တရုတ်နဲ့ထိစပ်နေတဲ့နယ်ခြားတစ်လျှာက် လက်နက်ကြီးစွမ်းရည်ကို အိန္ဒိယ မြှင့်တင်နေ

 125

Htay Oung (NP News) - စက်တင်ဘာ ၃ဝ

အိန္ဒိယသမုဒ္ဒရာမှာ ပေကျင်းနဲ့ နယူးဒေလီတို့ စစ်ရေးပြိုင်ဆိုင်မှု ပြင်းထန်လာနေခိုက် တရုတ်နဲ့ထိစပ်နေတဲ့ နယ်ခြားတစ်လျှောက် အိန္ဒိယက သူ့နိုင်ငံရဲ့လက်နက်ကြီးစွမ်းရည်ကို မြှင့်တင်နေတယ်လို့ နယူးဒေလီအခြေစိုက် “အီကောနောမစ်တိုင်းမ်” ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်က ရေးပါတယ်။
တရုတ်နဲ့ နယ်စပ်တစ်လျှောက် အိန္ဒိယ ကြည်းတပ်မတော်ဟာ “ K9 ဗက်ဂျ်ဂျာရာ” ဟော့ဝစ်ဇာ အမြောက်ကြီးများ၊ အုပ်စုဖွဲ့ပျံသန်းနိုင်တဲ့ဒရုန်းများ ချထားတဲ့အပြင် အမြောက်တပ်စုနဲ့ ထောက်လှမ်းရေးစနစ်များ အပါအဝင် လက်နက်စနစ်များကို အားဖြည့်သွေးသစ်လောင်းလျက်ရှိကြောင်း၊ အမျိုးသားလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားရာမှာ လက်နက်ကြီးတပ်များရဲ့စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်လျက်ရှိတယ်လို့ အိန္ဒိယ တပ်မတော်(ကြည်း) အမြောက်တပ် ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာဒေါ့ရှ် ကူးမားက ရှင်းပြပါတယ်။

အိန္ဒိယတပ်မတော်ဟာ သမိုင်းတလျောက် ယခင်ကထက် ပိုမိုမြန်ဆန်စွာ ခေတ်မီတိုးတက်နေပြီး သတ်မှတ်ထား တဲ့ အချိန်ဇယားများအတိုင်း အတိအကျဖြစ်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ စက်တင်ဘာ ၂၈ ရက် အမြောက် တပ်ရင်းရဲ့ (၁၉၈) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ညွှန်ကြားရေးမှူးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

