အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်

 767

မြူနစ် (NP News) - အောက်တိုဘာ ၂

အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ် ရှိ သဖြင့် ဒေသခံပြည်သူများက သတိပြုရှောင်ရှားကြရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်း မှုများရှိ နေသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း များစွာရှိသည့်အနက် ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ၊ တအာင်းလက်နက်ကိုင်အဖွဲ့TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည့် စစ်ဆင် ရေးများကို ပူးပေါင်းဖော်ဆောင်ကာ နစကအ စိုးရ၏မြို့အချို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အနေ အထားတွင် ရှိနေသည်။ MNDAA နှင့် TNLA အဖွဲ့တို့သည် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ လောက်ကိုင်မြို့၊ ကျောက်မဲမြို့၊ နောင်ချို မြို့အပါအဝင် မြို့ပေါင်း(၁၀)မြို့ထက်မနည်းကို ထိန်းချုပ်နေသကဲ့သို့ AA အဖွဲ့သည်လည်း ရခိုင် ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း အပါအဝင် မြို့အချို့ကို ထိန်းချုပ်ထားသည်။

နစကအစိုးရအဖွဲ့သည်MNDAA၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့ များ အဖြစ် စက်တင်ဘာ (၂)ရက်တွင် သတ်မှတ်ကြေ ညာခဲ့သည်။ ယင်းပြင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း လက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေ အနေ အရပ်ရပ်အပေါ်မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ (၃)ရက်တွင် သတိပေးထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ကြေညာမှုနှင့်အတူ နစကဥက္ကဋ္ဌက သတိ ပေးထုတ်ဖော်ပြောဆိုမှုများ အပြီးတွင် တပ်မတော်ဘက်က MNDAA အဖွဲ့ ထိန်းချုပ်ရာမြို့များကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဆိုသကဲ့သို့ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ထိန်းချုပ်ရာမြို့များကို တပ်မတော်က စက်တင်ဘာ (၈) ရက်၊ (၉) ရက်၊ (၁၀) ရက်၊ (၁၃) ရက်၊ (၂၁) ရက်၊ (၂၄) ရက်နှင့် (၂၅) ရက်တို့ တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ TNLA အဖွဲ့ ထိန်းချုပ်ရာမြို့များနှင့် ဗဗ အဖွဲ့ထိန်းချုပ်ရာမြို့များကိုလည်း တပ်မတော် က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ကိုတွေ့ ရှိရသည်။ ယခုကဲ့သို့ တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အကြမ်းဖက်သမားများ သေဆုံးမှုအပြင် အရပ်သားထိခိုက် သေဆုံးမှု များရှိနေသကဲ့သို့ အဆောက်အအုံထိခိုက်ပျက်စီးမှု များလည်း ရှိနေကြောင်းသိရသည်။

ထို့ကြောင့် အရပ်သားပြည်သူများအနေဖြင့် အကြမ်းဖက်သမားများရှိရာနေရာများတွင် မနေထိုင်ဘဲ ရှောင်ရှားရန်လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာအဖွဲ့မှအမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က NP News ကို အကြံပြုပြောကြား သည်။

“ အဲဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဌာနချုပ်တို့၊ စခန်းချတဲ့နေရာတွေနဲ့ နည်းနည်းလေးတော့ ဝေးအောင် နေကြဖို့လိုအပ်တယ်။ ကိုယ်တိုင်က သူတို့နဲ့တွဲနေရင်တော့ ဒါမျိုးက ရှောင်လွှဲလို့မရနိုင် တဲ့ပြဿနာတွေ အများကြီးဖြစ်နိုင်တယ်။ တချို့ကျတော့လည်း လူသား တံတိုင်းလုပ်ဖို့အတွက် အမိန့် အာဏာနဲ့ လက်နက်ပြ ခြိမ်းခြောက်ပြီးတော့ နေရာတစ်နေရာမှာ စုထားတာ မျိုးလည်းဖြစ်နိုင်တယ်။ ဒါမျိုးကျတော့လည်း မရှောင် လွှဲနိုင်တဲ့ကိစ္စတွေ။ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးပဲ။ အဲဒါတွေတော့ မပြောနိုင် ဘူးပေါ့နော်။ ဒါပေမဲ့ အခုန ကပြောသလို ဥပမာ-လားရှိုးလိုနေရာမျိုးမှာ လွတ်လွတ်လပ်လပ်နေ လို့ရတယ်ဆိုရင်တော့ အကြမ်းဖက် အဖွဲ့ရဲ့ လှုပ်ရှားတဲ့နေရာ၊ သူတို့စုဝေးတဲ့နေရာတွေကို တော့ အတတ်နိုင်ဆုံးရှောင်ပေါ့။ ဒါဆိုရင်တော့ မလိုလားအပ်တဲ့ဆိုးကျိုးတွေ ရှောင်ပြီးသားဖြစ်လာ ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ များ အဓမ္မဝင်ရောက်နေထိုင်သည့် မြို့ ရွာများတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်ကိုကာကွယ်ရန် ပြည် သူများ၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက် အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများကို အသုံးပြု မှုများရှိနေသည့်အပြင် လူသားတံတိုင်းအဖြစ် အသုံး ပြုရန်အတွက်လည်း နေရပ်စွန့်ခွာနေရသူများကို ပြန်လည်ခေါ်ဆောင်မှုများရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်ပေါ်မူတည်၍ လိုအပ်သလို တုံ့ ပြန်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသော မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေး သတိပြုကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ထုတ်ဖော်အသိပေး ထားသည်။

