လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို

 689

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

မြန်မာအစိုးရ နှင့် အခြားသက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့စည်းများအနေဖြင့် ထိခိုက်လွယ်သော အဖွဲ့စည်းများထံ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများကူညီပေးပို့မှုများကို ဟန့်တားမှုမရှိဘဲ ဘေးကင်းလုံခြုံမှုများဖြစ်လာစေရန် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ဗြိတိန်နိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ သံအမတ်ကြီး အီလန်နာဆန်ဒါးစ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။မြန်မာပြည်သူများသည် လက်ရှိအချိန်တွင် ရေကြီးမှုဒဏ်၊ အစားစာမလုံခြုံမှုမြင့်တက်ခြင်းအပြင် ကျန်းမာရေးဝန်ဆောင်မှုများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများလိုအပ်နေသည့် သက်ရောက်မှုများကို တွေ့ကြုံခံစားနေရကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

ဗြိတိန်အစိုးရအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူညီအဖြစ် ပေါင်သန်း (၄၀)ကျော်ကူညီထောက်ပံ့ပေးမည်ဖြစ်သလိုအခြားငွေကြေးချမ်းသာသော နိုင်ငံများအနေဖြင့်လည်း တတ်စွမ်းသရွှေ့ ပိုမိုကူညီထောက်ပံ့ပေးစေလိုကြောင်း ဗြိတိန်သံအမတ်ကြီး ဆန်ဒါးစ့်ကကုလ သမဂ္ဂ လူ့အခွင့်ရေးကောင်စီအစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်မှု နှင့် လူ့အခွင့်ရေးအခြေနေများလိုအပ်ချက်မြင့်တက်နေကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လအတွင်း၌ လူပေါင်း (၄၂၀၀၀)ကျော် နေရပ်စွန့်ခွာခဲ့ရပြီး အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တစ်လအတွင်း နေရပ်စွန့်ခွာခဲ့ရမှုအများဆုံးဖြစ်ခဲ့ကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောသည်။ မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားလာခဲ့သောလက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်းသန်းချီနေရပ်စွန့်ခွာနေထိုင်နေရချိန်တွင် စက်တင်ဘာလအတွင်း လူပေါင်းသိန်းချီနေရပ်စွန့်ခွာစေခဲ့သောရေကြီးမှုများထပ်မံဖြစ်ပွားလာခဲ့ကြောင်းသိရသည်။

zawgyi version
လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေပးေရးပစၥည္းမ်ား ေပးပို႔ကူညီျခင္းကို မဟန႔္တားရန္ ၿဗိတိန္သံအမတ္ႀကီး တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

ျမန္မာအစိုးရ ႏွင့္ အျခားသက္ဆိုင္ရာလက္နက္ကိုင္အဖြဲ႕စည္းမ်ားအေနျဖင့္ ထိခိုက္လြယ္ေသာ အဖြဲ႕စည္းမ်ားထံ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေပးေရးပစၥည္းမ်ားကူညီေပးပို႔မႈမ်ားကို ဟန႔္တားမႈမရွိဘဲ ေဘးကင္းလုံၿခဳံမႈမ်ားျဖစ္လာေစရန္ ဝိုင္းဝန္းကူညီေပးေစလိုေၾကာင္း ၿဗိတိန္ႏိုင္ငံ၏ လူ႔အခြင့္ေရးဆိုင္ရာ သံအမတ္ႀကီး အီလန္နာဆန္ဒါးစ့္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ျမန္မာျပည္သူမ်ားသည္ လက္ရွိအခ်ိန္တြင္ ေရႀကီးမႈဒဏ္၊ အစားစာမလုံၿခဳံမႈျမင့္တက္ျခင္းအျပင္ က်န္းမာေရးဝန္ေဆာင္မႈမ်ားႏွင့္ တစ္ကိုယ္ေရသုံးပစၥည္းမ်ားလိုအပ္ေနသည့္ သက္ေရာက္မႈမ်ားကို ေတြ႕ႀကဳံခံစားေနရေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။

ၿဗိတိန္အစိုးရအေနျဖင့္ ယခုဘ႑ာႏွစ္အတြင္း လူသားခ်င္းဆိုင္ရာစာနာမႈအကူညီအျဖစ္ ေပါင္သန္း (၄၀)ေက်ာ္ကူညီေထာက္ပံ့ေပးမည္ျဖစ္သလိုအျခားေငြေၾကးခ်မ္းသာေသာ ႏိုင္ငံမ်ားအေနျဖင့္လည္း တတ္စြမ္းသေ႐ႊ႕ ပိုမိုကူညီေထာက္ပံ့ေပးေစလိုေၾကာင္း ၿဗိတိန္သံအမတ္ႀကီး ဆန္ဒါးစ့္ကကုလ သမဂၢ လူ႔အခြင့္ေရးေကာင္စီအစည္းအေဝးအတြင္း မိန႔္ခြန္းေျပာဆိုရာတြင္ ထည့္သြင္းေျပာဆိုခဲ့သည္။ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံ၌ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီလိုအပ္မႈ ႏွင့္ လူ႔အခြင့္ေရးအေျခေနမ်ားလိုအပ္ခ်က္ျမင့္တက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ၾသဂုတ္လအတြင္း၌ လူေပါင္း (၄၂၀၀၀)ေက်ာ္ ေနရပ္စြန႔္ခြာခဲ့ရၿပီး အာဏာအျငင္းပြားမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း တစ္လအတြင္း ေနရပ္စြန႔္ခြာခဲ့ရမႈအမ်ားဆုံးျဖစ္ခဲ့ေၾကာင္း ၿဗိတိန္သံအမတ္ႀကီးက ေျပာသည္။ ျမန္မာႏိုင္ငံတြင္ အာဏာအျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျဖစ္ပြားလာခဲ့ေသာလက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ လူေပါင္းသန္းခ်ီေနရပ္စြန႔္ခြာေနထိုင္ေနရခ်ိန္တြင္ စက္တင္ဘာလအတြင္း လူေပါင္းသိန္းခ်ီေနရပ္စြန႔္ခြာေစခဲ့ေသာေရႀကီးမႈမ်ားထပ္မံျဖစ္ပြားလာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.