အိန္ဒိယကာကွယ်ရေးသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) အနေနဲ့ အသံရဲ့အလျှင် ၅ ဆအထိ မြန်ဆန်စွာ ပျံသန်းနိုင်တဲ့ “ဟိုက်ပါဆောနစ် ဒုံးကျည်များ” ကို တီထွင်ထုတ်လုပ်လျှက်ရှိကြောင်း၊ K9 ဗက်ဂျ် ဂျာရာ၊ ဒါန်နွတ်၊ ရှာရန်းတို့လို လက်နက်ကြီးများ အပါအဝင် တပ်မတော်ရဲ့ပစ်ခတ်စွမ်းအားကို အားကောင်းစေမယ့် ၁၅၅ မီလီမီတာ အမြောက်ကြီးစနစ်အများအပြားကို မြောက်ပိုင်းနယ်စပ်တစ်လျှောက်ဖြန့်ကျက်ချထားကြောင်း
တပ်မတော်ဟာ (တောင်ကိုရီးယားနိုင်ငံလုပ်) K-9 ပဲ့ထိန်းကျည်ပစ် မောင်းသူမဲ့ ရွေ့လျား ဟောင်ဝစ်ဇာယူနစ် ၁၀၀ ကို ဖြန့်ကျက်ထားပြီး နောက်ထပ်ယူနစ် ၁၀၀ ကို ဖြည့်တင်းရန် ကြိုးပမ်းနေပါကြောင်း။ K-9 ယူနစ်များ ဆက်လက် ဝယ်ယူရေးအတွက်လည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း
မူလက K-9 ဗက်ဂျ်ဂျာရာများကို (ပါကစ္စတန်နယ်စပ်) သဲကန္တာရအတွင်း ဖြန့်ကျက်ရန် ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း၊ ဒါပေမယ့် (ဂျမူး- ကက်ရှ်မီးယား) အရှေ့ဘက် လက်ဒက်ဒေသမှာ (တရုတ်တပ်များနဲ့) ရုန့်ရင်း ဆန်ခတ် ထိပ်တိုက် တွေ့မှုအပြီး အဆိုပါ ဟိမဝန္တာရေခဲတောင်တန်း မိုးထိချိုင့်ဝှမ်းဒေသမှာ လုံလောက်တဲ့ ယူနစ်အရေအတွက်ထိ ယခုလို ဖြန့်ချထားခဲ့ခြင်းဖြစ်ကြောင်း၊ တွဲဆွဲ အဆင့်မြင့် အမြောက်ကြီးစနစ် (ATAGS)၊ အထိုင်ချ အမြောက် ကြီးစနစ် (MGS) နဲ့ တွဲဆွဲအမြောက်ကြီး စနစ်(TGS) များ အပါအဝင် ၁၅၅ မီလီမီတာ အမြောက်ကြီးစံနစ်များကိုပါ ထည့်သွင်း မိတ်ဆက်ထားကြောင်း
တွဲဆွဲ အဆင့်မြင့် အမြောက်ကြီးစနစ် (ATAGS) တွေဟာ အိန္ဒိယ ကာကွယ်ရေး သုတေသန- ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၂ ခုတို့က ဒီဇိုင်းရေးဆွဲပြီး ပြည်တွင်းမှာ ရာနှုန်းပြည့် ဖန်တီးထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ MGS နဲ့ TGS အမြောက်ကြီးစနစ် နှစ်ခုစလုံးအတွက် စမ်းသပ်မှုများကို ၂၀၂၅ ခုနှစ်မှာ စတင်ရန် စီစဉ်ထားကြောင်း၊ အဲဒီအမြောက်တွေဟာ အလေးချိန် ပိုမိုပေါ့ပါးတဲ့အတွက် ရဟတ်ယာဉ်များဖြင့် ချိတ်ဆွဲ သယ်ယူနိုင် ကြောင်း၊ K-9 ဗက်ဂျ်ဂျာရာတွေဟာ ယန္တရား စစ်ဆင်ရေးမှာ စံနမူနာပြများပင်ဖြစ်ကြောင်း၊

ဒါန်နွတ် အမြောက်ကြီးဟာ “ ဘိုဖာ စက်အမြောက်ကို အီလက်ထရွန်းနစ်အဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း၊ ဒုံးကျည်များမှာ “ပင်နာကာဒုံးကျည်စနစ်” ဟာ “အက်တမန်နီ ဘာရတ်” (ကိုယ်ထူကိုယ်ထ အိန္ဒိယ) မူဝါဒအရ အောင်မြင်မှုရဲ့အသီးအပွင့်များဖြစ်ပြီး အဲ့ဒီလက်နက်နဲ့ ခဲယမ်းများဟာ ပြင်းထန်ပြီး ထိရောက်စွာ ချေမှုန်းနိုင်တဲ့ မှတ်တမ်းများ ရရှိထားကြောင်း၊
ပင်နာကာဒုံးကျည်များကို မိုင် ၁၉၀ ခန့် အကွာအဝေးအထိ ပစ်လွှတ်နိုင်အောင် ယခုအခါ အဆင့်မြှင့်တင်လျှက် ရှိကြောင်း၊ ပင်နာကာ အမှတ်-၁ ဒုံးကျည်ဟာ ၂၅ မိုင်ခန့် အကွာအဝေးအတွင်းသာ ပစ်လွှတ်နိုင်ပေမယ့် ပင်နာ ကာ အမှတ်-၂ ဒုံးကျည်ဟာ ၅၅ မိုင်ခန့်အထိ ပစ်လွှတ်နိုင်ပြီဖြစ်ကြောင်း အမြောက်တပ် ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာဒေါ့ရှ် ကူးမားက ဆိုပါတယ်။

