ရှားပါးပါး အိုမင်းရင့်ရော်မြန်တဲ့ရောဂါ - ပရိုဂျီးရီးယားကြောင့် အီတလီမှာ လူတစ်ဦး အသက် ၂၈ နှစ်နဲ့သေဆုံး

 225

ရောင်နီ (NP News) - အောက်တိုဘာ ၇

အီတလီမှာ ရှားပါး မျိုးရိုးဗီဇရောဂါ၊ အိုမင်းမြန်တဲ့ ပရိုဂျီးရီးယားရောဂါခံစားနေရတဲ့ ဆမ်မီဘော့ဆို အမည်ရှိ လူတစ်ဦးဟာ အသက် ၂၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ Italian Progeria Association က တနင်္ဂနွေနေ့(အောက်တိုဘာ ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

Hutchinson-Gilford Syndrome (HGPS) လို့လည်း သိကြတဲ့ ပရိုဂျီးယားရောဂါဟာ လူကို အမြန်ဆုံး အိုမင်း ရင့်ရော်စေပြီး အလွန်ဆုံး အသက် ၁၃ နှစ်ခန့်သာ အသက်ရှင်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားတာပါ။ ဒါပေမယ့် ဆမ်မီကတော့ ပရိုဂျီးယားရောဂါဝေဒနာရှင်တွေထဲမှာ အသက်အရှည်ဆုံး နေထိုင်သွားနိုင်သူဖြစ်ခဲ့ပါ တယ်။ ဒီလိုရောဂါမျိုးဟာ ကမ္ဘာ့လူဦးရေနဲ့ယှဉ်ရင် လူအယောက် သန်း ၂ဝ မှာ တစ်ဦးလောက်သာ ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

ဆမ်မီဟာ အီတလီမြောက်ပိုင်း ဗီနတိုဒေသ၊ ဆစ်ဟီရိုမှာ ၁၉၉၅ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၂ နှစ်သား အရွယ်မှာ ဒီရောဂါကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Italian Progeria Association ကိုလည်း ဆမ်မီပဲ သူ့ရဲ့ မိဘတွေ နဲ့အတူ ၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ပရိုဂျီးရီးယားရောဂါဖြစ်ပွားသူ ၁၃ဝ သာရှိပြီး ၎င်းတို့အနက် လေးဦးဟာ အီတလီမှ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ရွားပါးပါး အိုမင္းရင့္ေရာ္ျမန္တဲ့ေရာဂါ - ပ႐ိုဂ်ီးရီးယားေၾကာင့္ အီတလီမွာ လူတစ္ဦး အသက္ ၂၈ ႏွစ္နဲ႔ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၇

အီတလီမွာ ရွားပါး မ်ိဳး႐ိုးဗီဇေရာဂါ၊ အိုမင္းျမန္တဲ့ ပ႐ိုဂ်ီးရီးယားေရာဂါခံစားေနရတဲ့ ဆမ္မီေဘာ့ဆို အမည္ရွိ လူတစ္ဦးဟာ အသက္ ၂၈ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ Italian Progeria Association က တနဂၤေႏြေန႔(ေအာက္တိုဘာ ၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

Hutchinson-Gilford Syndrome (HGPS) လို႔လည္း သိၾကတဲ့ ပ႐ိုဂ်ီးယားေရာဂါဟာ လူကို အျမန္ဆုံး အိုမင္း ရင့္ေရာ္ေစၿပီး အလြန္ဆုံး အသက္ ၁၃ ႏွစ္ခန႔္သာ အသက္ရွင္ႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုထားတာပါ။ ဒါေပမယ့္ ဆမ္မီကေတာ့ ပ႐ိုဂ်ီးယားေရာဂါေဝဒနာရွင္ေတြထဲမွာ အသက္အရွည္ဆုံး ေနထိုင္သြားႏိုင္သူျဖစ္ခဲ့ပါ တယ္။ ဒီလိုေရာဂါမ်ိဳးဟာ ကမာၻ႔လူဦးေရနဲ႔ယွဥ္ရင္ လူအေယာက္ သန္း ၂ဝ မွာ တစ္ဦးေလာက္သာ ျဖစ္တတ္တဲ့ ေရာဂါျဖစ္ပါတယ္။

ဆမ္မီဟာ အီတလီေျမာက္ပိုင္း ဗီနတိုေဒသ၊ ဆစ္ဟီ႐ိုမွာ ၁၉၉၅ ခုႏွစ္က ေမြးဖြားခဲ့တာျဖစ္ၿပီး အသက္ ၂ ႏွစ္သား အ႐ြယ္မွာ ဒီေရာဂါကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ Italian Progeria Association ကိုလည္း ဆမ္မီပဲ သူ႔ရဲ႕ မိဘေတြ နဲ႔အတူ ၂၀၀၅ ခုႏွစ္မွာ တည္ေထာင္ခဲ့တာျဖစ္ပါတယ္။

ကမာၻတစ္ဝွမ္းမွာ ပ႐ိုဂ်ီးရီးယားေရာဂါျဖစ္ပြားသူ ၁၃ဝ သာရွိၿပီး ၎တို႔အနက္ ေလးဦးဟာ အီတလီမွ ျဖစ္တယ္လို႔ သိရပါတယ္။

© 2021. All rights reserved.