နစက၏ သမိုင်းဝင် ကမ်းလှမ်းချက်နှင့် လက်နက်ကိုင်အဖွဲ့တို့၏ တုံ့ ပြန်မှု
9018
မြူနစ် (NP News) - စက်တင်ဘာ ၃ဝ
မြန်မာနိုင်ငံနစ်နာဆုံးရှုံးနေမှုများကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် အကြမ်းဖက်လက်နက် ကိုင်အဖွဲ့အားလုံး ကို နစကအစိုးရက သမိုင်းဝင်ကမ်းလှမ်းဖိတ်ခေါ်လိုက်ပြီဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်သည့်ထုတ်ပြန်ချက်ကို ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအစိုးရက စက်တင်ဘာ (၂၆) ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။
နစက၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ ကျင်းပကာ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်အာဏာ လွှဲအပ်ရေးပင်ဖြစ်သည်ဟု ဆိုထားပြီးဖြစ်သည်။
လက်ရှိအချိန်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် မဲစာရင်းမှန်ကန်မှုကို အထောက် အကူပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက်ယူ မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် မှုလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက် နေချိန်လည်းဖြစ်သည် ဟု နစကအစိုးရက ဆိုသည်။
ထို့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက် နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းက သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးဆက်သွယ် ဆောင်ရွက်နိုင်ပါရန် နစကအစိုးရက ကမ်းလှမ်းဖိတ်ခေါ်ထားခြင်းဖြစ်သည်။
နစကအစိုးရအနေဖြင့် ယခုကဲ့သို့ ကမ်းလှမ်း ဖိတ်ခေါ်ခြင်းသည် အပြုသဘောဆောင်သည့် သဘောမျိုးရှိ ကြောင်း၊ နှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့က မှတ်ချက်ပြုထားကြသည်။
‘ဒီလိုခေါ်တယ်ဆိုတာတော့ အပြုသဘောတော့ ဆောင်ပါတယ်။ ဒါပေမဲ့ တကယ့်အောင်မြင်တဲ့ဆွေး နွေးပွဲ ဖြစ်စေနိုင်တဲ့ စေတနာပါမယ်ဆိုရင်တော့ အနည်းငယ်အသေးစိတ်တော့ ပိုကျဖို့လိုမယ်။ နောက်ပြီး တော့ step by step ပေါ့လေ။ အဆင့်တွေပြဖို့လိုတယ်။ ဦးသိန်းစိန်ခေါ်တုန်းက ကျွန်တော်မှတ်မိပါတယ်။ သိသလောက်ဆိုရင် ပြည်နယ်အဆင့် ပထမတစ်ပိုင်း၊ ပြီးတော့ ပြည်ထောင်စုအဆင့် ဒုတိယ၊ ပြီးတော့မှ နောက်ဆုံးတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အဲဒါမျိုးပေါ့ဗျာ။ အဲဒီလို အဆင့်လေးတွေပါတယ်။ နောက်ပြီးတော့ ချဉ်းကပ်ရမယ့် တွေ့ဆုံဆွေးနွေးရမယ့် အဖွဲ့ပါဖွဲ့ပေးတယ်ဗျ။ ဘယ်သူနဲ့တွေ့ဖို့ဆိုတာမျိုးပေါ့။ စိတ်ဝင်စားလို့ ဆက်သွယ်မယ်ဆိုရင် ဘယ်သူ့ကို ဆက်သွယ်ရမယ်ဆိုတာကို မပါဘူး။ ဒီကိစ္စကိုင်တွယ်ဖို့ ဆိုတာမျိုးတွေ၊ ဘာတွေ ခန့်အပ်တာ မတွေ့ရ ဘူး။ အခုခေါ်တဲ့အထဲမှာတော့။ အဲဒါကြောင့်ပါ။ အပြုသဘောတော့ ဆောင်တယ်။ ဒါပေမဲ့ လက်တွေ့အောင်မြင်ဖို့ နည်းနည်းတော့ ခက်ခဲမယ်လို့ ယူဆပါတယ်’ ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူး ကြီးခွန်ဥက္ကာက NP News ကို မှတ် ချက်ပြုပြောကြားထားသည်။
ယခုကဲ့သို့ နစကအစိုးရ၏ကမ်းလှမ်းမှုသည် ဗုံးကြဲ၊ စစ်တိုက်နေခြင်းမျိုးနှင့်စာပါက ပိုကောင်းသော်လည်း ကမ်းလှမ်းဖိတ်ခေါ်မှုသည် ယေဘုယျ ဆန်နေသည်ဟုလည်း ၎င်းက ဆက်လက်သုံးသပ်ထား သည်။