နာမည်ကျော် အမေရိကန်စစ်သုံး မောင်းသူမဲ့ လေယာဉ်ငယ်တစ်မျိုးဖြစ်တဲ့ “ထရီနက်ထရာ” ဒရုန်း ၇၀၀ နီးပါး ကို အိန္ဒိယနိုင်ငံက ကြောင်းကျိုးဆီလျော်စွာ ဝယ်ယူလိုက်ကြောင်း၊ အဲ့ဒီဒရုန်းတွေကို ပိုင်ဆိုင်မှု အငြင်းပွား ကက်ရှ်မီးယားဒေသ မော်တော်ယာဉ်တန်းများသွားလာစဉ် လုံခြုံရေး စောင့်ကြပ်ကာကွယ်ဖို့အတွက် ဖြစ် ကြောင်း နယူးဒေလီ ထောက်လှမ်းရေးရဲ့ လက်ခွဲဖြစ်တဲ့ “အိန္ဒိယကာကွယ်ရေးသုတေသနဌာန” (28 September 2024) က ရေးသားပါတယ်။

အဲဒီဒရုန်းတွေကို အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်များနဲ့ လိုက်လျောညီထွေဖြစ်အောင် အမေရိကန် ဆီလီကွန် ဗယ် လီအခြေစိုက် “အေရိုအက် ထရီနက်ထရာ ကုမ္ပဏီ” က မွန်းမံထုတ်လုပ်ပေးထားခြင်းဖြစ်ကြောင်း၊ “စကိုင်းဒီယို စကောက်” ဒရုန်းများကို အခြေခံပြီး အော်ပရေတာများ ကိုယ်တိုင်ထိန်းချုပ်စရာမောင်းနှင်ရန် မလိုအပ်ပဲ ဖြစ် ပေါ်ကြုံတွေ့လာတဲ့ အခြေအနေအပေါ် ဒရုန်းက ၎င်းဖာသာ သုံးသပ်ဆုံးဖြတ်-လုပ်ကိုင်နိုင်စွမ်း ရှိတယ်လို့ ဆို ပါတယ်။

စကိုင်းဒီယိုစကောက်နဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာကတော့ GPS က တွက်ချက်ပေးတဲ့ တည်နေရာ တစ်ခု တည်းအပေါ် မှီခိုခြင်း မရှိပဲ သူ့ဖာသာ တည်နေရာ ရှာဖွေပြီး လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ပါတယ်။ မည်သည့် ဝေဟင်မှာ မဆို နေရာချထားနိုင်တဲ့အပြင် သတ်မှတ်ပေးထားတဲ့နယ်မြေမှာ သရီးဒီ ပုံရိပ်ဖော် နည်းပ ညာအရ သူဘယ်နေရာ ရောက်နေပြီဆိုတာ သူ့ဖာသာသာ သိရှိနိုင်ပါတယ်။ GPS က စတင်ပေးလိုက်တဲ့ တည် နေရာ အချက်အလက်များကို ကူးယူပြီး ရှုတ်ထွေးတဲ့ နယ်မြေမှာ သူ့ဖာသာတွက်ချက်ပါတယ်။

ထရီနက်ထရာဒရုန်းဟာ အိန္ဒိယစစ်တပ်ရဲ့ ထောက်လှမ်းမှုနဲ့ ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ရာမှာ အရေး ပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သူ့ဖာသာ တည်နေရာရှာဖွေပြီး အထူးတလည် ထိန်း ကျောင်းစရာမလိုပဲ ပျံသန်းနိုင်တဲ့ စွမ်းရည်များနဲ့ အဆင့်မြင့် အင်္ဂါရပ်တွေဟာ ဝေးလံခေါင်ဖျား ဒေသများရှိ ယာဉ်တန်းများကို လုံခြုံရေး စောင့်ကြည့်ခြင်း၊ ခြိမ်းခြောက်မှု ဖြစ်နိုင်ချေအလားအလာများကို ဖော်ထုတ်ခြင်းနဲ့ စစ်ဆင်ရေး ဆင်နွှဲနေခိုက် ချိတ်ဆက်ခြုံငုံစောင့်ကြည့်ခြင်းမျိုးတို့လို စစ်ဘက်ဆိုင်ရာ ကိစ္စတွေမှာ အသုံးချဖို့ အင်မတန်ဆီလျော်ပါတယ်။

