ပြည်ပရောက်လုပ်သား၏ မိသားစုလွှဲပို့ငွေ အထောက်အထားကို ရာနှုန်းပြည့်အစား (၄၀)ရာခိုင်နှုန်းအထက်သာတင်ပြရန် ဖြေလျှော့

 3731

ယွန်း (NP News) - စက်တင်ဘာ ၃ဝ

အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရာတွင် အနည်းဆုံး (၄၁) ရာခိုင်နှုန်းသာတင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် ကြီးတစ်ဦးက NP News ကို ပြောသည်။
အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည် ဖြစ် ကြောင်း ပြီးခဲ့သည့်လက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်အရ အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ (၃)လစာ မိသားစုငွေ လွှဲပြောင်းပေးထား သည့်အထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး လက်ရှိတွင် အနည်းဆုံး (၄၁) ရာခိုင်နှုန်း တင်ပြရန် ဖြေလျှော့ပေးထားကြောင်း သိရသည်။
‘မိသားစု လွှဲပို့ငွေကတော့ ထုံးစံအတိုင်း ဒီလမှာတော့ ပြန်တောင်းနေတာပေါ့။ (၂၀၂၄) ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလစာကို ပြန်ပေးရမှာပေါ့။ အရင်တုန်းက (၇၅)ရာခိုင်နှုန်းတို့၊ (၅၀)ရာခိုင်နှုန်းတို့သတ်မှတ်ထားတာ။ (၅၀)ရာခိုင်နှုန်း ထက်ကျရင်တော့ အရေးယူတာစတယ်။ အခုကတော့ (၄၀) ရာခိုင်နှုန်းနဲ့အထက်ဆိုပြီး ပြောင်းသွား တာပေါ့။ ဒီထက်ပိုပြီးဖြေ လျှော့ပေးရင်တော့ကောင်းတာပေါ့။ အခုကတော့ (၄၁)ရာခိုင်နှုန်း အနည်းဆုံးလို့တော့ ဖြေလျှော့ပေးထားတယ်။ မလေးရှားတို့ ဘာတို့ဆို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပြန်လွှဲနေရတာ။ အရင်တုန်းကတော့ ဘယ်လောက်ရလဲ။ ရတဲ့အပေါ်မှာ ရာခိုင်နှုန်းတွေ ပြန်ခွဲပြီး ဘယ်လောက်ကတော့ Demand တင်ခွင့်ပိတ်မယ်၊ ဘယ်လောက်ရာခိုင်နှုန်းဆို စေလွှတ်ခွင့် ပိတ်မယ်၊ လုံးဝမပြနိုင်ရင် ဒဏ်ကြေးဆောင်ရမယ်လို့ လုပ်ထားတာပေါ့။ အခုကတော့ အနည်းဆုံး (၄၁) ရာခိုင်နှုန်းကတော့ မဖြစ်မနေပြရမယ်’ဟု အထက်ပါ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်က ပြောသည်။

