ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ

 370

တင်ဇာလင်း (NP News) - အောက်တိုဘာ ၄

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဗီယက်နမ်သမ္မတတိုလမ်၏ခရီးစဉ်သည် အမေရိကန်-ဗီယက်နမ်ကြားဆက်ဆံရေး ခိုင်မာအား ကောင်းရန်အတွက် အခွင့်အလမ်းဖြစ်သကဲ့သို့ နိုင်ငံ့ ခေါင်းဆောင်နှစ်ဦးကြား တိုက်ရိုက်ထိတွေ့ဆက်ဆံရန်အတွက်လည်း အခွင့်အရေးတစ်ခုဖြစ်လာသည်။ အဆိုပါခရီးစဉ်သည် ပြီးခဲ့သည့်နှစ်က သမိုင်းဝင် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သဘောတူ ညီချက်၏အရေးပါမှုကို မီးမောင်းထိုးပြနေပြီး နှစ်နိုင် ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် နောက်ထပ် လမ်းကြောင်းသစ်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ သမ္မတ ဂျိုးဘိုင်ဒန်က ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV)၏ အထွေထွေအတွင်းရေးမှူးအဖြစ်ရွေး ချယ်ခံရသည့် သမ္မတတိုလမ်အား ချီးကျူးဂုဏ်ပြုခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ ခေါင်းဆောင်မှုကဏ္ဍသစ်တွင် အလားအလာကောင်းများကို တွေ့မြင်နေရကြောင်း ဖော်ပြခဲ့သည်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ် မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပေါ်ပေါက်လာသော အခွင့်အလမ်းများကို ဖမ်းဆုပ်ရာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၏အရေးပါပုံကို သမ္မတဘိုင် ဒန်က အလေးပေးဖော်ပြခဲ့သည်။ ထို့ပြင် တိုလမ်လက် ထက်တွင် နှစ်နိုင်ငံစလုံးအတွက် ၎င်းတို့၏ မဟာဗျူ ဟာမြောက်ဆက်ဆံရေးကိုတိုးမြှင့်ရန်နှင့် စီးပွားရေး တိုးတက်မှု၊ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော အဓိကကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အဖိုးတန်အခွင့်အရေးရှိကြောင်းလည်း ဘိုင်ဒန်ကမှတ်ချက်ပြုခဲ့သည်။

အမေရိကန်၏ အထွေထွေရွေးကောက်ပွဲမှာ နီးကပ်လာသလို တိုလမ်အနေဖြင့် ဗီယက်နမ် ကွန်မြူ နစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေး ချယ်ခံရခြင်းတို့သည် အချိန်အားဖြင့် တိုက်ဆိုင်နေ သည်။ လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါ တီမှ သမ္မတလောင်းဖြစ်သည့် ကမ်မလာဟားရစ်သည် လည်း ဒေသတွင်း၌ ဗီယက်နမ်၏ အရေးပါသော အခန်းကဏ္ဍကြောင့် အမေရိကန်အတွက် ဗျူဟာ မြောက်မဟာမိတ်အဖြစ် ရှုမြင်လျက်ရှိသည်။ နှစ်နိုင်ငံ အကြား နိုင်ငံရေးစနစ်နှင့် အယူဝါဒအရ ကွဲပြားမှုများ ရှိနေသော်လည်း အပြန်အလှန် ယုံကြည်မှုတည် ဆောက်နိုင်ရန် အမေရိကန်က မျှော်လင့်နေသည်။ အမေရိကန်က (၁၉၉၄) ခုနှစ်တွင် ဗီယက်နမ်အပေါ် ၎င်း၏စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်သော အခါတွင် ဗီယက်နမ်၏စီးပွားရေးသည် ပုံမှန်အခြေအ နေသို့ ပြန်လည်ရောက်ရှိလာပြီး သိသိသာသာ ဖွံ့ဖြိုး လာခဲ့သည်။ (၂၀ဝ၇) ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းသို့ ဗီယက်နမ်ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခဲ့ပြီး ကုန်သွယ်မှုဆက်ဆံရေးကို ခိုင်မာလာစေခဲ့သည်။

