံတိုင်းလုပ်လိုသော TNLA က ကျောက်မဲမြို့မှထွက်ခွာသွားသူများ ပြန်လာရန်နှင့် မလာလျှင် အိမ်ချိပ်ပိတ်မည်ဟု ခြိမ်းခြောက်ခေါ်ယူနေကြောင်း ဒေသခံအချို့ထံ မေးမြန်းထား သည့် အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့ကို TNLA က ထိန်းချုပ်ထားပြီး မြို့ခံအများအပြားသည် ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် မနေလိုသည့်အတွက် စွန့်ခွာ မှုများနေခြင်းဖြစ်သည်။ ထို့ပြင် လတ်တလောကာလ၌ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုလည်း အရှိန်မြှင့်လာသည့်အပေါ် မြို့ခံများကို အကာအကွယ် ယူလိုသည့် သဘောလည်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ထားသည်။ “ ဒီလကုန် ပြန်မလာဘူးဆိုရင် သူတို့ လူမျိုးပေးနေမယ်ပေါ့။ အိမ်တွေကို ချိပ်ပိတ်ပြီးတော့လေ။ စက်တင်ဘာလ (၁၉) ရက်က စပြီးတော့ သူတို့က ဆော်ဩတယ်။ သူတို့ လူမျိုးတွေကို ပေးနေမယ်ပေါ့”ဟု ကျောက်မဲ မြို့ခံတစ်ဦးက ဆိုသည်။

မြို့မှစွန့်ခွာသူများအတွက် ယခုကဲ့သို့ TNLA က အကြပ်ကိုင်ခေါ်နေသော်လည်း မလာရဲ ဖြစ်နေပြီး “ဆုပ်လည်း စူး၊ စားလည်း ရူး” အနေအထားသို့ ဆိုက်ရောက်နေကြောင်း ၎င်းက ရှင်းပြသည်။ “TNLA က အခု လူနေအိမ်ထဲဝင်ပြီး ရုံးတွေ ဖွင့်တယ်။ ကွက်ကျား ကွက်ကျား နေတယ်ဆိုတော့ အခု နေလောက် တပ်မတော်အနေနဲ့ ရှင်းလိုက်မယ်ဆိုရင် စောစောစီးစီး ဇာတ်လမ်းပြတ်တာပေါ့။ အချိန်ဆွဲထားရင်တော့ မကောင်းဘူးပေါ့လေ”ဟု ၎င်းက တောင်းဆို ပြောကြားသည်။

ထိုသို့ အကျပ်ကိုင်နေသည့် အနေအထားမှာ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲတစ်မြို့ တွင်သာ ဖြစ်နေသေးသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ “အခုဆိုရင် လူနေအိမ်ကြားမှာ သူတို့က ဝင်နေတာဖြစ်တဲ့အတွက် လူနေအိမ်ဆိုရင် တပ်မတော်က ဆော်မှာပဲလေ။ အဲဒီလိုမျိုးတွေဆိုတော့ အ များစုက ပြန်တော့ မလာကြပါဘူး။ တအာင်းလူမျိုးတွေ ကို အဲဒီအိမ်တွေမှာ ထားသွားမယ်လို့ ကြေညာ တာမှာ ပြောသွားတာ။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြံရာမရလို့ လုပ်တာပေါ့”ဟု အထက်ပါမြို့ခံက ဆိုသည်။ လက်ရှိတွင် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း TNLA ဘက်မှ သေဆုံးသူလည်း များပြားခဲ့ရာလေကြောင်းတိုက်ခိုက်မှုအပေါ် မူတည်၍ လူသားဒိုင်းသဖွယ် အသုံးပြုရန်ကြုံလာခြင်း ဖြစ်သည်ဟု အခြားမြို့ခံတစ်ဦးက သုံးသပ်သည်။

“အခုကတော့ သူတို့က ကျောက်မဲမြို့ကို သိမ်းကတည်းကလည်း မြို့ထဲကိုဝင်ပြီးတော့မှ မြို့သူ၊ မြို့သားတွေကို အကာအကွယ်ယူ တိုက်တာပေါ့။ တပ်ကလည်း တိုက်ဖို့ခက်တယ်လေ။ အခုလည်း သူတို့က မြို့ကိုလူတွေပြန် လာဖို့ ခေါ်နေတယ်။ ဒါက လူသားတံတိုင်းလုပ်ချင်တာ။ မြို့မှာလူများလာရင် တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ရင် သူတို့က ပြည်သူကို လုပ်တယ်အော်မယ်။ ပြီးရင် သူတို့ပဲ ဝင်နေကြမှာ”ဟု ၎င်းက ဆိုသည်။

zawgyi version
ေက်ာက္မဲမွထြက္ခြာသူမ်ားကို TNLA က လူသားတံတိုင္းလုပ္ရန္ ၿခိမ္း ေျခာက္ၿပီးျပန္ေခၚေန
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၄