ထို့ပြင် အေဂျင်စီများအနေဖြင့် မိသားစု လွှဲပို့ငွေအထောက်အထား ရာခိုင်နှုန်းမပြည့်ပါက အေဂျင်စီပိတ်သိမ်းခံရ မည်ကို စိုးရိမ်သည့်အတွက် အမည်ခံငွေလွှဲကာ စာရင်းတင်ပြမှုများလည်းရှိနေကြောင်း သိရသည်။ အလားတူ အေဂျင်စီများ၏ တောင်းဆိုချက်များအရ မိသားစုလွှဲပို့ငွေပေးဆောင်နိုင်ခြင်းမရှိသည့် နိုင်ငံအလိုက်သာ အလုပ်သမားစေလွှတ်ခွင့်ကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရသည်။
‘အေဂျင်စီတွေကလည်း လွှဲပို့ငွေရာခိုင်နှုန်းကို လျှော့ပေးဖို့ တောင်းဆိုကြတယ်။ နောက်ပြီးတော့ ဂျပန်ကမလွှဲနိုင် ဘူး။ ဂျပန်အ‌‌ထောက်အထားမပြနိုင်ဘူးဆိုရင် ဂျပန်ပိတ်။ မလေးရှားမပြနိုင်ရင် မလေးရှားကိုပိတ်ပေါ့။ အဲဒီလိုမျိုး လည်း ဖြေလျှော့ပေးထားတယ်။ အရင်တုန်းကတော့ မလေးရှားမပြနိုင်ရင် ဂျပန်လည်းပိတ်ဆိုတော့ ဒုက္ခရောက်ကြ တယ်။ အခုကတော့ သူ့နိုင်ငံအလိုက်ပဲ ပိတ်မယ်ဆိုပြီး အသိပေး ထားတယ်။ အစည်းအဝေးတွေလုပ်ပြီးတော့ ဒီလထဲမှာပဲ ဖြေလျှော့လိုက်တာ’ဟု ၎င်းက ဆိုသည်။ သို့သော် ပြည်ပ ရောက် မြန်မာလုပ်သားများအနေဖြင့် ဗဟိုဘဏ်ပေါက်ဈေးနှင့် ပြင်ပငွေ ကြေးပေါက်ဈေးကွာဟချက်များကြောင့် တရားဝင်ဘဏ်စနစ်ဖြင့် မိသားစု လွှဲပို့ငွေပို့ဆောင်သူ အရေအတွက်မှာ အနည်းငယ်သာရှိပြီး ဟွန်ဒီဖြင့်သာ လွှဲပြောင်းလျက်ရှိကြောင်း သိရသည်။
‘ကိုယ်ပို့ထားတဲ့ အလုပ်သမားမှန်သမျှကို အကူအညီတောင်းနေရတယ်။ အလုပ်သမားတွေ ဘက်ကလည်း လုပ်ပေးမယ်လို့တော့ ပြောကြပါတယ်။ ဒီကိစ္စတွေက ဘယ်လိုပဲအိမ်ကိုလွှဲလွှဲ တရားဝင်စနစ်အတိုင်း သွားရင် ကျွန်တော်တို့လည်း ဝင်ပြီးတောင်းနေစရာမလိုဘူး။ အခုကတော့ ငွေကြေးကွာ ဟချက်ပေါ်မူတည်ပြီးတော့ ဟွန်ဒီကိုပိုပြီးလွှဲနေကြတယ်။ တရားဝင်လွှဲတာကတော့ အကောင်းဆုံးပေါ့။ သူတို့ ပိုက်ဆံတွေလည်း လုံခြုံစိတ်ချရ တယ်။ အခွန်နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ အခွန်ကင်းလွတ်ခွင့်တွေဘာတွေ အကျိုးခံစားခွင့်ရမှာပေါ့။ နိုင်ငံတကာမှာ လည်း တရားမဝင်ငွေလွှဲတာကို ငွေကြေးခဝါချတယ်လို့ သတ်မှတ်ထားတာ။ ဟွန်ဒီနဲ့လွှဲတယ်ဆိုတာ လည်း ပွဲစားတွေက တရားမဝင်လုပ်နေကြတဲ့ပုံစံပါ’ဟု အထက်ပါ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၉)ရက်အထိ နိုင်ငံတစ်ဝန်း၌ လက်ရှိလုပ်ငန်း‌ဆောင်ရွက်နေသည့် အေဂျင်စီ (၅၆၁)ခုရှိရာ အလုပ်သမားဝန်ကြီးဌာန၏ ပြီးခဲ့သည့်ရက်ပိုင်း ထုတ်ပြန်ချက်များအရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၁၅၀) နီးပါးကို အရေးယူထားကြောင်း သိရသည်။ အလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မိသားစုလွှဲပို့ငွေပေးပို့ရန်ပျက်ကွက်ပါက ပြည်ပသို့ အလုပ်ဖြင့်ထွက်ခွာမှုကို ကာလ အကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(Overseas Worker Identification Card – OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမြှင့်ခွင့်မပြုခြင်းတို့အပြင် လိုအပ်သလို စိစစ်အရေးယူဆောင် ရွက်ခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version;
ျပည္ပေရာက္လုပ္သား၏ မိသားစုလႊဲပို႔ေငြ အေထာက္အထားကို ရာႏႈန္းျပည့္အစား (၄၀)ရာခိုင္ႏႈန္းအထက္သာ တင္ျပရန္ ေျဖေလွ်ာ့
ယြန္း (NP News) - စက္တင္ဘာ ၃ဝ

ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္သမားမ်ား၏ မိသားစုလႊဲပို႔ေငြ အေထာက္အထားတင္ျပရာတြင္ အနည္းဆုံး (၄၁) ရာခိုင္ႏႈန္းသာတင္ျပရန္ သက္ဆိုင္ရာက ေျဖေလွ်ာ့ေပးထားေၾကာင္း ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္ ႀကီးတစ္ဦးက NP News ကို ေျပာသည္။
အလုပ္သမားဝန္ႀကီးဌာနက ဩဂုတ္လမွစ၍ ႏိုင္ငံအလိုက္ မိသားစုလႊဲပို႔ေငြစာရင္း တင္ျပႏိုင္ျခင္းမရွိသည့္ ေအဂ်င္စီမ်ားကို အလုပ္သမားေစလႊတ္ေရးလုပ္ငန္းစဥ္မ်ား ယာယီဆိုင္းငံ့သြားမည္ ျဖစ္ ေၾကာင္း ၿပီးခဲ့သည့္လက အသိေပးထုတ္ျပန္ထားသည္။