ဗီယက်နမ်၏စီးပွားရေးကို တွန်းအားဖြစ်စေခဲ့သော
ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ (၄၅၃) ဘီလျံရှိပြီး ၎င်း၏ ဆိုရှယ်လစ် ဈေးကွက်စနစ်ကြောင့် (၂၀၁၁) ခုနှစ်ကတည်းက လျင်မြန်စွာတိုးတက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဂလိုဘယ်လိုက်ဇေးရှင်းသည် အဓိ ကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီယက်နမ်တွင် Nike ၏ ထုတ်လုပ်ရေးစက်ရုံများ၌ အမျိုးသမီးငယ် (၅၃၀,ဝဝဝ)ကျော်ကို အလုပ်ခန့်ထားသည်မှာ ဂလို ဘယ်လိုက်ဇေးရှင်း၏ သက်ရောက်မှုပင်ဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာခြင်းကြောင့် ဆင်းရဲမွဲတေမှု သိသိသာသာ လျော့ကျလာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်တက် လာခြင်းနှင့် အသက်ရှည်ရှည်နေထိုင်လာနိုင်ခြင်း အပါအဝင် နိုင်ငံအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများရရှိစေခဲ့သည်။ ဗီယက်နမ်၏ လက်ရှိ တစ်ဦးချင်း GDP သည် ကန်ဒေါ်လာ (၄,၆၂၂) ရှိပြီး ယင်းမှာ ရင်းနှီးမြှုပ်နှံမှု၏ ကောင်းမွန်သောသက် ရောက်မှုများကို မီးမောင်းထိုးပြနေသည်။ ထို့ပြင် အင် အားကြီးနိုင်ငံများထံမှ တင်သွင်းကုန်များကို မှီခို အားထားနေခြင်းကြောင့် ဆက်ဆံရေးကိုလည်း ပိုမို အားကောင်းလာစေသည်။ ပြီးခဲ့သည့်နှစ်က သမ္မတ ဘိုင်ဒန်၏ခရီးစဉ်အတွင်း ဗီယက်နမ်ကုမ္ပဏီများ သည် Boeing မှ (၇၃၇)Max ဂျက်လေယာဉ် အစင်း (၅၀) ဝယ်ယူရန် ဒေါ်လာ (၁၀) ဘီလျံကျော် စာချုပ်များချုပ်ဆိုခဲ့ပြီး (၂၀၂၇-၂၀၃၀) အတွင်း လွှဲ ပြောင်းပေးရန်စီစဉ်ထားသည်။ အဆိုပါ သဘောတူ ညီချက်သည် အမေရိကန်တွင် အလုပ်အကိုင်ပေါင်း (၃၀,ဝဝဝ) ကျော် တိုးပွားလာစေနိုင်မည်ဟု မျှော်လင့် ရသည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးထိန်း ချုပ်မှုအောက်တွင် တစ်ပါတီနိုင်ငံတော်အဖြစ် ဆက် လက်တည်ရှိနေချိန်တွင် စီးပွားရေးဖြေလျှော့မှုနှင့် ပြုပြင်ပြောင်းလဲမှုများကြောင့် လူမှုရေးနှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှုအပေါ် အကျိုးသက်ရောက်စေသည်။ စီးပွားရေးဖြေလျှော့မှုများရှိနေသော်လည်း ဗဟိုချုပ်ကိုင်မှုအားကောင်းသော နိုင်ငံပိုင်စီးပွားရေး ကဏ္ဍများ အကျယ်အပြန့် ဆက်လက်တည်ရှိနေခြင်းသည် အကျင့်ပျက်အရာရှိများ ပေါများလာရန်အတွက် တွန်းအားဖြစ်လာခဲ့သည်။

သမ္မတလမ် လက်ထက် နိုင်ငံရေး၊စီးပွားရေးအခြေအနေ
စီးပွားရေးအရ လမ်သည် နည်းပညာဦးဆောင်မှုကို ဦးစားပေးပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို ထက်သန်စွာ ထောက်ခံသူဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် ပထမအကြိမ်အစည်းအဝေးတွင် ၎င်းက "အဂတိ လိုက်စားမှုတိုက်ဖျက်ရေးသည် စီးပွားရေး တိုးတက်မှု အပေါ် အဟန့်အတားမရှိစေရ"ဟု အလေးပေးပြော ကြားခဲ့သည်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အား ထုတ်မှုများကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်း ခဲ့သော်လည်း ယင်းလှုပ်ရှားမှုများသည် စီးပွားရေးပန်း တိုင်များအပေါ် ထိခိုက်မှုမရှိစေရန် ၎င်းက ဖော်ပြခဲ့ ခြင်းဖြစ်သည်။ ဤအချက်ကြောင့် ယခင်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ပစ်မှတ်ဖြစ်သည့် ဗီယက် နမ်၏ အိမ်ခြံမြေဈေးကွက် အနည်းငယ် ပြန်လည် ဦး မော့လာခြင်းဖြစ်ကာ စီးပွားရေး အသိုင်းအဝိုင်းများ လည်း အနည်းငယ် စိတ်သက်သာရာရလာခဲ့သည်။

