သဘာဝဘေးကြောင့်ထိခိုက်မှုများ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်နှစ် မတ်လ(၁၅)ရက်၌ အပြီး‌ဆောင်ရွက်ရန် လမ်းညွှန်ထား

 240

ယွန်း(NP News) - စက်တင်ဘာ ၂၈

ရေဘေးကြောင့်ထိခိုက်ခဲ့မှုများအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက်တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အသိပေးထားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စက်တင်ဘာ(၂၇) ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ(၁၇)ရက်တွင် ကျင်းပခဲ့သည့် သဘာဝ‌ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးတွင် နစကဥက္ကဋ္ဌက လမ်းညွှန်ချက်နှင့် မူဝါဒများချမှတ်ပေးခဲ့ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ(၁၅)ရက်တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားကြောင်း သိရသည်။

ထို့ကြောင့် အချိန်အကန့်အသတ်များရှိသည့်အတွက် ဦးစားပေး‌‌ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အလျင် အမြန်အကောင်အထည်ဖော်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက တိုက်တွန်း ထားသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးလမ်းညွှန်မှာကြားထားသည့်အတွက် သတ်မှတ်ကာလအတွင်း ဖြစ်နိုင်သရွေ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ရန် ကော်မတီဥက္ကဋ္ဌက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများနှင့် စပ်လျဉ်း၍ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များအလိုက် လမ်းပျက်စီးမှုများကို ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ လုံးဝပျက်စီးသွားသည့် တံတားများ လတ်တလောသွားလာနိုင်ရန် ယာယီတံတားများ ဆောင်ရွက်ပေးရန် နှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး လမ်းညွှန်မှာကြား ထားသည့်အတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ ၂၇ ရက် စာရင်းဇယားများအရ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊ ရုံးဌာနအဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေး ကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ခုနှစ်သိန်းရှစ်သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင် ရှိကြောင်း နစက၏အချက်အလက်များအရ သိရသည်။

Zawgyi Version;
သဘာဝေဘးေၾကာင့္ထိခိုက္မႈမ်ား၏ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို လာမည့္ႏွစ္ မတ္လ(၁၅)ရက္၌ အၿပီး‌ေဆာင္႐ြက္ရန္ လမ္းၫႊန္ထား
ယြန္း(NP News) - စက္တင္ဘာ ၂၈

ေရေဘးေၾကာင့္ထိခိုက္ခဲ့မႈမ်ားအတြက္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို လာမည့္ ၂၀၂၅ ခုႏွစ္၊ မတ္လ (၁၅)ရက္တြင္ အၿပီးေဆာင္႐ြက္ရန္ လမ္းၫႊန္ထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက အသိေပးထားသည္။

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈေကာ္မတီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက စက္တင္ဘာ(၂၇) ရက္တြင္ ေနျပည္ေတာ္ရွိ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး႒ာန၌ က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၁၇)ရက္တြင္ က်င္းပခဲ့သည့္ သဘာဝ‌ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာအစည္းအေဝးတြင္ နစကဥကၠ႒က လမ္းၫႊန္ခ်က္ႏွင့္ မူဝါဒမ်ားခ်မွတ္ေပးခဲ့ၿပီး ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို လာမည့္ ၂၀၂၅ ခုႏွစ္၊ မတ္လ(၁၅)ရက္တြင္ အၿပီးေဆာင္႐ြက္ရန္ လမ္းၫႊန္မွာၾကားထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အခ်ိန္အကန႔္အသတ္မ်ားရွိသည့္အတြက္ ဦးစားေပး‌‌ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားအလိုက္ အလ်င္ အျမန္အေကာင္အထည္ေဖာ္ရန္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈေကာ္မတီဥကၠ႒က တိုက္တြန္း ထားသည္။
ထို႔ျပင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ယာယီပိတ္ထားရသည့္ အေျခခံပညာေက်ာင္းမ်ားကို ေအာက္တိုဘာလအတြင္း အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရးလမ္းၫႊန္မွာၾကားထားသည့္အတြက္ သတ္မွတ္ကာလအတြင္း ျဖစ္ႏိုင္သေ႐ြ႕ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရးကို ေဆာင္႐ြက္ရန္ ေကာ္မတီဥကၠ႒က ေျပာသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ပ်က္စီးခဲ့သည့္ လမ္းတံတားမ်ားႏွင့္ စပ္လ်ဥ္း၍ အဓိကလမ္းမႀကီးမ်ားႏွင့္ လမ္းသြယ္မ်ားအလိုက္ လမ္းပ်က္စီးမႈမ်ားကို ဦးစားေပးအလိုက္ ျပဳျပင္ထိန္းသိမ္းျခင္း၊ လုံးဝပ်က္စီးသြားသည့္ တံတားမ်ား လတ္တေလာသြားလာႏိုင္ရန္ ယာယီတံတားမ်ား ေဆာင္႐ြက္ေပးရန္ ႏွင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္မႈမရွိေစေရး လမ္းၫႊန္မွာၾကား ထားသည့္အတြက္ အေလးထားေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
တိုင္ဖြန္းမုန္တိုင္းရာဂိအရွိန္ေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕ တြင္ ေရႀကီးေရလွ်ံျခင္း၊ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚခဲ့ရာ စက္တင္ဘာ ၂၇ ရက္ စာရင္းဇယားမ်ားအရ ၿမိဳ႕နယ္ ၁၁၀ ၿမိဳ႕နယ္မွ လူေနအိမ္ ၁၁၅၀၀၂ လုံး၊ ႐ုံးဌာနအေဆာက္အဦ ၁၂၉ လုံး၊ စာသင္ေက်ာင္း ၃၃၃ ေက်ာင္း၊ ဘာသာေရး ေက်ာင္း ၂၂၈ ေက်ာင္း၊ လမ္း/တံတားပ်က္စီးမႈ ၁၃၅၈ ခု၊ လွ်ပ္စစ္မီးတိုင္ ၅၆၂၂ တိုင္၊ ဆက္သြယ္ေရးတိုင္ ၁၁၄ တိုင္၊ စပါးစိုက္ဧက ခုႏွစ္သိန္းရွစ္ေသာင္းေက်ာ္ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေသဆုံးသူ ၄၃၃ ဦး၊ ေမ်ာပါေပ်ာက္ဆုံးသူ ၇၉ ဦးရွိၿပီး တိရစာၦန္ေသဆုံးမႈအေနျဖင့္ ၁၇၆၂၄၆ ေကာင္ ရွိေၾကာင္း နစက၏အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.