“ တပ်မတော်က လေကြောင်းကနေ ထိုးစစ်ဆင်တဲ့အခါမှာ ပြည်သူတွေအနေနဲ့လည်း ဆက်သွယ်ရေး ကွန်ရက်က ကောင်းမွန်နေတဲ့အခါမှာ ဒီဟာ တွေကို ပြည်သူတွေလည်း သိနေရ တယ်လေ။ နေ့စဉ် ဘယ်မှာက ဘယ်လိုဖြစ်တယ်ဆိုတာကို သိနေရတဲ့ အတွက် ဒီအကြမ်းဖက် သမားတွေဝင်ရောက်ပြီးတော့ စီးနင်းထားတဲ့ မြို့ ရွာတွေမှာရှိတဲ့ ပြည်သူတွေအနေ နဲ့ကတော့ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး အကြမ်းဖက် သမားတွေနဲ့ ဝေးဝေးနေတာအကောင်းဆုံးပေါ့။ ဒါ ဟာ ကိုယ့်အသက် အန္တရာယ်အတွက် လုံခြုံဖို့အရေး ကြီးတယ်။ ဖြစ်နိုင်ရင် အကြမ်းဖက်သမားတွေ အုပ် စီးထားတဲ့ နေရာတွေ ကနေ စွန့်ခွာနိုင်ရင် အကောင်းဆုံးပဲပေါ့။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကလည်း ကြိုတင်သတိပေးထားတာ ရှိပြီးသားဆိုတော့လေ။ ရှောင်ရှားသင့်တယ်” ဟု အမျိုးသားဒီမိုကရေစီပါတီ သစ်မှ ဒုဥက္ကဋ္ဌဦးခိုင်မင်းကလည်း ပြောသည်။

အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသများတွင် တပ်မတော်၏ လေကြောင်းထိုးစစ်ဆင်မှုများကို ပိုမို မြင်တွေ့ရဖွယ်ရှိနေကြောင်းလည်း သုံးသပ်မှုများ ရှိ နေကြသည်။ "တပ်မတော်ကတော့ သူလုပ်သင့် လုပ်ထိုက်တဲ့ဟာကို လုပ်နေတယ်လို့ပဲ မြင်ရတယ်လေ။ ဆက်ပြီးတော့လည်း တပ်မတော်က အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်ကို အကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်မှုကနေ ပြည် သူလူထုတွေ လွတ်မြောက်ဖို့အတွက်ကို တပ်မတော် က လုပ်မှာပဲလေ။ ဒါသူ့ရဲ့ အဓိကတာဝန်ပဲလေ။ ဆိုတော့ ရှေ့လျှောက်ပြီး တော့လည်း ဒီထက်မက ပိုလုပ်လာမယ်လို့ပဲ မြင်ပါတယ်။ တပ်မတော်က ထိုးစစ်တွေ ပိုလုပ်လာမယ်လို့ပဲ မြင်ပါတယ်"ဟု ဦးခိုင် မင်းက ဆက်လက်သုံးသပ်ထားသည်။

ယခုကဲ့သို့ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသကဲ့သို့ အရပ်သား ပြည်သူများလည်း ပဋိပက္ခ ကြားတွင်ညပ်၍ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သက်ဆိုင်ရာဒေသခံများက ဆိုကြသည်။

zawgyi version
အၾကမ္းဖက္အဖြဲ႕မ်ား ထိန္းခ်ဳပ္ရာေဒသမ်ားကို ေလေၾကာင္းတိုက္ခိုက္မႈ တိုးျမႇင့္လာဖြယ္ရွိ၍ ေဒသခံျပည္သူမ်ားက သတိျပဳေရွာင္ရွားရန္ လိုအပ္
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၂