‘မကြာခင်မှာလည်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်တော့မယ်လေ။ အဲဒီလိုကောက်တဲ့ အခါမှာ ဒီလိုပဲ အနှောင့်အယှက်ပေးသလို လုပ်နေမယ်ဆိုရင် တိကျတဲ့မဲစာရင်းတွေ၊ ပေးရတဲ့လူတွေ မပေးရရင် နစ်နာမှုတွေ အများကြီး ရှိလာမှာပေါ့။ ရှိလာပြီးတော့ နိုင်ငံရေးပါတီတွေက ဝင်ပြိုင်ရင်လည်း အန္တရာယ်တွေနဲ့ ကြုံရတဲ့ အခါကျရင်လည်း မကောင်းဘူးလေ။ ဒါကြောင့်မိုလို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတော်အစိုးရက သဘောထားကြီးစွာနဲ့ အခွင့်အရေး တစ်ရပ်ပေးတဲ့အနေနဲ့ ဒါလေးတွေကို ညှိနှိုင်းဆွေးနွေး မယ်ဆိုပြီးတော့ ဖိတ်ခေါ်တာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တော့ ဒီလိုပဲ ရိုးသားရှင်းလင်းစွာ မြင်ပါတယ်ဗျ’ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သုံးသပ်ပြောကြား သည်။
နစက အစိုးရအနေဖြင့် ပြီးခဲ့သောကာလများတွင် ငြိမ်းချမ်းရေးတွေ့ဆုံရန် ဖိတ်ခေါ်မှုများရှိခဲ့ပြီး ယင်းကဲ့သို့ဖိတ် ခေါ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ ဦးတည်ဖိတ်ခေါ်ခဲ့သည့်သဘောကို တွေ့ရှိရသည်။ သို့သော် ယခုဖိတ်ခေါ်မှုတွင် PDF အဖွဲ့များအပါအဝင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အားလုံးကိုလည်း ကမ်းလှမ်းဖိတ် ခေါ်ထားသည် ကို တွေ့ရှိရသည်။
‘ရွေးကောက်ပွဲတွေ၊ ဘာတွေကို ဦးတည်ချက်၊ ရည်မှန်းချက်နဲ့လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင် အောင်ဆိုပြီး တော့ လုပ်တဲ့သဘောပါပဲ။ ဥပမာ- သူတို့က မလုပ်လာခဲ့ဘူးဆိုရင်တော့လည်း ဒီနေ့သတင်းစာမှာ ပါပါတယ်။ အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေလည်း ပါလာပါတယ်။ အဲဒီအထဲမှာလည်း ပုဒ်မတွေလည်း ပြဋ္ဌာန်းထားပါတယ်။ အဲဒီတော့ အစိုးရပိုင်းအနေနဲ့ တာဝန်မရှိတော့ဘူးပေါ့နော်။ သူတို့မှာပဲ တာဝန်ရှိတော့မှာပေါ့။ အဲဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်က ဒီလိုပဲ မြင်ပါတယ်ဗျ’ဟု ဦးလှသိန်းက ဆက်လက် ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများကြောင့် အရပ်သား များအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တပ်သားများစွာသည်လည်း သေဆုံးနေရလျက်ရှိကြသည်။ ထို့ပြင် အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေး မှူးများအပါအဝင် အရပ်သားပြည်သူဦးရေ (၈၁၀ဝ) သေဆုံးခဲ့ရပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် (၃)နှစ် ကျော်ကြာ အကြပ်အတည်း၊ ပဋိပက္ခများကြားမှ နစက အပါအဝင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ရုန်းထွက်ချင်သည့် စိတ်ဆန္ဒမျိုးရှိနိုင်ကြောင်းလည်း KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က သုံးသပ်ပြောကြားသည်။
‘ဒါကလည်း အပြောင်းအလဲတစ်ခု၊ အရွေ့တစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ်။ ဖိတ်ခေါ်မှုအရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းပါတယ်။ နောက်ပြီးတော့ လက်ရှိပစ်ခတ်တိုက်ခိုက်မှုတွေမှာ ပါဝင်နေတဲ့ အဖွဲ့ အစည်းတွေအားလုံး နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ စကားပြောရအောင် ဒီလိုဖိတ်ခေါ် မှုကတော့ လက်ရှိ မရှိမဲ့၊ ရှိမဲ့ကာလအတွက်ကတော့ အရွေ့တစ်ခု၊ အပြောင်းအလဲတစ်ခုဆိုတာကိုတော့ ကျွန်တော်တို့ အနေနဲ့ သတိထားမိပါတယ်’ဟု ဗိုလ်မှူးကြီးစော ကျော်ညွန့်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစကအစိုးရလက်ထက်တွင် KNU, KIA, MNDAA, AA, TNLA ချင်းလက်နက်ကိုင်အဖွဲ့များ၊ ကယားလက်နက်ကိုင်အဖွဲ့များနှင့် NUG လက်အောက်ခံ PDF အဖွဲ့များသည် တိုက်ပွဲများကို အပြင်းအထန် ပူးပေါင်းဖော်ဆောင်ခဲ့သည်။
