မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်

 2638

ယွန်း(NP News) - စက်တင်ဘာ ၂၆

မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်မှုများကို ပြီးခဲ့သည့် စက်တင်ဘာ(၂၄)ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် အတိုးနှုန်းများအရ ငွေစုဘဏ်အတိုးနှုန်းကို (၉) ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေအတိုးနှုန်းကို (၁ဝ) ရာခိုင်နှုန်းတိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စာရင်းသေအပ်ငွေအတိုးနှုန်းများအတွက် (၁)လအပ်ငွေ ၉ ရာခိုင်နှုန်း၊ (၃)လအပ်ငွေ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ (၆)လအပ်ငွေ ၁၀ ရာခိုင်နှုန်း၊ (၉)လအပ်ငွေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ (၁)နှစ်အပ်ငွေ ၁၁ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါအတိုးနှုန်းများအရ အပ်ငွေအမျိုးအစားပေါ် မူတည်၍ အနည်းဆုံး (၉)ရာခိုင်နှုန်းနှင့် အများဆုံး (၁၁)ရာခိုင်နှုန်းကို တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ(၁)ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့်စက်တင်ဘာ(၁)ရက်မှစ၍ ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့ကျစေရန်အတွက် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်ခဲ့ရာ ဗဟိုဘဏ်၏အတိုးနှုန်းအား ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။

အလားတူ ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း ကောက်ခံရန် ဗဟိုဘဏ်က သတ်မှတ်ထားပြီး ဘဏ်များအနေဖြင့် မိမိတို့၏ အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန် ဗဟိုဘဏ်က ပြီးခဲ့သည့် သြဂုတ်(၁၄)ရက်နေ့က ထုတ်ပြန်ထားသည်။

zawgyi version
ျမန္မာ့စီးပြားေရးဘဏ္မွ အပ္ေငြအတိုးႏႈန္းတိုးျမႇင့္

ယြန္း(NP News) - စက္တင္ဘာ ၂၆

ျမန္မာ့စီးပြားေရးဘဏ္မွ အပ္ေငြအတိုးႏႈန္းတိုးျမႇင့္မႈမ်ားကို ၿပီးခဲ့သည့္ စက္တင္ဘာ(၂၄)ရက္ေန႔က အသိေပးထုတ္ျပန္ထားသည္။

ျပင္ဆင္သတ္မွတ္လိုက္သည့္ အတိုးႏႈန္းမ်ားအရ ေငြစုဘဏ္အတိုးႏႈန္းကို (၉) ရာခိုင္ႏႈန္း၊ ေငြစုလက္မွတ္အပ္ေငြအတိုးႏႈန္းကို (၁ဝ) ရာခိုင္ႏႈန္းတိုးျမႇင့္လိုက္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ စာရင္းေသအပ္ေငြအတိုးႏႈန္းမ်ားအတြက္ (၁)လအပ္ေငြ ၉ ရာခိုင္ႏႈန္း၊ (၃)လအပ္ေငြ ၉ ဒသမ ၅ ရာခိုင္ႏႈန္း၊ (၆)လအပ္ေငြ ၁၀ ရာခိုင္ႏႈန္း၊ (၉)လအပ္ေငြ ၁၀ ဒသမ ၅ ရာခိုင္ႏႈန္း၊ (၁)ႏွစ္အပ္ေငြ ၁၁ ရာခိုင္ႏႈန္း တိုးျမႇင့္လိုက္ေၾကာင္း သိရသည္။

အဆိုပါအတိုးႏႈန္းမ်ားအရ အပ္ေငြအမ်ိဳးအစားေပၚ မူတည္၍ အနည္းဆုံး (၉)ရာခိုင္ႏႈန္းႏွင့္ အမ်ားဆုံး (၁၁)ရာခိုင္ႏႈန္းကို တိုးျမႇင့္သတ္မွတ္လိုက္ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ စက္တင္ဘာ(၁)ရက္ေန႔မွစ၍ ျပင္ဆင္သတ္မွတ္ထားျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ၿပီးခဲ့သည့္စက္တင္ဘာ(၁)ရက္မွစ၍ ေငြေၾကးေဖာင္းပြမႈႏႈန္းကို အထိုက္အေလ်ာက္ေလ်ာ့က်ေစရန္အတြက္ အတိုးႏႈန္းမ်ားကို ျပင္ဆင္သတ္မွတ္ခဲ့ရာ ဗဟိုဘဏ္၏အတိုးႏႈန္းအား ၇ ရာခိုင္ႏႈန္းမွ ၉ ရာခိုင္ႏႈန္းသို႔ တိုးျမႇင့္သတ္မွတ္ခဲ့သည္။

အလားတူ ဘဏ္မ်ားက အပ္ေငြမ်ားအေပၚေပးရမည့္ အနည္းဆုံးအတိုးႏႈန္းကို ၇ ရာခိုင္ႏႈန္း ႏွင့္ ေခ်းေငြမ်ားအားလုံးအတြက္ ေကာက္ခံႏိုင္သည့္ အမ်ားဆုံးအတိုးႏႈန္းကို ၁၅ ရာခိုင္ႏႈန္း ေကာက္ခံရန္ ဗဟိုဘဏ္က သတ္မွတ္ထားၿပီး ဘဏ္မ်ားအေနျဖင့္ မိမိတို႔၏ အျမတ္ရႏိုင္စြမ္းႏွင့္ ဆုံးရႈံးႏိုင္ေျခစီမံခန႔္ခြဲႏိုင္မႈအရ အပ္ေငြ ႏွင့္ ေခ်းေငြအတိုးႏႈန္းမ်ားအား ၇ ရာခိုင္ႏႈန္းမွ ၁၅ ရာခိုင္ႏႈန္းအတြင္း သတ္မွတ္ရန္ ဗဟိုဘဏ္က ၿပီးခဲ့သည့္ ၾသဂုတ္(၁၄)ရက္ေန႔က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.