အၾကမ္းဖက္အဖြဲ႕မ်ား ထိန္းခ်ဳပ္ရာေဒသမ်ားကို ေလေၾကာင္းတိုက္ခိုက္မႈ တိုးျမႇင့္လာဖြယ္ ရွိ သျဖင့္ ေဒသခံျပည္သူမ်ားက သတိျပဳေရွာင္ရွားၾကရန္ လိုအပ္ေၾကာင္း အႀကံျပဳတိုက္တြန္း မႈမ်ားရွိ ေနသည္။

ျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္အဖြဲ႕အစည္းေပါင္း မ်ားစြာရွိသည့္အနက္ ကိုးကန႔္လက္နက္ကိုင္ အဖြဲ႕ MNDAA ၊ တအာင္းလက္နက္ကိုင္အဖြဲ႕TNLA ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔သည့္ စစ္ဆင္ ေရးမ်ားကို ပူးေပါင္းေဖာ္ေဆာင္ကာ နစကအ စိုးရ၏ၿမိဳ႕အခ်ိဳ႕ကို သိမ္းပိုက္ထိန္းခ်ဳပ္ထားသည့္ အေန အထားတြင္ ရွိေနသည္။ MNDAA ႏွင့္ TNLA အဖြဲ႕တို႔သည္ လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕၊ ေလာက္ကိုင္ၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕၊ ေနာင္ခ်ိဳ ၿမိဳ႕အပါအဝင္ ၿမိဳ႕ေပါင္း(၁၀)ၿမိဳ႕ထက္မနည္းကို ထိန္းခ်ဳပ္ေနသကဲ့သို႔ AA အဖြဲ႕သည္လည္း ရခိုင္ ျပည္နယ္အတြင္းရွိ ေျမာက္ဦး၊ ရမ္းၿဗဲ၊ ပုဏၰားကြၽန္း အပါအဝင္ ၿမိဳ႕အခ်ိဳ႕ကို ထိန္းခ်ဳပ္ထားသည္။

နစကအစိုးရအဖြဲ႕သည္MNDAA၊ TNLA ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔ကို အၾကမ္းဖက္အဖြဲ႕ မ်ား အျဖစ္ စက္တင္ဘာ (၂)ရက္တြင္ သတ္မွတ္ေၾက ညာခဲ့သည္။ ယင္းျပင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္လည္း လက္နက္ကိုင္အၾကမ္း ဖက္ေသာင္းက်န္းသူမ်ား၏ သတင္းရရွိမႈႏွင့္ အေျခ အေန အရပ္ရပ္အေပၚမူတည္ကာ လိုအပ္သလို တုံ႔ျပန္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စက္တင္ဘာ (၃)ရက္တြင္ သတိေပးထုတ္ေဖာ္ေျပာဆိုထားသည္ကို ေတြ႕ရသည္။

ထိုသို႔ အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ေၾကာင္း ေၾကညာမႈႏွင့္အတူ နစကဥကၠ႒က သတိ ေပးထုတ္ေဖာ္ေျပာဆိုမႈမ်ား အၿပီးတြင္ တပ္မေတာ္ဘက္က MNDAA အဖြဲ႕ ထိန္းခ်ဳပ္ရာၿမိဳ႕မ်ားကို ေလေၾကာင္းတိုက္ခိုက္မႈ ဆက္တိုက္ဆိုသကဲ့သို႔ ျပဳလုပ္ခဲ့သည္ကိုေတြ႕ရွိရသည္။ ကိုးကန႔္လက္နက္ကိုင္ အဖြဲ႕ MNDAA ထိန္းခ်ဳပ္ရာၿမိဳ႕မ်ားကို တပ္မေတာ္က စက္တင္ဘာ (၈) ရက္၊ (၉) ရက္၊ (၁၀) ရက္၊ (၁၃) ရက္၊ (၂၁) ရက္၊ (၂၄) ရက္ႏွင့္ (၂၅) ရက္တို႔ တြင္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အလားတူ TNLA အဖြဲ႕ ထိန္းခ်ဳပ္ရာၿမိဳ႕မ်ားႏွင့္ ဗဗ အဖြဲ႕ထိန္းခ်ဳပ္ရာၿမိဳ႕မ်ားကိုလည္း တပ္မေတာ္ က ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့သည္ကိုေတြ႕ ရွိရသည္။ ယခုကဲ့သို႔ တပ္မေတာ္၏ ေလေၾကာင္း တိုက္ခိုက္မႈျဖစ္စဥ္မ်ားအတြင္း အၾကမ္းဖက္သမားမ်ား ေသဆုံးမႈအျပင္ အရပ္သားထိခိုက္ ေသဆုံးမႈ မ်ားရွိေနသကဲ့သို႔ အေဆာက္အအုံထိခိုက္ပ်က္စီးမႈ မ်ားလည္း ရွိေနေၾကာင္းသိရသည္။