ထိုကဲ့သို့ တိုက်ပွဲများ ဖော်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနက် NUG/PDF, MNDAA, TNLA, AA တို့ကို အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် ပြီးခဲ့သောကာလများအတွင်း နစက အစိုးရဘက်က တရားဝင်သတ်မှတ် ကြေညာ ခဲ့ဖူးသည်။ သို့သော်လည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် အကြမ်းဖက်သမားများအနေဖြင့် အ ကြမ်းဖက်လုပ်ရပ်များကို လုံးဝစွန့်လွှတ်မည်ဖြစ်ကြောင်း ကမ္ဘာသိတရားဝင် ကြေညာပြီးမှသာ ဆွေးနွေးနိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့မဟုတ်ပါက ဆွေးနွေး စရာအကြောင်း မရှိကြောင်း နစကအစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားခဲ့ဖူးသည်။
ထိုအဖွဲ့များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို စွန့်လွှတ်ပါမည်ဖြစ်ကြောင်း ကမ္ဘာသိတရားဝင် ကြေညာခြင်း မျိုးမရှိခဲ့သော်လည်း လက်ရှိတွင် နစက အစိုးရသည် နိုင်ငံတော်နစ်နာဆုံးရှုံးနေမှုများကို ရှေးရှုကာ PDF အပါအဝင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အားလုံးကို တွေ့ဆုံဆွေးနွေးရန် သမိုင်းဝင်ကမ်း လှမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ ပြည်သူအားလုံးသည် စစ်ဘေးဒဏ်၊ ရေဘေးဒဏ်၊ ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်အပါအဝင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုပေါင်းများစွာကို ခက်ခဲစွာဖြင့် ဖြတ်သန်းနေရလျက်ရှိကြသည်။
သို့သော် အခြားတစ်ဖက်တွင် နိုင်ငံထာဝရငြိမ်း ချမ်းရေးအတွက် ယခုကဲ့သို့ နစကအစိုးရက ကမ်းလှမ်းဖိတ်ခေါ် လာမှုအပေါ် ကချင်လက်နက်ကိုင်အဖွဲ့ KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နှင့် KNU ပြောခွင့်ရ ပဒိုစောတောနီးတို့သည် ပြက်ရယ်ပြုသည့်ပုံစံမျိုးဖြင့် တုံ့ပြန်ပြောဆိုလာကြသည်ကိုလည်း တွေ့ရပြန်သည်။
နစကအစိုးရက ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းသည် ဓာတ်ပြားဟောင်းကြီးကို ပြန်လည်ဖွင့်လှစ်ခြင်းသာ ဖြစ်ပြီး အလကားနားငြီးကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးမှထွက်ကာ အရပ်သားအုပ်ချုပ်မှုအောက်တွင် နေထိုင်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကို လက်ခံရန် နှင့် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို တာဝန်ခံရန် KNU ပြောခွင့် ရက ဆိုသည်။
အလားတူ KIA မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း နစကအစိုးရ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုသည် “သန်းခေါင် စာရင်းကောက်မည်ဖြစ်ကြောင်း ကြေညာသည့်ထုတ်ပြန်ချက်ဖြစ်နေကြောင်း၊ ဘာကြောင့် အာ ဏာလွှဲပြောင်းယူလိုက် ရသည်ကို ထုချေလွှာတင်ပြ ရန်နှင့် ခေါ်ပုံ၊ ခေါ်နည်းလိုနေသကဲ့သို့ ဖြစ်နေ ကြောင်း” ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် လှောင်ပြောင်ထားသည်။
ယခုကဲ့သို့ KNU , KIA နှင့် လက်နက်ကိုင်အဖွဲ့ အသီးသီး၏တုံ့ပြန်မှုသည် နိုင်ငံနစ်နာဆုံးရှုံးနေ သည့်အခြေအနေ ကို ငဲ့ညှာကာ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းသော နစကအစိုးရ၏ ကမ်းလှမ်းချက်အပေါ် ပြက်ရယ်ပြုနေသည့် သဘောတွင်ရှိနေပြီး နိုင်ငံတည် ငြိမ်အေးချမ်းရေးကို မလိုလားသည့်သဘောတွင် ရှိနေသည်ဟုလည်း မှတ်ယူနိုင်သည်။