နိုင်ငံခြားရေးမူဝါဒတွင် လမ်သည် ဗီယက်နမ်၏ ကျင့်သုံးမြဲBamboo Diplomacy အတိုင်း အမေရိ ကန်နှင့်သာမက တရုတ်နှင့်ပါ ကောင်းမွန်သည့် ဆက် ဆံရေးရဖို့ ကြိုးစားနေခြင်းဖြစ်သည်။ ပါတီအကြီးအ ကဲဖြစ်လာချိန်တွင် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် ဘေဂျင်းသို့သွားရောက်ကာ ဗီယက်နမ်အတွက် တရုတ်၏အရေးပါမှုကို ပြသခဲ့သည်။ ထို့ပြင် စက်တင်ဘာ (၂၁) ရက်မှ (၂၇) ရက်အထိ ကုလ သမဂ္ဂအထွေထွေညီလာခံအတွက် အမေရိကန်သို့ သွားရောက်လည်ပတ်နေပြီး စူပါပါဝါနိုင်ငံများနှင့် သာတူညီမျှစွာဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်း နေသည်။ လမ်၏ ခေါင်းဆောင်မှုပုံစံသည် အတွေးအ ခေါ်အယူအဆများထက် လက်တွေ့ကျပုံပေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှုများ အပေါ် ပို၍အာရုံစိုက်ထားသည်။ ထို့ကြောင့် ၎င်း၏ လက်ထက်တွင် စွန့်ဦးတီထွင်စွမ်းအင်ကို ပြန်လည် အသက်သွင်းရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်စေမည့် စီးပွားရေးအလားအလာ ကောင်းများ ဖြစ်ထွန်းလာနိုင်သည်။

ခေါင်းဆောင်သစ်အတွက် စိန်ခေါ်မှုများ
ဗီယက်နမ်၏စီးပွားရေးသည် ခံနိုင်ရည်ရှိသည် ဟုထင်ရသော်လည်း မကြာသေးမီနှစ်များအတွင်း မျှော်မှန်းချက်နည်းပါးခဲ့သည်။ အလွန်အားကောင်း သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုများ သည် ဗျူရိုကရေစီယန္တရားကြီးကို ယိမ်းယိုင်လာစေ ကာ ဆုံးဖြတ်ချက်ချခြင်းနှင့် စီးပွားရေးတိုးတက်မှု များအတွက် အဟန့်အတားဖြစ်စေသည်။ မကြာခဏ ခေါင်းဆောင်အပြောင်းအလဲများကြောင့် နိုင်ငံရေး တည်ငြိမ်မှုနှင့် တိုင်းပြည်၏ဂုဏ်သိက္ခာကို ညှိုးနွမ်း စေခဲ့သည်။ ဗီယက်နမ်မြောက်ပိုင်းကို တိုင်ဖွန်းရာဂိ၏ ဖျက်ဆီးမှုကြောင့် ခေါင်းဆောင်သစ်၏ အစီအစဉ်များ ကို ပိုမိုရှုပ်ထွေးစေကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများ ထပ်လောင်းတိုးလာခဲ့သည်။ နိုင်ငံခြား ရေးကိစ္စရပ်များတွင် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများမြင့်တက်လာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဖူနန်တက်ချိုတူးမြောင်းကဲ့သို့သော အငြင်းပွား ဖွယ်စီမံကိန်းများကြောင့် ဗီယက်နမ်၏ အင်အားကြီး နိုင်ငံများကြား သိမ်မွေ့စွာ ဟန်ချက်ညီညီလုပ်ဆောင် မည့် မူဝါဒများကို ဟန်ချက်ပျက်စေသည်။