ထို႔ေၾကာင့္ အရပ္သားျပည္သူမ်ားအေနျဖင့္ အၾကမ္းဖက္သမားမ်ားရွိရာေနရာမ်ားတြင္ မေနထိုင္ဘဲ ေရွာင္ရွားရန္လိုအပ္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာ ေလ့လာအဖြဲ႕မွအမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦး က NP News ကို အႀကံျပဳေျပာၾကား သည္။

“ အဲဒီအၾကမ္းဖက္အဖြဲ႕ေတြရဲ႕ ဌာနခ်ဳပ္တို႔၊ စခန္းခ်တဲ့ေနရာေတြနဲ႔ နည္းနည္းေလးေတာ့ ေဝးေအာင္ ေနၾကဖို႔လိုအပ္တယ္။ ကိုယ္တိုင္က သူတို႔နဲ႔တြဲေနရင္ေတာ့ ဒါမ်ိဳးက ေရွာင္လႊဲလို႔မရႏိုင္ တဲ့ျပႆနာေတြ အမ်ားႀကီးျဖစ္ႏိုင္တယ္။ တခ်ိဳ႕က်ေတာ့လည္း လူသား တံတိုင္းလုပ္ဖို႔အတြက္ အမိန႔္ အာဏာနဲ႔ လက္နက္ျပ ၿခိမ္းေျခာက္ၿပီးေတာ့ ေနရာတစ္ေနရာမွာ စုထားတာ မ်ိဳးလည္းျဖစ္ႏိုင္တယ္။ ဒါမ်ိဳးက်ေတာ့လည္း မေရွာင္ လႊဲႏိုင္တဲ့ကိစၥေတြ။ စစ္ပြဲရဲ႕ ေဘးထြက္ဆိုးက်ိဳးပဲ။ အဲဒါေတြေတာ့ မေျပာႏိုင္ ဘူးေပါ့ေနာ္။ ဒါေပမဲ့ အခုန ကေျပာသလို ဥပမာ-လားရႈိးလိုေနရာမ်ိဳးမွာ လြတ္လြတ္လပ္လပ္ေန လို႔ရတယ္ဆိုရင္ေတာ့ အၾကမ္းဖက္ အဖြဲ႕ရဲ႕ လႈပ္ရွားတဲ့ေနရာ၊ သူတို႔စုေဝးတဲ့ေနရာေတြကို ေတာ့ အတတ္ႏိုင္ဆုံးေရွာင္ေပါ့။ ဒါဆိုရင္ေတာ့ မလိုလားအပ္တဲ့ဆိုးက်ိဳးေတြ ေရွာင္ၿပီးသားျဖစ္လာ ပါလိမ့္မယ္” ဟု ၎ကေျပာသည္။

လက္နက္ကိုင္အၾကမ္းဖက္ေသာင္းက်န္းသူ မ်ား အဓမၼဝင္ေရာက္ေနထိုင္သည့္ ၿမိဳ႕ ႐ြာမ်ားတြင္ တပ္မေတာ္၏ တန္ျပန္ထိုးစစ္ကိုကာကြယ္ရန္ ျပည္ သူမ်ား၏ ေနအိမ္အေဆာက္အအုံမ်ား၊ အရပ္ဘက္ အုပ္ခ်ဳပ္မႈဆိုင္ရာအေဆာက္အအုံမ်ားကို အသုံးျပဳ မႈမ်ားရွိေနသည့္အျပင္ လူသားတံတိုင္းအျဖစ္ အသုံး ျပဳရန္အတြက္လည္း ေနရပ္စြန႔္ခြာေနရသူမ်ားကို ျပန္လည္ေခၚေဆာင္မႈမ်ားရွိေၾကာင္း နစကဥကၠ႒က ေျပာၾကားထားသည္။

ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ လက္နက္ကိုင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ သတင္းရရွိမႈႏွင့္ အေျခအေနအရပ္ရပ္ေပၚမူတည္၍ လိုအပ္သလို တုံ႔ ျပန္ေဆာင္႐ြက္သြားမည္ ျဖစ္သည့္အတြက္ ၎တို႔ အဓမၼဝင္ေရာက္ေနထိုင္လ်က္ရွိေသာ ၿမိဳ႕၊ ႐ြာမ်ားရွိ ျပည္သူမ်ားအေနျဖင့္ အသုံးခ်မႈမခံရေစေရးႏွင့္ ေဘးကင္းလုံၿခဳံမႈရွိေစေရး သတိျပဳၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က ထုတ္ေဖာ္အသိေပး ထားသည္။

