ဆည်ပေါင်း(၅၀)ကျော် ရေပို့လွှဲမှ ရေကျော်နေသော်လည်း ဆည်အောက်နေဒေသခံများအနေဖြင့် စိုးရိမ်စရာမလို

 1538

သန့်ဇင် (NP News) - စက်တင်ဘာ ၂၈

နိုင်ငံတစ်ဝန်းရှိ ဆည်ပေါင်း(၅၀)ကျော် ရေပို့လွှဲမှ ရေကျော်နေသော်လည်း ၎င်းဆည်များအောက်တွင် နေထိုင်သော ဒေသခံများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက NP News သို့ ပြောသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားရှိသော တစ်နိုင်ငံလုံးရှိ ဆည်ပေါင်း (၂၄၆) ခု အနက် (၅၄) ခုတွင် ရေပိုလွှဲမှ ရေကျော်နေခြင်းဖြစ်ကြောင်း သိရသည်။

“ရေပို့လွှဲကနေကျော်နေတယ်ဆိုတာက အဲဒီဆည်တွေရဲ့ကန်ရေပြည့်အမှတ်ပေါ့နော် တမံတစ်ခုရဲ့သိုလှောင်နိုင်တဲ့ ပမာဏထက်ပိုလာတယ်ဆိုရင် ရေပို့လွှဲကနေရေကျော်ပြီး စီးဆင်းပြီးတော့ မူလချောင်းထဲကို ဥပမာ ငမိုးရိပ် ဆည်ဆို ငမိုးရိပ်ချောင်းထဲကို စီးဆင်းတာဖြစ်ပါတယ်။ အခုရေကျော်နေတဲ့ ဆည်(၅၄)ခုဆိုတာကလည်း တံတိုင်း Flag ပေါ့နော်။ တံတိုင်းပြုလုပ်ထားတဲ့ ပမာဏထိကိုမရောက်သေးပါဘူး။ တံတိုင်းပြုလုပ်ထားတဲ့ ပမာဏ အောက်မှာပဲရှိသေးတဲ့အတွက် အဲဒီဆည်(၅၄)ခုလုံးက စိုးရိမ်စရာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် မိုးရွာသွန်းမှုအခြေအနေပေါ်မူတည်၍ ဆည်များ၏ ရေပို့လွှဲမှ ရေတိုးခြင်း နှင့် ရေလျှော့ခြင်းများ ဖြစ်ပေါ်လာ နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

“ရေကျော်နိုင်တာကတော့ နှစ်စဉ်တော့ ဆည်ပေါင်း(၆၀)ဝန်းကျင်တော့ ရေကျော်နိုင်ပါတယ်။ နှစ်စဉ် (၅၀)နဲ့ (၆၀) ကြားက ရေကျော်နိုင်ပြီးတော့ အခုက မိုးနှောင်းကာလဆိုတော့ ရေပြည့်တာပါ။ ဘာလို့မိုးနှောင်းကာလမှာ ရေပြည့် တာလဲဆိုရင် မိုးနှောင်းကာလမှာ ဆည်တွေကို ရေသိုလှောင်ထားနိုင်မှသာ မိုးကုန်ရင် စိုက်ပျိုးသီးနှံတွေကို ရေပေး နိုင်မှာဖြစ်တော့ မိုးနှောင်းကာလမှာဆိုရင် ရေပြည့်တာများပါတယ်။ ရေပြည့်တာများတော့ ဆည်တွေက မိုးထပ်ရွာလာရင် ရေကျော်နိုင်ပါတယ်။ ဒါပေမယ့် ရေပိုလွှဲက ရေကျော်တာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး” ဟု ဦးကောင်းမြတ်သိန်းက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ရှိ ပေါင်းလောင်းဆည် ကျိုးကျတော့မည်ဟူသော လူမှုကွန်ယက်စာမျက်နှာများ ထက်တွင် ပြန့်နှံ့လာခဲ့သောသတင်းများနှင့်ပတ်သက်၍ နစကအစိုးရကလည်း စိုးရိမ်စရာမရှိကြောင်း ပြန်လည် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ဆည်များတွင် စိုးရိမ်ရေမှတ်အထက် ရေကြီးနိုင်သည့် ပမာဏရောက်ရှိလာပါက အလံ အနီ၊ အဝါ၊ အစိမ်း တို့ဖြင့် အမှတ်အသားပြု၍ သတိထားမိစေရန် ဆောင်ရွက်ပေးထားကြောင်းလည်း ၎င်းဆိုသည်။

Zawgyi Version;
ဆည္ေပါင္း(၅၀)ေက်ာ္ ေရပို႔လႊဲမွ ေရေက်ာ္ေနေသာ္လည္း ဆည္ေအာက္ေနေဒသခံမ်ားအေနျဖင့္ စိုးရိမ္စရာမလို
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၈

