ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ

 542

Htay Oung (NP News) - စက်တင်ဘာ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ စည်းလုံးညီညွတ်စွာ လက်တွဲရပ်တည်သွားမယ်လို့ ကတိပြုထားသည်နှင့်အညီ လူထုအုံကြွမှုကာလအတွင်း ဒဏ်ရာရသူများကို ကုသပြုစုရန်အတွက် တရုတ်ဆေးအဖွဲ့တစ်ဖွဲ့ဟာ ဒါကာမြို့တော်ကို ရောက်ရှိလာခဲ့တယ်လို့ “ဒါကာထရိုင်ဗြွန်း” သတင်းအေဂျင်စီက စက်တင်ဘာလ ၂၂ ရက်မှာ ရေးသားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဖိတ်ကြားချက်အရ တရုတ်အမျိုးသားအရေးပေါ် ဆေးအဖွဲ့ဟာ ဒါကာမြို “ဟက်ဇ်ရက် ရှာဂျလယ်” အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တနင်္ဂနွေနေ့မှာ ရောက်ရှိခဲ့လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင် ရာ တရုတ်သံအမတ်ကြီး ယိုဝမ်နဲ့ ဒါကာ ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကြိုဆိုခဲ့ကြတယ်လို့ သံရုံးက သတင်းထုတ်ပြန်ပါတယ်။

စည်းလုံးညီညွတ်စွာ ရပ်တည်နေတဲ့ တရုတ်အမျိုးသား အရေးပေါ် ဆေးအဖွဲ့ဟာ တောင်တန်းတွေကိုကျော်၊ မြစ်တွေကို ဖြတ်ပြီး ဒါကာမြို့ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုအတွင်း အရပ်သားအများအပြား ထိခိုက်နစ်နာခဲ့ရကြောင်း၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်တစ်ဦးအနေဖြင့် တရုတ်အစိုးရဟာ သေဆုံးသူများနဲ့ ထိခိုက်ဒဏ်ရာရရှိသူများရဲ့ မိ သားစုများနဲ့ထပ်တူ ကြေကွဲဝမ်းနည်းမိပါကြောင်း၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ အေးအတူ ပူအမျှ အပြန်အလှန် ပံ့ပိုးကူညီခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တရုတ်ပြည်သူများက လေးနက်စွာ စာနာပါကြောင်း၊ ယာယီအစိုးရနဲ့ အစိုးရ အကြံပေးအရာရှိချုပ် ဒေါက်တာ မိုဟာမက်ယူနွတ်ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမျိုး သား အရေးပေါ်ဆေးအဖွဲ့ကို စေလွှတ်ရန် တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ ကြားဖြတ်အစိုးရ ထူထောင်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပထမဆုံး ရောက်လာတဲ့ အရေးပေါ် ဆေး အဖွဲ့ဟာ ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ပြည်သူတို့အကြား အပြန်အလှန် ပံ့ပိုးကူညီမှုတွေရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို မီးမောင်းထိုးပြလိုက်သည့်အလား အခုလို ရောက်ရှိလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာများကို အကဲဖြတ်ကာ ဘင်္ဂလားဒေ့ရှ်ရဲ့ လိုအပ်ချက်များအပေါ် အခြေခံပြီး အရေးပေါ် လူသားချင်းစာနာ မှု ဆေးဝါးအကူအညီများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ လူနာများအား ကုသပြုစုရန် အရေးပေါ် ဆေးအဖွဲ့များ ကို စေလွှတ်ပြီး လိုအပ်တဲ့ ဆေးဝါးပစ္စည်းများကိုလည်း ပံ့ပိုးပေးမယ်လို့ တရုတ်သံအမတ်ကြီးက ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုး တက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ရဲ့ ပံ့ပိုး ကူညီမှုဖြင့် ဆေးအဖွဲ့ဟာ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ဒါကာမြို့သို့ လာရောက်ခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် (NHC) ရဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ် တုံ့ပြန် ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

အဆိုပါအဖွဲ့ဟာ အထွေထွေခွဲစိတ်ကုသမှု၊ ဒဏ်ရာရ လူနာပြုစုစောင့်ရှောက်မှု၊ အရိုးအထူးကု၊ ပြန်လည်သန် စွမ်းကျန်းမာရေး၊ အရေးပေါ်ကုသရေး၊ မျက်စိရောဂါနဲ့ အခြားဆေးဘက်ဆိုင်ရာနယ်ပယ်များမှာ အထူးပြုထား တဲ့ တရုတ်ထိပ်တန်းဆေးရုံများအနက် တစ်ခုဖြစ်တဲ့ “ဝက်စ်ချိုင်းနားဆေးရုံ” မှ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်း ထားကြောင်း သိရှိရပါတယ်။

