T-ara ရဲ့အဖွဲ့ဝင်ဟောင်း ဂျီယွန်း ခင်ပွန်းနဲ့ ကွာရှင်းပြတ်စဲ

 405

ရောင်နီ (NP News) - အောက်တိုဘာ ၆

အောက်တိုဘာ ၅ ရက်က KST မီဒီယာရဲ့ဖော်ပြချက်အရ တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့၊ T-ara ရဲ့ အဖွဲ့ဝင်ဟောင်း၊ အဆိုတော်၊ မင်းသမီး ဂျီယွန်း(၃၁)နှစ်နဲ့ ခင်ပွန်းဖြစ်သူ ဘေ့စ်ဘောကစားသမား ဟွမ်ဂျေဂျွန် (၃၇) နှစ်တို့ဟာ ကွာရှင်းပြတ်စဲဖို့ လျှောက်ထားကြတယ်လို့ သိရပါတယ်။

၄င်းတို့စုံတွဲဟာ ပြီးခဲ့တဲ့လက ကွာရှင်းပြတ်စဲဖို့ လျှောက်ထားခဲ့ကြတာဖြစ်ပြီး မကြာမီ လုပ်ငန်းစဉ် စတင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့စုံတွဲရဲ့ကွာရှင်းပြတ်စဲမှုဆိုင်ရာ ကောလာဟလတွေကတော့ ဘေ့စ်ဘော ဝေဖန်သူ တစ်ဦးက ရေဒီယိုထုတ်လွှင့်မှုတစ်ခုမှာ "မင်းသိလား ဘေ့စ်ဘောကစားသမား ဟွန်ဂျေဂျွန် ကွာရှင်းတော့မယ်ဆို တာ" ဆိုတဲ့စကားပြောခဲ့ပြီးနောက်ပိုင်း ဇွန်လကုန်ကတည်းက စတင်ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က ဂျီယွန်းကလည်း Youtube ပေါ်က သူ့ရဲ့လှုပ်ရှားမှုတွေကို အနားယူတော့မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဂျီယွန်းနဲ့ ဟွမ်ဂျေဂျွန်တို့ စုံတွဲဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Zawgyi Version;
T-ara ရဲ႕အဖြဲ႕ဝင္ေဟာင္း ဂ်ီယြန္း ခင္ပြန္းနဲ႔ ကြာရွင္းျပတ္စဲ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၆

ေအာက္တိုဘာ ၅ ရက္က KST မီဒီယာရဲ႕ေဖာ္ျပခ်က္အရ ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕၊ T-ara ရဲ႕ အဖြဲ႕ဝင္ေဟာင္း၊ အဆိုေတာ္၊ မင္းသမီး ဂ်ီယြန္း(၃၁)ႏွစ္နဲ႔ ခင္ပြန္းျဖစ္သူ ေဘ့စ္ေဘာကစားသမား ဟြမ္ေဂ်ဂြၽန္ (၃၇) ႏွစ္တို႔ဟာ ကြာရွင္းျပတ္စဲဖို႔ ေလွ်ာက္ထားၾကတယ္လို႔ သိရပါတယ္။

၄င္းတို႔စုံတြဲဟာ ၿပီးခဲ့တဲ့လက ကြာရွင္းျပတ္စဲဖို႔ ေလွ်ာက္ထားခဲ့ၾကတာျဖစ္ၿပီး မၾကာမီ လုပ္ငန္းစဥ္ စတင္ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။ သူတို႔စုံတြဲရဲ႕ကြာရွင္းျပတ္စဲမႈဆိုင္ရာ ေကာလာဟလေတြကေတာ့ ေဘ့စ္ေဘာ ေဝဖန္သူ တစ္ဦးက ေရဒီယိုထုတ္လႊင့္မႈတစ္ခုမွာ "မင္းသိလား ေဘ့စ္ေဘာကစားသမား ဟြန္ေဂ်ဂြၽန္ ကြာရွင္းေတာ့မယ္ဆို တာ" ဆိုတဲ့စကားေျပာခဲ့ၿပီးေနာက္ပိုင္း ဇြန္လကုန္ကတည္းက စတင္ပ်ံ႕ႏွံ႔ေနခဲ့တာျဖစ္ပါတယ္။
အဲဒီအခ်ိန္က ဂ်ီယြန္းကလည္း Youtube ေပၚက သူ႔ရဲ႕လႈပ္ရွားမႈေတြကို အနားယူေတာ့မယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဂ်ီယြန္းနဲ႔ ဟြမ္ေဂ်ဂြၽန္တို႔ စုံတြဲဟာ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလက လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.