#တရုတ်နယ်စပ်_အိန္ဒိယလက်နက်ကြီး #ဟိုက်ပါဆောနစ်ဒုံးကျည်များ #ဒရုန်းအုပ်စုများ လက်ဒက်ဒေသ #ဟော့ဝစ်ဇာအမြောက်ကြီး ဒါန်နွတ်_ရှာရန်းလက်နက်ကြီး #ဂျမူး_ကက်ရှ်မီးယား #K9_ဗက်ဂျ်ဂျာရာ #ထရီနက် ထရာဒရုန်း #စကိုင်းဒီယို စကောက်ဒရုန်း
(Economic Times., 27 September 2024,” Indian Army enhancing combat prowess of artillery units along frontier with China” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆို သည်။)

Zawgyi Version;
တ႐ုတ္နဲ႔ထိစပ္ေနတဲ့ နယ္ျခားတစ္ေလွ်ာက္ လက္နက္ႀကီးစြမ္းရည္ကို အိႏၵိယ ျမႇင့္တင္ေန
Htay Oung (NP News) - စက္တင္ဘာ ၃ဝ

အိႏၵိယသမုဒၵရာမွာ ေပက်င္းနဲ႔ နယူးေဒလီတို႔ စစ္ေရးၿပိဳင္ဆိုင္မႈ ျပင္းထန္လာေနခိုက္ တ႐ုတ္နဲ႔ထိစပ္ေနတဲ့ နယ္ျခားတစ္ေလွ်ာက္ အိႏၵိယက သူ႔ႏိုင္ငံရဲ႕လက္နက္ႀကီးစြမ္းရည္ကို ျမႇင့္တင္ေနတယ္လို႔ နယူးေဒလီအေျခစိုက္ “အီေကာေနာမစ္တိုင္းမ္” ၂ဝ၂၄ ခုႏွစ္ စက္တင္ဘာလ ၂၇ ရက္က ေရးပါတယ္။
တ႐ုတ္နဲ႔ နယ္စပ္တစ္ေလွ်ာက္ အိႏၵိယ ၾကည္းတပ္မေတာ္ဟာ “ K9 ဗက္ဂ်္ဂ်ာရာ” ေဟာ့ဝစ္ဇာ အေျမာက္ႀကီးမ်ား၊ အုပ္စုဖြဲ႕ပ်ံသန္းႏိုင္တဲ့ဒ႐ုန္းမ်ား ခ်ထားတဲ့အျပင္ အေျမာက္တပ္စုနဲ႔ ေထာက္လွမ္းေရးစနစ္မ်ား အပါအဝင္ လက္နက္စနစ္မ်ားကို အားျဖည့္ေသြးသစ္ေလာင္းလ်က္ရွိေၾကာင္း၊ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ားကို ထည့္သြင္းစဥ္းစားရာမွာ လက္နက္ႀကီးတပ္မ်ားရဲ႕စြမ္းေဆာင္ရည္ကို အဆင့္ျမႇင့္တင္လ်က္ရွိတယ္လို႔ အိႏၵိယ တပ္မေတာ္(ၾကည္း) အေျမာက္တပ္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အာေဒါ့ရွ္ ကူးမားက ရွင္းျပပါတယ္။

အိႏၵိယတပ္မေတာ္ဟာ သမိုင္းတေလ်ာက္ ယခင္ကထက္ ပိုမိုျမန္ဆန္စြာ ေခတ္မီတိုးတက္ေနၿပီး သတ္မွတ္ထား တဲ့ အခ်ိန္ဇယားမ်ားအတိုင္း အတိအက်ျဖစ္ေအာင္ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ စက္တင္ဘာ ၂၈ ရက္ အေျမာက္ တပ္ရင္းရဲ႕ (၁၉၈) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔မွာ ၫႊန္ၾကားေရးမႉးခ်ဳပ္က သတင္းေထာက္ေတြကို ေျပာပါတယ္။