အရေးပေါ် ဆေးကုသရေးအဖွဲ့ စေလွှတ်ပေးမှုအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူများကိုယ်စား တရုတ် အစိုးရကို အထူးကျေးဇူးတင်ရှိတယ်လို့ ဒါကာ ကျန်းမာရေး ဝန်ဆောင်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ကြားဖြတ်အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ပထမဆုံးရောက်ရှိလာတဲ့ နိုင်ငံရပ်ခြား ဆေးအဖွဲ့ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုများမှာသာမက ရေကြီးရေလျှံမှုများအပါအဝင် ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်နေရသည်ဖြစ်စေ၊ တရုတ်မိတ်ဆွေတွေက ဘင်္ဂလားဒေ့ရှ် ပြည်သူတို့ထပ်တူနဲ့ အမြဲထာဝရ နီးကပ်စွာ လက်တွဲ ရပ်တည်နေကြောင်း။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒဏ်ရာရသူတွေ အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ တရုတ်အမျိုးသား အရေး ပေါ်ဆေးအဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်တဲ့ အကူအညီများကို ပေးအပ်သွားမယ်လို့ ဒါကာ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

zawgyi version
ယူႏြတ္၏ဖိတ္ၾကားခ်က္အရ လူထုအုံႂကြမႈေတာ္လွန္ေရး၌ ဒဏ္ရာရသူမ်ားကို ကုသျပဳစုရန္ဟုဆိုကာ တ႐ုတ္ေဆးအဖြဲ႕ဘဂၤလားေဒ့ရွ္သို႔ ေရာက္ရွိ
Htay Oung (NP News) - စက္တင္ဘာ ၂၄

ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ စည္းလုံးညီၫြတ္စြာ လက္တြဲရပ္တည္သြားမယ္လို႔ ကတိျပဳထားသည္ႏွင့္အညီ လူထုအုံႂကြမႈကာလအတြင္း ဒဏ္ရာရသူမ်ားကို ကုသျပဳစုရန္အတြက္ တ႐ုတ္ေဆးအဖြဲ႕တစ္ဖြဲ႕ဟာ ဒါကာၿမိဳ႕ေတာ္ကို ေရာက္ရွိလာခဲ့တယ္လို႔ “ဒါကာထ႐ိုင္ႁဗြန္း” သတင္းေအဂ်င္စီက စက္တင္ဘာလ ၂၂ ရက္မွာ ေရးသားပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ ဖိတ္ၾကားခ်က္အရ တ႐ုတ္အမ်ိဳးသားအေရးေပၚ ေဆးအဖြဲ႕ဟာ ဒါကာၿမိဳ “ဟက္ဇ္ရက္ ရွာဂ်လယ္” အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ တနဂၤေႏြေန႔မွာ ေရာက္ရွိခဲ့လာခဲ့ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဆိုင္ ရာ တ႐ုတ္သံအမတ္ႀကီး ယိုဝမ္နဲ႔ ဒါကာ က်န္းမာေရးဝန္ေဆာင္မႈမ်ား ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္တို႔က ႀကိဳဆိုခဲ့ၾကတယ္လို႔ သံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