အဆိုပါထုတ္ျပန္ခ်က္အရ ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္သမားမ်ား၏ (၃)လစာ မိသားစုေငြ လႊဲေျပာင္းေပးထား သည့္အေထာက္အထားမ်ားကို အလုပ္သမားဝန္ႀကီးဌာနသို႔ တင္ျပရမည္ျဖစ္ၿပီး လက္ရွိတြင္ အနည္းဆုံး (၄၁) ရာခိုင္ႏႈန္း တင္ျပရန္ ေျဖေလွ်ာ့ေပးထားေၾကာင္း သိရသည္။
‘မိသားစု လႊဲပို႔ေငြကေတာ့ ထုံးစံအတိုင္း ဒီလမွာေတာ့ ျပန္ေတာင္းေနတာေပါ့။ (၂၀၂၄) ဇန္နဝါရီ၊ ေဖေဖာ္ဝါရီ၊ မတ္ သုံးလစာကို ျပန္ေပးရမွာေပါ့။ အရင္တုန္းက (၇၅)ရာခိုင္ႏႈန္းတို႔၊ (၅၀)ရာခိုင္ႏႈန္းတို႔သတ္မွတ္ထားတာ။ (၅၀)ရာခိုင္ႏႈန္း ထက္က်ရင္ေတာ့ အေရးယူတာစတယ္။ အခုကေတာ့ (၄၀) ရာခိုင္ႏႈန္းနဲ႔အထက္ဆိုၿပီး ေျပာင္းသြား တာေပါ့။ ဒီထက္ပိုၿပီးေျဖ ေလွ်ာ့ေပးရင္ေတာ့ေကာင္းတာေပါ့။ အခုကေတာ့ (၄၁)ရာခိုင္ႏႈန္း အနည္းဆုံးလို႔ေတာ့ ေျဖေလွ်ာ့ေပးထားတယ္။ မေလးရွားတို႔ ဘာတို႔ဆို ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္ျပန္လႊဲေနရတာ။ အရင္တုန္းကေတာ့ ဘယ္ေလာက္ရလဲ။ ရတဲ့အေပၚမွာ ရာခိုင္ႏႈန္းေတြ ျပန္ခြဲၿပီး ဘယ္ေလာက္ကေတာ့ Demand တင္ခြင့္ပိတ္မယ္၊ ဘယ္ေလာက္ရာခိုင္ႏႈန္းဆို ေစလႊတ္ခြင့္ ပိတ္မယ္၊ လုံးဝမျပႏိုင္ရင္ ဒဏ္ေၾကးေဆာင္ရမယ္လို႔ လုပ္ထားတာေပါ့။ အခုကေတာ့ အနည္းဆုံး (၄၁) ရာခိုင္ႏႈန္းကေတာ့ မျဖစ္မေနျပရမယ္’ဟု အထက္ပါ ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္က ေျပာသည္။

