အငြိမ်းစားဝန်ထမ်းများ Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်မည်

 2069

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၂၉

လက်ရှိတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်၏ ခွင့်ပြုဘဏ်ခွဲပေါင်း (၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အငြိမ်းစားများအနေဖြင့် Centralized e-Pension စနစ် ဆောင်ရွက်နေသည့် မည်သည့်ဘဏ်ခွဲတွင်မဆို e-Pension ကတ်များဖြင့် ဘဏ်တစ်ခုမှ အခြားဘဏ်တစ်ခုသို့ ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခမဲ့ဖြင့် ပင်စင်လစာများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

“Centralized e-Pension စနစ် ဆောင်ရွက်နေတဲ့ဘဏ်ခွဲတွေမှာ ထုတ်ယူနေတဲ့ ပင်စင်စားတွေအနေနဲ့ ဘဏ်ခွဲ(၂) ရန်ကုန်မှာ ပင်စင်ထုတ်ယူလိုတယ်၊ ဒါမှမဟုတ် အခြားဘဏ်တစ်ခုခုမှာ ပင်စင်ထုတ်ယူလိုတယ် ဆိုရင် e-Pension ကတ်ပြားကို တင်ပြပြီးတော့ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ထုတ်ယူနိုင်ပါတယ်။ Centralized e-Pension စနစ်မှာ ကိုယ်စားလှယ်နဲ့ ထုတ်ယူလိုသူတွေဟာ ကိုယ်စားလှယ် (၃)ဦးအထိကို အမည်စာရင်းတင်သွင်းနိုင်ပါတယ်”ဟု မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပင်စင်ထုတ်ယူမှုတွင် သက်ရှိပင်စင်စားဖြစ်ကြောင်း လူတွေ့စစ်ဆေးမှုကိုကိုယ်တိုင်ပင်စင်လစာ ထုတ်ယူနေသည့် ပင်စင်စားဖြစ်ပါက တစ်နှစ်လျှင် တစ်ကြိမ်၊ မိသားစုပင်စင်လစာခံစားနေသည့် ပင်စင်စားများအနေဖြင့် ၆ လတစ်ကြိမ်၊ စာရင်းပြောင်းနည်းလမ်းဖြင့် ပင်စင်လစာထုတ်ယူနေသည့် ပင်စင်စားဖြစ်ပါက ၆ လ တစ်ကြိမ် လူတွေ့စစ်ဆေးမှုများ ခံယူရမည်ဖြစ် ကြောင်းသိရသည်။

“အခုလိုစနစ်တွေပေါ်လာတော့ ရောက်တဲ့အရပ်က အနီးဆုံးဘဏ်မှာ ထုတ်လို့ရတော့ ပိုအဆင်ပြေတာပေါ့၊ အရင်ကဆို ကိုယ်က နယ်ရောက်နေတယ်၊ ရန်ကုန်မှာပဲထုတ်လို့ရတော့ ရန်ကုန်တစ်ခေါက်ပြန်လာနေရတယ်။ အခုကပိုအဆင်ပြေပါတယ်”ဟု ပင်စင်စားဝန်ထမ်းတစ်ဦးက ပြောသည်။

Centralized e-Pension စနစ်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိ ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ဘဏ်ခွဲပေါင်း ၁၄၉ ဘဏ်တွင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ဘဏ်ခွဲများ၌ Centralized e-Pension စနစ်ကို အဆင့်လိုက် ဆက်လက်အ ကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အၿငိမ္းစားဝန္ထမ္းမ်ား Centralized e-Pension စနစ္ျဖင့္ ျမန္မာ့စီးပြားေရးဘဏ္ခြဲ(၁၄၉)ခုတြင္ ပင္စင္လစာမ်ား ထုတ္ယူႏိုင္မည္
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၂၉

လက္ရွိတြင္ အၿငိမ္းစားဝန္ထမ္းမ်ားအေနျဖင့္ Centralized e-Pension စနစ္ျဖင့္ ျမန္မာ့စီးပြားေရးဘဏ္၏ ခြင့္ျပဳဘဏ္ခြဲေပါင္း (၁၄၉)ခုတြင္ ပင္စင္လစာမ်ား ထုတ္ယူႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