‘ပဒိုစောတောနီးရဲ့ပြောကြားချက်မှာ စစ်တပ်ကိုနိုင်ငံရေးက ထွက်ခိုင်းနေပေမယ့် KUN အပါအဝင် လက်နက် ကိုင်အဖွဲ့အစည်းတွေကိုင်ထားတဲ့ လက်နက်တွေကို ရုပ်သိမ်းပါမယ်ဆိုတဲ့ စကားတစ် ခွန်းမှမပါဘူး။ စလာကတည်းက အပေါ်စီးကနေ လုပ်လို့မရဘူးလေ။ စစ်တပ်က နိုင်ငံရေးအောက်ကိုဝင်၊ အပြစ်ခံယူဆိုတာက ပြောချင်တာက စစ်တပ်က ရှုံးနေတာမှမဟုတ်တာ။ အဲဒီလိုဆိုရင် လက်နက်ကိုင် အဖွဲ့တွေကို မေးခွန်းပြန်ထုတ်ချင်တာက သူတို့လည်း လက်နက် တွေကို စွန့်ပစ်မှာလား။ ဖယ်ရှားမှာလား။ နောက်တစ်ခုက စစ်တပ်အနေနဲ့ အရပ်သားအုပ်ချုပ်မှု အောက်ကို ဝင်ရမယ် ဆိုတာက အခုဘယ်အရပ်သား အုပ်ချုပ်မှုအောက်မှာ နေရမှာလဲလို့ ပြန်မေးချင်တယ်’ ဟု နိုင်ငံရေးလေ့လာသုံးသပ်နေသူ တစ်ဦးက NP News ကို ပြောသည်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ သည် အရပ်သားများနှင့်ပတ်သက်၍ အကြမ်းဖက် သတ်ဖြတ်မှု၊ ရာဇဝတ်မှုများကို ကျူးလွန်နေမှုများ ရှိသော်လည်း မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူ၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်း ကာ အပြစ်ခံယူခြင်းမျိုးထင်ထင်ရှားရှားမတွေ့ရသေးပေ။
လက်နက်ကိုင်တိုက်ပွဲများကြောင့် နိုင်ငံတော်ပိုင် တံတားများ၊ လမ်းများ၊ ရုံးအဆောက်အအုံများစွာ ပျက်စီးနေ သကဲ့သို့ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များစွာလည်း ပျက်စီးဆုံးရှုံးနေရလျက်ရှိ သည်။
ယခုအောက်တိုဘာလ (၁၅)ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေး ထိုးခြင်း(၉)နှစ်ပြည့်အခမ်းအနားကို နေပြည်တော်၌ကျင်းပသွားရန် နစကအစိုးရက စီစဉ်နေလျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများအပါအဝင် NCA နှင့် ပတ်သက်နေသူများက တက်ရောက်ရန် စီစဉ်လျက်ရှိကြသည်။
အကြမ်းဖက်အဖွဲ့များအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နစကအစိုးရ၏ ကမ်းလှမ်းမှုသည် မကြာခင်ကျင်းပမည့် NCA အခမ်းအနားတွင် အားလုံးပါ ဝင်သောတွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ဖြစ်မြောက်ရန် မျှော်မှန်းထားသည့်သဘောတွင်ရှိသည်ဟုလည်း မှန်းဆနိုင် သည်။
‘ကျွန်တော်တို့နိုင်ငံမှာ နိစ္စဓူဝကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခဆင်းရဲတွေ၊ ပျက်စီးဆုံးရှုံးမှု တွေကို အဆုံးသတ်ချင်ပြီ။ အကျပ်အတည်းကနေ ရုန်းထွက်ချင်ပြီ။ အဲဒါကြောင့်မိုလို့ ဒီဟာတွေဖြစ်ပွား လာတယ်ဆိုတာ ကလည်း နိုင်ငံရေးပြဿနာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာတဲ့နည်း ကတော့ ကျွန်တော်တို့ ပြည်ထောင်စုအတွက်ကတော့ ထိခိုက်နစ်နာမှုအ နည်းဆုံးလမ်းကြောင်း ဖြစ်တယ်ဆို တာကို အားရစေချင်တယ်။ အားရှိစေချင်တယ်။ အားပြုစေချင်တယ်။ သို့သော်လည်းပဲ ခုနက နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးတွေ့ဆုံဆွေး နွေးခြင်းနည်းနဲ့ အဖြေရှာတဲ့နေရာမှာ အားလုံးက လိုက်ပါဆောင်ရွက်နိုင်တဲ့အခင်းအကျင်း၊ အားလုံးက လိုက်ပါ ဆောင် ရွက်နိုင်တဲ့အခြေ အနေမှန်၊ အားလုံးက ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းတွေ ဖြစ်ဖို့ဆိုတာကတော့ တာဝန်အရှိ ဆုံး ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ ပိုပြီးတော့ စဉ်းစားရှာ ကြံပြီးတော့ လုပ်ဆောင်နိုင်ရင်တော့ ပြည်ထောင်စုအတွက်လည်း ဒီအကျပ်အတည်းကနေ ရုန်းထွက်နိုင် တယ်လို့နားလည်မိပါ တယ်’ ဟု ဗိုလ်မှူးကြီး စော ကျော်ညွန့်က ပြောသည်။
လက်ရှိတွင် မြန်မာပြည်သူလူထုအနေဖြင့် နိုင်ငံအတွင်းကြုံတွေ့နေရသည့် အခက်အခဲအကျပ်အ တည်းများကို ကျော်လွှားကာ အမြန်ဆုံးတည်ငြိမ် အေးချမ်းလိုသည့် စိတ်ဆန္ဒများရှိနေကြပြီး မည်သည့် လက်နက်ကိုင်အဖွဲ့ အစည်း များက ပြည်သူလူထု အကျိုးရှေးရှုမည်နည်းဆိုသည်ကို သမိုင်းသစ်တစ်ခု မှတ်ကျောက်တင်ကြရတော့မည် လည်း ဖြစ်သည်။
နစက၏ သမိုင္းဝင္ ကမ္းလွမ္းခ်က္ႏွင့္ လက္နက္ကိုင္အဖြဲ႕တို႔၏ တုံ႔ ျပန္မႈ
ျမဴနစ္ (NP News) - စက္တင္ဘာ ၃ဝ
