ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)

 140

ဒေါက်တာအေးမောင် (NP News) - အောက်တိုဘာ ၃

နိုင်ငံရေးပြဿနာသည် နိုင်ငံ့အကျပ်အတည်း
အားလုံး၏ အခြေခံဖြစ်၏
၁။ - နိုင်ငံရေးကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ကြတယ်။
- နိုင်ငံရေးကြောင့် အချင်းချင်းစစ်ခင်းခဲ့ကြရတယ်။
- နိုင်ငံရေးကြောင့် တည်ငြိမ်မှုပျက်ပြား ဆင်းရဲ တွင်းနက်ခဲ့ရတယ်။
- နိုင်ငံရေးကြောင့် စစ်ဘက်က ကြားညပ်ခဲ့ရတယ်။
- နိုင်ငံရေးကြောင့် နိုင်ငံတကာအလယ်မှာ ဓားမ နောက်ပိတ်ခွေး ဖြစ်ကြရပြီ။
- တို့ရဲ့နိုင်ငံရေးဇာတ်ခုံကြီး အထိုင်မှားနေပြီ။
မောင်ကောင်းရိပ်
(၉-၉-၂၀၂၄) Facebook မှ ကူးယူပါသည်။

အထက်ပါ မောင်ကောင်းရိပ်အမည်ခံ ကျွန်တော်လေးစားအားကျရသော မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာ ရေး သုံးသပ်ချက်စာအုပ်များရေးသားသည့် ဆရာဇော်၏ကောက်နုတ်ချက်ကိုအခြေပြုလျက် တစ်ဆို့နေသည့် မြန်မာ့ နိုင်ငံ ရေးထွက်ပေါက်ကို ကူညီအဖြေရှာကြည့်ရန် ရည်သန်မိ၊ ဆန္ဒဖြစ်ပေါ် မိရပါ၏။ သို့ဖြင့် ဤဆောင်းပါးကို ရေး ဖြစ်၏။
ကျွန်ုပ်တို့သည် စစ်နွံ၌ နစ်ဆဲ၊ နိုင်ငံရေးနွံတွင်းသို့ တိုးဝင်ဆဲဖြစ်၏။

၂။ ကျွန်ုပ်တို့၏ မြန်မာ့နိုင်ငံရေးသည် ဖြောင့်စင်းခြင်းမရှိ၊ ကွေ့ကောက်၏။ နည်းတူ ရှုပ်ထွေး၏။ ကွေ့ကောက် ရှုပ်ထွေးနေဆဲလည်းဖြစ်၏။ ပဋိပက္ခ၏ အဓိကဇာစ်မြစ် ပြဿနာတစ်ရပ်ကို ဖြေရှင်းနေကြဆဲကာလ၌ပင် အခြားပြဿ နာတစ်ရပ်သည်(သို့တည်းမဟုတ်)ပြဿနာမျိုးစုံသည် စုပြုံဝင်လာတတ်၏။ အဖြေရနိုင်သည့် နည်းလမ်းပေါင်းစုံ၊ ဖြေရှင်းပေးမှုမျိုးစုံဖြင့် ကာလရှည်ကြိုးစားခဲ့ကြ၏။ ကြိုးစားနေကြ ရဆဲလည်းဖြစ်၏။ အဖြေရှာမတွေ့သေးသကဲ့ကို့ အဖြေရနိုင်မည့် နည်းလမ်းသစ်ကိုလည်း မည်သူမျှ မဖောက်ရဲကြသည်ကိုတွေ့ကြရ၏။ ကျွန်ုပ်တို့၏ ဇာတ်ခုံကြီး အထိုင်မှားနေ ပြီလားဟု မည်သူမျှ မဝေဖန်၊ မထောက်ပြရဲသည်ကို တွေ့ခဲ့ကြရ၏။

ပြည်ထောင်စုပဋိပက္ခ၏ အဓိကဇာစ်မြစ်ပြဿနာ ဖြေရှင်းရေးသည် အတ္တအခြေပြုကြသဖြင့် ခရီး‌ရောက်သင့် သလောက်မရောက်ခဲ့သလို ခရီးပေါက် သင့်သလောက် မပေါက်သည်ကိုလည်း ကျွန်ုပ်တို့ တွေ့ကြရ ကြုံကြရပြီဖြစ်၏။ ဆရာမောင်ကောင်းရိပ်သည် အထက်ရည်ညွှန်း (၅)ချက်အပေါ် သုံးသပ်ပြီး၊ နိုင်ငံရေးဇာတ်ခုံကြီး အထိုင်မှားနေပြီဟု ကောက်ချက်ပြု၏။ အမြင်တူ၏။ ယူဆချက်ထပ်တူကျ၏။

မြန်မာလူထုသည် ပြည်တွင်းစစ်သံသရာက ရုန်းထွက်လိုသော်လည်း ရုန်းထွက်မရဘဲ နိုင်ငံတော်နှင့်အတူ ပြည်တွင်းစစ်နွံထဲ၌ နစ်မြဲ နှစ်မြှုပ်ခြင်းခံနေကြရ၏၊ နှစ်သတ်ခြင်း ခံနေကြရ၏။ နည်းတူ နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့ တို့သည်လည်း ပြည်တွင်းစစ်နွံထဲ၌ နစ်မြဲနစ်ဆဲဖြစ်၏။ တော်လှန်ရေးဟုအမည်တွင်သည့် နိုင်ငံရေးနွံထဲ၌လည်း ကျွံမြဲ ကျွံဝင်နေကြ ရဆဲဖြစ်၏။
နိုင်ငံရေးပြဿနာကိုအဖြေရှာကြရန် လက်နက်ကိုင်လာကြသည့်တပ်ဖွဲ့အသီးသီးသည် သူတို့၏ တော်လှန်ရေး အမည်ခံသမိုင်းရှည်ကြီး၌ အမျိုးသားလွတ်မြောက်ရေးကြွေးကြော်ကြရင်း အဆုံးမဲ့ခရီးရှည်ကြီးကို ချီတက်မြဲချီ တက်ဖြစ် ကြသလို ခရီးနှင်မြဲ နှင်နေကြ ရဆဲဖြစ်၏။ တော်လှန်ရေးသမားဘဝဖြင့် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကျင်လည်မြဲ ကျင်လည်နေကြ ရဆဲလည်း ဖြစ်၏။

နည်းတူ မြန်မာ့တပ်မတော်သည်လည်း ပြည်ထောင်စုမပြိုကွဲအောင်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ အောင် နိုင်ငံတော်အား အသက်ပေါင်း မြောက်မြားစွာပေးပြီး ကာကွယ်ကြရင်း “ပြည်ထောင် စုမှခွဲမထွက်ပါ”ဟူသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ‘‘ကတိကို မရမချင်း” နိုင်ငံရေးနွံထဲ၌ နစ်မြဲနစ်နေကြရမည်ဖြစ်သည့် ရပ်တည် ချက်အမှန်ကို ကျွန်ုပ်တို့နားလည်အပ်၏။ သဘောလည်းပေါက် သင့်ပေ၏။
ပြည်သူ့ဘဝ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေရပါသည်ဟူသော ရည်òန်းခံပြည်သူလူထုတို့၏ ဘဝအစစ် အမှန်မှာလည်း ကျွန်ုပ်တို့၏ လွတ်လပ်မှုသမိုင်းတစ်လျှောက်လုံး ပြည်တွင်းစစ်နွံထဲ၌ နင်းခြေခံ မြေစာပင်ဘဝဖြင့်သာ ရှင်သန်နေခဲ့ကြရသလို ရှင်သန်နေရဆဲလည်း ဖြစ်၏။ မြန်မာ့နိုင်ငံရေး၌ အဓိကဖြစ်သော အချင်းချင်း စစ်ခင်းနေ ကြရသည့် လက်နက်ကိုင်ပြဿနာသည် (တစ်နည်း) ပြည်တွင်း စစ်ပြဿနာသည် တိုင်းရင်းသားများ၏ နိုင်ငံရေးရ ပိုင်ခွင့်များကို မညီမမျှ ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် ပဋိညာဉ်ပြုထားခြင်းကြောင့်ဖြစ်၏။

ထို့ကြောင့် တိုင်းရင်းသားများက တိုင်းရင်းသားများ၏ တန်းတူညီမျှမှုအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်မည်သော အခြေခံဥပဒေအရ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင် တော်လှန်ပုန် ကန်ကြရခြင်းဖြစ်၏။ တစ်နည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်၏။ သို့ဖြင့် ယနေ့လက်နက်ကိုင်ပြဿ နာသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာပြဿနာဖြစ်၏။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ဖြေရှင်းကြရမည်ဖြစ်၏။ ဖြေရှင်းက အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းများ၏။
နစက၏ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ မြင်သာသည့်ထွက်ပေါက်ဖြစ်၏။

၃။ နစကသည် သူ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် ပထမဆုံးအချက်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပပေးခြင်းနှင့် နောက်ဆုံးအချက်တွင် ရွေးကောက်ပွဲဖြင့် ပေါ်ထွန်းလာမည့်အစိုးရအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ကတိပြုထား၏။ ယင်းသည် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်၏ အနှစ်သာရလည်းဖြစ်၏။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်လည်းဖြစ်၏။ အိမ်နီးချင်းနိုင်ငံ ကြီးများကလည်း နစက၏ အခြေခံဥပဒေအရ ဆောင်ရွက်မှုများကို အသိအမှတ်ပြုကြိုဆိုကြ၏။ အားပေးကူညီမည်ဟု လည်းကတိပြုထားကြ၏။