အိႏၵိယကာကြယ္ေရးသုေတသနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ (DRDO) အေနနဲ႔ အသံရဲ႕အလွ်င္ ၅ ဆအထိ ျမန္ဆန္စြာ ပ်ံသန္းႏိုင္တဲ့ “ဟိုက္ပါေဆာနစ္ ဒုံးက်ည္မ်ား” ကို တီထြင္ထုတ္လုပ္လွ်က္ရွိေၾကာင္း၊ K9 ဗက္ဂ်္ ဂ်ာရာ၊ ဒါန္ႏြတ္၊ ရွာရန္းတို႔လို လက္နက္ႀကီးမ်ား အပါအဝင္ တပ္မေတာ္ရဲ႕ပစ္ခတ္စြမ္းအားကို အားေကာင္းေစမယ့္ ၁၅၅ မီလီမီတာ အေျမာက္ႀကီးစနစ္အမ်ားအျပားကို ေျမာက္ပိုင္းနယ္စပ္တစ္ေလွ်ာက္ျဖန႔္က်က္ခ်ထားေၾကာင္း
တပ္မေတာ္ဟာ (ေတာင္ကိုရီးယားႏိုင္ငံလုပ္) K-9 ပဲ့ထိန္းက်ည္ပစ္ ေမာင္းသူမဲ့ ေ႐ြ႕လ်ား ေဟာင္ဝစ္ဇာယူနစ္ ၁၀၀ ကို ျဖန႔္က်က္ထားၿပီး ေနာက္ထပ္ယူနစ္ ၁၀၀ ကို ျဖည့္တင္းရန္ ႀကိဳးပမ္းေနပါေၾကာင္း။ K-9 ယူနစ္မ်ား ဆက္လက္ ဝယ္ယူေရးအတြက္လည္း ေဆာင္႐ြက္ေနဆဲျဖစ္ေၾကာင္း
မူလက K-9 ဗက္ဂ်္ဂ်ာရာမ်ားကို (ပါကစၥတန္နယ္စပ္) သဲကႏၲာရအတြင္း ျဖန႔္က်က္ရန္ ဝယ္ယူခဲ့ျခင္းျဖစ္ ေၾကာင္း၊ ဒါေပမယ့္ (ဂ်မူး- ကက္ရွ္မီးယား) အေရွ႕ဘက္ လက္ဒက္ေဒသမွာ (တ႐ုတ္တပ္မ်ားနဲ႔) ႐ုန႔္ရင္း ဆန္ခတ္ ထိပ္တိုက္ ေတြ႕မႈအၿပီး အဆိုပါ ဟိမဝႏၲာေရခဲေတာင္တန္း မိုးထိခ်ိဳင့္ဝွမ္းေဒသမွာ လုံေလာက္တဲ့ ယူနစ္အေရအတြက္ထိ ယခုလို ျဖန႔္ခ်ထားခဲ့ျခင္းျဖစ္ေၾကာင္း၊ တြဲဆြဲ အဆင့္ျမင့္ အေျမာက္ႀကီးစနစ္ (ATAGS)၊ အထိုင္ခ် အေျမာက္ ႀကီးစနစ္ (MGS) နဲ႔ တြဲဆြဲအေျမာက္ႀကီး စနစ္(TGS) မ်ား အပါအဝင္ ၁၅၅ မီလီမီတာ အေျမာက္ႀကီးစံနစ္မ်ားကိုပါ ထည့္သြင္း မိတ္ဆက္ထားေၾကာင္း
တြဲဆြဲ အဆင့္ျမင့္ အေျမာက္ႀကီးစနစ္ (ATAGS) ေတြဟာ အိႏၵိယ ကာကြယ္ေရး သုေတသန- ဖြံ႕ၿဖိဳးတိုးတက္ေရး အဖြဲ႕နဲ႔ ပုဂၢလိက ကုမၸဏီ ၂ ခုတို႔က ဒီဇိုင္းေရးဆြဲၿပီး ျပည္တြင္းမွာ ရာႏႈန္းျပည့္ ဖန္တီးထုတ္လုပ္ျခင္းျဖစ္ေၾကာင္း၊ MGS နဲ႔ TGS အေျမာက္ႀကီးစနစ္ ႏွစ္ခုစလုံးအတြက္ စမ္းသပ္မႈမ်ားကို ၂၀၂၅ ခုႏွစ္မွာ စတင္ရန္ စီစဥ္ထားေၾကာင္း၊ အဲဒီအေျမာက္ေတြဟာ အေလးခ်ိန္ ပိုမိုေပါ့ပါးတဲ့အတြက္ ရဟတ္ယာဥ္မ်ားျဖင့္ ခ်ိတ္ဆြဲ သယ္ယူႏိုင္ ေၾကာင္း၊ K-9 ဗက္ဂ်္ဂ်ာရာေတြဟာ ယႏၲရား စစ္ဆင္ေရးမွာ စံနမူနာျပမ်ားပင္ျဖစ္ေၾကာင္း၊