ျမန္မာႏိုင္ငံနစ္နာဆုံးရႈံးေနမႈမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ေျဖရွင္းရန္ အၾကမ္းဖက္လက္နက္ ကိုင္အဖြဲ႕အားလုံး ကို နစကအစိုးရက သမိုင္းဝင္ကမ္းလွမ္းဖိတ္ေခၚလိုက္ၿပီျဖစ္သည္။
ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းရန္ ကမ္းလွမ္းဖိတ္ေခၚသည့္ထုတ္ျပန္ခ်က္ကို ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ နစကအစိုးရက စက္တင္ဘာ (၂၆) ရက္ ညပိုင္းတြင္ အသိေပးထုတ္ျပန္ခဲ့ ျခင္း ျဖစ္သည္။
နစက၏ အႏၲိမရည္မွန္းခ်က္သည္ လြတ္လပ္ၿပီး တရားမွ်တေသာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြး ေကာက္ပြဲ က်င္းပကာ ထြက္ေပၚလာသည့္အစိုးရကို ႏိုင္ငံေတာ္အာဏာ လႊဲအပ္ေရးပင္ျဖစ္သည္ဟု ဆိုထားၿပီးျဖစ္သည္။
လက္ရွိအခ်ိန္တြင္ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရန္အတြက္ မဲစာရင္းမွန္ကန္မႈကို အေထာက္ အကူျပဳေစမည့္ သန္းေခါင္စာရင္းေကာက္ယူျခင္းကို ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ စတင္ေကာက္ယူ မည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ မႈလုပ္ငန္းစဥ္မ်ားကို အားသြန္ခြန္စိုက္ေဆာင္႐ြက္ ေနခ်ိန္လည္းျဖစ္သည္ ဟု နစကအစိုးရက ဆိုသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္ကို ဆန႔္က်င္တိုက္ခိုက္ ေနသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕အစည္းမ်ား၊ အၾကမ္းဖက္ PDF အဖြဲ႕မ်ားအေနျဖင့္ လက္နက္ကိုင္ အၾကမ္းဖက္ တိုက္ခိုက္သည့္လမ္းစဥ္ကို စြန႔္ကာ ပါတီႏိုင္ငံေရး လမ္းေၾကာင္းျဖင့္ေသာ္လည္းေကာင္း၊ ေ႐ြးေကာက္ပြဲ လမ္းေၾကာင္းက ေသာ္လည္းေကာင္း ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းႏိုင္ေရးဆက္သြယ္ ေဆာင္႐ြက္ႏိုင္ပါရန္ နစကအစိုးရက ကမ္းလွမ္းဖိတ္ေခၚထားျခင္းျဖစ္သည္။
နစကအစိုးရအေနျဖင့္ ယခုကဲ့သို႔ ကမ္းလွမ္း ဖိတ္ေခၚျခင္းသည္ အျပဳသေဘာေဆာင္သည့္ သေဘာမ်ိဳးရွိ ေၾကာင္း၊ ႏွစ္ေပါင္းမ်ားစြာ လက္နက္စြဲကိုင္ ေတာ္လွန္ေနသည့္ တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္အခ်ိဳ႕က မွတ္ခ်က္ျပဳထားၾကသည္။
‘ဒီလိုေခၚတယ္ဆိုတာေတာ့ အျပဳသေဘာေတာ့ ေဆာင္ပါတယ္။ ဒါေပမဲ့ တကယ့္ေအာင္ျမင္တဲ့ေဆြး ေႏြးပြဲ ျဖစ္ေစႏိုင္တဲ့ ေစတနာပါမယ္ဆိုရင္ေတာ့ အနည္းငယ္အေသးစိတ္ေတာ့ ပိုက်ဖို႔လိုမယ္။ ေနာက္ၿပီး ေတာ့ step by step ေပါ့ေလ။ အဆင့္ေတြျပဖို႔လိုတယ္။ ဦးသိန္းစိန္ေခၚတုန္းက ကြၽန္ေတာ္မွတ္မိပါတယ္။ သိသေလာက္ဆိုရင္ ျပည္နယ္အဆင့္ ပထမတစ္ပိုင္း၊ ၿပီးေတာ့ ျပည္ေထာင္စုအဆင့္ ဒုတိယ၊ ၿပီးေတာ့မွ ေနာက္ဆုံးတစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး အဲဒါမ်ိဳးေပါ့ဗ်ာ။ အဲဒီလို အဆင့္ေလးေတြပါတယ္။ ေနာက္ၿပီးေတာ့ ခ်ဥ္းကပ္ရမယ့္ ေတြ႕ဆုံေဆြးေႏြးရမယ့္ အဖြဲ႕ပါဖြဲ႕ေပးတယ္ဗ်။ ဘယ္သူနဲ႔ေတြ႕ဖို႔ဆိုတာမ်ိဳးေပါ့။ စိတ္ဝင္စားလို႔ ဆက္သြယ္မယ္ဆိုရင္ ဘယ္သူ႔ကို ဆက္သြယ္ရမယ္ဆိုတာကို မပါဘူး။ ဒီကိစၥကိုင္တြယ္ဖို႔ ဆိုတာမ်ိဳးေတြ၊ ဘာေတြ ခန႔္အပ္တာ မေတြ႕ရ ဘူး။ အခုေခၚတဲ့အထဲမွာေတာ့။ အဲဒါေၾကာင့္ပါ။ အျပဳသေဘာေတာ့ ေဆာင္တယ္။ ဒါေပမဲ့ လက္ေတြ႕ေအာင္ျမင္ဖို႔ နည္းနည္းေတာ့ ခက္ခဲမယ္လို႔ ယူဆပါတယ္’ ဟု PNLO ဦးေဆာင္နာယက ဗိုလ္မႉး ႀကီးခြန္ဥကၠာက NP News ကို မွတ္ ခ်က္ျပဳေျပာၾကားထားသည္။
ယခုကဲ့သို႔ နစကအစိုးရ၏ကမ္းလွမ္းမႈသည္ ဗုံးႀကဲ၊ စစ္တိုက္ေနျခင္းမ်ိဳးႏွင့္စာပါက ပိုေကာင္းေသာ္လည္း ကမ္းလွမ္းဖိတ္ေခၚမႈသည္ ေယဘုယ် ဆန္ေနသည္ဟုလည္း ၎က ဆက္လက္သုံးသပ္ထား သည္။