နစကသည် (၂၀၂၅) ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုကျင်းပပေးမည်ဟု ကတိပြုပြော ကြားထားပြီးဖြစ်၏။ UEC သည်လည်း အခြေခံဥပဒေအရသင့်တော်သည့် ရွေးကောက်ပွဲစနစ်ဖြင့် တရားမျှတ လွတ်လပ် သည့် ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု အာမခံထား၏။ ရွေးကောက်ပွဲဥပဒေ (၃) ရပ်ကိုလည်း နစကထံ တင်ပြ ထားဆဲဖြစ်၏။
FPTP လား PR လားသည် အခြေခံဥပဒေ၏ ပေးထားချက်အပေါ် အခြေခံကာ နစကသည် သမိုင်းတွင်မည့် အဖြေကို ပေးအပ်ရတော့မည်ဖြစ်၏။ နိုင်ငံရေးပါတီများဘက်ကလည်း ပါဝင်ယှဉ်ပြိုင်ကြရန် အဆင်သင့် ပြင်ဆင်ထား ကြသည်ဟုသိရ၏။ မကြာမီ ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနှင့်အတူ ခိုင်မာတိကျသည့် မဲစာရင်းသည် လည်းပေါ် ထွန်းလာတော့မည်ဖြစ်၏။

မြန်မာ့လွတ်လပ်ရေးခေတ်ဦးကာလက ဖဆပ လအစိုးရကဲ့သို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး ကို အကြိမ်ကြိမ် ကျင်းပပေးကြရဖွယ်လည်းရှိ၏။ မည်သို့ပင်ဆိုပါစေ လာမည့် (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အလွန်ကာလ၌ ရွေးကောက်ခံအစိုးရတစ်ရပ်သည် ပေါ်ထွန်းလာတော့မည် ဖြစ်၏။

ရွေးကောက်ပွဲအလွန် အစိုးရ
၄။ လက်ရှိနိုင်ငံရေး စစ်ရေးအကျပ်အတည်းအရ ရွေးကောက်ပွဲအလွန်၌ပေါ်ထွန်းလာမည့်အစိုးရ၏တာ ဝန်သည် အလွန်အရေးပါ၏။ အဆိုပါအစိုးရသည် လက်ရှိနစကအစိုးရ၏ အမွေခံအစိုးရဖြစ်ရာ (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံခြားရေးအပါအဝင် ကဏ္ဍအားလုံး၏ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဆက်စပ်နေမည်ဖြစ်၏။ နစကသည် ရွေးကောက်ပွဲ အလွန်၌ပေါ်ထွန်းလာမည့် အစိုးရသစ်ကို ခိုင်မာအား ကောင်းသည့်အစိုးရ ဖြစ်စေလိုပုံရ၏။ လက်ရှိနိုင်ငံ အခြေအနေအရ ခိုင်မာအားကောင်းသည့် အစိုးရတစ် ရပ်ဖြစ်ရန် လည်း အလွန်လိုအပ်မည်ဖြစ်၏။ ပြီးခဲ့သည့် (၂၀၁၀) ပြည့်နှစ်နှင့် (၂၀၁၅) ခုနှစ်တို့တွင်ကျင်းပခဲ့ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၌ USDP သည်လည်းကောင်း၊ NLD သည် လည်းကောင်း သောင်ပြိုကမ်းပြို တစ်ပါတီတည်း အများစုအနိုင်ရရှိခဲ့ကြသဖြင့် မိမိပါတီ၏ အမာခံများ၊ တိုင်းရင်းသားအမတ်များအပေါ် မဏ္ဍိုင်ပြုသည့် ပြည် နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ဖြင့်လည်း ကောင်း၊ ရွေးကောက်ခံ အမတ်အချို့ တတ်သိပညာ ရှင်တို့အပေါ်အခြေပြုပြီး ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့အရပ်ရပ်ကို ဖွဲ့စည်းခြင်းပြုခဲ့ကြ၏။
နည်းတူ ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း အဆင့်ဆင့်တွင်လည်း မိမိပါတီ၏အမာခံများဖြင့် စိတ်ကြိုက်ဖွဲ့စည်း ကာ ခိုင်မာအားကောင်းသည့် အစိုးရအဖြစ် ပုံပေါ်အောင်ကြိုးစားခဲ့ကြသည်ကိုတွေ့ကြရ ၏။ သို့သော် အားကောင်းသည့် အစိုးရတစ်ရပ်အဖြစ် USDP နှင့် NLD တို့ကို ရာနှုန်းပြည့်မတွေ့ခဲ့ရဟု သုံးသပ်၍ရ၏။ USDP အစိုးရလောက် NLD ၏ အစိုးရသည် ကဏ္ဍစုံတွင် မစွမ်းဆောင်နိုင်ခဲ့သည်ကို လည်းတွေ့ခဲ့ကြရ၏။
သို့ဖြင့် NLD သည် (၂၀၂၀) ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအလွန်၌ အစိုးရတစ်ရပ်အဖြစ် ထပ်မံဖွဲ့စည်းခွင့်ရရေး အသည်း အသန် ကြိုးစားအားခဲခဲ့ပုံရ၏။ ဤသို့ဖြင့် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် ပေါ်ပေါက်ခဲ့ရပုံပေါ်၏။

PR စနစ်ဖြင့် အမျိုးသားညီညွတ်ရေး ညွန့်ပေါင်း အစိုးရတစ်ရပ်ပေါ်ထွန်းရန် ရည်သန်ခဲ့ကြခြင်း -
၅။ ဖြစ်စဉ်များအရ USDP သည် (၂၀၁၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ထပ်မံ အနိုင်ရရှိကာ ဒုတိယအကြိမ် အစိုးရဖွဲ့ခွင့်ရရှိရေး အစွမ်းကုန်ပြင်ဆင် ကြိုးပမ်းခဲ့ပုံရသည်ကိုတွေ့ရ၏။ သမိုင်းဝင်ကြိုးပမ်းမှု (၂) ရပ်ကိုတွေ့ရ၏။ ပထမဦးစွာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနည်းလမ်းဖြင့် ပြည်သူ့နှလုံးသားနှင့် ထပ်တူရှိကြောင်း ဖော်ညွှန်းကာ ပါတီကို ပြည်သူလူထုမှ ထောက်ခံမှုရရှိရေး ကြိုးပမ်းမှုပြု၏။ (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သူမျှ(မည်သည့်အဖွဲ့အစည်းကမှ) မတို့မထိ ရဲသည့်ကာလဖြစ်၏။ RNDP မှ ဒေါက်တာအေးမောင်သည် အခြေခံ ဥပဒေပုဒ်မ (၄၃၅)အရ လွှတ်တော်ကိုယ်စားလှယ် (၂၀)ရာခိုင်နှုန်း လက်မှတ်ဖြင့် အခြေခံဥပဒေမှ ပုဒ်မတစ်ခုကို ပြင်ဆင်ရေး ကြိုးပမ်းနေစဉ်ဖြစ်၏။ လိုအပ်သည့် လွှတ်တော်ကိုယ်စားလှယ် (၂၀%)ဖြစ်သော (၁၂၀)ဦးကျော်အနက် (၇၅ %) ဖြစ်သည့် (၉၇)ဦး၏ လက်မှတ်ရရှိထားပြီး USDP က ဒေါက်တာညီညီထွန်းသို့ လက်မှတ်ထိုးရန်ပေးပို့ ထားစဉ်ကာလ ၌ဖြစ်၏။ အဆိုပါပုဒ်မကို ပြင်ဆင်သင့်၊ ဖြည့်စွက်သင့်ကြောင်း ဒေါက်တာအေးမောင်သို့ ကနဦးအကြံပြုသူမှာ သမ္မတရုံး ဝန်ကြီးဦးစိုးသိန်းဖြစ်၏။

USDP သည် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တခြားပါတီမှ ပြင်ဆင်‌ရေးအဆို တင်သွင်း ခြင်းမပြုနိုင်မီ မိမိပါတီက လက်ဦးမှုရယူပြီး လွှတ်တော်ကိုယ်စားလှယ် (၂၀%) ကျော်ဖြင့် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခု လုံး ပြင်ဆင်ရေး အဆိုတင်သွင်းကာ ပြင်ဆင်ရန်ကြိုးပမ်းခြင်းနည်းလမ်းဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံမှု ပိုမို ရရှိကာ (၂၀၁၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကို အနိုင်ရရှိရေး ကြိုးပမ်းခဲ့သည့် သမိုင်းဝင်ဖြစ်စဉ်ကို ဦးဆောင်ခဲ့သည်ကိုတွေ့ရ၏။
နည်းတူ ဒုတိယကြိုးပမ်းမှုဖြစ်သော (၂၀၁၅)ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပရန် စနစ်တကျတစ်ဆင့်ချင်း ချဉ်းကပ်မှုပြုခဲ့သည်ကိုတွေ့ရ၏။ ဦးစွာ UEC သည် ရွေးကောက်ပွဲ စနစ်ပြောင်းလဲ ရေးအတွက် လွှတ်တော် နှစ်ရပ်သို့အဆိုပြုလျက် ရှင်းလင်းတင်ပြခဲ့သည်ကို တွေ့ရ၏။

ထို့နောက် NDF ပါတီ၏ ကြိုတင်ညှိနှိုင်းခဲ့ပုံရသည့် လွှတ်တော်နှစ်ရပ်သို့တင်သွင်းသော PR စနစ် ပြောင်းလဲရေး အဆိုများကို အောင်မြင်ရန် ကြိုးပမ်းခဲ့မှုအဆင့်ဆင့်ကိုလည်း တွေ့ရ၏။ အမျိုးသားလွှတ် တော်ရွေးကောက်ပွဲကို PR စနစ်ဖြင့် ပြောင်းလဲ ကျင်းပသွားရန်အဆိုသည် အမျိုးသားလွှတ်တော်၌ အောင် မြင်သွားသော်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို PR စနစ်ဖြင့် ပြောင်းလဲကျင်းပသွားရန်အဆို၌မူ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးနေကြစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်အရ ရပ်နားခဲ့သည့်ဖြစ်စဉ်ရှိခဲ့၏။ အမျိုးသားလွှတ်တော်၌ အောင်မြင်ခဲ့သည့် PR စနစ် ပြောင်းလဲရေးအဆိုသည်လည်း ပြည်ထောင်စုလွှတ်တော်မှအတည်ပြုခြင်းနှင့် ဥပဒေပြဋ္ဌာန်းခြင်းအဆင့်သို့ မရောက်ခဲ့သည်ကိုတွေ့ရ၏။ အကြောင်းမှာ USDP ၏ ပါတီတွင်း အချင်းချင်း ပွတ်တိုက်မှုဂယက်သည် လွှတ်တော်နှင့် အစိုးရအထိ ရိုက်ခတ်ခဲ့ခြင်းကြောင့်ဖြစ်ပုံရ၏။