ဗဟိုအဆင့်၌ အမျိုးသားလွှတ်တော်က အောက်တိုဘာလတွင် သမ္မတအသစ်ရွေးချယ်မည့် အစီအစဉ် ကိုကြေညာခဲ့ပြီး လမ်က ၎င်း၏ရာထူးနှစ်ရပ်စလုံးကို စွန့်လွှတ်လိမ့်မည်ဟု မှတ်ချက်ပြုကြသည်။ လမ်သည် ၎င်း၏ကြီးမားသော ရာထူးနှစ်ခုလုံးကို ဆက်လက် ထိန်းသိမ်းထားနိုင်သော်လည်း တစ်ဦးတစ်ယောက် တည်းက အာဏာကိုဆုပ်ကိုင်ထားခြင်းပုံစံကို ရှောင် ရှားပေးလိုသည်။ တစ်ပြေးနေသော သမ္မတလောင်း Luong Cuong သည် စစ်တပ်ယန္တရား၏ တစ်စိတ် တစ်ပိုင်းဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီး han Van Giang ကဲ့သို့ ဩဇာညောင်းခြင်းမရှိပါ။ အကယ်၍ Luong Cuong သာ သမ္မတဖြစ်လာပါက ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်လေးဦး ဖြစ်သည့် CPV ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌတို့ ပါဝင်သော "မဏ္ဍိုင်လေးခု" ကို ပြန်လည်အသက် သွင်းနိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ခေါင်းဆောင်လမ်သည် ပြုပြင်ပြောင်းလဲရေးနှင့် စဉ်ဆက်မပြတ်တိုးတက်ရေး ကြားတွင် ဂရုတစိုက်လျှောက်လှမ်းနေပြီး လမ်၏လုပ် ဆောင်ချက်များသည် ၎င်း၏ ရှေ့ကခေါင်းဆောင် များထက် ပိုမိုခိုင်မာအားကောင်းနေကြောင်း အရိပ် အမြွက်ပြနေသည်။ တိုလမ်၏ ခေါင်းဆောင်မှုသည် နောင်လာမည့်နှစ်များအတွင်း နိုင်ငံကို ဖွံ့ဖြိုးတိုးတက် ရေးလမ်းကြောင်းပေါ်သို့တင်ပေးနိုင်သည့် အခိုက်အတံ့ဖြစ်သည့်အတွက် ယခုအချိန်အခါသည် ဗီယက်နမ် နိုင်ငံအတွက် အရေးပါသောအချိန်ဖြစ်ကြောင်း ရေးသားလိုက်ရသည်။

zawgyi version
ပဲ့ကိုင္ရွင္သစ္ ေခါင္းေဆာင္ "တိုလမ္"လက္ထက္ ဗီယက္နမ္ႏိုင္ငံအတြက္ ေမွ်ာ္လင့္ခ်က္သစ္မ်ား
တင္ဇာလင္း (NP News) - ေအာက္တိုဘာ ၃

နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢ အေထြေထြ ညီလာခံသို႔ ဗီယက္နမ္သမၼတတိုလမ္၏ခရီးစဥ္သည္ အေမရိကန္-ဗီယက္နမ္ၾကားဆက္ဆံေရး ခိုင္မာအား ေကာင္းရန္အတြက္ အခြင့္အလမ္းျဖစ္သကဲ့သို႔ ႏိုင္ငံ့ ေခါင္းေဆာင္ႏွစ္ဦးၾကား တိုက္႐ိုက္ထိေတြ႕ဆက္ဆံရန္အတြက္လည္း အခြင့္အေရးတစ္ခုျဖစ္လာသည္။ အဆိုပါခရီးစဥ္သည္ ၿပီးခဲ့သည့္ႏွစ္က သမိုင္းဝင္ ဘက္စုံမဟာဗ်ဴဟာ မိတ္ဖက္ဆက္ဆံေရး သေဘာတူ ညီခ်က္၏အေရးပါမႈကို မီးေမာင္းထိုးျပေနၿပီး ႏွစ္ႏိုင္ ငံအၾကား ပူးေပါင္းေဆာင္႐ြက္မႈအတြက္ ေနာက္ထပ္ လမ္းေၾကာင္းသစ္မ်ားကို ရွာေဖြႏိုင္မည္ျဖစ္သည္။ သမၼတ ဂ်ိဳးဘိုင္ဒန္က ဗီယက္နမ္ကြန္ျမဴနစ္ပါတီ (CPV)၏ အေထြေထြအတြင္းေရးမႉးအျဖစ္ေ႐ြး ခ်ယ္ခံရသည့္ သမၼတတိုလမ္အား ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၿပီး ဗီယက္နမ္ႏိုင္ငံ၏ ေခါင္းေဆာင္မႈက႑သစ္တြင္ အလားအလာေကာင္းမ်ားကို ေတြ႕ျမင္ေနရေၾကာင္း ေဖာ္ျပခဲ့သည္။ အထူးသျဖင့္ ကမာၻလုံးဆိုင္ရာ စိန္ေခၚ မႈမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ႏွင့္ ေပၚေပါက္လာေသာ အခြင့္အလမ္းမ်ားကို ဖမ္းဆုပ္ရာတြင္ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈ၏အေရးပါပုံကို သမၼတဘိုင္ ဒန္က အေလးေပးေဖာ္ျပခဲ့သည္။ ထို႔ျပင္ တိုလမ္လက္ ထက္တြင္ ႏွစ္ႏိုင္ငံစလုံးအတြက္ ၎တို႔၏ မဟာဗ်ဴ ဟာေျမာက္ဆက္ဆံေရးကိုတိုးျမႇင့္ရန္ႏွင့္ စီးပြားေရး တိုးတက္မႈ၊ ေဒသတြင္းလုံၿခဳံေရး၊ ကုန္သြယ္ေရးႏွင့္ ရာသီဥတုေျပာင္းလဲမႈကဲ့သို႔ေသာ အဓိကကိစၥရပ္မ်ား တြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ အဖိုးတန္အခြင့္အေရးရွိေၾကာင္းလည္း ဘိုင္ဒန္ကမွတ္ခ်က္ျပဳခဲ့သည္။