အၿငိမ္းစားမ်ားအေနျဖင့္ Centralized e-Pension စနစ္ ေဆာင္႐ြက္ေနသည့္ မည္သည့္ဘဏ္ခြဲတြင္မဆို e-Pension ကတ္မ်ားျဖင့္ ဘဏ္တစ္ခုမွ အျခားဘဏ္တစ္ခုသို႔ ေျပာင္းေ႐ႊ႕ရန္မလိုဘဲ ဝန္ေဆာင္ခအခမဲ့ျဖင့္ ပင္စင္လစာမ်ားကို ထုတ္ယူႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

“Centralized e-Pension စနစ္ ေဆာင္႐ြက္ေနတဲ့ဘဏ္ခြဲေတြမွာ ထုတ္ယူေနတဲ့ ပင္စင္စားေတြအေနနဲ႔ ဘဏ္ခြဲ(၂) ရန္ကုန္မွာ ပင္စင္ထုတ္ယူလိုတယ္၊ ဒါမွမဟုတ္ အျခားဘဏ္တစ္ခုခုမွာ ပင္စင္ထုတ္ယူလိုတယ္ ဆိုရင္ e-Pension ကတ္ျပားကို တင္ျပၿပီးေတာ့ ကိုယ္တိုင္ေသာ္လည္းေကာင္း၊ ကိုယ္စားလွယ္ျဖင့္ေသာ္လည္းေကာင္း ထုတ္ယူႏိုင္ပါတယ္။ Centralized e-Pension စနစ္မွာ ကိုယ္စားလွယ္နဲ႔ ထုတ္ယူလိုသူေတြဟာ ကိုယ္စားလွယ္ (၃)ဦးအထိကို အမည္စာရင္းတင္သြင္းႏိုင္ပါတယ္”ဟု ျမန္မာ့စီးပြားေရးဘဏ္ခြဲ(၂)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ပင္စင္ထုတ္ယူမႈတြင္ သက္ရွိပင္စင္စားျဖစ္ေၾကာင္း လူေတြ႕စစ္ေဆးမႈကိုကိုယ္တိုင္ပင္စင္လစာ ထုတ္ယူေနသည့္ ပင္စင္စားျဖစ္ပါက တစ္ႏွစ္လွ်င္ တစ္ႀကိမ္၊ မိသားစုပင္စင္လစာခံစားေနသည့္ ပင္စင္စားမ်ားအေနျဖင့္ ၆ လတစ္ႀကိမ္၊ စာရင္းေျပာင္းနည္းလမ္းျဖင့္ ပင္စင္လစာထုတ္ယူေနသည့္ ပင္စင္စားျဖစ္ပါက ၆ လ တစ္ႀကိမ္ လူေတြ႕စစ္ေဆးမႈမ်ား ခံယူရမည္ျဖစ္ ေၾကာင္းသိရသည္။

“အခုလိုစနစ္ေတြေပၚလာေတာ့ ေရာက္တဲ့အရပ္က အနီးဆုံးဘဏ္မွာ ထုတ္လို႔ရေတာ့ ပိုအဆင္ေျပတာေပါ့၊ အရင္ကဆို ကိုယ္က နယ္ေရာက္ေနတယ္၊ ရန္ကုန္မွာပဲထုတ္လို႔ရေတာ့ ရန္ကုန္တစ္ေခါက္ျပန္လာေနရတယ္။ အခုကပိုအဆင္ေျပပါတယ္”ဟု ပင္စင္စားဝန္ထမ္းတစ္ဦးက ေျပာသည္။

Centralized e-Pension စနစ္အား ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလမွ စတင္ေဆာင္႐ြက္ခဲ့ရာ လက္ရွိ ၂ဝ၂၄ ခုႏွစ္၊ စက္တင္ဘာလအထိ ဘဏ္ခြဲေပါင္း ၁၄၉ ဘဏ္တြင္ ေဆာင္႐ြက္ေပးေနၿပီျဖစ္ေၾကာင္း၊ က်န္ရွိေနသည့္ ဘဏ္ခြဲမ်ား၌ Centralized e-Pension စနစ္ကို အဆင့္လိုက္ ဆက္လက္အ ေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.