အကယ်၍ (၂၀၁၁-၂၀၁၆) ခုနှစ် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလတွင် USDP သည် မိမိ ပါတီတွင်း၌ အစိုးရနှင့်လွှတ်တော်အကြား သဘောထားမကွဲပြားစေရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်အချို့က ကြားဝင်စေ့စပ်ညှိနှိုင်းနိုင်ခဲ့ပါ လျှင် (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ခွင့်ရရေး ကနဦးခြေလှမ်းဖြစ်သည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်၏ ရွေးကောက်ပွဲစနစ်ကို PR စနစ်ဖြင့် ကျင်းပသွားရေး အဆိုနှစ်ရပ်လုံးသည် အောင်မြင်ပြီး လွှတ်တော်၌ အတည်ပြုလျက် ဥပဒေပြဋ္ဌာန်းပြီးဖြစ်ကာ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်သည် PR စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့သည် FPTP စနစ်တို့ဖြင့် လည်းကောင်း၊ (၂၀၁၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို ကျင်းပပေးခဲ့ရဖွယ်ရှိ၏။

နည်းတူ (၂၀၁၆-၂၀၂၁) ခုနှစ် ဒုတိယအကြိမ် လွှတ်တော်၌ ပြည်ထောင်စုအစိုးရအဖွဲ့ကို USDP သည် ဦးဆောင် ဖွဲ့စည်းခွင့် သို့တည်းမဟုတ် အခြားပါတီများနှင့် အမျိုးသားညီညွတ်ရေး ညွန့်ပေါင်းအစိုးရ တစ်ရပ်ကို ဦးဆောင်ဖွဲ့စည်း ခွင့်ရရေးသည် အကောင်အထည်ပေါ်နိုင်ခဲ့မည်ဖြစ်သည်ဟု သုံးသပ်၍ရ၏။ လွှတ်တော်ကိုယ်စားလှယ်(၇၅%)ကို ရွေးကောက်တင်မြှောက်ကြရသည့် လွှတ်တော်နှစ်ရပ်လုံး၌ PR စနစ်ကျင်းပခြင်းဖြင့် ဒုတိယလွှတ်တော် ကိုယ်စား လှယ် အများဆုံးရသည့်ပါတီသည်ပင်လျှင် (၂၅%) ပိုင်ဆိုင်ထားသည့် တပ်မတော်နှင့် ညှိနှိုင်းနိုင်ခဲ့မည်ဆိုပါက အမျိုးသား ညီညွတ်ရေး ညွန့်ပေါင်းအစိုးရ တစ်ရပ်သည် ပေါ်ထွန်းနိုင်ခြေရှိ၏။

ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားချက်ဖြစ်၏။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပြေလည်မှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေး မပြိုကွဲရန်ဦးတည်သည့် ဒို့တာဝန်အရေး(၃)ပါးသည် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခြေခံမူပါ အနှစ်သာရဖြစ်၏။ ရွေးကောက်ပွဲစနစ်ကို စဉ်းစားသုံး သပ်ကြရာ၌ အခြေပြုအပ်သည့် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်လည်းဖြစ်၏။ ဖြစ်ပုံလည်းရ၏။

FPTP လား ၊ PR လား မေးခွန်းများနှင့် (၂၀၂၅) ခုနှစ် ရွေးကောက်ပွဲ -
၆။ နစက ဥက္ကဋ္ဌသည် သူ၏ရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်းသည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတို့တွင် PR စနစ်ကို နိဒါန်းပျိုးခဲ့ပြီး မိတ်ဆက်မှုပြုခဲ့၏။ အဆိုပါ စနစ်၏ အားသာချက်များ၊ ကမ္ဘာအနှံ့တွင် ကျင့်သုံးကြသည့်နိုင်ငံများ၊ ယှဉ်ပြိုင်ဘက် အနိုင်ရပါတီအားလုံးနီးပါး အစိုးရအဖွဲ့အဆင့်ဆင့်၌ပါဝင်နိုင်သည့် အခွင့်အရေး၊ မဲတစ်ပြားမဆုံးရှုံး စေနိုင် မည့် မဲဆန္ဒရှင်များ၏ ရပိုင်ခွင့်ပြည့်ဝစေသည့် အားသာချက်တို့ဖြင့် အားလုံးပါဝင်သော တည်ငြိမ်သည့်အစိုးရ တစ်ရပ် သည် လူမျိုးစုံဖြင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် လိုအပ်ပုံကိုညွှန်းဆိုလျက် အစိုးရ သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံတို့က လူထုသို့ အသိပညာပေးတင်ပြခြင်းများပြု၏။

UEC သည်လည်း သတင်းစာရှင်းလင်းပွဲပါ ဆွေးနွေးချက်များဖြင့်လည်းကောင်း၊ e-voting machine ကိုမိတ် ဆက်ခြင်း၊ မဲပေးပုံအဆင့်ဆင့်မှ စပြီးစမ်းသပ်နယ်မြေ ဝန်ကြီးဌာနများပါမကျန် သရုပ်ပြလေ့ကျင့်မှုတို့ဖြင့်လည်း ကောင်း၊ လာမည့်ရွေး ကောက်ပွဲသည် PR စနစ်သို့ဦးတည်သည့် မိတ်ဆက် ပေးမှုများကိုသာတွေ့ရ၏။ Closed list PR ဟု လည်းညွှန်းဆိုခဲ့ကြ၏။ ထို့ပြင် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မည်သည့်ရွေးကောက်ပွဲစနစ်ဖြင့် ကျင်း ပရမည်ဟု တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိဟုလည်းကောင်း၊ အခြေခံဥပဒေဆိုင်ရာခုံရုံးမှလည်း PR စနစ်ကို အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်အရ ကန့်ကွက်ရန်မရှိဟုလည်းကောင်း၊ နစက၏ အုပ်ချုပ်ရေး ကာလအစောပိုင်းနှစ်များ၌ ညွှန်းဆိုခဲ့ ကြသည်ကို လည်းတွေ့ရ၏။

ယခုမူ ဆက်စပ်စဉ်းစားစရာများကြားလာရ၏။ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို PR စနစ်ဖြင့်ကျင်းပပေးရန် လွှတ်တော်နှင့် အစိုးရအဆက်ဆက်သည် ရွေးကောက်ပွဲ ဥပဒေ(၃)ရပ်ကို လွှတ်တော်၌ အတည်ပြုပေးခဲ့ခြင်း မရှိခဲ့ဟုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲကို PR စနစ်ဖြင့်ကျင်းပရန် အဆိုတင် သွင်းရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် PR စနစ်နှင့် အခြေခံဥပဒေပါပြဋ္ဌာန်းချက် မကိုက်ညီ ဟုဆုံးဖြတ်ထား ခဲ့သည်ဟုလည်းကောင်း၊ ထူးဆန်းစွာ ဖြင့် ကြားရစပြုလာသည်ကို တွေ့လာရ၏။

သို့ဖြင့် (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် PR စနစ်ဖြင့် ကျင်းပသွားရန်မှာ သေချာသွားပြီလားဟု မေးမြန်းရန်လိုအပ်လာ၏။ PR စနစ်အစား ယခင်အစဉ်တစိုက်ကျင်းပလာခဲ့သည့် နိုင်သူအကုန်ယူ စနစ် FPTP ဖြင့်သာ ကျင်းပဖြစ်ခဲ့ပါလျှင်၊ နစကသည် လာမည့်ကာလ အစိုးရတစ် ရပ်အပေါ် တစ်ပါတီတည်းက အစိုးရဖွဲ့ စေမည့် ခိုင်မာအားကောင်းသောအစိုးရတစ်ရပ် ဖြစ်ထွန်းစေလို သည့်ဆန္ဒရှိသည်ဟု ရှုမြင်သုံးသပ်ကြမည်ဖြစ်၏။

အကြောင်းမှာ ‘‘ရွေးကောက်ပွဲစနစ်တစ်ရပ်သည် ပေါ်ထွန်းလာမည့်အစိုးရတစ်ရပ်၏ အနေအထားကို အဆုံး အဖြတ်ပြုနိုင်စွမ်းရှိသည်ကို ပြီးခဲ့ သည့် (၂၀၁၀) နှင့် (၂၀၁၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများက သက်သေပြခဲ့ပြီး ဖြစ်၍ဖြစ်၏။”

အစိုးရတစ်ရပ်၏ ခိုင်မာအားကောင်းမှုသည် အနိုင်ရတစ်ပါတီတည်းက အရောင်အသွေးစုံ၊ အရည်အချင်းစုံတို့ ပါဝင်အောင် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်သော်လည်း ‘‘နိုင်ငံ၏လိုအပ်ချက်အရ ပိုမိုအားကောင်းသည့်အစိုးရတစ်ရပ် ဖြစ်စေလိုလျှင်မူ လက်ရှိနိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းကို ကျော်လွှာနိုင်ရန် အခြေပြုလျက် မတူကွဲပြားသည့် တိုင်း ရင်းသားများ၏ အယူအဆများ၊ မျှော်လင့်ချက်များကို အကောင်အထည်ဖော်ပေးနိုင်ရန်နှင့် မျှော်လင့်ချက် များမပျောက် ပျက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ဆုံး အပေါ်အခြေပြုလျက် ပြည်သူယုံကြည်ရဆုံး အစိုးရ တစ်ရပ်အဖြစ် ပုံဖော်ဖွဲ့စည်း ခြင်းမျိုးဖြင့်သာ ရရှိနိုင်မည်”ဟု ယူဆသုံးသပ်မိရပါ၏။

