နီပေါနိုင်ငံမှာ ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၃၈ ဦး သေဆုံး

 95

ရောင်နီ (NP News) - စက်တင်ဘာ ၂၈

နီပေါနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သောကြာနေ့(စက်တင်ဘာ ၂၇ ရက်) အစောပိုင်းက ရေကြီး မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အဓိကကားလမ်းတွေ လမ်းပိတ်ကာ ပြည်တွင်းလေကြောင်း သွားလာမှုမှာလည်း အနှောင့် အယှက်ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၃၈ ဦးထပ်မနည်းသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက စနေနေ့ (စက်တင်ဘာ ၂၈ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီ ၃ဝ အတွင်းမှာပဲ ပျောက်ဆုံးနေသူ ၂၉ ဦးရှိနေတာ ကြောင့် သေဆုံးသူ အရေအတွက်ဟာ ထပ်တိုးလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

သေဆုံးမှုအများစုဟာ နိုင်ငံရဲ့အချက်အချာနေရာ ခတ်မန်ဒူချိုင့်ဝှမ်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုကြောင့် ယာဉ်ကြောအသွားအလာနဲ့ ပုံမှန်လှုပ်ရှားမှုတွေ ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။
ခတ်မန်ဒူမြို့ရဲ့အချို့နေရာတွေမှာ ပြီးခဲ့တဲ့ရက်တွေက မိုးရေချိန် ၃၂၂.၂ မီလီမီတာ (၁၂.၆၈ လက်မ) အထိ ရွာသွန်း ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ရဟတ်ယာဉ်များ၊ ရော်ဘာလှေများ အသုံးပြုပြီး ရေဘေးသင့်သူတွေကို ကယ်ထုတ်ခဲ့ရပါတယ်။

ခတ်မန်ဒူ မိုးလေဝသခန့်မှန်းရေး အရာရှိ ဘိုနူမာဟာဂျန် က အိမ်နီးချင်း အိန္ဒိယနိုင်ငံရှိ အချို့နေရာတွေမှာ တည်ရှိ နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် နောက်ထပ် မိုးဆက်တိုက်ရွာသွန်းမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ နီပေါမှာ အခုနှစ် ဇွန်လလယ်ပိုင်းမှစ မြေပြိုခြင်း၊ ရေကြီးခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ကြောင့် အနည်းဆုံး လူ ၂၅၄ ဦး သေဆုံးပြီး ၆၅ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောကြားချက်အရ သိရပါတယ်။

Zawgyi Version;
နီေပါႏိုင္ငံမွာ ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံး လူ ၃၈ ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၈

နီေပါႏိုင္ငံမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေသာၾကာေန႔(စက္တင္ဘာ ၂၇ ရက္) အေစာပိုင္းက ေရႀကီး ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီး အဓိကကားလမ္းေတြ လမ္းပိတ္ကာ ျပည္တြင္းေလေၾကာင္း သြားလာမႈမွာလည္း အေႏွာင့္ အယွက္ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ေျမၿပိဳမႈေၾကာင့္ အနည္းဆုံး လူ ၃၈ ဦးထပ္မနည္းေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက စေနေန႔ (စက္တင္ဘာ ၂၈ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ နာရီ ၃ဝ အတြင္းမွာပဲ ေပ်ာက္ဆုံးေနသူ ၂၉ ဦးရွိေနတာ ေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ ထပ္တိုးလာႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

ေသဆုံးမႈအမ်ားစုဟာ ႏိုင္ငံရဲ႕အခ်က္အခ်ာေနရာ ခတ္မန္ဒူခ်ိဳင့္ဝွမ္းမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေရႀကီးမႈေၾကာင့္ ယာဥ္ေၾကာအသြားအလာနဲ႔ ပုံမွန္လႈပ္ရွားမႈေတြ ရပ္တန႔္ခဲ့ရတယ္လို႔ သိရပါတယ္။
ခတ္မန္ဒူၿမိဳ႕ရဲ႕အခ်ိဳ႕ေနရာေတြမွာ ၿပီးခဲ့တဲ့ရက္ေတြက မိုးေရခ်ိန္ ၃၂၂.၂ မီလီမီတာ (၁၂.၆၈ လက္မ) အထိ ႐ြာသြန္း ခဲ့ၿပီး ကယ္ဆယ္ေရးသမားေတြက ရဟတ္ယာဥ္မ်ား၊ ေရာ္ဘာေလွမ်ား အသုံးျပဳၿပီး ေရေဘးသင့္သူေတြကို ကယ္ထုတ္ခဲ့ရပါတယ္။

ခတ္မန္ဒူ မိုးေလဝသခန႔္မွန္းေရး အရာရွိ ဘိုႏူမာဟာဂ်န္ က အိမ္နီးခ်င္း အိႏၵိယႏိုင္ငံရွိ အခ်ိဳ႕ေနရာေတြမွာ တည္ရွိ ေနတဲ့ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ေနာက္ထပ္ မိုးဆက္တိုက္႐ြာသြန္းမႈေတြ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။ နီေပါမွာ အခုႏွစ္ ဇြန္လလယ္ပိုင္းမွစ ေျမၿပိဳျခင္း၊ ေရႀကီးျခင္းနဲ႔ မိုးႀကိဳးပစ္ျခင္းတို႔ေၾကာင့္ အနည္းဆုံး လူ ၂၅၄ ဦး ေသဆုံးၿပီး ၆၅ ဦး ေပ်ာက္ဆုံးေနတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.