အေမရိကန္၏ အေထြေထြေ႐ြးေကာက္ပြဲမွာ နီးကပ္လာသလို တိုလမ္အေနျဖင့္ ဗီယက္နမ္ ကြန္ျမဴ နစ္ပါတီ၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ေ႐ြး ခ်ယ္ခံရျခင္းတို႔သည္ အခ်ိန္အားျဖင့္ တိုက္ဆိုင္ေန သည္။ လာမည့္ေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္ပါ တီမွ သမၼတေလာင္းျဖစ္သည့္ ကမ္မလာဟားရစ္သည္ လည္း ေဒသတြင္း၌ ဗီယက္နမ္၏ အေရးပါေသာ အခန္းက႑ေၾကာင့္ အေမရိကန္အတြက္ ဗ်ဴဟာ ေျမာက္မဟာမိတ္အျဖစ္ ရႈျမင္လ်က္ရွိသည္။ ႏွစ္ႏိုင္ငံ အၾကား ႏိုင္ငံေရးစနစ္ႏွင့္ အယူဝါဒအရ ကြဲျပားမႈမ်ား ရွိေနေသာ္လည္း အျပန္အလွန္ ယုံၾကည္မႈတည္ ေဆာက္ႏိုင္ရန္ အေမရိကန္က ေမွ်ာ္လင့္ေနသည္။ အေမရိကန္က (၁၉၉၄) ခုႏွစ္တြင္ ဗီယက္နမ္အေပၚ ၎၏စီးပြားေရးပိတ္ဆို႔မႈမ်ားကို ႐ုပ္သိမ္းလိုက္ေသာ အခါတြင္ ဗီယက္နမ္၏စီးပြားေရးသည္ ပုံမွန္အေျခအ ေနသို႔ ျပန္လည္ေရာက္ရွိလာၿပီး သိသိသာသာ ဖြံ႕ၿဖိဳး လာခဲ့သည္။ (၂၀ဝ၇) ခုႏွစ္တြင္ ကမာၻ႔ကုန္သြယ္ေရး အဖြဲ႕အစည္းသို႔ ဗီယက္နမ္ဝင္ေရာက္ခဲ့ၿပီးေနာက္ အေမရိကန္၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားဝင္ေရာက္လာခဲ့ၿပီး ကုန္သြယ္မႈဆက္ဆံေရးကို ခိုင္မာလာေစခဲ့သည္။