‘မၾကာခင္မွာလည္း ျပည္လုံးကြၽတ္ သန္းေခါင္စာရင္း ေကာက္ေတာ့မယ္ေလ။ အဲဒီလိုေကာက္တဲ့ အခါမွာ ဒီလိုပဲ အေႏွာင့္အယွက္ေပးသလို လုပ္ေနမယ္ဆိုရင္ တိက်တဲ့မဲစာရင္းေတြ၊ ေပးရတဲ့လူေတြ မေပးရရင္ နစ္နာမႈေတြ အမ်ားႀကီး ရွိလာမွာေပါ့။ ရွိလာၿပီးေတာ့ ႏိုင္ငံေရးပါတီေတြက ဝင္ၿပိဳင္ရင္လည္း အႏၲရာယ္ေတြနဲ႔ ႀကဳံရတဲ့ အခါက်ရင္လည္း မေကာင္းဘူးေလ။ ဒါေၾကာင့္မိုလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ႏိုင္ငံေတာ္အစိုးရက သေဘာထားႀကီးစြာနဲ႔ အခြင့္အေရး တစ္ရပ္ေပးတဲ့အေနနဲ႔ ဒါေလးေတြကို ညႇိႏႈိင္းေဆြးေႏြး မယ္ဆိုၿပီးေတာ့ ဖိတ္ေခၚတာ ျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္ေတာ့ ဒီလိုပဲ ႐ိုးသားရွင္းလင္းစြာ ျမင္ပါတယ္ဗ်’ဟု ျပည္ခိုင္ၿဖိဳးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးလွသိန္းက သုံးသပ္ေျပာၾကား သည္။
နစက အစိုးရအေနျဖင့္ ၿပီးခဲ့ေသာကာလမ်ားတြင္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံရန္ ဖိတ္ေခၚမႈမ်ားရွိခဲ့ၿပီး ယင္းကဲ့သို႔ဖိတ္ ေခၚရာတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကိုသာ ဦးတည္ဖိတ္ေခၚခဲ့သည့္သေဘာကို ေတြ႕ရွိရသည္။ သို႔ေသာ္ ယခုဖိတ္ေခၚမႈတြင္ PDF အဖြဲ႕မ်ားအပါအဝင္ အၾကမ္းဖက္လက္နက္ကိုင္ အဖြဲ႕အားလုံးကိုလည္း ကမ္းလွမ္းဖိတ္ ေခၚထားသည္ ကို ေတြ႕ရွိရသည္။
‘ေ႐ြးေကာက္ပြဲေတြ၊ ဘာေတြကို ဦးတည္ခ်က္၊ ရည္မွန္းခ်က္နဲ႔လုပ္တဲ့အခါမွာ အားလုံးပါဝင္ႏိုင္ ေအာင္ဆိုၿပီး ေတာ့ လုပ္တဲ့သေဘာပါပဲ။ ဥပမာ- သူတို႔က မလုပ္လာခဲ့ဘူးဆိုရင္ေတာ့လည္း ဒီေန႔သတင္းစာမွာ ပါပါတယ္။ အၾကမ္း ဖက္တိုက္ဖ်က္ေရး ဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ဥပေဒလည္း ပါလာပါတယ္။ အဲဒီအထဲမွာလည္း ပုဒ္မေတြလည္း ျပ႒ာန္းထားပါတယ္။ အဲဒီေတာ့ အစိုးရပိုင္းအေနနဲ႔ တာဝန္မရွိေတာ့ဘူးေပါ့ေနာ္။ သူတို႔မွာပဲ တာဝန္ရွိေတာ့မွာေပါ့။ အဲဒီလိုပဲ ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္က ဒီလိုပဲ ျမင္ပါတယ္ဗ်’ဟု ဦးလွသိန္းက ဆက္လက္ ေျပာသည္။
လက္ရွိတြင္ ႏိုင္ငံအတြင္း ျဖစ္ပြားေနသည့္ လက္နက္ကိုင္ပဋိပကၡတိုက္ပြဲမ်ားေၾကာင့္ အရပ္သား မ်ားအပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းအသီးသီးမွ တပ္သားမ်ားစြာသည္လည္း ေသဆုံးေနရလ်က္ရွိၾကသည္။ ထို႔ျပင္ အၾကမ္းဖက္ သတ္ျဖတ္ခံရမႈေၾကာင့္ ရဟန္းသံဃာ၊ ႏိုင္ငံ့ဝန္ထမ္း၊ အုပ္ခ်ဳပ္ေရး မႉးမ်ားအပါအဝင္ အရပ္သားျပည္သူဦးေရ (၈၁၀ဝ) ေသဆုံးခဲ့ရၿပီးျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ႀကဳံေတြ႕ေနရသည့္ (၃)ႏွစ္ ေက်ာ္ၾကာ အၾကပ္အတည္း၊ ပဋိပကၡမ်ားၾကားမွ နစက အပါအဝင္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအေနျဖင့္ ႐ုန္းထြက္ခ်င္သည့္ စိတ္ဆႏၵမ်ိဳးရွိႏိုင္ေၾကာင္းလည္း KNU/KNLA-PC မွ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က သုံးသပ္ေျပာၾကားသည္။
‘ဒါကလည္း အေျပာင္းအလဲတစ္ခု၊ အေ႐ြ႕တစ္ခုလို႔ ေျပာလို႔ရမယ္ ထင္ပါတယ္။ ဖိတ္ေခၚမႈအရက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြလည္းပါတယ္။ ေနာက္ၿပီးေတာ့ လက္ရွိပစ္ခတ္တိုက္ခိုက္မႈေတြမွာ ပါဝင္ေနတဲ့ အဖြဲ႕ အစည္းေတြအားလုံး ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးျခင္းနည္းလမ္းနဲ႔ စကားေျပာရေအာင္ ဒီလိုဖိတ္ေခၚ မႈကေတာ့ လက္ရွိ မရွိမဲ့၊ ရွိမဲ့ကာလအတြက္ကေတာ့ အေ႐ြ႕တစ္ခု၊ အေျပာင္းအလဲတစ္ခုဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔ သတိထားမိပါတယ္’ဟု ဗိုလ္မႉးႀကီးေစာ ေက်ာ္ၫြန႔္က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ နစကအစိုးရလက္ထက္တြင္ KNU, KIA, MNDAA, AA, TNLA ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ား၊ ကယားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ NUG လက္ေအာက္ခံ PDF အဖြဲ႕မ်ားသည္ တိုက္ပြဲမ်ားကို အျပင္းအထန္ ပူးေပါင္းေဖာ္ေဆာင္ခဲ့သည္။
