နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ရခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 573

NP News - စက်တင်ဘာ ၂၈

နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူ့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ထိခိုက်ခဲ့ရသောကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(စက်တင်ဘာလ ၂၇ ရက်) က မီဒီယာများသို့ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုများကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးများကို များစွာထိခိုက်ခဲ့ရသဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
“ဒီကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်းရင်းတွေကတော့ (၁) ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ၊ (၂) ပြောင်းလဲ လာတဲ့ နိုင်ငံတကာအခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင် ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်းနေရာဒေသမရွေး ဒီမိုကရေစီ စနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ် စွာရွေးချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးလှပါ တယ်။ ဒါကို ဖော်ဆောင်နိုင်ဖို့ ဒီကြေညာချက်ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

ထို့ပြင် ၂၀၂၂ ခုနှစ် မေလမှ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလအတွင်း NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ (၇) ဖွဲ့၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသောအဖွဲ့ (၃) ဖွဲ့ စုစုပေါင်း (၁၀) ဖွဲ့တို့၏ ခေါင်းဆောင်များနှင့် (၃) ကြိမ်တိုင်တိုင် ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“အဲဒီလိုဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို သဘောတူလက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့်လည်း NCA လက်မှတ် ရေးထိုးထားသည့် EAO များနှင့် (၅၆) ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော EAO များ နှင့်(၂၄) ကြိမ်၊ နိုင်ငံရေးပါတီများနဲ့ (၁၅) ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ State Holder များနှင့် (၃) ကြိမ်၊ စုစုပေါင်း (၉၈) ကြိမ် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

“လက်ရှိဖြစ်ပွားနေတဲ့အကြမ်းဖက်လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ် တွေ၊ ပြည်သူပိုင်အခြေခံအဆောက်အဦတွေ၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေ များစွာဆုံးရှုံးခဲ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကိုစွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့ကိုက်ညီတဲ့ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့ကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းနိုင်ရေး ဆက်သွယ် ဆောင်ရွက်ကြဖို့ ကမ်းလှမ်းဖိတ်ခေါ်ရခြင်းပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်သည့်ထုတ်ပြန်ချက်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစကအစိုးရက ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းတွင် အသိပေးထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းရန္ ကမ္းလွမ္းဖိတ္ေခၚရျခင္းျဖစ္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
NP News - စက္တင္ဘာ ၂၈

ႏိုင္ငံေတာ္တည္ၿငိမ္ေရး၊ ျပည္သူ႔စီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရး ထိခိုက္ခဲ့ရေသာေၾကာင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းရန္ ကမ္းလွမ္းဖိတ္ေခၚရျခင္းျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(စက္တင္ဘာလ ၂၇ ရက္) က မီဒီယာမ်ားသို႔ေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အၾကမ္းဖက္မႈမ်ားေၾကာင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေရး၊ ျပည္သူလူထု၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ားကို မ်ားစြာထိခိုက္ခဲ့ရသျဖင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ေျဖရွင္းရန္ ကမ္းလွမ္းဖိတ္ေခၚရျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာၾကားခဲ့သည္။
“ဒီေၾကညာခ်က္ထုတ္ျပန္ရျခင္း အေၾကာင္းရင္းေတြကေတာ့ (၁) ယေန႔ ျမန္မာႏိုင္ငံရဲ႕အေျခအေန၊ (၂) ေျပာင္းလဲ လာတဲ့ ႏိုင္ငံတကာအေျခအေန၊ (၃) ၿငိမ္းခ်မ္းေရးကို လိုလားတဲ့အဖြဲ႕အစည္း၊ လူပုဂၢိဳလ္မ်ားရဲ႕ သေဘာဆႏၵေတြ ေၾကာင့္ပဲျဖစ္ပါတယ္။ ဒီေန႔ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပည္သူလူထုရဲ႕ဆႏၵျဖစ္တဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို ျပန္သြားႏိုင္ ဖို႔ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ေတြကို စတင္ေနၿပီျဖစ္ပါတယ္။ ႏိုင္ငံသူ၊ ႏိုင္ငံသားတိုင္းေနရာေဒသမေ႐ြး ဒီမိုကေရစီ စနစ္ကို ရယူခံစားႏိုင္ခြင့္ရွိဖို႔လိုပါတယ္။ ျပည္သူ႔အစိုးရကို ျပည္သူလူထုက လြတ္လပ္ စြာေ႐ြးခ်ယ္ပိုင္ခြင့္ရွိရပါမယ္။ ဒီအတြက္ လြတ္လပ္စြာဆႏၵမဲ ေပးႏိုင္ရပါမယ္။ ဒီလိုျဖစ္ဖို႔ လုံၿခဳံေရးနဲ႔တည္ၿငိမ္ေအးခ်မ္းေရးဟာ အေရးႀကီးလွပါ တယ္။ ဒါကို ေဖာ္ေဆာင္ႏိုင္ဖို႔ ဒီေၾကညာခ်က္ထြက္ေပၚလာရျခင္းျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာ သည္။