ဗီယက္နမ္၏စီးပြားေရးကို တြန္းအားျဖစ္ေစခဲ့ေသာ
ဗီယက္နမ္ႏိုင္ငံ၏ စီးပြားေရးတန္ဖိုးမွာ အေမရိ ကန္ေဒၚလာ (၄၅၃) ဘီလ်ံရွိၿပီး ၎၏ ဆိုရွယ္လစ္ ေဈးကြက္စနစ္ေၾကာင့္ (၂၀၁၁) ခုႏွစ္ကတည္းက လ်င္ျမန္စြာတိုးတက္လာခဲ့ျခင္းျဖစ္သည္။ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ ဂလိုဘယ္လိုက္ေဇးရွင္းသည္ အဓိ ကအခန္းက႑မွ ပါဝင္ေနသည္။ ဗီယက္နမ္တြင္ Nike ၏ ထုတ္လုပ္ေရးစက္႐ုံမ်ား၌ အမ်ိဳးသမီးငယ္ (၅၃၀,ဝဝဝ)ေက်ာ္ကို အလုပ္ခန႔္ထားသည္မွာ ဂလို ဘယ္လိုက္ေဇးရွင္း၏ သက္ေရာက္မႈပင္ျဖစ္သည္။ ထိုကဲ့သို႔ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ ေရာက္လာျခင္းေၾကာင့္ ဆင္းရဲမြဲေတမႈ သိသိသာသာ ေလ်ာ့က်လာျခင္း၊ လူေနမႈအဆင့္အတန္း ျမင့္တက္ လာျခင္းႏွင့္ အသက္ရွည္ရွည္ေနထိုင္လာႏိုင္ျခင္း အပါအဝင္ ႏိုင္ငံအတြက္ သိသာထင္ရွားေသာ အက်ိဳးေက်းဇူးမ်ားရရွိေစခဲ့သည္။ ဗီယက္နမ္၏ လက္ရွိ တစ္ဦးခ်င္း GDP သည္ ကန္ေဒၚလာ (၄,၆၂၂) ရွိၿပီး ယင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ေကာင္းမြန္ေသာသက္ ေရာက္မႈမ်ားကို မီးေမာင္းထိုးျပေနသည္။ ထို႔ျပင္ အင္ အားႀကီးႏိုင္ငံမ်ားထံမွ တင္သြင္းကုန္မ်ားကို မွီခို အားထားေနျခင္းေၾကာင့္ ဆက္ဆံေရးကိုလည္း ပိုမို အားေကာင္းလာေစသည္။ ၿပီးခဲ့သည့္ႏွစ္က သမၼတ ဘိုင္ဒန္၏ခရီးစဥ္အတြင္း ဗီယက္နမ္ကုမၸဏီမ်ား သည္ Boeing မွ (၇၃၇)Max ဂ်က္ေလယာဥ္ အစင္း (၅၀) ဝယ္ယူရန္ ေဒၚလာ (၁၀) ဘီလ်ံေက်ာ္ စာခ်ဳပ္မ်ားခ်ဳပ္ဆိုခဲ့ၿပီး (၂၀၂၇-၂၀၃၀) အတြင္း လႊဲ ေျပာင္းေပးရန္စီစဥ္ထားသည္။ အဆိုပါ သေဘာတူ ညီခ်က္သည္ အေမရိကန္တြင္ အလုပ္အကိုင္ေပါင္း (၃၀,ဝဝဝ) ေက်ာ္ တိုးပြားလာေစႏိုင္မည္ဟု ေမွ်ာ္လင့္ ရသည္။

ဗီယက္နမ္ကြန္ျမဴနစ္ပါတီ၏ ႏိုင္ငံေရးထိန္း ခ်ဳပ္မႈေအာက္တြင္ တစ္ပါတီႏိုင္ငံေတာ္အျဖစ္ ဆက္ လက္တည္ရွိေနခ်ိန္တြင္ စီးပြားေရးေျဖေလွ်ာ့မႈႏွင့္ ျပဳျပင္ေျပာင္းလဲမႈမ်ားေၾကာင့္ လူမႈေရးႏွင့္ ႏိုင္ငံေရး အသြင္ကူးေျပာင္းမႈအေပၚ အက်ိဳးသက္ေရာက္ေစသည္။ စီးပြားေရးေျဖေလွ်ာ့မႈမ်ားရွိေနေသာ္လည္း ဗဟိုခ်ဳပ္ကိုင္မႈအားေကာင္းေသာ ႏိုင္ငံပိုင္စီးပြားေရး က႑မ်ား အက်ယ္အျပန႔္ ဆက္လက္တည္ရွိေနျခင္းသည္ အက်င့္ပ်က္အရာရွိမ်ား ေပါမ်ားလာရန္အတြက္ တြန္းအားျဖစ္လာခဲ့သည္။