ရွေးကောက်ပွဲအလွန်
အစိုးရရင်ဆိုင်ရမည့် ပြည်တွင်းစစ်၏
အဓိကကိစ္စရပ်ကြီး (၂)ခု
၇။ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲသည် နစက က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ (ကာ/လုံ) သို့ အာဏာလွှဲပြောင်း ပေးအပ်သည့်နေ့ရက်မှစ၍ (၆) လအတွင်း (ကာ/လုံ) မှတာဝန်ပေး အပ်သည့် အစိုးရက ကျင်းပပေးရမည်ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံအစိုးရသစ်တစ်ရပ်သည် ပေါ်ထွန်းလာတော့မည်ဖြစ်၏။

အဆိုပါ အစိုးရသစ်သည် နစက ရင်ဆိုင်ကြုံ တွေ့နေရသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သံတမန် ရေးဆိုင်ရာများကို အရှိအတိုင်း အမွေခံကြရမည် ဖြစ်၏။ နိုင်ငံရေး၊ စစ်ရေး တင်းမာမှု အကျပ်အတည်းမှအခြေပြုသည့် နိုင်ငံရေး မတည်ငြိမ်မှု၊ စစ်ရေးအကျပ်အတည်း၊ စီးပွားရေးကျဆင်းမှု နှင့်အတူ ငွေကြေးဖောင်းပွမှု၊ ကုလသမဂ္ဂအပါအဝင် အာဆီယံရေးရာ၏ သံခင်းတမန်ခင်း စစ်မျက်နှာသစ် များတို့ကို ရင်ဆိုင်ကျော်ဖြတ်ကြရမည်ဖြစ်၏။ ယင်း တို့အနက် အဓိကသည် ပြည်တွင်း၌ တည်ငြိမ်သည့် နိုင်ငံရေး အခင်းအကျင်းသစ်ကို ဖော်ဆောင်ရမည် ဖြစ်ရာ ဆက်စပ်သည့် နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းကို ဖြေရှင်းကျော်လွှားရန်သည်လိုအပ်၏။ ရွေးကောက်ပွဲအလွန် အစိုးရရင်ဆိုင် ရမည့် ပြည်တွင်း စစ်၏ အဓိကကိစ္စရပ်ကြီးနှစ်ခု သို့မဟုတ် ပြဿနာကြီး နှစ်ရပ်ကိုတွေ့ရ၏။

(က) NCA ကို ပြန်လှန်သုံးသပ်ခြင်း
အစိုးရသစ်သည် ယခင်အစိုးရအဆက်ဆက်၏ ပြည်တွင်းငြိမ်းချမ်းမှုတည်ဆောက်ရာ၌ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာသည့်နည်းလမ်းဟောင်း NCA သည် လက်ရှိကာလ၌ အလုပ်ဖြစ်မဖြစ် ပြန်လှန် သုံးသပ်ရန်သည် ပထမအရေး ကြီးသည့် ကိစ္စရပ်ကြီး တစ်ခုဖြစ်၏။ NCA သည် (၂၀၁၅) ခုနှစ် အောက်တို ဘာလ (၁၅) ရက်တွင်ချုပ်ဆိုခဲ့ပြီး (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပနည်းအရ ပြင်ဆင်ခြင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေး ရည်မှန်းချက်ကို အဖြေညှိကြရင်း စစ်ရေးအရ သဘောတူညီမှုရရှိစေကာ တပ်မတော်အား တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်အဖြစ် အသွင်ပြောင်းကြရန် DDR နှင့် SSR အား ပူးပေါင်းညှိနှိုင်းဖြေရှင်းကြလျက် ပြည်ထောင်စု တပ်မတော်သစ်တည် ဆောက်ကြရန် ပူးတွဲရည်မှန်းချက်ဖြစ်၏။

(ခ) (၁၉၈၉) ခုနှစ် နဝတ အစိုးရ၏ အထူးဒေသများကို ပြန်လှန်သုံးသပ်ခြင်း
ဒုတိယအရေးကြီးသည့် ကိစ္စရပ်ကြီးတစ်ခုမှာ NCA လမ်းကြောင်းအတိုင်း အတူလိုက်မလာခဲ့ကြ သည့် (၁၉၈၉) ခုနှစ် ဧပြီလအတွင်း နဝတအစိုးရနှင့် လူကြီးလူကောင်းသဘောတူညီချက်ရယူ အပစ်အခတ်ရပ်စဲခဲ့ကြသည့် ရှမ်းမြောက်၊ ရှမ်းအရှေ့၊ ကချင်နှင့်ကယား အခြေပြု လက်နက်ကိုင်အဖွဲ့ အစည်းများ၏ အထူးဒေသအဖြစ်တည်ရှိမှု အနေအထားကို ပြန်လှန်သုံးသပ်ကြရန် လိုအပ်ချက်ဖြစ်၏။

တစ်နည်း အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဦးတည်ချက်များကိုသုံးသပ်ရန်နှင့် တည်ဆဲ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ အဖွဲ့အစည်းများ၏ လက်ရှိတည်ရှိမှုနှင့် အနာဂတ် လားရာအပေါ် ရှုမြင်သုံးသပ်ဆန်း စစ်ခြင်းဖြင့် အဖြေ ရှာကြရန်ဖြစ်သည်ဟု သုံးသပ်မိရပါ၏။
ဆရာမောင်ကောင်းရိပ်၏ အောက်ပါစာစုဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်လိုပါ၏။ နိုင်ငံ့အနာဂတ် အတွက် အဖြေ ထုတ်ကြရာ၌ ဆရာ၏သုံးသပ်ချက် စာစုပါ ကောက်ချက်ကို ဆင်ခြင်သုံးသပ်ပေးကြရန်မူ လိုအပ်မည်ဟု ယုံကြည်ယူဆ မိပါ၏။

- နိုင်ငံရေးအတွက် ပြည်သူ့ဘဝတွေ ချရင်းနေ ခဲ့ကြတယ်။
- ပြည်သူ့ဘဝအတွက် နိုင်ငံရေးဇာတ်ခုံသစ်တစ်ခု မြော်မြင်တည်ဆောက်လိုက်ပါ။
မောင်ကောင်းရိပ်
(၉-၉-၂၀၂၄)
Facebook မှကူးယူပါသည်။

zawgyi version
ေ႐ြးေကာက္ပြဲ အလြန္ ျမန္မာ့ႏိုင္ငံေရး (ေဆာင္းပါး)
ေဒါက္တာေအးေမာင္ (NP News) - ေအာက္တိုဘာ ၃

ႏိုင္ငံေရးျပႆနာသည္ ႏိုင္ငံ့အက်ပ္အတည္း
အားလုံး၏ အေျခခံျဖစ္၏
၁။ - ႏိုင္ငံေရးေၾကာင့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရး ၿပိဳကြဲခဲ့ၾကတယ္။
- ႏိုင္ငံေရးေၾကာင့္ အခ်င္းခ်င္းစစ္ခင္းခဲ့ၾကရတယ္။
- ႏိုင္ငံေရးေၾကာင့္ တည္ၿငိမ္မႈပ်က္ျပား ဆင္းရဲ တြင္းနက္ခဲ့ရတယ္။
- ႏိုင္ငံေရးေၾကာင့္ စစ္ဘက္က ၾကားညပ္ခဲ့ရတယ္။
- ႏိုင္ငံေရးေၾကာင့္ ႏိုင္ငံတကာအလယ္မွာ ဓားမ ေနာက္ပိတ္ေခြး ျဖစ္ၾကရၿပီ။
- တို႔ရဲ႕ႏိုင္ငံေရးဇာတ္ခုံႀကီး အထိုင္မွားေနၿပီ။
ေမာင္ေကာင္းရိပ္
(၉-၉-၂၀၂၄) Facebook မွ ကူးယူပါသည္။

အထက္ပါ ေမာင္ေကာင္းရိပ္အမည္ခံ ကြၽန္ေတာ္ေလးစားအားက်ရေသာ မဟာဗ်ဴဟာႏွင့္ ႏိုင္ငံတကာ ေလ့လာ ေရး သုံးသပ္ခ်က္စာအုပ္မ်ားေရးသားသည့္ ဆရာေဇာ္၏ေကာက္ႏုတ္ခ်က္ကိုအေျချပဳလ်က္ တစ္ဆို႔ေနသည့္ ျမန္မာ့ ႏိုင္ငံ ေရးထြက္ေပါက္ကို ကူညီအေျဖရွာၾကည့္ရန္ ရည္သန္မိ၊ ဆႏၵျဖစ္ေပၚ မိရပါ၏။ သို႔ျဖင့္ ဤေဆာင္းပါးကို ေရး ျဖစ္၏။
ကြၽႏ္ုပ္တို႔သည္ စစ္ႏြံ၌ နစ္ဆဲ၊ ႏိုင္ငံေရးႏြံတြင္းသို႔ တိုးဝင္ဆဲျဖစ္၏။

၂။ ကြၽႏ္ုပ္တို႔၏ ျမန္မာ့ႏိုင္ငံေရးသည္ ေျဖာင့္စင္းျခင္းမရွိ၊ ေကြ႕ေကာက္၏။ နည္းတူ ရႈပ္ေထြး၏။ ေကြ႕ေကာက္ ရႈပ္ေထြးေနဆဲလည္းျဖစ္၏။ ပဋိပကၡ၏ အဓိကဇာစ္ျမစ္ ျပႆနာတစ္ရပ္ကို ေျဖရွင္းေနၾကဆဲကာလ၌ပင္ အျခားျပႆ နာတစ္ရပ္သည္(သို႔တည္းမဟုတ္)ျပႆနာမ်ိဳးစုံသည္ စုၿပဳံဝင္လာတတ္၏။ အေျဖရႏိုင္သည့္ နည္းလမ္းေပါင္းစုံ၊ ေျဖရွင္းေပးမႈမ်ိဳးစုံျဖင့္ ကာလရွည္ႀကိဳးစားခဲ့ၾက၏။ ႀကိဳးစားေနၾက ရဆဲလည္းျဖစ္၏။ အေျဖရွာမေတြ႕ေသးသကဲ့ကို႔ အေျဖရႏိုင္မည့္ နည္းလမ္းသစ္ကိုလည္း မည္သူမွ် မေဖာက္ရဲၾကသည္ကိုေတြ႕ၾကရ၏။ ကြၽႏ္ုပ္တို႔၏ ဇာတ္ခုံႀကီး အထိုင္မွားေန ၿပီလားဟု မည္သူမွ် မေဝဖန္၊ မေထာက္ျပရဲသည္ကို ေတြ႕ခဲ့ၾကရ၏။

