အရှေ့အလယ်ပိုင်းဒေသမှာ မြင့်တက်လာနေတဲ့တင်းမာမှုတွေကို သံတမန်ရေးနည်းလမ်းနဲ့ဖြေရှင်းကြဖို့ G7 အဖွဲ့တိုက်တွန်း

 268

Pika (NP News) - အောက်တိုဘာ ၃

အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို သံတမန်ရေးနည်းလမ်းတွေနဲ့ဖြေရှင်းဖို့ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အရှေ့အလယ်ပိုင်းဒေသမှာ ပိုမိုကျယ်ပြန့်လာနိုင်ခြေရှိတဲ့ဒေသတွင်းပဋိပက္ခဟာ ဘယ်နိုင်ငံ အတွက်မှ အကျိုးမရှိဘူးလို့လည်း ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့စစ်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်မှုတွေမြင့်တက်နေတဲ့အချိန်မှာပဲ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် G7 အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
အစ္စရေးကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့လုပ်ရပ်ကို G7 အဖွဲ့က ပြစ်တင်ရှုတ်ချခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေလျှော့ချဖို့အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ တယ်လို့လည်း သိရပါတယ်။

ထုတ်ပြန်ချက်မှာ "ပြီးခဲ့တဲ့နာရီပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာ တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒေသတွင်းမှာ ကျယ်ပြန့်လာနိုင်ခြေရှိတဲ့ပဋိပက္ခဟာ ဘယ်နိုင်ငံအတွက်မှ အကျိုးမရှိပါဘူး။ ဒီပဋိပက္ခတွေအတွက် သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းချက် တစ်ခုက ယခုအချိန်အထိ ဖြစ်နိုင်ပါသေးတယ်" လို့ ပြောခဲ့ပါတယ်။

အစ္စရေးကို အီရန်က ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ လက်ခံနိုင်စရာကိစ္စတစ်ခုမဟုတ်ဘူးလို့ ဂျပန် အစိုးရက အောက်တိုဘာလ(၂)ရက်မှာ ပြစ်တင်ရှုတ်ချပြောဆိုခဲ့ပါတယ်။ ပြီးတော့ အီရန်ရဲ့ဒုံးကျည် အစင်းရေ (၂၀၀) ကျော်ကို အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေရဲ့ကြားဖြတ်ဟန့်တားမှုတွေ မှာ အမေရိကန်ရေတပ်ဖျက်သင်္ဘောက တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီပေးခဲ့တယ်လို့ အမေရိကန်အစိုးရက အတည်ပြုခဲ့ပါတယ်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းေဒသမွာ ျမင့္တက္လာေနတဲ့တင္းမာမႈေတြကို သံတမန္ေရးနည္းလမ္းနဲ႔ေျဖရွင္းၾကဖို႔ G7 အဖြဲ႕တိုက္တြန္း
Pika (NP News) - ေအာက္တိုဘာ ၃

အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ပဋိပကၡေတြကို သံတမန္ေရးနည္းလမ္းေတြနဲ႔ေျဖရွင္းဖို႔ G7 အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အေရွ႕အလယ္ပိုင္းေဒသမွာ ပိုမိုက်ယ္ျပန႔္လာႏိုင္ေျခရွိတဲ့ေဒသတြင္းပဋိပကၡဟာ ဘယ္ႏိုင္ငံ အတြက္မွ အက်ိဳးမရွိဘူးလို႔လည္း ၎တို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔လည္း ၎တို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန႔္တဲ့စစ္ပြဲျဖစ္ပြားလာမွာကို စိုးရိမ္မႈေတြျမင့္တက္ေနတဲ့အခ်ိန္မွာပဲ အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ G7 အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
အစၥေရးကို ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့ အီရန္ရဲ႕လုပ္ရပ္ကို G7 အဖြဲ႕က ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြေလွ်ာ့ခ်ဖို႔အတြက္ ပူးေပါင္းလုပ္ေဆာင္ၾကဖို႔ သေဘာတူညီခဲ့ တယ္လို႔လည္း သိရပါတယ္။

ထုတ္ျပန္ခ်က္မွာ "ၿပီးခဲ့တဲ့နာရီပိုင္းအတြင္း အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြ ပိုမိုျမင့္တက္လာ တာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ စိုးရိမ္မိပါတယ္။ ေဒသတြင္းမွာ က်ယ္ျပန႔္လာႏိုင္ေျခရွိတဲ့ပဋိပကၡဟာ ဘယ္ႏိုင္ငံအတြက္မွ အက်ိဳးမရွိပါဘူး။ ဒီပဋိပကၡေတြအတြက္ သံတမန္ေရးနည္းလမ္းအရ ေျဖရွင္းခ်က္ တစ္ခုက ယခုအခ်ိန္အထိ ျဖစ္ႏိုင္ပါေသးတယ္" လို႔ ေျပာခဲ့ပါတယ္။

အစၥေရးကို အီရန္က ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈဟာ လက္ခံႏိုင္စရာကိစၥတစ္ခုမဟုတ္ဘူးလို႔ ဂ်ပန္အစိုးရက ေအာက္တိုဘာလ(၂)ရက္မွာ ျပစ္တင္ရႈတ္ခ်ေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ အီရန္ရဲ႕ဒုံးက်ည္အစင္းေရ (၂၀၀) ေက်ာ္ကို အစၥေရးေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြရဲ႕ၾကားျဖတ္ဟန႔္တားမႈေတြမွာ အေမရိကန္ေရတပ္ဖ်က္သေဘၤာက တစ္စိတ္တစ္ပိုင္း ပါဝင္ကူညီေပးခဲ့တယ္လို႔ အေမရိကန္အစိုးရက အတည္ျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.