ႏိုင္ငံတစ္ဝန္းရွိ ဆည္ေပါင္း(၅၀)ေက်ာ္ ေရပို႔လႊဲမွ ေရေက်ာ္ေနေသာ္လည္း ၎ဆည္မ်ားေအာက္တြင္ ေနထိုင္ေသာ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္စရာမရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ဆည္ေျမာင္း ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေကာင္းျမတ္သိန္းက NP News သို႔ ေျပာသည္။
ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာနမွ ထိန္းသိမ္းထားရွိေသာ တစ္ႏိုင္ငံလုံးရွိ ဆည္ေပါင္း (၂၄၆) ခု အနက္ (၅၄) ခုတြင္ ေရပိုလႊဲမွ ေရေက်ာ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရပို႔လႊဲကေနေက်ာ္ေနတယ္ဆိုတာက အဲဒီဆည္ေတြရဲ႕ကန္ေရျပည့္အမွတ္ေပါ့ေနာ္ တမံတစ္ခုရဲ႕သိုေလွာင္ႏိုင္တဲ့ ပမာဏထက္ပိုလာတယ္ဆိုရင္ ေရပို႔လႊဲကေနေရေက်ာ္ၿပီး စီးဆင္းၿပီးေတာ့ မူလေခ်ာင္းထဲကို ဥပမာ ငမိုးရိပ္ ဆည္ဆို ငမိုးရိပ္ေခ်ာင္းထဲကို စီးဆင္းတာျဖစ္ပါတယ္။ အခုေရေက်ာ္ေနတဲ့ ဆည္(၅၄)ခုဆိုတာကလည္း တံတိုင္း Flag ေပါ့ေနာ္။ တံတိုင္းျပဳလုပ္ထားတဲ့ ပမာဏထိကိုမေရာက္ေသးပါဘူး။ တံတိုင္းျပဳလုပ္ထားတဲ့ ပမာဏ ေအာက္မွာပဲရွိေသးတဲ့အတြက္ အဲဒီဆည္(၅၄)ခုလုံးက စိုးရိမ္စရာမရွိပါဘူး” ဟု ၎က ဆိုသည္။

ထို႔ျပင္ မိုး႐ြာသြန္းမႈအေျခအေနေပၚမူတည္၍ ဆည္မ်ား၏ ေရပို႔လႊဲမွ ေရတိုးျခင္း ႏွင့္ ေရေလွ်ာ့ျခင္းမ်ား ျဖစ္ေပၚလာ ႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။

“ေရေက်ာ္ႏိုင္တာကေတာ့ ႏွစ္စဥ္ေတာ့ ဆည္ေပါင္း(၆၀)ဝန္းက်င္ေတာ့ ေရေက်ာ္ႏိုင္ပါတယ္။ ႏွစ္စဥ္ (၅၀)နဲ႔ (၆၀) ၾကားက ေရေက်ာ္ႏိုင္ၿပီးေတာ့ အခုက မိုးေႏွာင္းကာလဆိုေတာ့ ေရျပည့္တာပါ။ ဘာလို႔မိုးေႏွာင္းကာလမွာ ေရျပည့္ တာလဲဆိုရင္ မိုးေႏွာင္းကာလမွာ ဆည္ေတြကို ေရသိုေလွာင္ထားႏိုင္မွသာ မိုးကုန္ရင္ စိုက္ပ်ိဳးသီးႏွံေတြကို ေရေပး ႏိုင္မွာျဖစ္ေတာ့ မိုးေႏွာင္းကာလမွာဆိုရင္ ေရျပည့္တာမ်ားပါတယ္။ ေရျပည့္တာမ်ားေတာ့ ဆည္ေတြက မိုးထပ္႐ြာလာရင္ ေရေက်ာ္ႏိုင္ပါတယ္။ ဒါေပမယ့္ ေရပိုလႊဲက ေရေက်ာ္တာျဖစ္တဲ့အတြက္ စိုးရိမ္စရာမရွိပါဘူး” ဟု ဦးေကာင္းျမတ္သိန္းက ဆိုသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ေနျပည္ေတာ္ရွိ ေပါင္းေလာင္းဆည္ က်ိဳးက်ေတာ့မည္ဟူေသာ လူမႈကြန္ယက္စာမ်က္ႏွာမ်ား ထက္တြင္ ျပန႔္ႏွံ႔လာခဲ့ေသာသတင္းမ်ားႏွင့္ပတ္သက္၍ နစကအစိုးရကလည္း စိုးရိမ္စရာမရွိေၾကာင္း ျပန္လည္ ထုတ္ျပန္ခဲ့သည္ကို ေတြ႕ရသည္။
ထို႔ျပင္ ဆည္မ်ားတြင္ စိုးရိမ္ေရမွတ္အထက္ ေရႀကီးႏိုင္သည့္ ပမာဏေရာက္ရွိလာပါက အလံ အနီ၊ အဝါ၊ အစိမ္း တို႔ျဖင့္ အမွတ္အသားျပဳ၍ သတိထားမိေစရန္ ေဆာင္႐ြက္ေပးထားေၾကာင္းလည္း ၎ဆိုသည္။

Related news

© 2021. All rights reserved.