ျပည္ေထာင္စုပဋိပကၡ၏ အဓိကဇာစ္ျမစ္ျပႆနာ ေျဖရွင္းေရးသည္ အတၱအေျချပဳၾကသျဖင့္ ခရီး‌ေရာက္သင့္ သေလာက္မေရာက္ခဲ့သလို ခရီးေပါက္ သင့္သေလာက္ မေပါက္သည္ကိုလည္း ကြၽႏ္ုပ္တို႔ ေတြ႕ၾကရ ႀကဳံၾကရၿပီျဖစ္၏။ ဆရာေမာင္ေကာင္းရိပ္သည္ အထက္ရည္ၫႊန္း (၅)ခ်က္အေပၚ သုံးသပ္ၿပီး၊ ႏိုင္ငံေရးဇာတ္ခုံႀကီး အထိုင္မွားေနၿပီဟု ေကာက္ခ်က္ျပဳ၏။ အျမင္တူ၏။ ယူဆခ်က္ထပ္တူက်၏။

ျမန္မာလူထုသည္ ျပည္တြင္းစစ္သံသရာက ႐ုန္းထြက္လိုေသာ္လည္း ႐ုန္းထြက္မရဘဲ ႏိုင္ငံေတာ္ႏွင့္အတူ ျပည္တြင္းစစ္ႏြံထဲ၌ နစ္ၿမဲ ႏွစ္ျမႇဳပ္ျခင္းခံေနၾကရ၏၊ ႏွစ္သတ္ျခင္း ခံေနၾကရ၏။ နည္းတူ ႏွစ္ဖက္ လက္နက္ကိုင္တပ္ဖြဲ႕ တို႔သည္လည္း ျပည္တြင္းစစ္ႏြံထဲ၌ နစ္ၿမဲနစ္ဆဲျဖစ္၏။ ေတာ္လွန္ေရးဟုအမည္တြင္သည့္ ႏိုင္ငံေရးႏြံထဲ၌လည္း ကြၽံၿမဲ ကြၽံဝင္ေနၾက ရဆဲျဖစ္၏။
ႏိုင္ငံေရးျပႆနာကိုအေျဖရွာၾကရန္ လက္နက္ကိုင္လာၾကသည့္တပ္ဖြဲ႕အသီးသီးသည္ သူတို႔၏ ေတာ္လွန္ေရး အမည္ခံသမိုင္းရွည္ႀကီး၌ အမ်ိဳးသားလြတ္ေျမာက္ေရးေႂကြးေၾကာ္ၾကရင္း အဆုံးမဲ့ခရီးရွည္ႀကီးကို ခ်ီတက္ၿမဲခ်ီ တက္ျဖစ္ ၾကသလို ခရီးႏွင္ၿမဲ ႏွင္ေနၾက ရဆဲျဖစ္၏။ ေတာ္လွန္ေရးသမားဘဝျဖင့္ မ်ိဳးဆက္ တစ္ဆက္ၿပီးတစ္ဆက္ က်င္လည္ၿမဲ က်င္လည္ေနၾက ရဆဲလည္း ျဖစ္၏။

နည္းတူ ျမန္မာ့တပ္မေတာ္သည္လည္း ျပည္ေထာင္စုမၿပိဳကြဲေအာင္၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲ ေအာင္ ႏိုင္ငံေတာ္အား အသက္ေပါင္း ေျမာက္ျမားစြာေပးၿပီး ကာကြယ္ၾကရင္း “ျပည္ေထာင္ စုမွခြဲမထြက္ပါ”ဟူသည့္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕မ်ား၏ ‘‘ကတိကို မရမခ်င္း” ႏိုင္ငံေရးႏြံထဲ၌ နစ္ၿမဲနစ္ေနၾကရမည္ျဖစ္သည့္ ရပ္တည္ ခ်က္အမွန္ကို ကြၽႏ္ုပ္တို႔နားလည္အပ္၏။ သေဘာလည္းေပါက္ သင့္ေပ၏။
ျပည္သူ႔ဘဝ လြတ္ေျမာက္ေရးအတြက္ တိုက္ပြဲဝင္ေနရပါသည္ဟူေသာ ရည္òန္းခံျပည္သူလူထုတို႔၏ ဘဝအစစ္ အမွန္မွာလည္း ကြၽႏ္ုပ္တို႔၏ လြတ္လပ္မႈသမိုင္းတစ္ေလွ်ာက္လုံး ျပည္တြင္းစစ္ႏြံထဲ၌ နင္းေျခခံ ေျမစာပင္ဘဝျဖင့္သာ ရွင္သန္ေနခဲ့ၾကရသလို ရွင္သန္ေနရဆဲလည္း ျဖစ္၏။ ျမန္မာ့ႏိုင္ငံေရး၌ အဓိကျဖစ္ေသာ အခ်င္းခ်င္း စစ္ခင္းေန ၾကရသည့္ လက္နက္ကိုင္ျပႆနာသည္ (တစ္နည္း) ျပည္တြင္း စစ္ျပႆနာသည္ တိုင္းရင္းသားမ်ား၏ ႏိုင္ငံေရးရ ပိုင္ခြင့္မ်ားကို မညီမမွ် ဖြဲ႕စည္းပုံအေျခခံဥပေဒအားျဖင့္ ပဋိညာဥ္ျပဳထားျခင္းေၾကာင့္ျဖစ္၏။

ထို႔ေၾကာင့္ တိုင္းရင္းသားမ်ားက တိုင္းရင္းသားမ်ား၏ တန္းတူညီမွ်မႈအခြင့္အေရးႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္၊ ကိုယ္ပိုင္ျပ႒ာန္းပိုင္ခြင့္မည္ေသာ အေျခခံဥပေဒအရ ရပိုင္ခြင့္အတြက္ တိုက္ပြဲဝင္ ေတာ္လွန္ပုန္ ကန္ၾကရျခင္းျဖစ္၏။ တစ္နည္း ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ရပိုင္ခြင့္အတြက္ တိုက္ပြဲဝင္ေနၾကျခင္းျဖစ္၏။ သို႔ျဖင့္ ယေန႔လက္နက္ကိုင္ျပႆ နာသည္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒဆိုင္ရာျပႆနာျဖစ္၏။ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရသာ ေျဖရွင္းၾကရမည္ျဖစ္၏။ ေျဖရွင္းက ေအာင္ျမင္ႏိုင္ေျခ ရာခိုင္ႏႈန္းမ်ား၏။
နစက၏ (၂၀၂၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲသည္ ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္း၏ ျမင္သာသည့္ထြက္ေပါက္ျဖစ္၏။

၃။ နစကသည္ သူ၏ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္အနက္ ပထမဆုံးအခ်က္၌ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ ပြဲက်င္းပေပးျခင္းႏွင့္ ေနာက္ဆုံးအခ်က္တြင္ ေ႐ြးေကာက္ပြဲျဖင့္ ေပၚထြန္းလာမည့္အစိုးရအား ႏိုင္ငံေတာ္အာဏာ လႊဲေျပာင္းေပးမည္ဟု ကတိျပဳထား၏။ ယင္းသည္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခ ခံဥပေဒပါ အေရးေပၚကာလ ျပ႒ာန္းခ်က္၏ အႏွစ္သာရလည္းျဖစ္၏။ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ ေပးထားခ်က္လည္းျဖစ္၏။ အိမ္နီးခ်င္းႏိုင္ငံ ႀကီးမ်ားကလည္း နစက၏ အေျခခံဥပေဒအရ ေဆာင္႐ြက္မႈမ်ားကို အသိအမွတ္ျပဳႀကိဳဆိုၾက၏။ အားေပးကူညီမည္ဟု လည္းကတိျပဳထားၾက၏။

နစကသည္ (၂၀၂၅) ခုႏွစ္တြင္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကိုက်င္းပေပးမည္ဟု ကတိျပဳေျပာ ၾကားထားၿပီးျဖစ္၏။ UEC သည္လည္း အေျခခံဥပေဒအရသင့္ေတာ္သည့္ ေ႐ြးေကာက္ပြဲစနစ္ျဖင့္ တရားမွ်တ လြတ္လပ္ သည့္ ေ႐ြးေကာက္ပြဲကို က်င္းပေပးမည္ဟု အာမခံထား၏။ ေ႐ြးေကာက္ပြဲဥပေဒ (၃) ရပ္ကိုလည္း နစကထံ တင္ျပ ထားဆဲျဖစ္၏။
FPTP လား PR လားသည္ အေျခခံဥပေဒ၏ ေပးထားခ်က္အေပၚ အေျခခံကာ နစကသည္ သမိုင္းတြင္မည့္ အေျဖကို ေပးအပ္ရေတာ့မည္ျဖစ္၏။ ႏိုင္ငံေရးပါတီမ်ားဘက္ကလည္း ပါဝင္ယွဥ္ၿပိဳင္ၾကရန္ အဆင္သင့္ ျပင္ဆင္ထား ၾကသည္ဟုသိရ၏။ မၾကာမီ ေကာက္ယူမည့္ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းႏွင့္အတူ ခိုင္မာတိက်သည့္ မဲစာရင္းသည္ လည္းေပၚ ထြန္းလာေတာ့မည္ျဖစ္၏။

ျမန္မာ့လြတ္လပ္ေရးေခတ္ဦးကာလက ဖဆပ လအစိုးရကဲ့သို႔ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲႀကီး ကို အႀကိမ္ႀကိမ္ က်င္းပေပးၾကရဖြယ္လည္းရွိ၏။ မည္သို႔ပင္ဆိုပါေစ လာမည့္ (၂၀၂၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြ ေထြေ႐ြးေကာက္ပြဲ အလြန္ကာလ၌ ေ႐ြးေကာက္ခံအစိုးရတစ္ရပ္သည္ ေပၚထြန္းလာေတာ့မည္ ျဖစ္၏။