ထိုကဲ့သို႔ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနသည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအနက္ NUG/PDF, MNDAA, TNLA, AA တို႔ကို အၾကမ္းဖက္အဖြဲ႕ အစည္းမ်ားအျဖစ္ ၿပီးခဲ့ေသာကာလမ်ားအတြင္း နစက အစိုးရဘက္က တရားဝင္သတ္မွတ္ ေၾကညာ ခဲ့ဖူးသည္။ သို႔ေသာ္လည္း ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးရန္ အၾကမ္းဖက္သမားမ်ားအေနျဖင့္ အ ၾကမ္းဖက္လုပ္ရပ္မ်ားကို လုံးဝစြန႔္လႊတ္မည္ျဖစ္ေၾကာင္း ကမာၻသိတရားဝင္ ေၾကညာၿပီးမွသာ ေဆြးေႏြးႏိုင္မည္ျဖစ္ၿပီး ယင္းကဲ့သို႔မဟုတ္ပါက ေဆြးေႏြး စရာအေၾကာင္း မရွိေၾကာင္း နစကအစိုးရ၏ ေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းက ေျပာၾကားခဲ့ဖူးသည္။
ထိုအဖြဲ႕မ်ားအေနျဖင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို စြန႔္လႊတ္ပါမည္ျဖစ္ေၾကာင္း ကမာၻသိတရားဝင္ ေၾကညာျခင္း မ်ိဳးမရွိခဲ့ေသာ္လည္း လက္ရွိတြင္ နစက အစိုးရသည္ ႏိုင္ငံေတာ္နစ္နာဆုံးရႈံးေနမႈမ်ားကို ေရွးရႈကာ PDF အပါအဝင္ အၾကမ္းဖက္လက္နက္ကိုင္ အဖြဲ႕အားလုံးကို ေတြ႕ဆုံေဆြးေႏြးရန္ သမိုင္းဝင္ကမ္း လွမ္းလာခဲ့ျခင္းလည္း ျဖစ္သည္။
ျမန္မာႏိုင္ငံရွိ ျပည္သူအားလုံးသည္ စစ္ေဘးဒဏ္၊ ေရေဘးဒဏ္၊ ကုန္ေဈးႏႈန္းႀကီးျမင့္သည့္ဒဏ္အပါအဝင္ စိတ္ပိုင္းဆိုင္ရာ မလုံၿခဳံမႈေပါင္းမ်ားစြာကို ခက္ခဲစြာျဖင့္ ျဖတ္သန္းေနရလ်က္ရွိၾကသည္။
သို႔ေသာ္ အျခားတစ္ဖက္တြင္ ႏိုင္ငံထာဝရၿငိမ္း ခ်မ္းေရးအတြက္ ယခုကဲ့သို႔ နစကအစိုးရက ကမ္းလွမ္းဖိတ္ေခၚ လာမႈအေပၚ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA မွ ဒုဗိုလ္ခ်ဳပ္ႀကီးဂြမ္ေမာ္ႏွင့္ KNU ေျပာခြင့္ရ ပဒိုေစာေတာနီးတို႔သည္ ျပက္ရယ္ျပဳသည့္ပုံစံမ်ိဳးျဖင့္ တုံ႔ျပန္ေျပာဆိုလာၾကသည္ကိုလည္း ေတြ႕ရျပန္သည္။
နစကအစိုးရက ယခုကဲ့သို႔ ဖိတ္ေခၚျခင္းသည္ ဓာတ္ျပားေဟာင္းႀကီးကို ျပန္လည္ဖြင့္လွစ္ျခင္းသာ ျဖစ္ၿပီး အလကားနားၿငီးေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေရးမွထြက္ကာ အရပ္သားအုပ္ခ်ဳပ္မႈေအာက္တြင္ ေနထိုင္ရန္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒသစ္ေရးဆြဲေရးကို လက္ခံရန္ ႏွင့္ က်ဴးလြန္ခဲ့ေသာ ရာဇဝတ္မႈမ်ားကို တာဝန္ခံရန္ KNU ေျပာခြင့္ ရက ဆိုသည္။
အလားတူ KIA မွ ဒုဗိုလ္ခ်ဳပ္ႀကီး ဂြမ္ေမာ္ကလည္း နစကအစိုးရ၏ ဖိတ္ေခၚကမ္းလွမ္းမႈသည္ “သန္းေခါင္ စာရင္းေကာက္မည္ျဖစ္ေၾကာင္း ေၾကညာသည့္ထုတ္ျပန္ခ်က္ျဖစ္ေနေၾကာင္း၊ ဘာေၾကာင့္ အာ ဏာလႊဲေျပာင္းယူလိုက္ ရသည္ကို ထုေခ်လႊာတင္ျပ ရန္ႏွင့္ ေခၚပုံ၊ ေခၚနည္းလိုေနသကဲ့သို႔ ျဖစ္ေန ေၾကာင္း” ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွ တစ္ဆင့္ ေလွာင္ေျပာင္ထားသည္။
ယခုကဲ့သို႔ KNU , KIA ႏွင့္ လက္နက္ကိုင္အဖြဲ႕ အသီးသီး၏တုံ႔ျပန္မႈသည္ ႏိုင္ငံနစ္နာဆုံးရႈံးေန သည့္အေျခအေန ကို ငဲ့ညႇာကာ ေတြ႕ဆုံေဆြးေႏြးေရး ကမ္းလွမ္းေသာ နစကအစိုးရ၏ ကမ္းလွမ္းခ်က္အေပၚ ျပက္ရယ္ျပဳေနသည့္ သေဘာတြင္ရွိေနၿပီး ႏိုင္ငံတည္ ၿငိမ္ေအးခ်မ္းေရးကို မလိုလားသည့္သေဘာတြင္ ရွိေနသည္ဟုလည္း မွတ္ယူႏိုင္သည္။
