နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြမှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော

 158

Pika (NP News) - အောက်တိုဘာ ၁

ရုရှားသမ္မတပူတင်ကဖော်ပြထားသော နျူကလီးယား လက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက ရုရှားကိုတိုက်ခိုက်မှုတွင်ပါဝင်ခဲ့မည်ဆိုလျှင် နောက် ဆက်တွဲ အကျိုးဆက်များရှိလာမည်ဆိုသည့် အချက်ကို အနောက်အုပ်စုနိုင်ငံများကို အချက်ပြခြင်းမျိုးဖြစ်ကြောင်း ရုရှားအစိုးရက စက်တင်ဘာလ (၂၆)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံကို ပုံမှန်အသုံးပြုနေကျ ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင် နျူကလီးယားလက်နက်များကို ရုရှားက အသုံးပြုနိုင်ကြောင်း သမ္မတ ပူတင်က စက်တင်ဘာလ(၂၅)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားအပေါ်တိုက်ခိုက်မှုမှန်သမျှကို နျူကလီးယားလက်နက် အသုံးပြုထားသည့် ပူးတွဲတိုက်ခိုက်မှုအဖြစ် ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်းလည်း သမ္မတပူတင်က ပြောကြားခဲ့သည်။

တရားဝင် နျူကလီးယားမူဝါဒကို ပြောင်းလဲရန် ဆုံးဖြတ်ချက်သည် ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အနောက်အုပ်စုနိုင်ငံများ၏ဒုံးကျည်များကို ယူကရိန်းကိုအသုံး ပြုခွင့် ပေးနိုင်ခြေ ရှိ/မရှိဆိုသည့်အချက်ကို ဆွေးနွေးနေသည့် အမေရိကန်နှင့် ဗြိတိန်တို့အတွက် ရုရှား၏ အဖြေဖြစ်ကြောင်း ပူတင်ကပြောဆိုခဲ့သည်။

နျူကလီးယား ဟန့်တားရေးနယ်ပယ်တွင် ရုရှားနိုင်ငံ၏ အခြေခံမူဝါဒအုတ်မြစ်ဟုခေါ်ဆိုသည့် စာရွက်စာတမ်းကို ပြုပြင်ပြောင်းလဲမှုများလုပ် ဆောင်ခဲ့ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်ကပြောကြားခဲ့သည်။

အဆိုပါပြောင်းလဲမှုများက အနောက်အုပ်စုသို့ အချက်ပြမှုတစ်ခု ဟုတ်/မဟုတ် ဆိုသည့်မေးခွန်း များကို ဒီမစ်ထရီပက်စကော့ဗ်က ပြန်လည်တုံ့ပြန် ဖြေကြားခဲ့ကြောင်းလည်း သိရသည်။ ဒီမစ်ထရီပက် စကော့ဗ်က “ ဒါဟာ တိကျသေချာတဲ့ အချက်ပြမှု တစ်ခုလို့ယူဆလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံကို နျူကလီးယားလက်နက်နဲ့တင်မဟုတ်ဘဲ နည်းလမ်း အမျိုးမျိုးတွေနဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့မယ် ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေရှိလာနိုင်တယ်ဆိုတာကို အနောက်အုပ်စုနိုင်ငံတွေကို သတိပေးတဲ့ အနေနဲ့ အချက်ပြတာမျိုးပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ပြုပြင်ပြောင်းလဲထားသော ရုရှား၏ နျူကလီးယားစာရွက် စာတမ်းများကို ထုတ်ပြန်ရန် ရှိ/ မရှိဆိုသည့် ဆုံးဖြတ်ချက်ကို နောက်ပိုင်းတွင်ချမှတ်သွားမည်ဖြစ်ကြောင်း ဒီမစ်ထရီပက်စကော့ဗ်ကပြော ကြားခဲ့သည်။

zawgyi version
န်ဴကလီးယားလက္နက္မူဝါဒဆိုင္ရာေျပာင္းလဲမႈက အေနာက္အုပ္စုကိုသတိေပးသည့္အခ်က္ျပမႈတစ္ခုျဖစ္ေၾကာင္း ႐ုရွားအစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၁

