ပြည်မြို့တွင် သင်္ချာအဝေးသင်ပထမနှစ်ကျောင်းသူတစ်ဦး ဧရာဝတီမြစ်အတွင်း ပြုတ်ကျ၊ ရေနစ်သေဆုံး

 6966

သန့်ဇင် (NP News) - စက်တင်ဘာ ၃ဝ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် သင်္ချာအဝေးသင်ပထမနှစ်ကျောင်းသူတစ်ဦး ဧရာဝတီမြစ်အတွင်း ပြုတ်ကျ၊ ရေနစ်သေဆုံးသွားခဲ့ကြောင်း ဒေသတွင်းရေနစ်သူ ကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၃ဝ ရက်)၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ် အချိန်ခန့်က ကမ်းနားလမ်း၊ ပန်းခြံအနီး ဧရာဝတီမြစ်အတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်မလေး(၂)ယောက်က ဘောတံတားရဲ့ ဘယ်ဘက်ခြမ်းဘက်မှာ ကိုက်(၁၀၀)အကွာမှာ မြစ်ဘေးမှာရောက်နေတာပေါ့။ ကျွန်တော်တို့ သိရတာတော့ ခုန်ချတယ်မချဘူးလို့ပြောလို့တော့ မရဘူး။ ကျန်ခဲ့တဲ့ကောင်မလေး မေးကြည့်တော့ ခြေချော်ကျတာလို့ ပြောတယ်။ လက်ရှိ အခြေအနေကတော့ ဖြစ်လည်းဖြစ်နိုင်သလို မဖြစ်လည်းမဖြစ်နိုင်ဘူး။ ကျွန်တော်တို့မြစ်ရဲ့သဘောတရားက ဆင်းလျှောက်ရင် ခြေလှမ်း(၃)လှမ်းလောက် လှမ်းလိုက်ရင် ဂလိုင်ထဲကို ကျသွားတာရှိတယ်” ဟု ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသတစ်ဦးက NP News ကို ပြောသည်။

ရေနစ်သေဆုံးသူအမျိုးသမီးမှာ ဝက်ထီးကန်မြို့နယ်၊ လျှော်ထုံးရွာမှ အသက်(၂၀)အရွယ် ပြည်တက္ကသိုလ်အဝေးသင် သင်္ချာပထမနှစ်ကျောင်းသူတစ်ဦးဖြစ်‌ပြီး ၎င်း၏ ရုပ်အလောင်းကို ၁ဝ မိနစ်ခန့် ရေငုတ် ရှာဖွေခဲ့ရကြောင်း သိရသည်။

“ကျန်ခဲ့တဲ့ ကောင်မလေး ပြောပြတာတော့ ရေနစ်တဲ့ကောင်မလေး ကျကျချင်းမှာ လိုက်ဆွဲသေးတယ်လို့ ပြောတယ်။ ကမ်းစပ်နားက အပင်လေးကို လက်တစ်ဖက်နဲ့ လှမ်းဆွဲတယ်တဲ့။ ဒါပေမယ့် လက်ကလွတ်သွားပြီး မြုပ်သွားတာ။ ကျွန်တော်တို့လည်း သတင်းရရခြင်း ၁၁ နာရီသာသာလောက်မှာ ငုတ်ပြီးရှာတော့ ၁ဝ မိနစ်သာသာလောက်မှာ အလောင်းကို ပြန်တွေ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူမျိုးသမီးကို သေဆုံးသူ ရုပ်အလောင်းအား မြန်မာမွတ်(စ်)လင်(မ်) လူမှုကူညီရေးအသင်း (ဆင်စု)က ပြည်မြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျပည္ၿမိဳ႕တြင္ သခ်ၤာအေဝးသင္ပထမႏွစ္ေက်ာင္းသူတစ္ဦး ဧရာဝတီျမစ္အတြင္း ျပဳတ္က်၊ ေရနစ္ေသဆုံး
သန႔္ဇင္ (NP News) - စက္တင္ဘာ ၃ဝ

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ သခ်ၤာအေဝးသင္ပထမႏွစ္ေက်ာင္းသူတစ္ဦး ဧရာဝတီျမစ္အတြင္း ျပဳတ္က်၊ ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း ေဒသတြင္းေရနစ္သူ ကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာ ၃ဝ ရက္)၊ နံနက္ ၁ဝ နာရီ ၃ဝ မိနစ္ အခ်ိန္ခန႔္က ကမ္းနားလမ္း၊ ပန္းၿခံအနီး ဧရာဝတီျမစ္အတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေကာင္မေလး(၂)ေယာက္က ေဘာတံတားရဲ႕ ဘယ္ဘက္ျခမ္းဘက္မွာ ကိုက္(၁၀၀)အကြာမွာ ျမစ္ေဘးမွာေရာက္ေနတာေပါ့။ ကြၽန္ေတာ္တို႔ သိရတာေတာ့ ခုန္ခ်တယ္မခ်ဘူးလို႔ေျပာလို႔ေတာ့ မရဘူး။ က်န္ခဲ့တဲ့ေကာင္မေလး ေမးၾကည့္ေတာ့ ေျခေခ်ာ္က်တာလို႔ ေျပာတယ္။ လက္ရွိ အေျခအေနကေတာ့ ျဖစ္လည္းျဖစ္ႏိုင္သလို မျဖစ္လည္းမျဖစ္ႏိုင္ဘူး။ ကြၽန္ေတာ္တို႔ျမစ္ရဲ႕သေဘာတရားက ဆင္းေလွ်ာက္ရင္ ေျခလွမ္း(၃)လွမ္းေလာက္ လွမ္းလိုက္ရင္ ဂလိုင္ထဲကို က်သြားတာရွိတယ္” ဟု ေဒသတြင္းေရနစ္သူကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသတစ္ဦးက NP News ကို ေျပာသည္။

ေရနစ္ေသဆုံးသူအမ်ိဳးသမီးမွာ ဝက္ထီးကန္ၿမိဳ႕နယ္၊ ေလွ်ာ္ထုံး႐ြာမွ အသက္(၂၀)အ႐ြယ္ ျပည္တကၠသိုလ္အေဝးသင္ သခ်ၤာပထမႏွစ္ေက်ာင္းသူတစ္ဦးျဖစ္‌ၿပီး ၎၏ ႐ုပ္အေလာင္းကို ၁ဝ မိနစ္ခန႔္ ေရငုတ္ ရွာေဖြခဲ့ရေၾကာင္း သိရသည္။

“က်န္ခဲ့တဲ့ ေကာင္မေလး ေျပာျပတာေတာ့ ေရနစ္တဲ့ေကာင္မေလး က်က်ခ်င္းမွာ လိုက္ဆြဲေသးတယ္လို႔ ေျပာတယ္။ ကမ္းစပ္နားက အပင္ေလးကို လက္တစ္ဖက္နဲ႔ လွမ္းဆြဲတယ္တဲ့။ ဒါေပမယ့္ လက္ကလြတ္သြားၿပီး ျမဳပ္သြားတာ။ ကြၽန္ေတာ္တို႔လည္း သတင္းရရျခင္း ၁၁ နာရီသာသာေလာက္မွာ ငုတ္ၿပီးရွာေတာ့ ၁ဝ မိနစ္သာသာေလာက္မွာ အေလာင္းကို ျပန္ေတြ႕တယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူမ်ိဳးသမီးကို ေသဆုံးသူ ႐ုပ္အေလာင္းအား ျမန္မာမြတ္(စ္)လင္(မ္) လူမႈကူညီေရးအသင္း (ဆင္စု)က ျပည္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.