ဒါန္ႏြတ္ အေျမာက္ႀကီးဟာ “ ဘိုဖာ စက္အေျမာက္ကို အီလက္ထ႐ြန္းနစ္အဆင့္ျမႇင့္တင္ထားျခင္းျဖစ္ေၾကာင္း၊ ဒုံးက်ည္မ်ားမွာ “ပင္နာကာဒုံးက်ည္စနစ္” ဟာ “အက္တမန္နီ ဘာရတ္” (ကိုယ္ထူကိုယ္ထ အိႏၵိယ) မူဝါဒအရ ေအာင္ျမင္မႈရဲ႕အသီးအပြင့္မ်ားျဖစ္ၿပီး အဲ့ဒီလက္နက္နဲ႔ ခဲယမ္းမ်ားဟာ ျပင္းထန္ၿပီး ထိေရာက္စြာ ေခ်မႈန္းႏိုင္တဲ့ မွတ္တမ္းမ်ား ရရွိထားေၾကာင္း၊
ပင္နာကာဒုံးက်ည္မ်ားကို မိုင္ ၁၉၀ ခန႔္ အကြာအေဝးအထိ ပစ္လႊတ္ႏိုင္ေအာင္ ယခုအခါ အဆင့္ျမႇင့္တင္လွ်က္ ရွိေၾကာင္း၊ ပင္နာကာ အမွတ္-၁ ဒုံးက်ည္ဟာ ၂၅ မိုင္ခန႔္ အကြာအေဝးအတြင္းသာ ပစ္လႊတ္ႏိုင္ေပမယ့္ ပင္နာ ကာ အမွတ္-၂ ဒုံးက်ည္ဟာ ၅၅ မိုင္ခန႔္အထိ ပစ္လႊတ္ႏိုင္ၿပီျဖစ္ေၾကာင္း အေျမာက္တပ္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အာေဒါ့ရွ္ ကူးမားက ဆိုပါတယ္။

နာမည္ေက်ာ္ အေမရိကန္စစ္သုံး ေမာင္းသူမဲ့ ေလယာဥ္ငယ္တစ္မ်ိဳးျဖစ္တဲ့ “ထရီနက္ထရာ” ဒ႐ုန္း ၇၀၀ နီးပါး ကို အိႏၵိယႏိုင္ငံက ေၾကာင္းက်ိဳးဆီေလ်ာ္စြာ ဝယ္ယူလိုက္ေၾကာင္း၊ အဲ့ဒီဒ႐ုန္းေတြကို ပိုင္ဆိုင္မႈ အျငင္းပြား ကက္ရွ္မီးယားေဒသ ေမာ္ေတာ္ယာဥ္တန္းမ်ားသြားလာစဥ္ လုံၿခဳံေရး ေစာင့္ၾကပ္ကာကြယ္ဖို႔အတြက္ ျဖစ္ ေၾကာင္း နယူးေဒလီ ေထာက္လွမ္းေရးရဲ႕ လက္ခြဲျဖစ္တဲ့ “အိႏၵိယကာကြယ္ေရးသုေတသနဌာန” (28 September 2024) က ေရးသားပါတယ္။

အဲဒီဒ႐ုန္းေတြကို အိႏၵိယႏိုင္ငံရဲ႕ လိုအပ္ခ်က္မ်ားနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ အေမရိကန္ ဆီလီကြန္ ဗယ္ လီအေျခစိုက္ “ေအ႐ိုအက္ ထရီနက္ထရာ ကုမၸဏီ” က မြန္းမံထုတ္လုပ္ေပးထားျခင္းျဖစ္ေၾကာင္း၊ “စကိုင္းဒီယို စေကာက္” ဒ႐ုန္းမ်ားကို အေျခခံၿပီး ေအာ္ပေရတာမ်ား ကိုယ္တိုင္ထိန္းခ်ဳပ္စရာေမာင္းႏွင္ရန္ မလိုအပ္ပဲ ျဖစ္ ေပၚႀကဳံေတြ႕လာတဲ့ အေျခအေနအေပၚ ဒ႐ုန္းက ၎ဖာသာ သုံးသပ္ဆုံးျဖတ္-လုပ္ကိုင္ႏိုင္စြမ္း ရွိတယ္လို႔ ဆို ပါတယ္။