‘ပဒိုေစာေတာနီးရဲ႕ေျပာၾကားခ်က္မွာ စစ္တပ္ကိုႏိုင္ငံေရးက ထြက္ခိုင္းေနေပမယ့္ KUN အပါအဝင္ လက္နက္ ကိုင္အဖြဲ႕အစည္းေတြကိုင္ထားတဲ့ လက္နက္ေတြကို ႐ုပ္သိမ္းပါမယ္ဆိုတဲ့ စကားတစ္ ခြန္းမွမပါဘူး။ စလာကတည္းက အေပၚစီးကေန လုပ္လို႔မရဘူးေလ။ စစ္တပ္က ႏိုင္ငံေရးေအာက္ကိုဝင္၊ အျပစ္ခံယူဆိုတာက ေျပာခ်င္တာက စစ္တပ္က ရႈံးေနတာမွမဟုတ္တာ။ အဲဒီလိုဆိုရင္ လက္နက္ကိုင္ အဖြဲ႕ေတြကို ေမးခြန္းျပန္ထုတ္ခ်င္တာက သူတို႔လည္း လက္နက္ ေတြကို စြန႔္ပစ္မွာလား။ ဖယ္ရွားမွာလား။ ေနာက္တစ္ခုက စစ္တပ္အေနနဲ႔ အရပ္သားအုပ္ခ်ဳပ္မႈ ေအာက္ကို ဝင္ရမယ္ ဆိုတာက အခုဘယ္အရပ္သား အုပ္ခ်ဳပ္မႈေအာက္မွာ ေနရမွာလဲလို႔ ျပန္ေမးခ်င္တယ္’ ဟု ႏိုင္ငံေရးေလ့လာသုံးသပ္ေနသူ တစ္ဦးက NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား သည္ အရပ္သားမ်ားႏွင့္ပတ္သက္၍ အၾကမ္းဖက္ သတ္ျဖတ္မႈ၊ ရာဇဝတ္မႈမ်ားကို က်ဴးလြန္ေနမႈမ်ား ရွိေသာ္လည္း မည္သည့္အဖြဲ႕အစည္းကမွ် တာဝန္ယူ၊ တာဝန္ခံမႈရွိစြာျဖင့္ ေျဖရွင္း ကာ အျပစ္ခံယူျခင္းမ်ိဳးထင္ထင္ရွားရွားမေတြ႕ရေသးေပ။
လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ ႏိုင္ငံေတာ္ပိုင္ တံတားမ်ား၊ လမ္းမ်ား၊ ႐ုံးအေဆာက္အအုံမ်ားစြာ ပ်က္စီးေန သကဲ့သို႔ ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္မ်ားစြာလည္း ပ်က္စီးဆုံးရႈံးေနရလ်က္ရွိ သည္။
ယခုေအာက္တိုဘာလ (၁၅)ရက္တြင္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္(NCA) လက္မွတ္ေရး ထိုးျခင္း(၉)ႏွစ္ျပည့္အခမ္းအနားကို ေနျပည္ေတာ္၌က်င္းပသြားရန္ နစကအစိုးရက စီစဥ္ေနလ်က္ရွိၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ ႏိုင္ငံေရးပါတီမ်ားအပါအဝင္ NCA ႏွင့္ ပတ္သက္ေနသူမ်ားက တက္ေရာက္ရန္ စီစဥ္လ်က္ရွိၾကသည္။
အၾကမ္းဖက္အဖြဲ႕မ်ားအပါအဝင္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအားလုံးကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းရန္ နစကအစိုးရ၏ ကမ္းလွမ္းမႈသည္ မၾကာခင္က်င္းပမည့္ NCA အခမ္းအနားတြင္ အားလုံးပါ ဝင္ေသာေတြ႕ဆုံေဆြးေႏြးပြဲ တစ္ရပ္ ျဖစ္ေျမာက္ရန္ ေမွ်ာ္မွန္းထားသည့္သေဘာတြင္ရွိသည္ဟုလည္း မွန္းဆႏိုင္ သည္။
‘ကြၽန္ေတာ္တို႔ႏိုင္ငံမွာ နိစၥဓူဝႀကဳံေတြ႕ေနရတဲ့ ျပည္သူလူထုေတြရဲ႕ ဒုကၡဆင္းရဲေတြ၊ ပ်က္စီးဆုံးရႈံးမႈ ေတြကို အဆုံးသတ္ခ်င္ၿပီ။ အက်ပ္အတည္းကေန ႐ုန္းထြက္ခ်င္ၿပီ။ အဲဒါေၾကာင့္မိုလို႔ ဒီဟာေတြျဖစ္ပြား လာတယ္ဆိုတာ ကလည္း ႏိုင္ငံေရးျပႆနာျဖစ္တဲ့ အတြက္ေၾကာင့္မိုလို႔ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးျခင္းနည္းနဲ႔ အေျဖရွာတဲ့နည္း ကေတာ့ ကြၽန္ေတာ္တို႔ ျပည္ေထာင္စုအတြက္ကေတာ့ ထိခိုက္နစ္နာမႈအ နည္းဆုံးလမ္းေၾကာင္း ျဖစ္တယ္ဆို တာကို အားရေစခ်င္တယ္။ အားရွိေစခ်င္တယ္။ အားျပဳေစခ်င္တယ္။ သို႔ေသာ္လည္းပဲ ခုနက ႏိုင္ငံေရးျပႆနာကို ႏိုင္ငံ ေရးေတြ႕ဆုံေဆြး ေႏြးျခင္းနည္းနဲ႔ အေျဖရွာတဲ့ေနရာမွာ အားလုံးက လိုက္ပါေဆာင္႐ြက္ႏိုင္တဲ့အခင္းအက်င္း၊ အားလုံးက လိုက္ပါ ေဆာင္ ႐ြက္ႏိုင္တဲ့အေျခ အေနမွန္၊ အားလုံးက ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့ အခင္းအက်င္းေတြ ျဖစ္ဖို႔ဆိုတာကေတာ့ တာဝန္အရွိ ဆုံး ပုဂၢိဳလ္ေတြအေနနဲ႔ကေတာ့ ပိုၿပီးေတာ့ စဥ္းစားရွာ ႀကံၿပီးေတာ့ လုပ္ေဆာင္ႏိုင္ရင္ေတာ့ ျပည္ေထာင္စုအတြက္လည္း ဒီအက်ပ္အတည္းကေန ႐ုန္းထြက္ႏိုင္ တယ္လို႔နားလည္မိပါ တယ္’ ဟု ဗိုလ္မႉးႀကီး ေစာ ေက်ာ္ၫြန႔္က ေျပာသည္။
လက္ရွိတြင္ ျမန္မာျပည္သူလူထုအေနျဖင့္ ႏိုင္ငံအတြင္းႀကဳံေတြ႕ေနရသည့္ အခက္အခဲအက်ပ္အ တည္းမ်ားကို ေက်ာ္လႊားကာ အျမန္ဆုံးတည္ၿငိမ္ ေအးခ်မ္းလိုသည့္ စိတ္ဆႏၵမ်ားရွိေနၾကၿပီး မည္သည့္ လက္နက္ကိုင္အဖြဲ႕ အစည္း မ်ားက ျပည္သူလူထု အက်ိဳးေရွးရႈမည္နည္းဆိုသည္ကို သမိုင္းသစ္တစ္ခု မွတ္ေက်ာက္တင္ၾကရေတာ့မည္ လည္း ျဖစ္သည္။