မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ

 991

ယွန်း (NP News) - အောက်တိုဘာ ၂

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် Myanmar Airways International(MAI) မှ BCIM ဆုရရှိခဲ့ကြောင်း MAI မှ အသိပေးထုတ်ပြန်ထားသည်။

Jobnet.com.mm မှ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အကောင်းဆုံး ကုမ္ပဏီစစ်တမ်းတွင် ဝန်ထမ်းများမှ လုပ်ငန်းခွင်ဆိုင်ရာစိတ်ကျေနပ်မှုနှင့် ကုမ္ပဏီနှင့် ဝန်ထမ်းများအကြား ချိတ်ဆက်ထားရှိမှုများကို ပါဝင်ဖြေဆိုအဆင့်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့အဆင့်သတ်မှတ်ပေးခဲ့ရာ MAI အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်သတ်မှတ်ချက်အများဆုံးရရှိသည့် ကုမ္ပဏီများတွင် တစ်ခုအဖြစ်ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းသည် MAI လေကြောင်းလိုင်း၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် BCIM(Best Companies To Work In Myanmar) စာရင်းဝင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် BCIM ဆုရရှိသည့် ပထမဆုံးလေကြောင်းလိုင်းအဖြစ်ပါ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ BCIM ဆုကို အဓိကလုပ်ငန်းခွင်ဆိုင်ရာ နယ်ပယ်(၇)ခုဖြစ်သည့် ကုမ္ပဏီ၏ ရည်ရွယ်ချက်နှင့် နည်းဗျူဟာဆိုင်ရာပေါင်းစပ်ကိုက်ညီမှု၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အပါအဝင် အခြားအချက်များအပေါ်တွင် ဝန်ထမ်းများ၏သုံးသပ်ချက်များကို အခြေခံ၍ စစ်တမ်းကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ အလုပ္လုပ္ရန္အေကာင္းဆုံးကုမၸဏီအျဖစ္ MAI မွ BCIM ဆုရရွိ
ယြန္း (NP News) - ေအာက္တိုဘာ ၂

ျမန္မာႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္အေကာင္းဆုံးကုမၸဏီအျဖစ္ Myanmar Airways International(MAI) မွ BCIM ဆုရရွိခဲ့ေၾကာင္း MAI မွ အသိေပးထုတ္ျပန္ထားသည္။

Jobnet.com.mm မွ ျပဳလုပ္သည့္ ၂၀၂၄ ခုႏွစ္၊ ျမန္မာႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္အေကာင္းဆုံး ကုမၸဏီစစ္တမ္းတြင္ ဝန္ထမ္းမ်ားမွ လုပ္ငန္းခြင္ဆိုင္ရာစိတ္ေက်နပ္မႈႏွင့္ ကုမၸဏီႏွင့္ ဝန္ထမ္းမ်ားအၾကား ခ်ိတ္ဆက္ထားရွိမႈမ်ားကို ပါဝင္ေျဖဆိုအဆင့္သတ္မွတ္ေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔အဆင့္သတ္မွတ္ေပးခဲ့ရာ MAI အေနျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ အဆင့္သတ္မွတ္ခ်က္အမ်ားဆုံးရရွိသည့္ ကုမၸဏီမ်ားတြင္ တစ္ခုအျဖစ္ပါဝင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

၎သည္ MAI ေလေၾကာင္းလိုင္း၏ သမိုင္းတစ္ေလွ်ာက္တြင္ ပထမဆုံးအႀကိမ္အျဖစ္ BCIM(Best Companies To Work In Myanmar) စာရင္းဝင္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ BCIM ဆုရရွိသည့္ ပထမဆုံးေလေၾကာင္းလိုင္းအျဖစ္ပါ မွတ္တမ္းတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ BCIM ဆုကို အဓိကလုပ္ငန္းခြင္ဆိုင္ရာ နယ္ပယ္(၇)ခုျဖစ္သည့္ ကုမၸဏီ၏ ရည္႐ြယ္ခ်က္ႏွင့္ နည္းဗ်ဴဟာဆိုင္ရာေပါင္းစပ္ကိုက္ညီမႈ၊ စီမံခန႔္ခြဲမႈႏွင့္ ေခါင္းေဆာင္မႈ အပါအဝင္ အျခားအခ်က္မ်ားအေပၚတြင္ ဝန္ထမ္းမ်ား၏သုံးသပ္ခ်က္မ်ားကို အေျခခံ၍ စစ္တမ္းေကာက္ယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.