ေ႐ြးေကာက္ပြဲအလြန္ အစိုးရ
၄။ လက္ရွိႏိုင္ငံေရး စစ္ေရးအက်ပ္အတည္းအရ ေ႐ြးေကာက္ပြဲအလြန္၌ေပၚထြန္းလာမည့္အစိုးရ၏တာ ဝန္သည္ အလြန္အေရးပါ၏။ အဆိုပါအစိုးရသည္ လက္ရွိနစကအစိုးရ၏ အေမြခံအစိုးရျဖစ္ရာ (၂၀၂၁) ခုႏွစ္ ေဖေဖၚဝါရီလ (၁) ရက္ေနာက္ပိုင္း ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ ႏိုင္ငံျခားေရးအပါအဝင္ က႑အားလုံး၏ လုပ္ငန္းစဥ္ အဆင့္ဆင့္ႏွင့္ ဆက္စပ္ေနမည္ျဖစ္၏။ နစကသည္ ေ႐ြးေကာက္ပြဲ အလြန္၌ေပၚထြန္းလာမည့္ အစိုးရသစ္ကို ခိုင္မာအား ေကာင္းသည့္အစိုးရ ျဖစ္ေစလိုပုံရ၏။ လက္ရွိႏိုင္ငံ အေျခအေနအရ ခိုင္မာအားေကာင္းသည့္ အစိုးရတစ္ ရပ္ျဖစ္ရန္ လည္း အလြန္လိုအပ္မည္ျဖစ္၏။ ၿပီးခဲ့သည့္ (၂၀၁၀) ျပည့္ႏွစ္ႏွင့္ (၂၀၁၅) ခုႏွစ္တို႔တြင္က်င္းပခဲ့ သည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ား၌ USDP သည္လည္းေကာင္း၊ NLD သည္ လည္းေကာင္း ေသာင္ၿပိဳကမ္းၿပိဳ တစ္ပါတီတည္း အမ်ားစုအႏိုင္ရရွိခဲ့ၾကသျဖင့္ မိမိပါတီ၏ အမာခံမ်ား၊ တိုင္းရင္းသားအမတ္မ်ားအေပၚ မ႑ိဳင္ျပဳသည့္ ျပည္ နယ္၊ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္တို႔ျဖင့္လည္း ေကာင္း၊ ေ႐ြးေကာက္ခံ အမတ္အခ်ိဳ႕ တတ္သိပညာ ရွင္တို႔အေပၚအေျချပဳၿပီး ျပည္နယ္၊ တိုင္းေဒသႀကီး အစိုးရ အဖြဲ႕အရပ္ရပ္ကို ဖြဲ႕စည္းျခင္းျပဳခဲ့ၾက၏။
နည္းတူ ျပည္ေထာင္စုအစိုးရဖြဲ႕စည္းျခင္း အဆင့္ဆင့္တြင္လည္း မိမိပါတီ၏အမာခံမ်ားျဖင့္ စိတ္ႀကိဳက္ဖြဲ႕စည္း ကာ ခိုင္မာအားေကာင္းသည့္ အစိုးရအျဖစ္ ပုံေပၚေအာင္ႀကိဳးစားခဲ့ၾကသည္ကိုေတြ႕ၾကရ ၏။ သို႔ေသာ္ အားေကာင္းသည့္ အစိုးရတစ္ရပ္အျဖစ္ USDP ႏွင့္ NLD တို႔ကို ရာႏႈန္းျပည့္မေတြ႕ခဲ့ရဟု သုံးသပ္၍ရ၏။ USDP အစိုးရေလာက္ NLD ၏ အစိုးရသည္ က႑စုံတြင္ မစြမ္းေဆာင္ႏိုင္ခဲ့သည္ကို လည္းေတြ႕ခဲ့ၾကရ၏။
သို႔ျဖင့္ NLD သည္ (၂၀၂၀) ျပည့္ႏွစ္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြး ေကာက္ပြဲအလြန္၌ အစိုးရတစ္ရပ္အျဖစ္ ထပ္မံဖြဲ႕စည္းခြင့္ရေရး အသည္း အသန္ ႀကိဳးစားအားခဲခဲ့ပုံရ၏။ ဤသို႔ျဖင့္ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ ျဖစ္စဥ္သည္ ေပၚေပါက္ခဲ့ရပုံေပၚ၏။

PR စနစ္ျဖင့္ အမ်ိဳးသားညီၫြတ္ေရး ၫြန႔္ေပါင္း အစိုးရတစ္ရပ္ေပၚထြန္းရန္ ရည္သန္ခဲ့ၾကျခင္း -
၅။ ျဖစ္စဥ္မ်ားအရ USDP သည္ (၂၀၁၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ၌ ထပ္မံ အႏိုင္ရရွိကာ ဒုတိယအႀကိမ္ အစိုးရဖြဲ႕ခြင့္ရရွိေရး အစြမ္းကုန္ျပင္ဆင္ ႀကိဳးပမ္းခဲ့ပုံရသည္ကိုေတြ႕ရ၏။ သမိုင္းဝင္ႀကိဳးပမ္းမႈ (၂) ရပ္ကိုေတြ႕ရ၏။ ပထမဦးစြာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးနည္းလမ္းျဖင့္ ျပည္သူ႔ႏွလုံးသားႏွင့္ ထပ္တူရွိေၾကာင္း ေဖာ္ၫႊန္းကာ ပါတီကို ျပည္သူလူထုမွ ေထာက္ခံမႈရရွိေရး ႀကိဳးပမ္းမႈျပဳ၏။ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို မည္သူမွ်(မည္သည့္အဖြဲ႕အစည္းကမွ) မတို႔မထိ ရဲသည့္ကာလျဖစ္၏။ RNDP မွ ေဒါက္တာေအးေမာင္သည္ အေျခခံ ဥပေဒပုဒ္မ (၄၃၅)အရ လႊတ္ေတာ္ကိုယ္စားလွယ္ (၂၀)ရာခိုင္ႏႈန္း လက္မွတ္ျဖင့္ အေျခခံဥပေဒမွ ပုဒ္မတစ္ခုကို ျပင္ဆင္ေရး ႀကိဳးပမ္းေနစဥ္ျဖစ္၏။ လိုအပ္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ (၂၀%)ျဖစ္ေသာ (၁၂၀)ဦးေက်ာ္အနက္ (၇၅ %) ျဖစ္သည့္ (၉၇)ဦး၏ လက္မွတ္ရရွိထားၿပီး USDP က ေဒါက္တာညီညီထြန္းသို႔ လက္မွတ္ထိုးရန္ေပးပို႔ ထားစဥ္ကာလ ၌ျဖစ္၏။ အဆိုပါပုဒ္မကို ျပင္ဆင္သင့္၊ ျဖည့္စြက္သင့္ေၾကာင္း ေဒါက္တာေအးေမာင္သို႔ ကနဦးအႀကံျပဳသူမွာ သမၼတ႐ုံး ဝန္ႀကီးဦးစိုးသိန္းျဖစ္၏။

USDP သည္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို တျခားပါတီမွ ျပင္ဆင္‌ေရးအဆို တင္သြင္း ျခင္းမျပဳႏိုင္မီ မိမိပါတီက လက္ဦးမႈရယူၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ (၂၀%) ေက်ာ္ျဖင့္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒတစ္ခု လုံး ျပင္ဆင္ေရး အဆိုတင္သြင္းကာ ျပင္ဆင္ရန္ႀကိဳးပမ္းျခင္းနည္းလမ္းျဖင့္ မဲဆႏၵရွင္ျပည္သူမ်ား၏ ေထာက္ခံမႈ ပိုမို ရရွိကာ (၂၀၁၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြ ေထြေ႐ြးေကာက္ပြဲကို အႏိုင္ရရွိေရး ႀကိဳးပမ္းခဲ့သည့္ သမိုင္းဝင္ျဖစ္စဥ္ကို ဦးေဆာင္ခဲ့သည္ကိုေတြ႕ရ၏။
နည္းတူ ဒုတိယႀကိဳးပမ္းမႈျဖစ္ေသာ (၂၀၁၅)ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို PR စနစ္ျဖင့္ က်င္းပရန္ စနစ္တက်တစ္ဆင့္ခ်င္း ခ်ဥ္းကပ္မႈျပဳခဲ့သည္ကိုေတြ႕ရ၏။ ဦးစြာ UEC သည္ ေ႐ြးေကာက္ပြဲ စနစ္ေျပာင္းလဲ ေရးအတြက္ လႊတ္ေတာ္ ႏွစ္ရပ္သို႔အဆိုျပဳလ်က္ ရွင္းလင္းတင္ျပခဲ့သည္ကို ေတြ႕ရ၏။

ထို႔ေနာက္ NDF ပါတီ၏ ႀကိဳတင္ညႇိႏႈိင္းခဲ့ပုံရသည့္ လႊတ္ေတာ္ႏွစ္ရပ္သို႔တင္သြင္းေသာ PR စနစ္ ေျပာင္းလဲေရး အဆိုမ်ားကို ေအာင္ျမင္ရန္ ႀကိဳးပမ္းခဲ့မႈအဆင့္ဆင့္ကိုလည္း ေတြ႕ရ၏။ အမ်ိဳးသားလႊတ္ ေတာ္ေ႐ြးေကာက္ပြဲကို PR စနစ္ျဖင့္ ေျပာင္းလဲ က်င္းပသြားရန္အဆိုသည္ အမ်ိဳးသားလႊတ္ေတာ္၌ ေအာင္ ျမင္သြားေသာ္လည္း ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲကို PR စနစ္ျဖင့္ ေျပာင္းလဲက်င္းပသြားရန္အဆို၌မူ ျပည္သူ႔လႊတ္ေတာ္၌ ေဆြးေႏြးေနၾကစဥ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာခုံ႐ုံး၏ဆုံးျဖတ္ခ်က္အရ ရပ္နားခဲ့သည့္ျဖစ္စဥ္ရွိခဲ့၏။ အမ်ိဳးသားလႊတ္ေတာ္၌ ေအာင္ျမင္ခဲ့သည့္ PR စနစ္ ေျပာင္းလဲေရးအဆိုသည္လည္း ျပည္ေထာင္စုလႊတ္ေတာ္မွအတည္ျပဳျခင္းႏွင့္ ဥပေဒျပ႒ာန္းျခင္းအဆင့္သို႔ မေရာက္ခဲ့သည္ကိုေတြ႕ရ၏။ အေၾကာင္းမွာ USDP ၏ ပါတီတြင္း အခ်င္းခ်င္း ပြတ္တိုက္မႈဂယက္သည္ လႊတ္ေတာ္ႏွင့္ အစိုးရအထိ ႐ိုက္ခတ္ခဲ့ျခင္းေၾကာင့္ျဖစ္ပုံရ၏။