ထို႔ျပင္ ၂၀၂၂ ခုႏွစ္ ေမလမွ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလအတြင္း NCA လက္မွတ္ေရးထိုးထားသည့္အဖြဲ႕ (၇) ဖြဲ႕၊ NCA လက္မွတ္ေရးထိုးျခင္းမရွိေသးေသာအဖြဲ႕ (၃) ဖြဲ႕ စုစုေပါင္း (၁၀) ဖြဲ႕တို႔၏ ေခါင္းေဆာင္မ်ားႏွင့္ (၃) ႀကိမ္တိုင္တိုင္ ေဆြးေႏြးႏိုင္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“အဲဒီလိုေဆြးေႏြးရာမွာ ပါတီစုံဒီမိုကေရစီစနစ္က်င့္သုံးေရး၊ ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုစနစ္တည္ေဆာက္ေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားကို သေဘာတူလက္မွတ္ေရးထိုး ႏိုင္ခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီအေနျဖင့္လည္း NCA လက္မွတ္ ေရးထိုးထားသည့္ EAO မ်ားႏွင့္ (၅၆) ႀကိမ္၊ NCA လက္မွတ္ေရးထိုးထားျခင္းမရွိေသးေသာ EAO မ်ား ႏွင့္(၂၄) ႀကိမ္၊ ႏိုင္ငံေရးပါတီမ်ားနဲ႔ (၁၅) ႀကိမ္၊ ဘာသာေရးေခါင္းေဆာင္မ်ား၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္မ်ား၊ State Holder မ်ားႏွင့္ (၃) ႀကိမ္၊ စုစုေပါင္း (၉၈) ႀကိမ္ ေဆြးေႏြးႏိုင္ခဲ့ေၾကာင္း သိရသည္။

“လက္ရွိျဖစ္ပြားေနတဲ့အၾကမ္းဖက္လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ လူသားအရင္းအျမစ္ ေတြ၊ ျပည္သူပိုင္အေျခခံအေဆာက္အဦေတြ၊ ျပည္သူ႔အသက္အိုးအိမ္စည္းစိမ္ေတြ မ်ားစြာဆုံးရႈံးခဲ့ရပါတယ္။ ဒါ့ေၾကာင့္ ႏိုင္ငံေတာ္ကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕အစည္းမ်ား၊ အၾကမ္းဖက္ PDF အဖြဲ႕မ်ားအေနနဲ႔ လက္နက္ကိုင္ အၾကမ္းဖက္တိုက္ခိုက္တဲ့ လမ္းစဥ္ကိုစြန႔္လႊတ္ၿပီး ဒီမိုကေရစီလမ္းစဥ္၊ ဒီမိုကေရစီက်င့္စဥ္နဲ႔ကိုက္ညီတဲ့ ပါတီႏိုင္ငံေရးလမ္းေၾကာင္း၊ ေ႐ြးေကာက္ပြဲလမ္းေၾကာင္းတို႔ကေန ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရး နည္းလမ္းနဲ႔ေျဖရွင္းႏိုင္ေရး ဆက္သြယ္ ေဆာင္႐ြက္ၾကဖို႔ ကမ္းလွမ္းဖိတ္ေခၚရျခင္းပဲျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းရန္ ကမ္းလွမ္းဖိတ္ေခၚသည့္ထုတ္ျပန္ခ်က္ကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ နစကအစိုးရက ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ ရက္၊ ညပိုင္းတြင္ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

Picture

Aries Myanmar

28/09/2024 17:47

အလွယ် နားလည်အောင်ပြောရရင် ရပ်ကွက်ထဲမှာ အလှူလုပ်သလိုပဲ တဇောင်းစေးနဲ့ မျက်ချေး လို မတည့်တဲ့ သူကို အလှူဖိတ်တာလို့ပဲ မြင်တယ် ၊ အလှီူ့ရှင်က တစ်ရပ်ကွက်လုံးကို လူသိရှင်ကြား အလှူဖိတ်တယ် ၊ လာတာ မလာတာ သူတို့ အပိုင်း ။ လာရင်လည်း ချောင်အကျဆုံးဝိုင်းမှာ အရိုးအရင်းချကျွေးပြီး ဧည့်ခံလိုက်ရုံပဲ ၊ မကောင်းတတ်လွန်းလို့ Documation ထုတ်ပြီး ကြေငြာတဲ့သဘောပဲရှိတယ် ။ (၃) ကြိမ်လောက် တရားဝင် ဖိတ်ခေါ်ပြသလို တဖက်မှာလည်း ဗုံးကြဲပြီးနေစရာမရှိအောင် လုပ်မှာပဲလို့မြင်တယ် ၊

Picture

Aung Myo Tun

28/09/2024 23:11

ကိုယ့်တိုင်းရင်းသားတွေနဲ့နိုင်ငံအပေါ်တကယ်စိတ်ရင်းစေတနာကောင်းရှိတယ်ဆိုတဲ့အဖွဲ့တွေတက်သင့်တယ်

Related news

© 2021. All rights reserved.