ထို႔ျပင္ ေအဂ်င္စီမ်ားအေနျဖင့္ မိသားစု လႊဲပို႔ေငြအေထာက္အထား ရာခိုင္ႏႈန္းမျပည့္ပါက ေအဂ်င္စီပိတ္သိမ္းခံရ မည္ကို စိုးရိမ္သည့္အတြက္ အမည္ခံေငြလႊဲကာ စာရင္းတင္ျပမႈမ်ားလည္းရွိေနေၾကာင္း သိရသည္။ အလားတူ ေအဂ်င္စီမ်ား၏ ေတာင္းဆိုခ်က္မ်ားအရ မိသားစုလႊဲပို႔ေငြေပးေဆာင္ႏိုင္ျခင္းမရွိသည့္ ႏိုင္ငံအလိုက္သာ အလုပ္သမားေစလႊတ္ခြင့္ကို ဆိုင္းငံ့သြားမည္ျဖစ္ေၾကာင္း သိရသည္။
‘ေအဂ်င္စီေတြကလည္း လႊဲပို႔ေငြရာခိုင္ႏႈန္းကို ေလွ်ာ့ေပးဖို႔ ေတာင္းဆိုၾကတယ္။ ေနာက္ၿပီးေတာ့ ဂ်ပန္ကမလႊဲႏိုင္ ဘူး။ ဂ်ပန္အ‌‌ေထာက္အထားမျပႏိုင္ဘူးဆိုရင္ ဂ်ပန္ပိတ္။ မေလးရွားမျပႏိုင္ရင္ မေလးရွားကိုပိတ္ေပါ့။ အဲဒီလိုမ်ိဳး လည္း ေျဖေလွ်ာ့ေပးထားတယ္။ အရင္တုန္းကေတာ့ မေလးရွားမျပႏိုင္ရင္ ဂ်ပန္လည္းပိတ္ဆိုေတာ့ ဒုကၡေရာက္ၾက တယ္။ အခုကေတာ့ သူ႔ႏိုင္ငံအလိုက္ပဲ ပိတ္မယ္ဆိုၿပီး အသိေပး ထားတယ္။ အစည္းအေဝးေတြလုပ္ၿပီးေတာ့ ဒီလထဲမွာပဲ ေျဖေလွ်ာ့လိုက္တာ’ဟု ၎က ဆိုသည္။ သို႔ေသာ္ ျပည္ပ ေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ဗဟိုဘဏ္ေပါက္ေဈးႏွင့္ ျပင္ပေငြ ေၾကးေပါက္ေဈးကြာဟခ်က္မ်ားေၾကာင့္ တရားဝင္ဘဏ္စနစ္ျဖင့္ မိသားစု လႊဲပို႔ေငြပို႔ေဆာင္သူ အေရအတြက္မွာ အနည္းငယ္သာရွိၿပီး ဟြန္ဒီျဖင့္သာ လႊဲေျပာင္းလ်က္ရွိေၾကာင္း သိရသည္။
‘ကိုယ္ပို႔ထားတဲ့ အလုပ္သမားမွန္သမွ်ကို အကူအညီေတာင္းေနရတယ္။ အလုပ္သမားေတြ ဘက္ကလည္း လုပ္ေပးမယ္လို႔ေတာ့ ေျပာၾကပါတယ္။ ဒီကိစၥေတြက ဘယ္လိုပဲအိမ္ကိုလႊဲလႊဲ တရားဝင္စနစ္အတိုင္း သြားရင္ ကြၽန္ေတာ္တို႔လည္း ဝင္ၿပီးေတာင္းေနစရာမလိုဘူး။ အခုကေတာ့ ေငြေၾကးကြာ ဟခ်က္ေပၚမူတည္ၿပီးေတာ့ ဟြန္ဒီကိုပိုၿပီးလႊဲေနၾကတယ္။ တရားဝင္လႊဲတာကေတာ့ အေကာင္းဆုံးေပါ့။ သူတို႔ ပိုက္ဆံေတြလည္း လုံၿခဳံစိတ္ခ်ရ တယ္။ အခြန္နဲ႔ပတ္သက္ၿပီး ေနာက္ပိုင္းမွာ အခြန္ကင္းလြတ္ခြင့္ေတြဘာေတြ အက်ိဳးခံစားခြင့္ရမွာေပါ့။ ႏိုင္ငံတကာမွာ လည္း တရားမဝင္ေငြလႊဲတာကို ေငြေၾကးခဝါခ်တယ္လို႔ သတ္မွတ္ထားတာ။ ဟြန္ဒီနဲ႔လႊဲတယ္ဆိုတာ လည္း ပြဲစားေတြက တရားမဝင္လုပ္ေနၾကတဲ့ပုံစံပါ’ဟု အထက္ပါ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္က ေျပာသည္။

ၿပီးခဲ့သည့္ ဇြန္လ(၉)ရက္အထိ ႏိုင္ငံတစ္ဝန္း၌ လက္ရွိလုပ္ငန္း‌ေဆာင္႐ြက္ေနသည့္ ေအဂ်င္စီ (၅၆၁)ခုရွိရာ အလုပ္သမားဝန္ႀကီးဌာန၏ ၿပီးခဲ့သည့္ရက္ပိုင္း ထုတ္ျပန္ခ်က္မ်ားအရ ျပည္ပအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီ (၁၅၀) နီးပါးကို အေရးယူထားေၾကာင္း သိရသည္။ အလုပ္သမားဝန္ႀကီးဌာနက ျပည္ပေရာက္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားအေနျဖင့္ မိသားစုလႊဲပို႔ေငြေပးပို႔ရန္ပ်က္ကြက္ပါက ျပည္ပသို႔ အလုပ္ျဖင့္ထြက္ခြာမႈကို ကာလ အကန႔္အသတ္ျဖင့္ ပိတ္ပင္ျခင္း၊ ျပည္ပအလုပ္အကိုင္အလုပ္သမားသက္ေသခံကတ္(Overseas Worker Identification Card – OWIC) ထုတ္ေပးမႈမျပဳျခင္း၊ ႏိုင္ငံကူးလက္မွတ္ သက္တမ္း တိုးျမႇင့္ခြင့္မျပဳျခင္းတို႔အျပင္ လိုအပ္သလို စိစစ္အေရးယူေဆာင္ ႐ြက္ျခင္းခံရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.