အကယ္၍ (၂၀၁၁-၂၀၁၆) ခုႏွစ္ ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းကာလတြင္ USDP သည္ မိမိ ပါတီတြင္း၌ အစိုးရႏွင့္လႊတ္ေတာ္အၾကား သေဘာထားမကြဲျပားေစရန္ တာဝန္ရွိသည့္ပုဂၢိဳလ္အခ်ိဳ႕က ၾကားဝင္ေစ့စပ္ညႇိႏႈိင္းႏိုင္ခဲ့ပါ လွ်င္ (၂၀၁၅) ခုႏွစ္ ေ႐ြးေကာက္ပြဲအလြန္ အစိုးရဖြဲ႕ခြင့္ရေရး ကနဦးေျခလွမ္းျဖစ္သည့္ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ႏွစ္ရပ္၏ ေ႐ြးေကာက္ပြဲစနစ္ကို PR စနစ္ျဖင့္ က်င္းပသြားေရး အဆိုႏွစ္ရပ္လုံးသည္ ေအာင္ျမင္ၿပီး လႊတ္ေတာ္၌ အတည္ျပဳလ်က္ ဥပေဒျပ႒ာန္းၿပီးျဖစ္ကာ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္သည္ PR စနစ္ျဖင့္ လည္းေကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္တို႔သည္ FPTP စနစ္တို႔ျဖင့္ လည္းေကာင္း၊ (၂၀၁၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲကို က်င္းပေပးခဲ့ရဖြယ္ရွိ၏။

နည္းတူ (၂၀၁၆-၂၀၂၁) ခုႏွစ္ ဒုတိယအႀကိမ္ လႊတ္ေတာ္၌ ျပည္ေထာင္စုအစိုးရအဖြဲ႕ကို USDP သည္ ဦးေဆာင္ ဖြဲ႕စည္းခြင့္ သို႔တည္းမဟုတ္ အျခားပါတီမ်ားႏွင့္ အမ်ိဳးသားညီၫြတ္ေရး ၫြန႔္ေပါင္းအစိုးရ တစ္ရပ္ကို ဦးေဆာင္ဖြဲ႕စည္း ခြင့္ရေရးသည္ အေကာင္အထည္ေပၚႏိုင္ခဲ့မည္ျဖစ္သည္ဟု သုံးသပ္၍ရ၏။ လႊတ္ေတာ္ကိုယ္စားလွယ္(၇၅%)ကို ေ႐ြးေကာက္တင္ေျမႇာက္ၾကရသည့္ လႊတ္ေတာ္ႏွစ္ရပ္လုံး၌ PR စနစ္က်င္းပျခင္းျဖင့္ ဒုတိယလႊတ္ေတာ္ ကိုယ္စား လွယ္ အမ်ားဆုံးရသည့္ပါတီသည္ပင္လွ်င္ (၂၅%) ပိုင္ဆိုင္ထားသည့္ တပ္မေတာ္ႏွင့္ ညႇိႏႈိင္းႏိုင္ခဲ့မည္ဆိုပါက အမ်ိဳးသား ညီၫြတ္ေရး ၫြန႔္ေပါင္းအစိုးရ တစ္ရပ္သည္ ေပၚထြန္းႏိုင္ေျခရွိ၏။

ယင္းသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေပးထားခ်က္ျဖစ္၏။ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရး ေျပလည္မႈႏွင့္ တိုင္းရင္းသားစည္းလုံးညီၫြတ္‌ေရး မၿပိဳကြဲရန္ဦးတည္သည့္ ဒို႔တာဝန္အေရး(၃)ပါးသည္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ၏ အေျခခံမူပါ အႏွစ္သာရျဖစ္၏။ ေ႐ြးေကာက္ပြဲစနစ္ကို စဥ္းစားသုံး သပ္ၾကရာ၌ အေျချပဳအပ္သည့္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ ျပ႒ာန္းခ်က္လည္းျဖစ္၏။ ျဖစ္ပုံလည္းရ၏။

FPTP လား ၊ PR လား ေမးခြန္းမ်ားႏွင့္ (၂၀၂၅) ခုႏွစ္ ေ႐ြးေကာက္ပြဲ -
၆။ နစက ဥကၠ႒သည္ သူ၏ေ႐ြးေကာက္ပြဲစနစ္ႏွင့္ စပ္လ်ဥ္းသည့္ ႏိုင္ငံေတာ္အေျချပမိန႔္ခြန္းတို႔တြင္ PR စနစ္ကို နိဒါန္းပ်ိဳးခဲ့ၿပီး မိတ္ဆက္မႈျပဳခဲ့၏။ အဆိုပါ စနစ္၏ အားသာခ်က္မ်ား၊ ကမာၻအႏွံ႔တြင္ က်င့္သုံးၾကသည့္ႏိုင္ငံမ်ား၊ ယွဥ္ၿပိဳင္ဘက္ အႏိုင္ရပါတီအားလုံးနီးပါး အစိုးရအဖြဲ႕အဆင့္ဆင့္၌ပါဝင္ႏိုင္သည့္ အခြင့္အေရး၊ မဲတစ္ျပားမဆုံးရႈံး ေစႏိုင္ မည့္ မဲဆႏၵရွင္မ်ား၏ ရပိုင္ခြင့္ျပည့္ဝေစသည့္ အားသာခ်က္တို႔ျဖင့္ အားလုံးပါဝင္ေသာ တည္ၿငိမ္သည့္အစိုးရ တစ္ရပ္ သည္ လူမ်ိဳးစုံျဖင့္ ဖြဲ႕စည္းတည္ရွိသည့္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္အတြက္ လိုအပ္ပုံကိုၫႊန္းဆိုလ်က္ အစိုးရ သတင္းစာမ်ားျဖစ္သည့္ ျမန္မာ့အလင္း၊ ေၾကးမုံတို႔က လူထုသို႔ အသိပညာေပးတင္ျပျခင္းမ်ားျပဳ၏။

UEC သည္လည္း သတင္းစာရွင္းလင္းပြဲပါ ေဆြးေႏြးခ်က္မ်ားျဖင့္လည္းေကာင္း၊ e-voting machine ကိုမိတ္ ဆက္ျခင္း၊ မဲေပးပုံအဆင့္ဆင့္မွ စၿပီးစမ္းသပ္နယ္ေျမ ဝန္ႀကီးဌာနမ်ားပါမက်န္ သ႐ုပ္ျပေလ့က်င့္မႈတို႔ျဖင့္လည္း ေကာင္း၊ လာမည့္ေ႐ြး ေကာက္ပြဲသည္ PR စနစ္သို႔ဦးတည္သည့္ မိတ္ဆက္ ေပးမႈမ်ားကိုသာေတြ႕ရ၏။ Closed list PR ဟု လည္းၫႊန္းဆိုခဲ့ၾက၏။ ထို႔ျပင္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၌ မည္သည့္ေ႐ြးေကာက္ပြဲစနစ္ျဖင့္ က်င္း ပရမည္ဟု တိတိက်က် ျပ႒ာန္းထားျခင္းမရွိဟုလည္းေကာင္း၊ အေျခခံဥပေဒဆိုင္ရာခုံ႐ုံးမွလည္း PR စနစ္ကို အေျခခံ ဥပေဒပါျပ႒ာန္းခ်က္အရ ကန႔္ကြက္ရန္မရွိဟုလည္းေကာင္း၊ နစက၏ အုပ္ခ်ဳပ္ေရး ကာလအေစာပိုင္းႏွစ္မ်ား၌ ၫႊန္းဆိုခဲ့ ၾကသည္ကို လည္းေတြ႕ရ၏။

ယခုမူ ဆက္စပ္စဥ္းစားစရာမ်ားၾကားလာရ၏။ (၂၀၂၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲကို PR စနစ္ျဖင့္က်င္းပေပးရန္ လႊတ္ေတာ္ႏွင့္ အစိုးရအဆက္ဆက္သည္ ေ႐ြးေကာက္ပြဲ ဥပေဒ(၃)ရပ္ကို လႊတ္ေတာ္၌ အတည္ျပဳေပးခဲ့ျခင္း မရွိခဲ့ဟုလည္းေကာင္း၊ ျပည္သူ႔လႊတ္ေတာ္ေ႐ြး ေကာက္ပြဲကို PR စနစ္ျဖင့္က်င္းပရန္ အဆိုတင္ သြင္းရာ၌ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးသည္ PR စနစ္ႏွင့္ အေျခခံဥပေဒပါျပ႒ာန္းခ်က္ မကိုက္ညီ ဟုဆုံးျဖတ္ထား ခဲ့သည္ဟုလည္းေကာင္း၊ ထူးဆန္းစြာ ျဖင့္ ၾကားရစျပဳလာသည္ကို ေတြ႕လာရ၏။