သမၼတလမ္ လက္ထက္ ႏိုင္ငံေရး၊စီးပြားေရးအေျခအေန
စီးပြားေရးအရ လမ္သည္ နည္းပညာဦးေဆာင္မႈကို ဦးစားေပးၿပီး ပုဂၢလိကစီးပြားေရးလုပ္ငန္းမ်ားကို ထက္သန္စြာ ေထာက္ခံသူျဖစ္သည္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဗဟိုဦးေဆာင္ေကာ္မတီဥကၠ႒အျဖစ္ ပထမအႀကိမ္အစည္းအေဝးတြင္ ၎က "အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးသည္ စီးပြားေရး တိုးတက္မႈ အေပၚ အဟန႔္အတားမရွိေစရ"ဟု အေလးေပးေျပာ ၾကားခဲ့သည္။ အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရး အား ထုတ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ရန္ တိုက္တြန္း ခဲ့ေသာ္လည္း ယင္းလႈပ္ရွားမႈမ်ားသည္ စီးပြားေရးပန္း တိုင္မ်ားအေပၚ ထိခိုက္မႈမရွိေစရန္ ၎က ေဖာ္ျပခဲ့ ျခင္းျဖစ္သည္။ ဤအခ်က္ေၾကာင့္ ယခင္က အဂတိ လိုက္စားမႈတိုက္ဖ်က္ေရး ပစ္မွတ္ျဖစ္သည့္ ဗီယက္ နမ္၏ အိမ္ၿခံေျမေဈးကြက္ အနည္းငယ္ ျပန္လည္ ဦး ေမာ့လာျခင္းျဖစ္ကာ စီးပြားေရး အသိုင္းအဝိုင္းမ်ား လည္း အနည္းငယ္ စိတ္သက္သာရာရလာခဲ့သည္။

ႏိုင္ငံျခားေရးမူဝါဒတြင္ လမ္သည္ ဗီယက္နမ္၏ က်င့္သုံးၿမဲBamboo Diplomacy အတိုင္း အေမရိ ကန္ႏွင့္သာမက တ႐ုတ္ႏွင့္ပါ ေကာင္းမြန္သည့္ ဆက္ ဆံေရးရဖို႔ ႀကိဳးစားေနျခင္းျဖစ္သည္။ ပါတီအႀကီးအ ကဲျဖစ္လာခ်ိန္တြင္ ၎၏ ပထမဆုံး ျပည္ပခရီးစဥ္ အျဖစ္ ေဘဂ်င္းသို႔သြားေရာက္ကာ ဗီယက္နမ္အတြက္ တ႐ုတ္၏အေရးပါမႈကို ျပသခဲ့သည္။ ထို႔ျပင္ စက္တင္ဘာ (၂၁) ရက္မွ (၂၇) ရက္အထိ ကုလ သမဂၢအေထြေထြညီလာခံအတြက္ အေမရိကန္သို႔ သြားေရာက္လည္ပတ္ေနၿပီး စူပါပါဝါႏိုင္ငံမ်ားႏွင့္ သာတူညီမွ်စြာဆက္ဆံေရးကို ထိန္းသိမ္းရန္ ႀကိဳးပမ္း ေနသည္။ လမ္၏ ေခါင္းေဆာင္မႈပုံစံသည္ အေတြးအ ေခၚအယူအဆမ်ားထက္ လက္ေတြ႕က်ပုံေပၚၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ႏိုင္ငံေရးတည္ၿငိမ္မႈမ်ား အေပၚ ပို၍အာ႐ုံစိုက္ထားသည္။ ထို႔ေၾကာင့္ ၎၏ လက္ထက္တြင္ စြန႔္ဦးတီထြင္စြမ္းအင္ကို ျပန္လည္ အသက္သြင္းရန္ႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ပိုမိုဆြဲေဆာင္ႏိုင္ေစမည့္ စီးပြားေရးအလားအလာ ေကာင္းမ်ား ျဖစ္ထြန္းလာႏိုင္သည္။

ေခါင္းေဆာင္သစ္အတြက္ စိန္ေခၚမႈမ်ား
ဗီယက္နမ္၏စီးပြားေရးသည္ ခံႏိုင္ရည္ရွိသည္ ဟုထင္ရေသာ္လည္း မၾကာေသးမီႏွစ္မ်ားအတြင္း ေမွ်ာ္မွန္းခ်က္နည္းပါးခဲ့သည္။ အလြန္အားေကာင္း ေသာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးလႈပ္ရွားမႈမ်ား သည္ ဗ်ဴ႐ိုကေရစီယႏၲရားႀကီးကို ယိမ္းယိုင္လာေစ ကာ ဆုံးျဖတ္ခ်က္ခ်ျခင္းႏွင့္ စီးပြားေရးတိုးတက္မႈ မ်ားအတြက္ အဟန႔္အတားျဖစ္ေစသည္။ မၾကာခဏ ေခါင္းေဆာင္အေျပာင္းအလဲမ်ားေၾကာင့္ ႏိုင္ငံေရး တည္ၿငိမ္မႈႏွင့္ တိုင္းျပည္၏ဂုဏ္သိကၡာကို ညႇိဳးႏြမ္း ေစခဲ့သည္။ ဗီယက္နမ္ေျမာက္ပိုင္းကို တိုင္ဖြန္းရာဂိ၏ ဖ်က္ဆီးမႈေၾကာင့္ ေခါင္းေဆာင္သစ္၏ အစီအစဥ္မ်ား ကို ပိုမိုရႈပ္ေထြးေစကာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စိန္ေခၚမႈမ်ား ထပ္ေလာင္းတိုးလာခဲ့သည္။ ႏိုင္ငံျခား ေရးကိစၥရပ္မ်ားတြင္ ေတာင္တ႐ုတ္ပင္လယ္တြင္ တင္းမာမႈမ်ားျမင့္တက္လာျခင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံ၏ ဖူနန္တက္ခ်ိဳတူးေျမာင္းကဲ့သို႔ေသာ အျငင္းပြား ဖြယ္စီမံကိန္းမ်ားေၾကာင့္ ဗီယက္နမ္၏ အင္အားႀကီး ႏိုင္ငံမ်ားၾကား သိမ္ေမြ႕စြာ ဟန္ခ်က္ညီညီလုပ္ေဆာင္ မည့္ မူဝါဒမ်ားကို ဟန္ခ်က္ပ်က္ေစသည္။