စည္းလုံးညီၫြတ္စြာ ရပ္တည္ေနတဲ့ တ႐ုတ္အမ်ိဳးသား အေရးေပၚ ေဆးအဖြဲ႕ဟာ ေတာင္တန္းေတြကိုေက်ာ္၊ ျမစ္ေတြကို ျဖတ္ၿပီး ဒါကာၿမိဳ႕ကို ေရာက္ရွိလာၿပီျဖစ္ေၾကာင္း၊ မၾကာေသးမီက ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ လူထုအုံႂကြမႈအတြင္း အရပ္သားအမ်ားအျပား ထိခိုက္နစ္နာခဲ့ရေၾကာင္း၊ ဘက္စုံမဟာဗ်ဴဟာေျမာက္ ပူးေပါင္း ေဆာင္႐ြက္ေရး မိတ္ဖက္တစ္ဦးအေနျဖင့္ တ႐ုတ္အစိုးရဟာ ေသဆုံးသူမ်ားနဲ႔ ထိခိုက္ဒဏ္ရာရရွိသူမ်ားရဲ႕ မိ သားစုမ်ားနဲ႔ထပ္တူ ေၾကကြဲဝမ္းနည္းမိပါေၾကာင္း၊ တ႐ုတ္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ဟာ ေအးအတူ ပူအမွ် အျပန္အလွန္ ပံ့ပိုးကူညီခဲ့ၾကၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံသား တို႔ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို တ႐ုတ္ျပည္သူမ်ားက ေလးနက္စြာ စာနာပါေၾကာင္း၊ ယာယီအစိုးရနဲ႔ အစိုးရ အႀကံေပးအရာရွိခ်ဳပ္ ေဒါက္တာ မိုဟာမက္ယူႏြတ္ရဲ႕ ဖိတ္ၾကားခ်က္အရ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ အမ်ိဳး သား အေရးေပၚေဆးအဖြဲ႕ကို ေစလႊတ္ရန္ တ႐ုတ္အစိုးရက ဆုံးျဖတ္ခဲ့ေၾကာင္း၊ ၾကားျဖတ္အစိုးရ ထူေထာင္ၿပီးေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံကို ပထမဆုံး ေရာက္လာတဲ့ အေရးေပၚ ေဆး အဖြဲ႕ဟာ ေကာင္းမြန္တဲ့ ႏွစ္ႏိုင္ငံဆက္ဆံေရးနဲ႔ ႏွစ္ႏိုင္ငံ ျပည္သူတို႔အၾကား အျပန္အလွန္ ပံ့ပိုးကူညီမႈေတြရဲ႕ နက္ရႈိင္းတဲ့ သံေယာဇဥ္ကို မီးေမာင္းထိုးျပလိုက္သည့္အလား အခုလို ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဒဏ္ရာမ်ားကို အကဲျဖတ္ကာ ဘဂၤလားေဒ့ရွ္ရဲ႕ လိုအပ္ခ်က္မ်ားအေပၚ အေျခခံၿပီး အေရးေပၚ လူသားခ်င္းစာနာ မႈ ေဆးဝါးအကူအညီမ်ားကို ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း၊ လူနာမ်ားအား ကုသျပဳစုရန္ အေရးေပၚ ေဆးအဖြဲ႕မ်ား ကို ေစလႊတ္ၿပီး လိုအပ္တဲ့ ေဆးဝါးပစၥည္းမ်ားကိုလည္း ပံ့ပိုးေပးမယ္လို႔ တ႐ုတ္သံအမတ္ႀကီးက ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ တ႐ုတ္အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳး တိုး တက္ေရး ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (CIDCA) တို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးတို႔ရဲ႕ ပံ့ပိုး ကူညီမႈျဖင့္ ေဆးအဖြဲ႕ဟာ လူသားခ်င္းစာနာမႈ အကူအညီမ်ား ေပးအပ္ရန္ ဒါကာၿမိဳ႕သို႔ လာေရာက္ခဲ့တယ္လို႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ (NHC) ရဲ႕ ေဆးဘက္ဆိုင္ရာ အေရးေပၚ တုံ႔ျပန္ ေရးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉးက ေျပာပါတယ္။

အဆိုပါအဖြဲ႕ဟာ အေထြေထြခြဲစိတ္ကုသမႈ၊ ဒဏ္ရာရ လူနာျပဳစုေစာင့္ေရွာက္မႈ၊ အ႐ိုးအထူးကု၊ ျပန္လည္သန္ စြမ္းက်န္းမာေရး၊ အေရးေပၚကုသေရး၊ မ်က္စိေရာဂါနဲ႔ အျခားေဆးဘက္ဆိုင္ရာနယ္ပယ္မ်ားမွာ အထူးျပဳထား တဲ့ တ႐ုတ္ထိပ္တန္းေဆး႐ုံမ်ားအနက္ တစ္ခုျဖစ္တဲ့ “ဝက္စ္ခ်ိဳင္းနားေဆး႐ုံ” မွ ကြၽမ္းက်င္သူမ်ားျဖင့္ ဖြဲ႕စည္း ထားေၾကာင္း သိရွိရပါတယ္။

အေရးေပၚ ေဆးကုသေရးအဖြဲ႕ ေစလႊတ္ေပးမႈအတြက္ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ ျပည္သူမ်ားကိုယ္စား တ႐ုတ္ အစိုးရကို အထူးေက်းဇူးတင္ရွိတယ္လို႔ ဒါကာ က်န္းမာေရး ဝန္ေဆာင္မႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။

ၾကားျဖတ္အစိုးရဖြဲ႕စည္းၿပီးေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ကို ပထမဆုံးေရာက္ရွိလာတဲ့ ႏိုင္ငံရပ္ျခား ေဆးအဖြဲ႕ ျဖစ္ေၾကာင္း၊ ကိုဗစ္-၁၉ ကူးစက္ကပ္ေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါ ကူးစက္ျဖစ္ပြားမႈမ်ားမွာသာမက ေရႀကီးေရလွ်ံမႈမ်ားအပါအဝင္ ဘယ္လိုအခက္အခဲနဲ႔ ရင္ဆိုင္ေနရသည္ျဖစ္ေစ၊ တ႐ုတ္မိတ္ေဆြေတြက ဘဂၤလားေဒ့ရွ္ ျပည္သူတို႔ထပ္တူနဲ႔ အၿမဲထာဝရ နီးကပ္စြာ လက္တြဲ ရပ္တည္ေနေၾကာင္း။

ဘဂၤလားေဒ့ရွ္ဘက္ကလည္း ဒဏ္ရာရသူေတြ အျမန္ဆုံးျပန္လည္က်န္းမာလာေစဖို႔ တ႐ုတ္အမ်ိဳးသား အေရး ေပၚေဆးအဖြဲ႕နဲ႔ အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္ၿပီး လိုအပ္တဲ့ အကူအညီမ်ားကို ေပးအပ္သြားမယ္လို႔ ဒါကာ ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။

Related news

© 2021. All rights reserved.