ဂျပန်တွင် အာဏာရပါတီ နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အသစ် ထွက်ပေါ်

 63

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉

ဂျပန်နိုင်ငံ၏အာဏာရပါတီဖြစ်သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) အစည်းအဝေး တွင် ပါတီခေါင်းဆောင်အသစ်ကို ရွေးချယ်ခဲ့ရာ ရှီဂီရူ အိုင်ရှီဘာသည် ပါတီခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံရပြီး ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။ဂျပန်ဝန်ကြီးချုပ် ဖြစ်သကဲ့သို့ (LDP) ပါတီခေါင်းဆောင်ဖြစ်သော ဖူမီအိုကီရှီဒါသည် ရာထူးမှနုတ်ထွက်ရန် အဆိုပြု ခဲ့သောကြောင့် (LDP) ပါတီသည်ခေါင်းဆောင် အသစ်ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အိုင်ရှီဘာ သည် ဂျပန် နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်းတစ် ဦးဖြစ်ခဲ့ပြီး (LDP) ပါတီခေါင်းဆောင်အသစ် ရွေးချယ်ပွဲ တွင် ဆာနေးတာကိုင်ချီနှင့် ယှဉ်ပြိုင်ခဲ့ရကြောင်းသိရသည်။

အိုင်ရှီဘာက “ ကျွန်တော့်အနေနဲ့ ပါတီရဲ့ပုံရိပ် နဲ့ ဂုဏ်သိက္ခာကို ပိုမိုကြီးမြတ်အောင်လုပ်ဆောင် မယ်။ ပါတီအတွင်းဖြစ်ပွားနေတဲ့ အခက်ခဲအတားဆီးတွေကို အဆုံးသတ်အောင်လုပ်ဆောင်မယ်။ ဂျပန် ပြည်သူတွေအပြင် နိုင်ငံပိုင်နက်၊ နယ်မြေတွေကို ကာကွယ်သွားမယ်” ဟု ပြောသည်။ အိုင်ရှီဘာ၏ ပြိုင်ဘက်ဖြစ်သူ ဆာနေးတာကိုင်ချီသည် စီးပွားရေးလုံခြုံမှုဆိုင်ရာ ဝန်ကြီးအဖြစ်တာဝန်ယူနေသူဖြစ်ပြီး ဂျပန်နိုင်ငံသမိုင်း တစ်လျှောက်ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာ မည့်သူအဖြစ်ရေပန်းစားနေ သူဖြစ်သည်။ (LDP) ပါတီသည် ခေါင်းဆောင်အသစ်ကိုရွေးချယ်လိုက် ခြင်းကြောင့် ဂျပန်ဝန်ကြီးချုပ် အဖြစ်တာဝန်ယူနေသည့် ဖူမီအိုကီရှီဒါနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည်လာမည့်ရက်ပိုင်းအတွင်း ရာထူးမှ နုတ်ထွက်ဖွယ်ရှိ နေကြောင်းသိရသည်။

အိုင်ရှီဘာက ပါတီခေါင်းဆောင်အသစ်နေရာတွင် စည်းရုံးရာ၌ နေတိုးမဟာမိတ်အဖွဲ့ကဲ့သို့ စစ်ရေး မဟာမိတ်အဖွဲ့စည်း အာရှတိုက်တွင်ဖြစ်လာစေရန် အပြင် အမေရိကန်နှင့်ဂျပန်နိုင်ငံကြား လုံခြုံရေး မဟာမိတ်စာချုပ်နှင့်ပတ်သက်ပြီး တန်းတူညီမျှ ရအောင်လုပ်ဆောင်မည်ဟု ကတိပြုပြောဆို ထားသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်ကိုအဆိုး ရွားဆုံးခံရသော နိုင်ငံများထဲတွင်ပါဝင်နေသည့် ဂျပန်နိုင်ငံကို သဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီ တည်ထောင်ပေးမည်ဟု အိုင်ရှီဘာက ကတိပြုထားသည်။

ဂ်ပန္တြင္ အာဏာရပါတီ ႏွင့္ အစိုးရအဖြဲ႕၏ ေခါင္းေဆာင္အသစ္ ထြက္ေပၚ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉

ဂ်ပန္ႏိုင္ငံ၏အာဏာရပါတီျဖစ္ေသာ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီ (LDP) အစည္းအေဝး တြင္ ပါတီေခါင္းေဆာင္အသစ္ကို ေ႐ြးခ်ယ္ခဲ့ရာ ရွီဂီ႐ူ အိုင္ရွီဘာသည္ ပါတီေခါင္းေဆာင္အသစ္အျဖစ္ ေ႐ြးခ်ယ္ခံရၿပီး ဂ်ပန္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာဖြယ္ရွိေနေၾကာင္းသိရသည္။ဂ်ပန္ဝန္ႀကီးခ်ဳပ္ ျဖစ္သကဲ့သို႔ (LDP) ပါတီေခါင္းေဆာင္ျဖစ္ေသာ ဖူမီအိုကီရွီဒါသည္ ရာထူးမွႏုတ္ထြက္ရန္ အဆိုျပဳ ခဲ့ေသာေၾကာင့္ (LDP) ပါတီသည္ေခါင္းေဆာင္ အသစ္ထပ္မံေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။ အိုင္ရွီဘာ သည္ ဂ်ပန္ ႏိုင္ငံ၏ ကာကြယ္ေရးဝန္ႀကီးေဟာင္းတစ္ ဦးျဖစ္ခဲ့ၿပီး (LDP) ပါတီေခါင္းေဆာင္အသစ္ ေ႐ြးခ်ယ္ပြဲ တြင္ ဆာေနးတာကိုင္ခ်ီႏွင့္ ယွဥ္ၿပိဳင္ခဲ့ရေၾကာင္းသိရသည္။

အိုင္ရွီဘာက “ ကြၽန္ေတာ့္အေနနဲ႔ ပါတီရဲ႕ပုံရိပ္ နဲ႔ ဂုဏ္သိကၡာကို ပိုမိုႀကီးျမတ္ေအာင္လုပ္ေဆာင္ မယ္။ ပါတီအတြင္းျဖစ္ပြားေနတဲ့ အခက္ခဲအတားဆီးေတြကို အဆုံးသတ္ေအာင္လုပ္ေဆာင္မယ္။ ဂ်ပန္ ျပည္သူေတြအျပင္ ႏိုင္ငံပိုင္နက္၊ နယ္ေျမေတြကို ကာကြယ္သြားမယ္” ဟု ေျပာသည္။ အိုင္ရွီဘာ၏ ၿပိဳင္ဘက္ျဖစ္သူ ဆာေနးတာကိုင္ခ်ီသည္ စီးပြားေရးလုံၿခဳံမႈဆိုင္ရာ ဝန္ႀကီးအျဖစ္တာဝန္ယူေနသူျဖစ္ၿပီး ဂ်ပန္ႏိုင္ငံသမိုင္း တစ္ေလွ်ာက္ပထမဆုံးအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ျဖစ္လာ မည့္သူအျဖစ္ေရပန္းစားေန သူျဖစ္သည္။ (LDP) ပါတီသည္ ေခါင္းေဆာင္အသစ္ကိုေ႐ြးခ်ယ္လိုက္ ျခင္းေၾကာင့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူေနသည့္ ဖူမီအိုကီရွီဒါႏွင့္ အစိုးရအဖြဲ႕ဝန္ႀကီးမ်ားသည္လာမည့္ရက္ပိုင္းအတြင္း ရာထူးမွ ႏုတ္ထြက္ဖြယ္ရွိ ေနေၾကာင္းသိရသည္။

အိုင္ရွီဘာက ပါတီေခါင္းေဆာင္အသစ္ေနရာတြင္ စည္း႐ုံးရာ၌ ေနတိုးမဟာမိတ္အဖြဲ႕ကဲ့သို႔ စစ္ေရး မဟာမိတ္အဖြဲ႕စည္း အာရွတိုက္တြင္ျဖစ္လာေစရန္ အျပင္ အေမရိကန္ႏွင့္ဂ်ပန္ႏိုင္ငံၾကား လုံၿခဳံေရး မဟာမိတ္စာခ်ဳပ္ႏွင့္ပတ္သက္ၿပီး တန္းတူညီမွ် ရေအာင္လုပ္ေဆာင္မည္ဟု ကတိျပဳေျပာဆို ထားသည္။ ထို႔ျပင္ သဘာဝေဘးအႏၲရာယ္ကိုအဆိုး ႐ြားဆုံးခံရေသာ ႏိုင္ငံမ်ားထဲတြင္ပါဝင္ေနသည့္ ဂ်ပန္ႏိုင္ငံကို သဘာဝေဘး စီမံခန႔္ခြဲေရးေအဂ်င္စီ တည္ေထာင္ေပးမည္ဟု အိုင္ရွီဘာက ကတိျပဳထားသည္။

Related news

© 2021. All rights reserved.