“ တပ္မေတာ္က ေလေၾကာင္းကေန ထိုးစစ္ဆင္တဲ့အခါမွာ ျပည္သူေတြအေနနဲ႔လည္း ဆက္သြယ္ေရး ကြန္ရက္က ေကာင္းမြန္ေနတဲ့အခါမွာ ဒီဟာ ေတြကို ျပည္သူေတြလည္း သိေနရ တယ္ေလ။ ေန႔စဥ္ ဘယ္မွာက ဘယ္လိုျဖစ္တယ္ဆိုတာကို သိေနရတဲ့ အတြက္ ဒီအၾကမ္းဖက္ သမားေတြဝင္ေရာက္ၿပီးေတာ့ စီးနင္းထားတဲ့ ၿမိဳ႕ ႐ြာေတြမွာရွိတဲ့ ျပည္သူေတြအေန နဲ႔ကေတာ့ ျဖစ္ႏိုင္ရင္ အတတ္ႏိုင္ဆုံး အၾကမ္းဖက္ သမားေတြနဲ႔ ေဝးေဝးေနတာအေကာင္းဆုံးေပါ့။ ဒါ ဟာ ကိုယ့္အသက္ အႏၲရာယ္အတြက္ လုံၿခဳံဖို႔အေရး ႀကီးတယ္။ ျဖစ္ႏိုင္ရင္ အၾကမ္းဖက္သမားေတြ အုပ္ စီးထားတဲ့ ေနရာေတြ ကေန စြန႔္ခြာႏိုင္ရင္ အေကာင္းဆုံးပဲေပါ့။ ႏိုင္ငံေတာ္အႀကီးအကဲကိုယ္တိုင္ကလည္း ႀကိဳတင္သတိေပးထားတာ ရွိၿပီးသားဆိုေတာ့ေလ။ ေရွာင္ရွားသင့္တယ္” ဟု အမ်ိဳးသားဒီမိုကေရစီပါတီ သစ္မွ ဒုဥကၠ႒ဦးခိုင္မင္းကလည္း ေျပာသည္။

အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာထားသည့္ လက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ တပ္မေတာ္၏ ေလေၾကာင္းထိုးစစ္ဆင္မႈမ်ားကို ပိုမို ျမင္ေတြ႕ရဖြယ္ရွိေနေၾကာင္းလည္း သုံးသပ္မႈမ်ား ရွိ ေနၾကသည္။ "တပ္မေတာ္ကေတာ့ သူလုပ္သင့္ လုပ္ထိုက္တဲ့ဟာကို လုပ္ေနတယ္လို႔ပဲ ျမင္ရတယ္ေလ။ ဆက္ၿပီးေတာ့လည္း တပ္မေတာ္က အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးအတြက္ကို အၾကမ္းဖက္သမားေတြရဲ႕အၾကမ္းဖက္မႈကေန ျပည္ သူလူထုေတြ လြတ္ေျမာက္ဖို႔အတြက္ကို တပ္မေတာ္ က လုပ္မွာပဲေလ။ ဒါသူ႔ရဲ႕ အဓိကတာဝန္ပဲေလ။ ဆိုေတာ့ ေရွ႕ေလွ်ာက္ၿပီး ေတာ့လည္း ဒီထက္မက ပိုလုပ္လာမယ္လို႔ပဲ ျမင္ပါတယ္။ တပ္မေတာ္က ထိုးစစ္ေတြ ပိုလုပ္လာမယ္လို႔ပဲ ျမင္ပါတယ္"ဟု ဦးခိုင္ မင္းက ဆက္လက္သုံးသပ္ထားသည္။

ယခုကဲ့သို႔ တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈျဖစ္စဥ္မ်ားအတြင္း အၾကမ္းဖက္ လက္နက္ကိုင္ အဖြဲ႕ဝင္မ်ား ထိခိုက္ေသဆုံးမႈရွိသကဲ့သို႔ အရပ္သား ျပည္သူမ်ားလည္း ပဋိပကၡ ၾကားတြင္ညပ္၍ ထိခိုက္ေသဆုံးမႈမ်ားရွိေနေၾကာင္း သက္ဆိုင္ရာေဒသခံမ်ားက ဆိုၾကသည္။

Related news

© 2021. All rights reserved.