သို႔ျဖင့္ (၂၀၂၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲသည္ PR စနစ္ျဖင့္ က်င္းပသြားရန္မွာ ေသခ်ာသြားၿပီလားဟု ေမးျမန္းရန္လိုအပ္လာ၏။ PR စနစ္အစား ယခင္အစဥ္တစိုက္က်င္းပလာခဲ့သည့္ ႏိုင္သူအကုန္ယူ စနစ္ FPTP ျဖင့္သာ က်င္းပျဖစ္ခဲ့ပါလွ်င္၊ နစကသည္ လာမည့္ကာလ အစိုးရတစ္ ရပ္အေပၚ တစ္ပါတီတည္းက အစိုးရဖြဲ႕ ေစမည့္ ခိုင္မာအားေကာင္းေသာအစိုးရတစ္ရပ္ ျဖစ္ထြန္းေစလို သည့္ဆႏၵရွိသည္ဟု ရႈျမင္သုံးသပ္ၾကမည္ျဖစ္၏။

အေၾကာင္းမွာ ‘‘ေ႐ြးေကာက္ပြဲစနစ္တစ္ရပ္သည္ ေပၚထြန္းလာမည့္အစိုးရတစ္ရပ္၏ အေနအထားကို အဆုံး အျဖတ္ျပဳႏိုင္စြမ္းရွိသည္ကို ၿပီးခဲ့ သည့္ (၂၀၁၀) ႏွင့္ (၂၀၁၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားက သက္ေသျပခဲ့ၿပီး ျဖစ္၍ျဖစ္၏။”

အစိုးရတစ္ရပ္၏ ခိုင္မာအားေကာင္းမႈသည္ အႏိုင္ရတစ္ပါတီတည္းက အေရာင္အေသြးစုံ၊ အရည္အခ်င္းစုံတို႔ ပါဝင္ေအာင္ အစိုးရအဖြဲ႕ကို ဖြဲ႕စည္းႏိုင္ေသာ္လည္း ‘‘ႏိုင္ငံ၏လိုအပ္ခ်က္အရ ပိုမိုအားေကာင္းသည့္အစိုးရတစ္ရပ္ ျဖစ္ေစလိုလွ်င္မူ လက္ရွိႏိုင္ငံေရး၊ စစ္ေရး အက်ပ္အတည္းကို ေက်ာ္လႊာႏိုင္ရန္ အေျချပဳလ်က္ မတူကြဲျပားသည့္ တိုင္း ရင္းသားမ်ား၏ အယူအဆမ်ား၊ ေမွ်ာ္လင့္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ေပးႏိုင္ရန္ႏွင့္ ေမွ်ာ္လင့္ခ်က္ မ်ားမေပ်ာက္ ပ်က္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ဆုံး အေပၚအေျချပဳလ်က္ ျပည္သူယုံၾကည္ရဆုံး အစိုးရ တစ္ရပ္အျဖစ္ ပုံေဖာ္ဖြဲ႕စည္း ျခင္းမ်ိဳးျဖင့္သာ ရရွိႏိုင္မည္”ဟု ယူဆသုံးသပ္မိရပါ၏။

ေ႐ြးေကာက္ပြဲအလြန္
အစိုးရရင္ဆိုင္ရမည့္ ျပည္တြင္းစစ္၏
အဓိကကိစၥရပ္ႀကီး (၂)ခု
၇။ (၂၀၂၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲသည္ နစက က အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံ ေရးေကာင္စီ (ကာ/လုံ) သို႔ အာဏာလႊဲေျပာင္း ေပးအပ္သည့္ေန႔ရက္မွစ၍ (၆) လအတြင္း (ကာ/လုံ) မွတာဝန္ေပး အပ္သည့္ အစိုးရက က်င္းပေပးရမည္ျဖစ္ရာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေ႐ြးေကာက္ခံအစိုးရသစ္တစ္ရပ္သည္ ေပၚထြန္းလာေတာ့မည္ျဖစ္၏။

အဆိုပါ အစိုးရသစ္သည္ နစက ရင္ဆိုင္ႀကဳံ ေတြ႕ေနရေသာ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ သံတမန္ ေရးဆိုင္ရာမ်ားကို အရွိအတိုင္း အေမြခံၾကရမည္ ျဖစ္၏။ ႏိုင္ငံေရး၊ စစ္ေရး တင္းမာမႈ အက်ပ္အတည္းမွအေျချပဳသည့္ ႏိုင္ငံေရး မတည္ၿငိမ္မႈ၊ စစ္ေရးအက်ပ္အတည္း၊ စီးပြားေရးက်ဆင္းမႈ ႏွင့္အတူ ေငြေၾကးေဖာင္းပြမႈ၊ ကုလသမဂၢအပါအဝင္ အာဆီယံေရးရာ၏ သံခင္းတမန္ခင္း စစ္မ်က္ႏွာသစ္ မ်ားတို႔ကို ရင္ဆိုင္ေက်ာ္ျဖတ္ၾကရမည္ျဖစ္၏။ ယင္း တို႔အနက္ အဓိကသည္ ျပည္တြင္း၌ တည္ၿငိမ္သည့္ ႏိုင္ငံေရး အခင္းအက်င္းသစ္ကို ေဖာ္ေဆာင္ရမည္ ျဖစ္ရာ ဆက္စပ္သည့္ ႏိုင္ငံေရးႏွင့္စစ္ေရး အက်ပ္အတည္းကို ေျဖရွင္းေက်ာ္လႊားရန္သည္လိုအပ္၏။ ေ႐ြးေကာက္ပြဲအလြန္ အစိုးရရင္ဆိုင္ ရမည့္ ျပည္တြင္း စစ္၏ အဓိကကိစၥရပ္ႀကီးႏွစ္ခု သို႔မဟုတ္ ျပႆနာႀကီး ႏွစ္ရပ္ကိုေတြ႕ရ၏။

(က) NCA ကို ျပန္လွန္သုံးသပ္ျခင္း
အစိုးရသစ္သည္ ယခင္အစိုးရအဆက္ဆက္၏ ျပည္တြင္းၿငိမ္းခ်မ္းမႈတည္ေဆာက္ရာ၌ ႏိုင္ငံေရးအရ ေဆြးေႏြး အေျဖရွာသည့္နည္းလမ္းေဟာင္း NCA သည္ လက္ရွိကာလ၌ အလုပ္ျဖစ္မျဖစ္ ျပန္လွန္ သုံးသပ္ရန္သည္ ပထမအေရး ႀကီးသည့္ ကိစၥရပ္ႀကီး တစ္ခုျဖစ္၏။ NCA သည္ (၂၀၁၅) ခုႏွစ္ ေအာက္တို ဘာလ (၁၅) ရက္တြင္ခ်ဳပ္ဆိုခဲ့ၿပီး (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို လႊတ္ေတာ္ျပင္ပနည္းအရ ျပင္ဆင္ျခင္းႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ႏိုင္ငံေရး ရည္မွန္းခ်က္ကို အေျဖညႇိၾကရင္း စစ္ေရးအရ သေဘာတူညီမႈရရွိေစကာ တပ္မေတာ္အား တစ္ခုတည္းေသာ ျပည္ေထာင္စုတပ္မေတာ္အျဖစ္ အသြင္ေျပာင္းၾကရန္ DDR ႏွင့္ SSR အား ပူးေပါင္းညႇိႏႈိင္းေျဖရွင္းၾကလ်က္ ျပည္ေထာင္စု တပ္မေတာ္သစ္တည္ ေဆာက္ၾကရန္ ပူးတြဲရည္မွန္းခ်က္ျဖစ္၏။

(ခ) (၁၉၈၉) ခုႏွစ္ နဝတ အစိုးရ၏ အထူးေဒသမ်ားကို ျပန္လွန္သုံးသပ္ျခင္း
ဒုတိယအေရးႀကီးသည့္ ကိစၥရပ္ႀကီးတစ္ခုမွာ NCA လမ္းေၾကာင္းအတိုင္း အတူလိုက္မလာခဲ့ၾက သည့္ (၁၉၈၉) ခုႏွစ္ ဧၿပီလအတြင္း နဝတအစိုးရႏွင့္ လူႀကီးလူေကာင္းသေဘာတူညီခ်က္ရယူ အပစ္အခတ္ရပ္စဲခဲ့ၾကသည့္ ရွမ္းေျမာက္၊ ရွမ္းအေရွ႕၊ ကခ်င္ႏွင့္ကယား အေျချပဳ လက္နက္ကိုင္အဖြဲ႕ အစည္းမ်ား၏ အထူးေဒသအျဖစ္တည္ရွိမႈ အေနအထားကို ျပန္လွန္သုံးသပ္ၾကရန္ လိုအပ္ခ်က္ျဖစ္၏။

တစ္နည္း အဆိုပါ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ဦးတည္ခ်က္မ်ားကိုသုံးသပ္ရန္ႏွင့္ တည္ဆဲ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အဆိုပါ အဖြဲ႕အစည္းမ်ား၏ လက္ရွိတည္ရွိမႈႏွင့္ အနာဂတ္ လားရာအေပၚ ရႈျမင္သုံးသပ္ဆန္း စစ္ျခင္းျဖင့္ အေျဖ ရွာၾကရန္ျဖစ္သည္ဟု သုံးသပ္မိရပါ၏။
ဆရာေမာင္ေကာင္းရိပ္၏ ေအာက္ပါစာစုျဖင့္ ဤေဆာင္းပါးကို နိဂုံးခ်ဳပ္လိုပါ၏။ ႏိုင္ငံ့အနာဂတ္ အတြက္ အေျဖ ထုတ္ၾကရာ၌ ဆရာ၏သုံးသပ္ခ်က္ စာစုပါ ေကာက္ခ်က္ကို ဆင္ျခင္သုံးသပ္ေပးၾကရန္မူ လိုအပ္မည္ဟု ယုံၾကည္ယူဆ မိပါ၏။

- ႏိုင္ငံေရးအတြက္ ျပည္သူ႔ဘဝေတြ ခ်ရင္းေန ခဲ့ၾကတယ္။
- ျပည္သူ႔ဘဝအတြက္ ႏိုင္ငံေရးဇာတ္ခုံသစ္တစ္ခု ေျမာ္ျမင္တည္ေဆာက္လိုက္ပါ။
ေမာင္ေကာင္းရိပ္
(၉-၉-၂၀၂၄)
Facebook မွကူးယူပါသည္။

Related news

© 2021. All rights reserved.