နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်

 325

Pika (NP News) - အောက်တိုဘာ ၂

ရုရှားနိုင်ငံဟာ ၎င်းရဲ့အရေးပေါ်အများပြည်သူသတိပေးစနစ်တွေ စမ်းသပ်မှုကို အောက်တိုဘာလ(၂)ရက်နေ့မှာ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ရုရှားနဲ့ယူကရိန်းကြား စစ်ပွဲဖြစ်ပွားမှုမြင့်တက်နေတဲ့အချိန်မှာ ရုရှားက ဒီလိုစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

အောက်တိုဘာလ(၂)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်လောက်မှာ ဥဩသံ တွေက အချိန်(၁)မိနစ်လောက်ကြာအောင် အသံမြည်ခဲ့ပြီး အသံချဲ့စက်တွေက "အားလုံးသတိထားကြပါ"ဆိုတဲ့ အသံကို ထုတ်လွှင့်ခဲ့ကြောင်းသိရသည်။အဲဒီစမ်းသပ်လေ့ကျင့်မှုဟာ သတိပေးစနစ်တွေကို စစ်ဆေးဖို့၊သတိပေးစနစ်တွေကိုစတင်ဖို့ တာဝန်ရှိသူတွေရဲ့ အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့နဲ့ အများပြည်သူတွေရဲ့သတိထားမှုတွေကို မြှင့်တင်ပေးနိုင်ဖို့ဖြစ်တယ်လို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အရာအားလုံးက စီစဉ်ထားတဲ့အတိုင်းဖြစ်ခဲ့တယ်လို့လည်း အရေးပေါ်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ရုရှားအစိုးရဟာ ၂၀၂၀ ခုနှစ်မှာ အရေးပေါ်အများပြည်သူစနစ်တွေ စမ်းသပ်မှုကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး လေ့ကျင့်မှုအကြိမ်ရေဟာ ပြီးခဲ့တဲ့နှစ်ကနေစတင်ပြီး နှစ်ဆတိုးလာခဲ့တယ်လို့လည်း သိရပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားနေတာဟာ အချိန်(၂)နှစ်ကျော်ထိ ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ယခုအချိန်အထိ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရယူနိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ဆောင်ခဲ့တဲ့ နျူကလီးယား လက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုဟာ ရုရှားကိုတိုက်ခိုက်မှုတွေပါဝင်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေရှိလာမယ်ဆိုတဲ့အချက်ကို အနောက်အုပ်စုနိုင်ငံတွေအား သတိပေးတဲ့အနေနဲ့ အချက်ပြတာမျိုးဖြစ်တယ်လို့ ရုရှားအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားကို ပုံမှန်အသုံးပြုနေကျ ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့မယ်ဆိုရင်တောင် နျူကလီးယားလက်နက်တွေကို ရုရှားက အသုံးပြုနိုင်တယ်လို့ သမ္မတပူတင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ရုရှားအပေါ်တိုက်ခိုက်မှုမှန်သမျှကို နျူကလီးယားလက်နက် အသုံးပြုထားတဲ့ ပူးတွဲတိုက်ခိုက်မှုအဖြစ် ထည့်သွင်းစဉ်းစား သွားမှာဖြစ်တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။

zawgyi version
ႏိုင္ငံတစ္ဝန္းအေရးေပၚအမ်ားျပည္သူသတိေပးစနစ္ စမ္းသပ္ေလ့က်င့္မႈေတြကို ႐ုရွားအစိုးရလုပ္ေဆာင္
Pika (NP News) - ေအာက္တိုဘာ ၂

႐ုရွားႏိုင္ငံဟာ ၎ရဲ႕အေရးေပၚအမ်ားျပည္သူသတိေပးစနစ္ေတြ စမ္းသပ္မႈကို ေအာက္တိုဘာလ(၂)ရက္ေန႔မွာ လုပ္ေဆာင္ခဲ့တယ္လို႔သိရပါတယ္။႐ုရွားနဲ႔ယူကရိန္းၾကား စစ္ပြဲျဖစ္ပြားမႈျမင့္တက္ေနတဲ့အခ်ိန္မွာ ႐ုရွားက ဒီလိုစမ္းသပ္မႈေတြကို လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

ေအာက္တိုဘာလ(၂)ရက္ေန႔ နံနက္(၁၀)နာရီခြဲအခ်ိန္ေလာက္မွာ ဥဩသံ ေတြက အခ်ိန္(၁)မိနစ္ေလာက္ၾကာေအာင္ အသံျမည္ခဲ့ၿပီး အသံခ်ဲ႕စက္ေတြက "အားလုံးသတိထားၾကပါ"ဆိုတဲ့ အသံကို ထုတ္လႊင့္ခဲ့ေၾကာင္းသိရသည္။အဲဒီစမ္းသပ္ေလ့က်င့္မႈဟာ သတိေပးစနစ္ေတြကို စစ္ေဆးဖို႔၊သတိေပးစနစ္ေတြကိုစတင္ဖို႔ တာဝန္ရွိသူေတြရဲ႕ အဆင္သင့္ျဖစ္မႈကို စမ္းသပ္ဖို႔နဲ႔ အမ်ားျပည္သူေတြရဲ႕သတိထားမႈေတြကို ျမႇင့္တင္ေပးႏိုင္ဖို႔ျဖစ္တယ္လို႔ ႐ုရွားအေရးေပၚဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အရာအားလုံးက စီစဥ္ထားတဲ့အတိုင္းျဖစ္ခဲ့တယ္လို႔လည္း အေရးေပၚဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။ ႐ုရွားအစိုးရဟာ ၂၀၂၀ ခုႏွစ္မွာ အေရးေပၚအမ်ားျပည္သူစနစ္ေတြ စမ္းသပ္မႈကို စတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေလ့က်င့္မႈအႀကိမ္ေရဟာ ၿပီးခဲ့တဲ့ႏွစ္ကေနစတင္ၿပီး ႏွစ္ဆတိုးလာခဲ့တယ္လို႔လည္း သိရပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားေနတာဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ထိ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ယခုအခ်ိန္အထိ ႏွစ္ဘက္စလုံးက ၿငိမ္းခ်မ္းေရးအတြက္ သေဘာတူညီခ်က္ရယူႏိုင္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းက လုပ္ေဆာင္ခဲ့တဲ့ န်ဴကလီးယား လက္နက္မူဝါဒဆိုင္ရာေျပာင္းလဲမႈဟာ ႐ုရွားကိုတိုက္ခိုက္မႈေတြပါဝင္ခဲ့မယ္ဆိုရင္ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြရွိလာမယ္ဆိုတဲ့အခ်က္ကို အေနာက္အုပ္စုႏိုင္ငံေတြအား သတိေပးတဲ့အေနနဲ႔ အခ်က္ျပတာမ်ိဳးျဖစ္တယ္လို႔ ႐ုရွားအစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ႐ုရွားကို ပုံမွန္အသုံးျပဳေနက် ဒုံးက်ည္ေတြနဲ႔တိုက္ခိုက္ခဲ့မယ္ဆိုရင္ေတာင္ န်ဴကလီးယားလက္နက္ေတြကို ႐ုရွားက အသုံးျပဳႏိုင္တယ္လို႔ သမၼတပူတင္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ ႐ုရွားအေပၚတိုက္ခိုက္မႈမွန္သမွ်ကို န်ဴကလီးယားလက္နက္ အသုံးျပဳထားတဲ့ ပူးတြဲတိုက္ခိုက္မႈအျဖစ္ ထည့္သြင္းစဥ္းစား သြားမွာျဖစ္တယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.