စကိုင္းဒီယိုစေကာက္နဲ႔ ထူးျခားတဲ့ သြင္ျပင္လကၡဏာကေတာ့ GPS က တြက္ခ်က္ေပးတဲ့ တည္ေနရာ တစ္ခု တည္းအေပၚ မွီခိုျခင္း မရွိပဲ သူ႔ဖာသာ တည္ေနရာ ရွာေဖြၿပီး လြတ္လပ္စြာ လုပ္ကိုင္ ေဆာင္႐ြက္ႏိုင္ပါတယ္။ မည္သည့္ ေဝဟင္မွာ မဆို ေနရာခ်ထားႏိုင္တဲ့အျပင္ သတ္မွတ္ေပးထားတဲ့နယ္ေျမမွာ သရီးဒီ ပုံရိပ္ေဖာ္ နည္းပ ညာအရ သူဘယ္ေနရာ ေရာက္ေနၿပီဆိုတာ သူ႔ဖာသာသာ သိရွိႏိုင္ပါတယ္။ GPS က စတင္ေပးလိုက္တဲ့ တည္ ေနရာ အခ်က္အလက္မ်ားကို ကူးယူၿပီး ရႈတ္ေထြးတဲ့ နယ္ေျမမွာ သူ႔ဖာသာတြက္ခ်က္ပါတယ္။

ထရီနက္ထရာဒ႐ုန္းဟာ အိႏၵိယစစ္တပ္ရဲ႕ ေထာက္လွမ္းမႈနဲ႔ ေထာက္လွမ္းေရးစြမ္းရည္ကို ျမႇင့္တင္ရာမွာ အေရး ပါတဲ့ အခန္းက႑မွ ပါဝင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ သူ႔ဖာသာ တည္ေနရာရွာေဖြၿပီး အထူးတလည္ ထိန္း ေက်ာင္းစရာမလိုပဲ ပ်ံသန္းႏိုင္တဲ့ စြမ္းရည္မ်ားနဲ႔ အဆင့္ျမင့္ အဂၤါရပ္ေတြဟာ ေဝးလံေခါင္ဖ်ား ေဒသမ်ားရွိ ယာဥ္တန္းမ်ားကို လုံၿခဳံေရး ေစာင့္ၾကည့္ျခင္း၊ ၿခိမ္းေျခာက္မႈ ျဖစ္ႏိုင္ေခ်အလားအလာမ်ားကို ေဖာ္ထုတ္ျခင္းနဲ႔ စစ္ဆင္ေရး ဆင္ႏႊဲေနခိုက္ ခ်ိတ္ဆက္ၿခဳံငုံေစာင့္ၾကည့္ျခင္းမ်ိဳးတို႔လို စစ္ဘက္ဆိုင္ရာ ကိစၥေတြမွာ အသုံးခ်ဖို႔ အင္မတန္ဆီေလ်ာ္ပါတယ္။

#တ႐ုတ္နယ္စပ္_အိႏၵိယလက္နက္ႀကီး #ဟိုက္ပါေဆာနစ္ဒုံးက်ည္မ်ား #ဒ႐ုန္းအုပ္စုမ်ား လက္ဒက္ေဒသ #ေဟာ့ဝစ္ဇာအေျမာက္ႀကီး ဒါန္ႏြတ္_ရွာရန္းလက္နက္ႀကီး #ဂ်မူး_ကက္ရွ္မီးယား #K9_ဗက္ဂ်္ဂ်ာရာ #ထရီနက္ ထရာဒ႐ုန္း #စကိုင္းဒီယို စေကာက္ဒ႐ုန္း
(Economic Times., 27 September 2024,” Indian Army enhancing combat prowess of artillery units along frontier with China” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.