႐ုရွားသမၼတပူတင္ကေဖာ္ျပထားေသာ န်ဴကလီးယား လက္နက္မူဝါဒဆိုင္ရာေျပာင္းလဲမႈက ႐ုရွားကိုတိုက္ခိုက္မႈတြင္ပါဝင္ခဲ့မည္ဆိုလွ်င္ ေနာက္ ဆက္တြဲ အက်ိဳးဆက္မ်ားရွိလာမည္ဆိုသည့္ အခ်က္ကို အေနာက္အုပ္စုႏိုင္ငံမ်ားကို အခ်က္ျပျခင္းမ်ိဳးျဖစ္ေၾကာင္း ႐ုရွားအစိုးရက စက္တင္ဘာလ (၂၆)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံကို ပုံမွန္အသုံးျပဳေနက် ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္ခဲ့မည္ဆိုလွ်င္ပင္ န်ဴကလီးယားလက္နက္မ်ားကို ႐ုရွားက အသုံးျပဳႏိုင္ေၾကာင္း သမၼတ ပူတင္က စက္တင္ဘာလ(၂၅)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ ထို႔ျပင္ ႐ုရွားအေပၚတိုက္ခိုက္မႈမွန္သမွ်ကို န်ဴကလီးယားလက္နက္ အသုံးျပဳထားသည့္ ပူးတြဲတိုက္ခိုက္မႈအျဖစ္ ထည့္သြင္းစဥ္းစား သြားမည္ျဖစ္ေၾကာင္းလည္း သမၼတပူတင္က ေျပာၾကားခဲ့သည္။

တရားဝင္ န်ဴကလီးယားမူဝါဒကို ေျပာင္းလဲရန္ ဆုံးျဖတ္ခ်က္သည္ ႐ုရွားႏိုင္ငံအတြင္းရွိ ပစ္မွတ္မ်ားကို တိုက္ခိုက္ရန္အတြက္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ဒုံးက်ည္မ်ားကို ယူကရိန္းကိုအသုံး ျပဳခြင့္ ေပးႏိုင္ေျခ ရွိ/မရွိဆိုသည့္အခ်က္ကို ေဆြးေႏြးေနသည့္ အေမရိကန္ႏွင့္ ၿဗိတိန္တို႔အတြက္ ႐ုရွား၏ အေျဖျဖစ္ေၾကာင္း ပူတင္ကေျပာဆိုခဲ့သည္။

န်ဴကလီးယား ဟန႔္တားေရးနယ္ပယ္တြင္ ႐ုရွားႏိုင္ငံ၏ အေျခခံမူဝါဒအုတ္ျမစ္ဟုေခၚဆိုသည့္ စာ႐ြက္စာတမ္းကို ျပဳျပင္ေျပာင္းလဲမႈမ်ားလုပ္ ေဆာင္ခဲ့ေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီ ပက္စေကာ့ဗ္ကေျပာၾကားခဲ့သည္။

အဆိုပါေျပာင္းလဲမႈမ်ားက အေနာက္အုပ္စုသို႔ အခ်က္ျပမႈတစ္ခု ဟုတ္/မဟုတ္ ဆိုသည့္ေမးခြန္း မ်ားကို ဒီမစ္ထရီပက္စေကာ့ဗ္က ျပန္လည္တုံ႔ျပန္ ေျဖၾကားခဲ့ေၾကာင္းလည္း သိရသည္။ ဒီမစ္ထရီပက္ စေကာ့ဗ္က “ ဒါဟာ တိက်ေသခ်ာတဲ့ အခ်က္ျပမႈ တစ္ခုလို႔ယူဆလို႔ရပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံကို န်ဴကလီးယားလက္နက္နဲ႔တင္မဟုတ္ဘဲ နည္းလမ္း အမ်ိဳးမ်ိဳးေတြနဲ႔ တိုက္ခိုက္မႈေတြမွာ ပါဝင္ခဲ့မယ္ ဆိုရင္ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြရွိလာႏိုင္တယ္ဆိုတာကို အေနာက္အုပ္စုႏိုင္ငံေတြကို သတိေပးတဲ့ အေနနဲ႔ အခ်က္ျပတာမ်ိဳးပဲျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ျပဳျပင္ေျပာင္းလဲထားေသာ ႐ုရွား၏ န်ဴကလီးယားစာ႐ြက္ စာတမ္းမ်ားကို ထုတ္ျပန္ရန္ ရွိ/ မရွိဆိုသည့္ ဆုံးျဖတ္ခ်က္ကို ေနာက္ပိုင္းတြင္ခ်မွတ္သြားမည္ျဖစ္ေၾကာင္း ဒီမစ္ထရီပက္စေကာ့ဗ္ကေျပာ ၾကားခဲ့သည္။

Related news

© 2021. All rights reserved.