ျပည္သူမ်ားအၾကား ဝင္ေရာက္အကာအကြယ္ယူ၍ လူသားတံတိုင္းလုပ္လိုေသာ TNLA က ေက်ာက္မဲၿမိဳ႕မွထြက္ခြာသြားသူမ်ား ျပန္လာရန္ႏွင့္ မလာလွ်င္ အိမ္ခ်ိပ္ပိတ္မည္ဟု ၿခိမ္းေျခာက္ေခၚယူေနေၾကာင္း ေဒသခံအခ်ိဳ႕ထံ ေမးျမန္းထား သည့္ အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕ကို TNLA က ထိန္းခ်ဳပ္ထားၿပီး ၿမိဳ႕ခံအမ်ားအျပားသည္ ၎တို႔၏ အုပ္ခ်ဳပ္မႈေအာက္တြင္ မေနလိုသည့္အတြက္ စြန႔္ခြာ မႈမ်ားေနျခင္းျဖစ္သည္။ ထို႔ျပင္ လတ္တေလာကာလ၌ တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈလည္း အရွိန္ျမႇင့္လာသည့္အေပၚ ၿမိဳ႕ခံမ်ားကို အကာအကြယ္ ယူလိုသည့္ သေဘာလည္းျဖစ္ေၾကာင္း ေဒသခံမ်ားက သုံးသပ္ထားသည္။ “ ဒီလကုန္ ျပန္မလာဘူးဆိုရင္ သူတို႔ လူမ်ိဳးေပးေနမယ္ေပါ့။ အိမ္ေတြကို ခ်ိပ္ပိတ္ၿပီးေတာ့ေလ။ စက္တင္ဘာလ (၁၉) ရက္က စၿပီးေတာ့ သူတို႔က ေဆာ္ဩတယ္။ သူတို႔ လူမ်ိဳးေတြကို ေပးေနမယ္ေပါ့”ဟု ေက်ာက္မဲ ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

ၿမိဳ႕မွစြန႔္ခြာသူမ်ားအတြက္ ယခုကဲ့သို႔ TNLA က အၾကပ္ကိုင္ေခၚေနေသာ္လည္း မလာရဲ ျဖစ္ေနၿပီး “ဆုပ္လည္း စူး၊ စားလည္း ႐ူး” အေနအထားသို႔ ဆိုက္ေရာက္ေနေၾကာင္း ၎က ရွင္းျပသည္။ “TNLA က အခု လူေနအိမ္ထဲဝင္ၿပီး ႐ုံးေတြ ဖြင့္တယ္။ ကြက္က်ား ကြက္က်ား ေနတယ္ဆိုေတာ့ အခု ေနေလာက္ တပ္မေတာ္အေနနဲ႔ ရွင္းလိုက္မယ္ဆိုရင္ ေစာေစာစီးစီး ဇာတ္လမ္းျပတ္တာေပါ့။ အခ်ိန္ဆြဲထားရင္ေတာ့ မေကာင္းဘူးေပါ့ေလ”ဟု ၎က ေတာင္းဆို ေျပာၾကားသည္။

ထိုသို႔ အက်ပ္ကိုင္ေနသည့္ အေနအထားမွာ TNLA ထိန္းခ်ဳပ္ထားသည့္ ေက်ာက္မဲတစ္ၿမိဳ႕ တြင္သာ ျဖစ္ေနေသးသည္ဟု သိရေၾကာင္း ၎က ဆိုသည္။ “အခုဆိုရင္ လူေနအိမ္ၾကားမွာ သူတို႔က ဝင္ေနတာျဖစ္တဲ့အတြက္ လူေနအိမ္ဆိုရင္ တပ္မေတာ္က ေဆာ္မွာပဲေလ။ အဲဒီလိုမ်ိဳးေတြဆိုေတာ့ အ မ်ားစုက ျပန္ေတာ့ မလာၾကပါဘူး။ တအာင္းလူမ်ိဳးေတြ ကို အဲဒီအိမ္ေတြမွာ ထားသြားမယ္လို႔ ေၾကညာ တာမွာ ေျပာသြားတာ။ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ႀကံရာမရလို႔ လုပ္တာေပါ့”ဟု အထက္ပါၿမိဳ႕ခံက ဆိုသည္။ လက္ရွိတြင္ တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈ အတြင္း TNLA ဘက္မွ ေသဆုံးသူလည္း မ်ားျပားခဲ့ရာေလေၾကာင္းတိုက္ခိုက္မႈအေပၚ မူတည္၍ လူသားဒိုင္းသဖြယ္ အသုံးျပဳရန္ႀကဳံလာျခင္း ျဖစ္သည္ဟု အျခားၿမိဳ႕ခံတစ္ဦးက သုံးသပ္သည္။

“အခုကေတာ့ သူတို႔က ေက်ာက္မဲၿမိဳ႕ကို သိမ္းကတည္းကလည္း ၿမိဳ႕ထဲကိုဝင္ၿပီးေတာ့မွ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြကို အကာအကြယ္ယူ တိုက္တာေပါ့။ တပ္ကလည္း တိုက္ဖို႔ခက္တယ္ေလ။ အခုလည္း သူတို႔က ၿမိဳ႕ကိုလူေတြျပန္ လာဖို႔ ေခၚေနတယ္။ ဒါက လူသားတံတိုင္းလုပ္ခ်င္တာ။ ၿမိဳ႕မွာလူမ်ားလာရင္ တပ္ကေလေၾကာင္းတိုက္ခိုက္မႈလုပ္ရင္ သူတို႔က ျပည္သူကို လုပ္တယ္ေအာ္မယ္။ ၿပီးရင္ သူတို႔ပဲ ဝင္ေနၾကမွာ”ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.