ဗဟိုအဆင့္၌ အမ်ိဳးသားလႊတ္ေတာ္က ေအာက္တိုဘာလတြင္ သမၼတအသစ္ေ႐ြးခ်ယ္မည့္ အစီအစဥ္ ကိုေၾကညာခဲ့ၿပီး လမ္က ၎၏ရာထူးႏွစ္ရပ္စလုံးကို စြန႔္လႊတ္လိမ့္မည္ဟု မွတ္ခ်က္ျပဳၾကသည္။ လမ္သည္ ၎၏ႀကီးမားေသာ ရာထူးႏွစ္ခုလုံးကို ဆက္လက္ ထိန္းသိမ္းထားႏိုင္ေသာ္လည္း တစ္ဦးတစ္ေယာက္ တည္းက အာဏာကိုဆုပ္ကိုင္ထားျခင္းပုံစံကို ေရွာင္ ရွားေပးလိုသည္။ တစ္ေျပးေနေသာ သမၼတေလာင္း Luong Cuong သည္ စစ္တပ္ယႏၲရား၏ တစ္စိတ္ တစ္ပိုင္းျဖစ္ေသာ္လည္း ကာကြယ္ေရးဝန္ႀကီး han Van Giang ကဲ့သို႔ ဩဇာေညာင္းျခင္းမရွိပါ။ အကယ္၍ Luong Cuong သာ သမၼတျဖစ္လာပါက ဗီယက္နမ္ႏိုင္ငံ၏ ထိပ္တန္း ေခါင္းေဆာင္ေလးဦး ျဖစ္သည့္ CPV ၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္၊ သမၼတ၊ ဝန္ႀကီးခ်ဳပ္ႏွင့္ အမ်ိဳး သားလႊတ္ေတာ္ဥကၠ႒တို႔ ပါဝင္ေသာ "မ႑ိဳင္ေလးခု" ကို ျပန္လည္အသက္ သြင္းႏိုင္မည္ျဖစ္သည္။

အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ေခါင္းေဆာင္လမ္သည္ ျပဳျပင္ေျပာင္းလဲေရးႏွင့္ စဥ္ဆက္မျပတ္တိုးတက္ေရး ၾကားတြင္ ဂ႐ုတစိုက္ေလွ်ာက္လွမ္းေနၿပီး လမ္၏လုပ္ ေဆာင္ခ်က္မ်ားသည္ ၎၏ ေရွ႕ကေခါင္းေဆာင္ မ်ားထက္ ပိုမိုခိုင္မာအားေကာင္းေနေၾကာင္း အရိပ္ အႁမြက္ျပေနသည္။ တိုလမ္၏ ေခါင္းေဆာင္မႈသည္ ေနာင္လာမည့္ႏွစ္မ်ားအတြင္း ႏိုင္ငံကို ဖြံ႕ၿဖိဳးတိုးတက္ ေရးလမ္းေၾကာင္းေပၚသို႔တင္ေပးႏိုင္သည့္ အခိုက္အတံ့ျဖစ္သည့္အတြက္ ယခုအခ်ိန္အခါသည္ ဗီယက္နမ္ ႏိုင္ငံအတြက္ အေရးပါေသာအခ်ိန္ျဖစ္ေၾကာင္း ေရးသားလိုက္ရသည္။

Related news

© 2021. All rights reserved.