နီပေါနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေ

 247

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉

နီပေါနိုင်ငံ ခတ္တမန္တူ အရပ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်ရေကြီး၊ မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း (၁ဝ၁)ဦးသေဆုံးခဲ့ကြောင်း နီပေါအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

နီပေါ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "သေဆုံးသူအရေအတွက်က (၁ဝ၁)ဦးရှိနေပြီး လူပေါင်းအနည်းဆုံး (၆၄)ဦးပျောက်ဆုံးထားတယ်။သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိနေတယ်။ ရေကြီးမြေပြိုမှုဒဏ်ခံနေရတဲ့ ဒေသကို ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်သွားမယ်"ဟု ပြောသည်။ ရေကြီးမှုနဲ့အတူဖြစ်လာခဲ့တဲ့ မြေပြိုမှုများကြောင့်လည်း လူသေဆုံးမှုများကို ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။ရေကြီးမှုဒဏ်ကို ခတ္တမန္တူအရပ်ဒေသနှင့်ပတ်ဝန်းကျင်အရပ်ဒေသများက အဆိုးရွားဆုံးခံစားခဲ့ရကြောင်း သိရသည်။

ရေကြီးမှုများကြောင့် မြစ်ရေ တက် မှုများဖြစ်လာခဲ့ရာ မြစ်အနီးနေထိုင်နေသည့် ရွာများ၊အိမ်များ ရေကြီးမှုဒဏ်ကို ပိုမိုခံစားခဲ့ရကြောင်းသိရသည်။ ရေကြီးမှုများကြောင့် အမြန်လမ်းများတွင် သွားလာရေးအတွက်အခက်ခဲဖြစ်နေကြပြီး အတားဆီးများဖြစ်နေကြောင်းသိရသည်။ ရေကြီးမှုများကြောင့် လူအများစုသည် အိမ်ခေါင်မိုးအပေါ်တွင် တက်ရောက်နေထိုင်ခဲ့ရပြီး အဆိုပါလူများကိုကယ်တင်ရန်ကြိုးပမ်းနေရဆဲဖြစ်ကြောင်းသိရသည်။ ရေကြီးမှုကြောင့် မိုးရေချိန်စံချိန်တင်မြင့်တက်နေပြီး မိုးရေချိန် လက်မ(၂ဝဝ)မီလီမီ တာဖြစ်ကြောင်းသိရသည်။

zawgyi version
နီေပါႏိုင္ငံတြင္ျဖစ္ေပၚေနသည့္ ေရႀကီး၊ ေျမၿပိဳမႈမ်ားေၾကာင့္ ေသဆုံးသူအေရအတြက္ ပိုမိုျမင့္တက္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉

နီေပါႏိုင္ငံ ခတၱမႏၲဴ အရပ္ေဒသတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ေရႀကီး၊ ေျမၿပိဳမႈမ်ားျဖစ္ပြားခဲ့ရာ အနည္းဆုံးလူေပါင္း (၁ဝ၁)ဦးေသဆုံးခဲ့ေၾကာင္း နီေပါအာဏာပိုင္မ်ား၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

နီေပါ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ေသဆုံးသူအေရအတြက္က (၁ဝ၁)ဦးရွိေနၿပီး လူေပါင္းအနည္းဆုံး (၆၄)ဦးေပ်ာက္ဆုံးထားတယ္။ေသဆုံးသူအေရအတြက္ ဆက္လက္ျမင့္တက္လာဖြယ္ရွိေနတယ္။ ေရႀကီးေျမၿပိဳမႈဒဏ္ခံေနရတဲ့ ေဒသကို ကယ္ဆယ္ေရးအဖြဲ႕ေတြ ေစလႊတ္သြားမယ္"ဟု ေျပာသည္။ ေရႀကီးမႈနဲ႔အတူျဖစ္လာခဲ့တဲ့ ေျမၿပိဳမႈမ်ားေၾကာင့္လည္း လူေသဆုံးမႈမ်ားကို ပိုမိုျမင့္တက္လာဖြယ္ရွိေနေၾကာင္း သိရသည္။ေရႀကီးမႈဒဏ္ကို ခတၱမႏၲဴအရပ္ေဒသႏွင့္ပတ္ဝန္းက်င္အရပ္ေဒသမ်ားက အဆိုး႐ြားဆုံးခံစားခဲ့ရေၾကာင္း သိရသည္။

ေရႀကီးမႈမ်ားေၾကာင့္ ျမစ္ေရ တက္ မႈမ်ားျဖစ္လာခဲ့ရာ ျမစ္အနီးေနထိုင္ေနသည့္ ႐ြာမ်ား၊အိမ္မ်ား ေရႀကီးမႈဒဏ္ကို ပိုမိုခံစားခဲ့ရေၾကာင္းသိရသည္။ ေရႀကီးမႈမ်ားေၾကာင့္ အျမန္လမ္းမ်ားတြင္ သြားလာေရးအတြက္အခက္ခဲျဖစ္ေနၾကၿပီး အတားဆီးမ်ားျဖစ္ေနေၾကာင္းသိရသည္။ ေရႀကီးမႈမ်ားေၾကာင့္ လူအမ်ားစုသည္ အိမ္ေခါင္မိုးအေပၚတြင္ တက္ေရာက္ေနထိုင္ခဲ့ရၿပီး အဆိုပါလူမ်ားကိုကယ္တင္ရန္ႀကိဳးပမ္းေနရဆဲျဖစ္ေၾကာင္းသိရသည္။ ေရႀကီးမႈေၾကာင့္ မိုးေရခ်ိန္စံခ်ိန္တင္ျမင့္တက္ေနၿပီး မိုးေရခ်ိန္ လက္မ(၂ဝဝ)မီလီမီ တာျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.